Search Results For: အေစီမီလန်
ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း မန်ဇူကစ်ကို အေစီမီလန်က ရာသီကုန်အထိ ခေါ်ယူ
စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း မာရီယိုမန်ဇူကစ်ကို ရာသီကုန်အထိ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကာတာကလပ် အယ်လ်ဒူဟိုင်အသင်းကနေ ထွက်ခွာလာကတည်းက အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။ မီလန်အသင်းက သူ့ကို ကနဦး ရာသီဝက်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်မှာ နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးဖို့ သဘောတူညီချက်လည်း ပါဝင်နေပါတယ်။  အသက် ၃၄ နှစ်အရွယ် မန်ဇူကစ်ဟာ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ ပုံစံကောင်းရရှိနေတဲ့ အီဗရာဟီမိုဗစ်နဲ့ တွဲဖက်ကစားရမှာကြောင့် မီလန်အသင်းရဲ့ တိုက်စစ်ဟာ ပိုပြီးထက်မြက်လာဖို့ ရှိနေပါတယ်။ အေစီမီလန်အသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးသော စီရီးအေဖလား ရရှိရေးအတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး မန်ဇူကစ်ရဲ့ အတွေ့အကြုံက မီလန်အသင်းအတွက် အထောက်အကူဖြစ်စေနိုင်မလား စောင့်ကြည့်ရပါမယ်။  အသင်းမှာ မိုဗစ်လို ဝါရင့်တိုက်စစ်မှူးတစ်ဦး ရှိနေချိန်မှာ မန်ဇူကစ်လို အသက် ၃၄ နှစ်အရွယ် ကစားသမားကို ထပ်မံခေါ်ယူလိုက်တဲ့ မီလန်အသင်းရဲ့ ဆုံးဖြတ်ချက်က အနည်းငယ် ထူးဆန်းနေပေမယ့် သူတို့နှစ်ဦးသာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မီလန်အသင်းရဲ့ တိုက်စစ်အင်အားဟာ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စတူဂတ်တိုဖလား ၄ လုံးရရှိခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  မိုဗစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ မန်ဇူကစ် ရောက်ရှိလာခဲ့ခြင်းက နည်းပြ ပီအိုလီအတွက် ပွဲထွက်လူစာရင်း အပြောင်းအလဲလုပ်ဆောင်ဖို့လည်း အခွင့်အရေး ဖြစ်စေပါတယ်။  မန်ဇူကစ်ဟာ အယ်လ်ဒူဟိုင်ကနေ မထွက်ခွာခင်ကတည်းက ပွဲကစားထားခြင်း မရှိတာကြောင့် ပီအိုလီအနေနဲ့ သူ့ကို ချက်ချင်း လူစာရင်းမှာ ထည့်သွင်းမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။  မီလန်အသင်းဟာ စနေနေ့မှာ အတ္တလန္တာ၊ ဇန်နဝါရီ ၂၆ ရက်မှာ အင်တာမီလန်အသင်းတို့ရဲ့ ကစားရဖို့ရှိနေပြီး ဒီ ၂ ပွဲစလုံးရဲ့ လူစာရင်းမှာ မန်ဇူကစ် ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဝါရင့် ခရိုအေးရှားတိုက်စစ်မှူးဟာ မီလန်အသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာပါ။ အင်ဇာဂီနောက်ပိုင်းကတည်းက အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ ကစားသမားဟာ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကြောင့် မန်ဇူကစ်အနေနဲ့ အီတလီမြေမှာ တစ်ကျော့ပြန်ခြေစွမ်းပြနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်‌ေ မန်ဇူကစ် ရောက်ရှိလာခြင်းကို မိုဗစ်ကလည်း ကြိုဆိုခဲ့ပြီး သူတို့နှစ်ဦးကို ပြိုင်ဘက်တွေ ထိတ်လန့်နေလောက်ပြီလို့လည်း ပြောပါတယ်။
5 months Ago
အေစီမီလန်အသင်း ဂျူဗင်တပ်စ်ကို (၃-၁) ဂိုးဖြင့် ရှုံးပြီး ၂၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကျိုး
လက်ရှိ ချန်ပီယံဂျူဗင်တပ်စ်အသင်းက စီရီးအေအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်အသင်းကို ပထမဆုံးသော လိဂ်ရှုံးပွဲကြုံတွေ့စေခဲ့ပြီဖြစ်ပါတယ်။ မနေ့ညက ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီရှုံးပွဲကြောင့် မီလန်အသင်းရဲ့ ၂၇ ပွဲဆက်တိုက်လိဂ် ရှုံးပွဲမရှိတဲ့စံချိန်ဟာ ကျိုးပြတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။  ဒါပေမဲ့ အေစီမီလန်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းက ဆမ့်ဒိုးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားကို ၁ မှတ်အသာနဲ့ဆက်လက်ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ ကိုရိုဗိုင်းရပ်စ်လော့ဒေါင်းမစတင်ခင် မတ်လကတည်းက ရှုံးပွဲ မရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၂ ပွဲဆက်အနိုင်ရလဒ်နဲ့  အဆင့် ၆ နေရာကို ရရှိခဲ့ကာ အခုရာသီမှာတော့ ၁၅ ပွဲဆက်တိုက် မရှုံးနိမ့်သေးတာဖြစ်ပါတယ်။  မနေ့ညကပွဲမှာ ဂျူဗင်တပ်စ်ကစားသမားသစ် ဖက်ဒရီစီယိုချီဆာက အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို ၁၈ မိနစ်နဲ့ ၆၂ မိနစ်တို့မှာသွင်းယူပေးခဲ့တာဖြစ်ပြီး ဝတ်စ်တန်မက်ကန်နီးက နောက် ထပ်ဂိုးကို သွင်းယူခဲ့ပါတယ်။  ဒီပွဲမှာ အေစီမီလန်အသင်းဟာ လက်ရှိချန်ပီယံကို အားထားရတဲ့ တိုက်စစ်မှူးအီဗရာ ဟီမိုဗစ်မပါဘဲ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကာလာဘရီရာက မီလန်အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။  ဒီပွဲမှာ အေစီမီလန်အသင်းဟာ အားထားရတဲ့ ကစားသမားတော်တော်များများကို ဆုံးရှုံးထားခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး ရီဘစ်နဲ့ ကွင်းလယ်လူ ခရူနစ်တို့ဟာ ပွဲမစခင်နာရီပိုင်းအလို မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိ ခဲ့ရတာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် အီဗရာဟီမိုဗစ်ကိုလည်း ဒဏ်ရာကြောင့် သီတင်းပတ် ၈ ပတ်လောက်လက်လွှတ်ရဦးမှာဖြစ်သလို ဘန်နာဆာ၊ ဆယ်လီမက်ကာတို့ မပါဝင်နိုင်ချိန်မှာ ဆန်ဒရိုတိုနာလီဟာလည်း ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်နေရပါတယ်။  ဒီပွဲကို ဂျူဗင်တပ်စ်အသင်းရဲ့ အဲလက်ဆန်ဒရိုနဲ့ ဂျူအန်ကွာဒရာဒိုတို့ဟာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်လွဲချော်ခဲ့ပါတယ်။  မီလန်အသင်းကို အနိုင်ရရှိခဲ့မှုကြောင့် ပီယာလိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး တစ်ပွဲလျော့ကစားကာ ထိပ်ဆုံးက မီလန်အသင်းနဲ့ ၇ မှတ်အကွာကို ရောက်ရှိနေပါတယ်။ 
5 months Ago
နောက်ပြန်ကန်ချက်ဖြင့် အေစီမီလန်အတွက် နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့သည့် မိုဗစ် (ရုပ်သံဟိုက်လိုက်)
အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ဟာ အူဒီးနီးနဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကူညီပေးခဲ့ပါတယ်။  ဒီသွင်းဂိုးဟာအသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒီရာသီလိဂ်ပွဲစဉ် ၄ ပွဲအတွင်း ၇ ဂိုးမြောက် သွင်းယူမှုလည်း ဖြစ်ပါတယ်။ “ကျနော်သွင်းခဲ့တဲ့ဂိုးက ကောင်းမွန်လွန်းတဲ့ ဂိုးဖြစ်ပေမယ့် အသင်းအတွက် အနိုင်ရလဒ်ရရှိခဲ့ခြင်းက ပိုအရေးကြီးပါတယ်။ ကျနော်တို့ဟာ ဥရောပရဲ့ အသက်အငယ်ဆုံး အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကျနော့်အသက်အရွယ်က ပြောစရာဖြစ်ပေမယ့် တခြားအသင်းဖော်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် လူငယ်လေးလိုပဲ ခံစားရပါတယ်”  လို့ မိုဗစ်က ပြောပါတယ်။  အူဒီးနီးနဲ့ပွဲမှာ မိုဗစ်ဟာ အနိုင်ဂိုးကို မသွင်းယူခင် ကတ်ဆီရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။  မီလန်အသင်းဟာ ပင်နယ်တီကနေ ချေပဂိုးပေးလိုက်ရပြီးနောက်ပွဲချိန် ၈၃ မိနစ်မှာ မိုဗစ်က လှပတဲ့ ကန်ချက်နဲ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လေပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ အူဒီနီး နောက်ခံလူ ၂ ဦးနဲ့ ဂိုးသမားတို့ကို ကျော်ဖြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် မိုဗစ်ဟာ အေစီမီလန်အသင်းကို တကျော့ပြန်ခရီးစဉ်အတွင်း စီးရီးအေပွဲ  ၂၂ ပွဲ ကစားပြီးချိန် ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အေစီမီလန်အသင်းဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေ ပြန်စခဲ့တဲ့ ဇွန်လကစလို့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပြီ ဖြစ်ပါတယ်။
7 months Ago
ပင်နယ်တီ ၂၄ လုံးအပြိုင်ကန်ခဲ့ရပြီး အေစီမီလန်ယူရိုပါလိဂ်အုပ်စုအဆင့်ရောက် (ရုပ်သံဟိုက်လိုက်)
နှစ်သင်းပေါင်း ပင်နယ်တီ ၂၄ လုံးအထိ ကန်ခဲ့ရပြီးနောက် အေစီမီလန်အသင်းဟာ ယူရိုပါ လဂ်အုပ်စု အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။  ခြေစစ်ပွဲအဖြစ် မီလန်အသင်းဟာ ပေါ်တူဂီကလပ် ရီယိုအိဗ်အသင်းနဲ့ ပေါ်တူဂီမြေမှာ အောက်တိုဘာ ၂ ရက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့ပါတယ်။  ဒီပွဲစဉ်မှာ အေစီမီလန်သင်းဟာ ဦးဆောင်ဂိုး ရရှိခဲ့ပေမဲ့ ၂ ဂိုးဆက်တိုက်ပြန်ပေးခဲ့ရတာ ကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။  ဒါပေမဲ့ အချိန်ပိုမှာ ဟာနိုဂလူးက မီလန်အသင်းအတွက် ပင်နယ်တီကနေ ချေပဂိုး ပြန်လည် သွင်းယူ ပေးနိုင်ခဲ့တာကြောင့် တဖက် ၂ ဂိုးစီ သရေဖြစ်ခဲ့ပြီး  ပင်နယ်တီကန်ကာ အဆုံးအဖြတ်ခံယူ ခဲ့ရပါတယ်။ ပထမအကြိမ် ပင်နယ်တီကန်သွင်းမှုမှာ ၂ သင်းစလုံးဘက်က ကစားသမား ၁၀ ဦးစလုံး ဂိုးဝင်ခဲ့ပါတယ်။  ဒါ့ကြောင့် ဒုတိတစ်ကြိမ် ထပ်မံကန်သွင်းခဲ့ရပြီး ဒီတစ်ကြိမ်မှာလည်း တစ်ဖက်ကို ၂ ဂိုးစီ လွဲချော်ခဲ့ပြန်ပါတယ်။  ဒါ့ကြောင့် ပင်နယ်တီ ထပ်မံကန်သွင်းခဲ့ရပြီး ပထမအကြိမ်မှာ ၂ သင်းစလုံး လွဲချော်ခဲ့ပေမယ့် ဒုတိယအကြိမ်မှာ မီလန်ဘက်က ဂိုးဝင်ပြီး ရီယိုအိဗ်ဘက်က လွဲချော်ခဲ့တာကြောင့် မီလန်အသင်း ဟာ ၉ ဂိုး ၈ ဂိုးနဲ့အနိုင်ရပြီး အုပ်စုအဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  ဒီလိုမျိုး ပင်နယ်တီ ၂၄ ကြိမ်ကန်သွင်းရတာဟာ ဥရောပပြိုင်ပွဲတွေမှာ ၁၇ နှစ်အတွင်း ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီရလဒ်နဲ့ ပတ်သက်လို့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရတယ်လို့ မီလန်နည်းပြ ပီအိုလီက ပြောပါတယ်။  “စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ခက်ခဲပါတယ်။ ကျနော်တို့ဟာ အနိုင်ရနေတဲ့ အခြေအနေ ကနေ အရှုံးဘက်ကို  ရောက်ရှိသွားခဲ့ပြီး ရှုံးမယ့် အခြေအနေကနေမှ ပြန်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီကံစမ်းမှုကြောင့် အရမ်းကို စိတ်လှုပ်ရှားမှု ပြင်းထန်ခဲ့ရပြီး အုပ်စု အဆင့်ကို အောင်မြင်မြင်ရောက်ရှိခဲ့တဲ့အတွက်ဝမ်းသာမိပါတယ်” လို့  ပီအိုလီက ဆိုပါတယ်။ ပီအိုလီရဲ့ မီလန်အသင်းဟာ စီးရီးအေ အဖွင့်ပွဲ ၂ ပွဲစလုံးကိုလည်း အနိုင်ရရှိထားပြီး အောက်တိုဘာ ၄ ရက် Spezia အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  အောက်တိုဘာ ၁  ရက်ညမှာ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ် ကလပ်စပါးအသင်း ဟာလည်း မက်ကာဘီဟိုင်ဖာအသင်းကို ၇ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိကာ ယူရိုပါလိဂ်အုပ်စုအဆင့်ကို  ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
9 months Ago
အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ် ကိုဗစ်-၁၉ ကူးစက်ခံရ
တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ အေစီမီလန် အသင်းက ထုတ်ပြန်လိုက်ပါတယ်။  အသက် ၃၈ နှစ်အရွယ် မိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ပထမဆုံးသော အေစီမီလန်ကစားသမားဖြစ်ပြီး သီးသန့်နေထိုင်ရမှာဖြစ်တဲ့အတွက် မိုဗစ်ဟာ မီလန်အသင်းရဲ့ လာမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။  မိုဗစ်နဲ့ပတ်သက်ပြီး အေစီမီလန်အသင်းက “Bodø/Glimt အသင်းနဲ့ဒီနေ့ညပွဲမတိုင်ခင် ဒုတိယမြောက်စစ်ဆေးမှု ပြုလုပ်ခဲ့စဉ် မိုဗစ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေကို အသင်းဘက် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပြီး ကစားသမား ဟာလည်း အိမ်မှာပဲ သီးသန့်နေ ထိုင်သွားမှာဖြစ်ပါတယ်။ မိုဗစ်ကလွဲလို့ တခြားသော အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ကူး စက်ခံရခြင်းမရှိပါဘူး” အသင်း ဝက်ဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။  မိုဗစ်ဟာ အခုရာသီအစောပိုင်းပွဲစဉ်တွေမှာ မီလန်အသင်းအတွက်ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။  သူဟာ အေစီမီလန်အသင်းရဲ့ အခုရာသီပွဲဦးထွက်  နှစ်ပွဲဖြစ်တဲ့ ရှမ်းရော့ခ်ရိုဗာနဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲ၊ ဘိုလော့ညာသင်းတို့ရဲ့ ပွဲစဉ်တွေမှာ စုစုပေါင်း ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာ အေစီမီလန်အသင်းကို ကာလတိုစာချုပ်နဲ့ လာ ရောက်ကစားခဲ့ပြီး အခုရာသီအတွက်လည်း စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။  “အခုကျနော့်အသက်က ၃၈ နှစ်မို့လို့ ၂ ဂိုးပဲ သွင်းနိုင်တာပါ။ အသက် ၂၀ သာဆိုရင် ၄ ဂိုးလောက် သွင်းပါတယ်။ ကျနော်ဟာ ဘင်ဂျမင် ဘတ်တန်လိုပါပဲ။ အသက်ကြီးတဲ့ပုံစံနဲ့ မွေးဖွား လာခဲ့ပါပြီး အချိန်ကြာလေ နုပျိုလာလေပါပဲ။ ကျနော်တာဝန်ခံမှုတွေကို လိုချင်ပါတယ်။ အကြီးမားဆုံးဖိအားက ကျနော်ဆီကပဲ ဖြစ်လာတာပါ။ လူတွေက ကျနော်အသက်အရွယ်နဲ့ ပတ်သက်ပြီး ပြောနေတာကို မကြိုက်ပါဘူး။ ကျနော်ဟာ အရင်တုန်းကလို ပုံစံမျိုးနဲ့ရှိနေသေး တယ်လို့ပဲ အထင်ခံချင်ပါတယ်။ အသက်အရွယ် ကြောင့်ကျနော့်အပေါ်လူတွေ အမြင်ပြောင်းလဲ သွားတာမျိုး မလိုချင်ပါဘူး” လို့ ဘိုလော့ညာအသင်းကို အနိုင်ရရှိခဲ့ပြီးမှာ မိုဗစ်က ပြောခဲ့ပါတယ်။ 
9 months Ago
တိုက်စစ်မှူး အီဗရာဟီမိုဗစ် အေစီမီလန်အသင်းတွင် ၁ နှစ်ဆက်ကစားမည်
ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ တစ်နှစ်ဆက်ကစားဖို့ သဘောတူညီမှု ရသွားပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်ကို ၆ လစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပေမယ့်လည်း စီးရီးအေး ၁၈ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၅ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တဲ့ မိုဗစ်ကို အေစီမီလန်ဘက်ကလည်း ဆက်ထိန်းဖို့ဆန္ဒရှိတယ်လို့ သိရပါတယ်။  အီတလီသတင်းစာတွေဖြစ်တဲ့ စကိုင်းစပေါ့အီတလီယာနဲ့  ဂတ်ဇက်တာဒယ်လိုစပေါ့တို့ရဲ့ အဆိုအရ မိုဗစ်နဲ့ အေစီမီလန်အသင်းတို့ဟာ တနင်္လာနေ့က စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူ အသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး အေစီမီလန်မှာတော့ ဒုတိယအကြိမ် လာရောက်ကစားတာဖြစ်ပါတယ်။
10 months Ago
အေစီမီလန်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရပါက မိုဗစ်နှင့် စာချုပ်သက်တမ်းတိုးမည်
၂၀၂၀-၂၁ ရာသီမှာ အေစီမီလန်အသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့မယ်ဆိုရင် ဇလာတန် အီဗရာဟီမိုဗစ်နဲ့ စာချုပ်ကို အလိုအလျောက် သက်တမ်းတိုးသွားမယ့် အချက်တချက် ပါဝင်နေတယ်လို့ သိရပါတယ်။  ဆွီဒင်တိုက်စစ်မှူးဟာ  အေစီမီလန်အသင်းကို ဆက်လက်အငှားစာချုပ်နဲ့ ဇန်နဝါရီလမှာ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် ၉ ပွဲ ကစားကာ ၃ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ မိုဗစ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အေစီမီလန်အသင်းရဲ့  ခြေစွမ်းဟာ တိုးတက်လာခဲ့ပြီး အင်တာမီလန်နဲ့ တပွဲကိုသာ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ရပ်တည်မှုဟာ အဆင့် ၁၁ ကနေ ၇ အထိ ခုန်တက်လာနိုင်ခဲ့ပါတယ်။  ဒီခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင် အေစီမီလန်အသင်းဟာ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် မျှော်လင့်နိုင်ခွင့်ရှိလာမှာဖြစ်ပြီး ချန်ပီယံလိဂ်သာ ဝင်ခွင့်ရခဲ့မယ်ဆိုရင် မိုဗစ်ရဲ့စာချုပ်ဟာလည်း အလိုအလျောက် သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်။ “အီဗရာနဲ့ ခြောက်လစာချုပ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုရင် စာချုပ်ကို အလိုအလျောက် သက်တမ်းတိုးသွားဖို့ သဘောတူညီချက်တခု ပါဝင်နေပါတယ်။ အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင်တော့ ကျနော်တို့ဟာ သူနဲ့ စားပွဲဝိုင်းပေါ်မှာ ထိုင်ပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်”လို့ အေစီမီလန်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ပေါ်လိုမာဒီနီက ပြောပါတယ်။ ဒါ့အပြင် လက်ရှိအသင်းနည်းပြ စတီတာနိုပီအိုလီရဲ့ နေရာမှာ ရက်ဖ်ရန်းနစ်နဲ့ အစားထိုးသွားဖို့ရှိတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း မာလ်ဒီနီက ငြင်းဆိုသွားခဲ့ပါတယ်။ “ရက်ဖ်ရန်းနစ်ကို ဆက်သွယ်ခဲ့တာမျိုး မရှိဘူး”လို့ မာလ်ဒီနီက ပြောခဲ့ပြီး လက်ရှိ အေစီမီလန်အသင်းရဲ့ ပုံစံအပေါ် အားရခြင်းမရှိဘူးလို့လည်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
1 year Ago
အေစီမီလန် ဂိုးသမား ပီပီရေနာကို အက်စတွန်ဗီလာက အငှားဖြင့်ခေါ်ယူ
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ အေစီမီလန်အသင်းရဲ့လီဗာပူး ဂိုးသမာ‌းဟောင်း ပီပီရေနာကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ အီတလီ သတင်းတွေအရ အက်စတွန်ဗီလာအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ အသက် ၃‌၇ နှစ်အရွယ် ဂိုးသမားအတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ရေနာဟာ လာမယ့်တနင်္လာနေ့မှာ ဘာမင်ဂမ်မြို့ကို ရောက်ရှိလာပြီး ဆေးစစ်မှုခံယူကာ အပြောင်းအရွှေ့ကိစ္စကို အဆုံးသတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့နံပါတ်တစ် ဂိုးသမား တွမ်ဟတ်တန်ကို ဒဏ်ရာကြောင့် ရာသီကုန်အထိ လက်လွှတ်ရမှာဖြစ်တာကြောင့် ဂိုးသမားသစ်တဦးကို ရှာဖွေနေပြီး ပီပီရေနာဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ပါတယ်။  အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်ဟာ လိုအပ်နေတဲ့ ဂိုးသမားနေရာအတွက် အတွေ့အကြုံရင့် ဂိုးသမားတဦးကို ရှာဖွေခဲ့ပြီး ဂိုးသမားသစ်ကို အသင်းကြီးမှာ တိုက်ရိုက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။  ‌ရေနာဟာ အက်စတွန်ဗီလာအသင်းကို တနင်္လာနေ့မှရောက်ရှိမှာ ဖြစ်တာကြောင့် တနင်္ဂနွေနေ့ ကစားမယ့် မန်စီတီးနဲ့ပွဲစဉ်ကိုတော့ အော်ဂျန်နီလန်းက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။  စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရဖူးတဲ့ ရေနာဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အေစီမီလန်အသင်းအတွက် ၁၃ ပွဲသာကစားခွင့်ရခဲ့ပြီး ပွဲကစားချိန် ပိုရလိုတာကြောင့် ဗီလာကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ ယူဆရပါတယ်။  ဒါပေမဲ့ အက်စတွန်ဗီလာအသင်းမှာလည်း သူဟာ လက်ရှိဂိုးသမား နီလန်းနဲ့ ပွဲထွက်ခွင့်နေရာကို ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။  အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရေနာဟာ လီဗာပူးအသင်းမှာ ၂၀၀‌၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကိုးရာသီတိုင်တိုင် ကစားပေးခဲ့ပြီး ၂၈၅ ပွဲ ပွဲထွက်ခွင့်ရရှိခဲ့ကာ စပိန်လက်ရွေးစင်အသင်း အတွက်လည်း ၃၆ ပွဲ ကစားပေးခဲ့ပါတယ်။  အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ဝက်စ်လေကိုလည်း ရာသီကုန်အထိ ဆုံးရှုံးသွားရမှာဖြစ်တာကြောင့် သူတို့ရဲ့နောက်ထပ်အပြောင်းအရွှေ့ ပစ်မှတ်ဟာ တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ပဲ ဖြစ်ပါတယ်။  လက်ရှိအချိန်ထိ တိုက်စစ်မှူးတဦးကို ခေါ်ယူနိုင်သေးခြင်း မရှိတာကြောင့် သူတို့အသင်းဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးမပါဘဲ ကစားသွားရဖို့ရှိနေတယ်လို့လည်း ဗီလာနည်းပြ ဒင်းစမစ်က ပြောပါတယ်။ 
1 year Ago
အီဗရာဟီမိုဗစ် အသင်းဟောင်းအေစီမီလန်ကို ပြန်ရောက်
ဆွီဒင်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇလာတန် အီဗရာဟီမိုဗစ်ဟာ အသင်းဟောင်း အေစီမီလန်ကို ၆ လ စာချုပ်နဲ့ ပြန်လည်ရောက်ရှိသွားပါတယ်။  စာချုပ်ထဲမှာ နောက်ထပ် ၁ နှစ် သက်တမ်း တိုးခွင့်လည်း ပါရှိပါတယ်။ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။  Repubblica သတင်းစာမှာ ရေးသားထားချက်အရ မိုဗစ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို အားကစားဒါရိုက်တာ ဇိုနီမာဘိုဘန်နဲ့ ဂန္ထဝင်ကစားသမား ‌ပေါ်လိုမာဒီနီတို့က အဓိကဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာချုပ်မှာ ဇလာတန်ဟာ ‌ဘောနပ်စ် အပါအဝင် ယူရို ၅ သန်းနီးပါး ရရှိလိမ့်မယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ဟာ လာမယ့် ဇန်နဝါရီ ၂ ရက်နေ့မှာ အေစီမီလန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။  မိုဗစ်ဟာ အေစီမီလန်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၂ အထိ နှစ်ရာသီကြာ ၈၅ ပွဲ ကစားပြီး ၅၆ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ မီလန်အသင်းနဲ့တူ စီးရီးအေဖလား ၁ လုံးနဲ့ အီတလီစူပါဖလား ၁ လုံးကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  အီဗရာဟီမိုဗစ်ကို ရရှိဖို့အတွက် အေစီမီလန်အသင်းဟာ ဖီအိုရင်တီးနား၊ ဘိုလော့ဂ်နာ၊ ရိုးမားအသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
1 year Ago
နာပိုလီအသင်း အေစီမီလန်နည်းပြဟောင်း ဂက်တူဆိုနှင့် ဆွေးနွေးနေ
နာပိုလီအသင်းဟာ လက်ရှိနည်းပြ ကာလိုစ့်အယ်ဆန်လော့တီနေရာမှာ အစားထိုးဖို့ အေစီမီလန်နည်းပြဟောင်းဂတ်တူဆိုနဲ့ ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အန်ဆန်လော့တီကိုလည်း လာမယ့် ရက်သတပတ်အတွင်း ထုတ်ပယ်သွားဖို့ရှိနေပြီး နည်းပြသစ်နေရာအတွက် ကမ္ဘာ့ဖလားရရှိခဲ့ဖူးတဲ့ အီတလီနည်းပြ ဂတ်တူဆိုကတော့ ထိပ်ဆုံးက ရေပန်းစားနေတာပါ။ နာပိုလီအသင်းအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် ပိုင်ရှင်ဖြစ်သူ လော့ရန်းတစ်ဟာ အလွန်အမင်း ဒေါသထွက်နေပြီး ကစားသမားတွေကိုလည်း ဒဏ်ကြေးဆောင်ခိုင်းတာတွေ ပြုလုပ်ခဲ့တာပါ။ အန်ဆန်လော့တီဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းကို စီးရီးအေမှာ အဆင့် ၂ နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုရာသီနိုင်ပွဲပျောက်ဆုံးပြီးအဆင့် ၇ နေရာထိ ရောက်ရှိနေခဲ့လို့ နေပယ်မြို့ကို စွန့်ခွာရဖို့‌သေချာနေခဲ့ပါတယ်။  နာပိုလီကို သူကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ပွဲပေါင်း ၈၃ ပွဲကစားရာမှာ ပွဲ ၄၀ အနိုင်ရခဲ့သလို ၂၃ ပွဲသရေကျပြီး ပွဲ ၂၀ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းရှိထားပါတယ်။
2 years Ago
အေစီမီလန် နည်းပြဟောင်း ဂတ်တူဆိုနှင့် နာပိုလီအသင်း ဆွေးနွေးနေ
နာပိုလီအသင်းဟာ လက်ရှိနည်းပြ ကာလိုစ့်အယ်ဆန်လော့တီ နေရာမှာ အစားထိုးဖို့ အေစီမီလန် နည်းပြဟောင်း ဂတ်တူဆိုနဲ့ ဆွေးနွေးနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။  အယ်ဆန်လော့တီကိုလည်း လာမယ့် ရက်သတ္တပတ်အတွင်း ထုတ်ပယ်သွားဖို့ရှိနေပြီး နည်းပြသစ်နေရာအတွက် ကမ္ဘာ့ဖလား ရရှိခဲ့ဖူးတဲ့ အီတလီနည်းပြ ဂတ်တူဆိုကတော့ ထိပ်ဆုံးက ရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။  နာပိုလီအသင်းအနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာကြောင့် ပိုင်ရှင်ဖြစ်သူ လော့ရန်းတစ်ဟာ ‌အလွန်အမင်း ဒေါသထွက်နေပြီး ကစားသမားတွေကိုလည်း ဒဏ်ကြေးဆောင်ခိုင်းတာတွေ ပြုလုပ်ခဲ့တာပါ။  အယ်ဆန်လော့တီဟာ ပြီးခဲ့တဲ့ရာသီက ‌နာပိုလီအသင်းကို စီးရီးအေမှာ အဆင့် ၂ နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုရာသီ နိုင်ပွဲပျောက်ဆုံးပြီး အဆင့် ၇ နေရာအထိ ရောက်ရှိနေခဲ့လို့ နေပယ်မြို့ကို စွန့်ခွာရဖို့‌ သေချာနေခဲ့ပါတယ်။  နာပိုလီ ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ပွဲပေါင်း ၈၃ ပွဲ ကစားရာမှာ ပွဲ ၄၀ အနိုင်ရခဲ့သလို ၂၃ ပွဲ သရေကျပြီး ပွဲ ၂၀ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်း ရှိထားပါတယ်။
2 years Ago
အယ်လ်အေဂလက်စီတိုက်စစ်မှူး မိုဗစ်ချ်ကို အေစီမီလန် ခေါ်ယူ
ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်ကို အမေရိကန် မေဂျာလိဂ်ကလပ် အယ်လယ်အေ ဂလက်စီအသင်းကနေ အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်းက ခေါ်ယူလိုက်ပါတယ်။  ဆွီဒင်တိုက်စစ်မှူးဟာ မေဂျာလိဂ်ကလပ်ကို ၂၀၁၈ မှာ ရောက်ရှိပြီး ဒီနှစ်အကုန် စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။  သူဟာ အယ်လ်အေဂလက်စီအသင်းအတွက် ဂိုးပေါင်း ၅၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။  အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်ဟာ အေစီမီလန်မှာလည်း ၂၀၁၀ ကနေ ၂၀၁၂ အတွင်း ကစားခဲ့ဖူးပြီး ၄၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ 
2 years Ago
မန်ယူက အေစီမီလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရ (ရုပ်သံ)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာချန်ပီယံများဖလား (အိုင်စီစီ) ပြိုင်ပွဲမှာ ပွဲကစားချိန် ပြီးဆုံးတဲ့အထိ တဖက် ၂ ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မန်ယူအသင်းက  အေစီမီလန်အသင်းတို့ ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအသင်းဟာ ရပ်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို အထောင်ထားပြီး ၄-၃-၂-၁ ကစားကွက်နဲ့ပွဲထွက်ခဲ့ပြီး အေစီမီလန်ကလည်း ပုံစံတူ ကစားကွက်နဲ့ ပွဲထွက်ခဲ့တာပါ။ ဒီပွဲမှာ မန်ယူက အဖွင့်ဂိုး စတင်သွင်းယူခဲ့ဖြစ်ပြီး ပထမပိုင်း ပွဲကစားချိန် ၁၄ မိနစ်မှာ ရပ်ရှ်ဖို့ဒ်က တကိုယ်တော် အစွမ်းပြ သွင်းယူခဲ့တာပါ။ အေစီအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၂၆ မိနစ်မှာ ဆူဆိုက  ၁ ဂိုးနဲ့ ဒုတိယပိုင်း မိနစ် ၆၀ မှာ မန်ယူနောက်ခံလူ လင်ဒီအော့ဖ်ခေါင်းနဲ့ တိုက်မိပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပါ။ မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၇၂ မိနစ်မှာ လင်ဂတ်က သွင်းယူပေးခဲ့တာပါ။  နှစ်သင်းလုံး ပွဲကစားချိန် ပြီးဆုံးချိန်အထိ ဂိုးထပ်မံမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မန်ယူက အနိုင်ရရှိခဲ့တာပါ။ အခုနှစ်ကျင်းပတဲ့ အိုင်စီစီဖလားပြိုင်ပွဲကို အာဆယ်နယ်၊ ဘင်ဖီကာ၊  ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ စပါး၊ ဖီအိုရင်တီးနား၊ အက်သလက်တီကို၊ ဂျူဗင်တပ်၊ ရီးရဲလ်၊ အင်တာ၊  အေစီ၊ စီဒီ ဂွါဒလာဂျာရာအသင်း စတဲ့ အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘင်ဖီကာအသင်းက ၉ မှတ်နဲ့ ချန်ပီယံဆု ရရှိခဲ့ပါတယ်။
2 years Ago
အေစီမီလန်တိုက်စစ်မှူး ပတ်ထရစ်ကူထရိုနီကို ဝုဗ်ဗာဟမ်တန်အသင်း ခေါ်ယူ
ဝုဗ်ဗာဟမ်တန်အသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပတ်ထရစ် ကူထရိုနီကို  ပေါင် ၁၇ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။ အသက် ၂၁ နှစ်ရှိ အီတလီတိုက်စစ်မှူး ကူထရိုနီဟာ အေစီမီလန်အသင်းမှာ ခြေစွမ်းပြ ကစားနေသူဖြစ်ပြီး အသင်းနဲ့အတူ ၂ ရာသီအတွင်းမှာ ပွဲ ၉၀ ကစားပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကူထရိုနီဟာ အီတလီလက်ရွေးစင်အသင်းအတွက်လည်း တပွဲကစားပေးထားပါတယ်။ ဝုဗ် အသင်းဟာ ကူထရိုနီကို ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသင်းက လိုလိုချင်ချင်နဲ့ ကမ်းလှမ်းခဲ့တာကြောင့် ပြောင်းရွှေ့လာတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ကူထရိုနီက ပြောပါတယ်။ ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းရခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားပါတယ်။
2 years Ago
မီလန်ဒါဘီပွဲစဉ်တွင် တိုက်စစ်မှူးလူကာကူနှင့် အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွား
မနေ့ညက ကစားသွားခဲ့တဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲ  မီလန်ဒါဘီပွဲစဉ်မှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
အင်တာတိုက်စစ်မှူး လူကာကူနဲ့ အေစီတိုက်စစ်မှူး မိုဗစ်တို့ဟာ ပထမပိုင်းပြီးခါနီးမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ 
လူကာကူကို အေစီမီလန်အသင်းခေါင်းဆောင် ရိုမန်နိုလီက ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ လူကာကူနဲ့ မိုဗစ်တို့ဟာ ခေါင်းချင်းဆိုင်ပြီး ထိပ်တိုက်တွန်းခဲ့ကြလို့ ၂ ဦးစလုံး အဝါကတ် ကိုယ်စီပြသခံခဲ့ရပါတယ်။
ပထမပိုင်းအပြီး အဝတ်လဲခန်းထဲဝင်ချိန်မှာ လူကာကူက မိုဗစ်ကို ဆဲဆိုခဲ့ပြီး မိုဗစ်ကလည်း အစောပိုင်းကတည်းက လူကာကူကို ဆဲဆိုထားခဲ့တယ်လို့ သိရပါတယ်။ 
ဒီပွဲမှာ အင်တာမီလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အေစီမီလန်အတွက် ဦးဆောင်ဂိုး စတင်သွင်းခဲ့တဲ့ မိုဗစ်ဟာ ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်မှာတော့ ကိုလာရော့ဗ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အဝါကတ်ပြခံခဲ့ရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ဟာ မန်ယူနိုက်တက်အသင်းမှာ အတူကစားခဲ့ဖူးပြီး မီလန်ဒါဘီမှာ ပြန်လည်တွေ့ဆုံရာမှာတော့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။
5 months Ago
ဂျူဗင်တပ်စ်အသင်း နာပိုလီကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီး  စူပါကိုပါဖလား ချန်ပီယံဖြစ်လာ
မနေ့ညက ကစားခဲ့တဲ့ စူပါကိုပါဖလားပွဲဗိုလ်လုပွဲမှာ   ရော်နယ်ဒိုရဲ့သွင်းဂိုးနဲ့အတူ ဂျူဗင်တပ်စ်အသင်းက နာပိုလီကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်လာပါ။  ဒီပွဲမှာ ပေါ်တူဂီသား စီရော်နယ်ဒိုက  အဖွင့်ဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး မိုရာတာက ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့ကာ  ဂျူဗင်တပ်စ်တို့ ချန်ပီယံအဖြစ် အောင်ပွဲခံ နိုင်ခဲ့တာပါ။  ဒီဖလားဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်ကစားသမားဘဝ ၄ ခုမြောက်ချန်ပီယံဆု ဖြစ်လာပါတယ်။  စူပါကိုပါဖလားမှာ ဗိုလ်ဆွဲနိုင်ခဲ့ပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာတော့ ရုန်းကန်နေခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့အဆင့် ၅ ကို ရောက်ရှိနေပြီး ထိပ်ဆုံးက အေစီမီလန်အသင်းထက် တစ်ပွဲပို ကစားကာ ၁၀ မှတ်အထိ ကွာဟနေပါတယ်။  သူတို့ ၂ သင်းအကြားမှာ အင်တာမီလန်၊ နာပိုလီ၊ ရိုးမားအသင်းတို့ ရှိနေပြီး  စတူဂတ်တိုဖလားကို ၉ နှစ်ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အတွက် ဒီရာသီဟာ တော်တော်လေး ခက်ခဲနေတယ်လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။  စူပါကိုပါဖလားကို ကိုင်မြောက်နိုင်ခဲ့ပြီးနောက် ဒီအောင်မြင်မှုဟာ ခက်ခဲတဲ့ လိဂ်ပွဲစဉ်တွေမှာ ဂျူဗင်တပ်စ်အသင်းအတွက်ယုံကြည်မှု မြင့်တင်ပေးမယ့်အရာဖြစ်လာလိမ့်မယ်လို့ ရော်နယ်ဒိုက မျှော်လင်နေပါတယ်။  “ကျနော်တို့ ဒီအောင်မြင်မှုအတွက် အရမ်းကို ပျော်ရွှင်ရပါတယ်။ ဒါဟာ ခက်ခဲခဲ့ပါတယ်။ အထူးသဖြင့် ကွင်းအခြေအနေဟာ ဆိုးရွားနေပါတယ်။ဒါပေမဲ့ ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒီဖလားဟာ ကျနော်တို့အတွက် အရမ်းကို အရေးပါပြီး အနာဂတ်မှာ အသင်းအတွက် ယုံကြည်မှု တိုးပွားလာစေတဲ့ အရာဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ရော်နယ်ဒိုက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။  ဗုဒ္ဓဟူးနေ့ သွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဒီရာသီမှာ စုစုပေါင်း သွင်းဂိုး ၂၁ ဂိုးရရှိခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝတစ်ခုလုံးအတွက် သွင်းဂိုး ၇၆၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။   ဒီဂိုးကြောင့်ရော်နယ်ဒိုဟာ ဘီကန်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ကာ ဘောလုံး သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ 
5 months Ago
ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး အင်တာတို့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိ
လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနဲ့အတူ ပူးတွဲရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ ဗီဒဲလ်က ပထမပိုင်းမှာတင် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒါဟာ သူ့အတွက် ၂၀၁၅ မေ လနောက်ပိုင်း ပထမဆုံးသော စီးရီးအေဂိုးလည်း ဖြစ်ပါတယ်။ နီကိုလိုဘာရယ်လာက အင်တာအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ အင်တာဘက်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပီယာလိုရဲ့အသင်းဟာ ထိပ်ဆုံးက မီလန် ၂ သင်းနဲ့ ၇ မှတ်အထိ ကွာဟနေပြီး တနင်္လာနေ့မှာ ကစားမယ့် ကတ်ဂလီယာရီနဲ့ပွဲမှာ အေစီမီလန်အသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ဟာ ပိုပြီးကျယ်ပြန့်လာမှာလည်း ဖြစ်ပါတယ်။  လက်ရှိ အင်တာမီလန်နည်းပြ ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၂ ကနေ ၁၄ အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ကွန်တီဟာ အင်တာမီလန်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်မှာ တာဝန်ယူခဲ့ပြီး အသင်းဟောင်းနဲ့ ပထမ ၂ ကြိမ် တွေ့ဆုံမှုတွေမှာတော့ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်မရရှိခဲ့တာ ၄ နှစ်ကျော် ကြာနေခဲ့ပြီ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ အနိုင်ရရှိခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ၂၀၁၀ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော စီရီးအေချန်ပီယံဆုကို သိမ်းပိုက်နိုင်ရေး မျှော်လင့်ချက်တွေကိုလည်း ပိုပြီးတော့ မြင့်တက်လာစေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အင်တာမီလန်တို့ရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို ပြန်လည်ချေပဖို့ ရုန်းကန်ခဲ့ရပြီး စီရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုဟာလည်း ဒီပွဲမှာ ခြေပေါ်အောင် မကစားနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုနဲ့ လူကျွံဂိုး၊ ချီဆာရဲ့ ကန်ချက်တို့လောက်ကသာ အင်တာမီလန်အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး အင်တာအသင်းကသာ ပွဲကို စိုးမိုးသွားခဲ့တာ ဖြစ်ပါတယ်။ လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့ ဂိုးသွင်းမသေချာမှုကြောင့်သာ ဂိုးပြတ်ရှုံးနိမ့်မယ့် အရေးကနေ ကင်းလွတ်ခဲ့တာ ဖြစ်ပါတယ်။
5 months Ago
မီလန်ကစားသမား ကယ်ဟာနိုဂလူနှင့် သီယိုဟာနန်ဒက်ဇ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ကစားသမား ၂ ဦးဖြစ်တဲ့ ဟာကန်ကယ်ဟာနိုဂလူနဲ့ သီယိုဟာနန်ဒက်ဇ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အေစီမီလန်အသင်းက ထုတ်ပြန်ကြေညာပါတယ်။  သူတို့ ၂ ယောက်ဟာ စနေနေ့မှာ လုပ်ခဲ့တဲ့ ဆေးစစ်မှုအတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ တွေ့ခဲ့ရတာဖြစ်ပြီး အသင်းဘက်က ဒါကို သိသိချင်း တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။  ဒါပေမဲ့ သူတို့ ၂ ဦးစလုံးဟာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကျန်အသင်းလူစာရင်းမှာ ရောဂါကင်းရှင်းကြောင်း တွေ့ခဲ့ရတယ်လို့ မီလန်ဘက်က တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပိုးတွေ့ကစားသမား ၂ ဦးဟာ အိမ်မှာပဲ သီးသန့်နေထိုင်နေရတာကြောင့် အသင်းအနေနဲ့ ဇန်နဝါရီလအတွင်း ကန်မယ့် အရေးကြီပွဲစဉ်တချို့မှာ သူတို့ကို လက်လွှတ်ရတော့မှာပါ။  “အဓိက ကစားသမား ၂ ဦးစလုံးကို လက်လွှတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီရာသီမှာ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ ပြဿနာတွေက အချိန်မရွေးရောက်လာနိုင်ပြီး ဒါကို အဆင်သင့်ဖြစ်နေရပါမယ်။ ခက်ခဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ စွမ်းရည်တွေကို ၂ ဆ မြှင့်တင်ထားပါတယ်။ ဒါကို အသားကျနေပြီး အဆင်သင့်လည်း ဖြစ်နေပါတယ်။ ကစားသမားတွေကို လေ့ကျင့်ရေးမှာရော၊ ပွဲအတွင်းမှာပါ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ဒါဟာ မဖြစ်နေ ကျော်လွှားရမယ့်အရေးကြီတဲ့ အကြောင်းကိစ္စတွေပါ။ ဒါဟာ ကျနော်တို့အသင်းအတွက်ချည်းပဲလည်း မဟုတ်ပါဘူး။ ကျနော်တို့မှာ တောင့်တင်း၊ ညီညွတ်တဲ့လူစာရင်း ရှိနေတာကြောင့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ခံယူထားပြီးသားပါ” လို့ မီလန်အသင်း တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နဲ့ပတ်သက်လို့လည်း ပီအိုလီက အခုလိုပြောပါတယ်။  “အီဗရာက ကျနော်တို့အတွက် အရေးပါသူပါ။ သူ့ရဲ့တန်ဖိုးကို အားလုံးက သိပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုကျော်လွှားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေမှာလည်း ရှိနေပါပြီ။ သူ မနက်ဖြန်ပွဲမှာပါဝင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။” ပီအိုလီရဲ့ မီလန်အသင်းဟာ လက်ရှိစီးရီးအေ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ဒီရာသီအတွင်း လိဂ်ပွဲတစ်ပွဲကိုသာ ရှုံးနိမ့်ထားပါသေးတယ်။ မီလန်အသင်းဟာ တနင်္လာနေ့မှာ ကတ်ဂလီယာရီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့မှာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာလည်း မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
5 months Ago
ဂျူဗင်တပ်စ်က ဆက်ဆူအိုလိုကို (၃-၁) ဂိုးဖြင်နိုင်၊ ရော်နယ်ဒို ဂိုးသွင်းစံချိန်သစ်တင် 
ဂျူဗင်တပ်စ်အသင်းအတွက် နောက်ကျဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ အားကစားသမိုင်းမှာ နောက်ထပ်ဂိုးသွင်းစံချိန် တစ်ခု ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။  ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့အတူ ဂျူဗင်တပ်စ်အသင်းဟာ ဆက်ဆူအိုလိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဇယားထိပ်က အေစီမီလန်အသင်းနဲ့ အမှတ်ကွာဟချက်ကိုလည်း လျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒီပွဲမှာဂျူဗင်တပ်စ်ကစားသမားတွေဖြစ်တဲ့ မက်ကန်နီးနဲ့ ဒိုင်ဘာလားတို့ဟာ ဒဏ်ရာရရှိ သွားခဲ့ပေမဲ့ ဒန်နီလိုရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒတ်ရီက ဆက်ဆူအိုလိုအတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပေမဲ့ တစ်ယောက် ထုတ်ခံခဲ့ရတာကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ခြင်း မရှိဘဲ ရမ်းဆေးရဲ့ ၈၂ မိနစ်သွင်းဂိုး၊ ရော်နယ်ဒိုရဲ့ အချိန်ပိုသွင်းဂိုးတွေကို ခွင့်ပြုပေးလိုက်ရတာပဲ ဖြစ်ပါတယ်။  ဒီဂိုးဟာ ရော်နယ်ဒိုရဲ့ ဒီရာသီ ၁၅ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ပွဲ ဂိုးကြောင့်ရော်နယ်ဒိုဟာ ထိပ်သီးလိဂ် ၅ ခုမှာ ၁၅ ရာသီဆက်တိုက် အနည်းဆုံး ၁၅ ဂိုးသွင်းနိုင်တဲ့တစ်ဦးတည်းသော ကစားသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။  သူဟာ ၂၀၀၆-၀၇ ရာသီကစလို့ တစ်ရာသီအနည်းဆုံး ၁၅ ဂိုးသွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာ မှာရှိ နေပြီး ထိပ်ဆုံးက အေစီမီလန်အသင်းထက် တစ်ပွဲလျော့ကစားကာ ၇ မှတ်ကွာနေပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ဒုတိယနေရာက အင်တာမီလန်နဲ့ ၄ မှတ်၊ တတိယနေရာက ရိုးမားနဲ့ ၁ မှတ်ကွာနေပြီး ဒီ ၂ သင်းလုံးထက် ၁ ပွဲလျော့ကစားထားပါတယ်။  ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာမှုနဲ့အတူ ဂျူဗင်တပ်စ်အသင်းဟာ ဇယားထိပ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး စတူဂတ်တူအမှတ်ပေးဖလားကို ဆက်လက်ထိန်းသိမ်းမယ့် ပီယာလို ရဲ့ အစီစဉ်ဟာလည်း တစ်စတစ်စ အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။  ဂျူဗင်တပ်စ်ဟာ ကိုပါအီတလီယာပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ အင်တာမီလန်နဲ့ကစားရဖို့ ရှိနေပါတယ်။ 
5 months Ago
ဆိုရှယ်မီဒီယာတွင် စီရော်နယ်ဒိုက မက်ဆီထက် ပရိသတ်သန်း ၂၀၀ ပိုများ
ဆိုရှယ်မီဒီယာတွေမှာ စီရော်နယ်ဒိုက မက်ဆီထက် သန်း ၂၀၀ ကျော် ပရိသတ်ပိုများနေပါတယ်။  Facebook၊ Twitter နဲ့ အင်စတာဂရမ်တွေမှာ  Follower and Like လုပ်သူအများဆုံး ဘောလုံးသမားတွေကို လေ့လာကြည့်ရမှာ ပေါ်တူဂီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက Follower and Like လုပ်တဲ့ ပရိသတ် စုစုပေါင်း ၄၆၅ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။  စီရော်နယ်ဒိုအနေနဲ့  ဖေ့ဘွက်ခ်မှာ ၁၂၄ သန်း၊ တွစ်တာမှာ သန်း ၉၀၊ အင်စတာဂမ်မှာ ၂၅၁ သန်းအထိ Like and Follower ရှိပါတယ်။  ဒုတိယနေရာမှာ အာဂျင်တီးနားနဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီက ၂၆၅ သန်း နဲ့ ရပ်တည်နေပါတယ်။ မက်ဆီအနေနဲ့ ဖေ့ဘွတ်ခ်မှာ သန်း ၉၀ နဲ့ အင်စတာမှာ ၁၇၅ သန်းရှိပြီး တွစ်တာတရားဝင် အကောင့်တော့ မရှိတာကြောင့် ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ တတိယနေရာမှာ ပီအက်စ်ဂျီနဲ့ ဘရာဇီးတိုက်စစ်မှူးနေမာက ရပ်တည်နေပြီး  ဆိုရှယ်မီဒီယာ ၃ လုံးစုံမှာ ၂၅၆ သန်းအထိ ရှိပါတယ်။အဲဒီနောက် အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ စပါးက ဘေးလ်၊ ရီးရဲလ်နောက်ခံလူ ရာမို့စ်၊ အေစီမီလန်က အေဗရာဟီမိုဗစ်၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်၊ ရီးရဲလ်နောက်ခံလူ မာဆယ်လိုနဲ့ အက်သလက်တီကို တိုက်စစ်မှူ ဆွာရက်ဇ်တို့က ဆိုရှယ် မီဒီယာတွေမှာ အများဆုံး Like and Follower ရရှိထားသူတွေဖြစ်ပါတယ်။ 
5 months Ago
မူးမူးနဲ့ ပရီးမီးယားလိဂ်ပွဲ ဝင်ကန်ဖူးတယ် - ဖာဒီနန်
ဆယ်ကျော်သက်ဘဝ ဝက်စ်ဟမ်းအသင်းမှာရှိနေစဉ်က မူးပြီး ပွဲကန်ခဲ့ရဖူးကြောင်း ဖာဒီနန်က ဝန်ခံခဲ့ပါတယ်။  ၁၉၉၆-၉၇ ရာသီအစပိုင်းမှာ ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဟိုက်ဘူရီကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီချိန်မှာ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဒီနန်ဟာ အဝေးကွင်းကိုသွားမယ့် ဝက်စ်ဟမ်းအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဘားကို သွားသောက်ခဲ့ကြောင်း ဖာဒီနန်က ပြောပါတယ်။  အဲ့ဒီအချိန်မှာ ဖာဒီနန်ဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတာပါ။ အဝတ်လဲခန်းထဲ ရောက်ချိန်မှ ပေါ်လိုဖူထရီက ပြဿနာရှာမှုကြောင့် ဖာဒီနန်ဟာ လူစာရင်းမှာ ပါဝင်ဖို့ ခေါ်ဆောင်ခံခဲ့ရပါတယ်။ ဖူထရီဟာ အဲ့ဒီရာသီအစပိုင်းကမှ အေစီမီလန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ နံပါတ် ၁၀ ဝတ်ဆင်ဖို့ မျှော်လင့်ထားခဲ့သူပါ။ ဒါပေမဲ့ သူ လိုချင်တဲ့ နံပါတ်ကို မရရှိခဲ့တာကြောင့် ပွဲမစခင်မှာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။  ဒါ့ကြောင့် တစ်ယောက်လိုသွားတဲ့နေရာမှာ ဖာဒီနန်ကို ခေါ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် တုန်လှုပ်သွားတယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက ပြောပါတယ်။  “ကျနော် ဝက်စ်ဟမ်းမှာ ရှိနေချိန်ကပေါ့။ အသင်းလူစာရင်းမှာတော့ပါတယ်၊ ပွဲမကစားရဘူးထင်လို့ ဘားကိုသွားပြီး ဘရန်ဒီသုံးခွက်လောက် နဲ့ ကုတ်တွေ သောက်ခဲ့ပါတယ်။ အဲဒီနောက်မှာမှ တစ်ယောက်ကလာပြီး မင်းပွဲလူစာရင်းမှာ ပါရမယ်လို့ ကျနော်ကို လာပြောတယ်။ ကျနော့်လက်ထဲမှာ ဘရန်ဒီနဲ့ကုတ်ကို ကိုင်ထားချိန်မှာနော်” လို့ ဖာဒီနန်က The Mo Gilligan Podcast ကို ပြောပါတယ်။ “အဲဒီတော့မှ ကျနော်က ဟာ ဘာတွေဖြစ်ကုန်တာလဲ ရေရွတ်ရင်း ပုလင်းတွေ ထားခဲ့ရတော့တာပါပဲ။ ဒါဟာ ကျနော့်အတွက် ဟိုက်ဘူရီမှာ ပထမဆုံးအကြိမ်က ကစားရတာပါ။ ကျနော် ရှိလှမှ ၁၇၊ ၁၈ ပေါ့။ ကျနော် အောက်ထပ်ကိုဆင်းတော့ လူတွေက အဆင်ပြေရဲ့လားလို့ လာမေးကြတယ်။ ကျနော်ကတော့ ရပါတယ်ပေါ့။ နံပါတ်ပြဿနာကြောင့် ပေါ်လိုက ပွဲမစခင်မှာတင် ဟိုက်ဘူရီကနေ တက္ကစီငှားပြီး လစ်သွားတော့ ကျနော့်ကို အသင်းလူစာရင်းထဲ ထည့်လိုက်တာပါ။ ကျနော် အရန်ခုံမှာ ထိုင်နေရင်းနဲ့ လူစားလဲဖို့ ငါ့ကိုမခေါ်ပါစေနဲ့လို့ တွေးနေမိပါတယ်။ ဘရန်ဒီ ၃ ခွက်နဲ့ ကုတ်လေ။ ကျနော်ကွင်းထဲကိုမသွားနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျနော် ၁၅ မိနစ်လောက် ကစားခဲ့ရပါသေးတယ်” လို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်အသင်းက ၂ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
5 months Ago
အီကွေဒေါ လူငယ်ကြယ်ပွင့် ကိုင်စီဒိုကိုခေါ်ယူရန် မန်ယူ ကြိုးပမ်း
ဥရောပကလပ်တွေက စိတ်ဝင်စားနေတဲ့ အီကွေဒေါလူငယ်ကြယ်ပွင့် ကိုင်စီဒိုဟာ မန်ယူ အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်ရှိ ကွင်းလယ်ကစားသမား မွိုက်ဆက်ကိုင်စီဒိုဟာ အီကွေဒေါ လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြနေပြီး မိခင်အင်ဒီပန့်ဒမ်တီအသင်းကလည်း ရောင်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။  အပြောင်းအရွှေ့ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဖဘရီဇီယိုရိုမန်နိုကတော့ မန်ယူအသင်းက ကိုင်စီဒိုရဲ့ အေးဂျင့်နဲ့ စကားပြောနေပြီး ကစားသမားဘက်ကလည်း အသင်းပြောင်းရွှေ့လိုနေတယ်လို့ ပြောပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းက ပြဿနာမဟုတ်ဘဲ ကလပ်အသင်းအပေါ်မှာသာ မူတည်ပြီး အပြောင်းအရွှေ့က ပြီးဆုံးသေးတာမျိုးတော့ မဟုတ်ကြောင်း အေးဂျင့်ရိုမန်နိုက ပြောပါတယ်။  ကိုင်စီဒိုကို ပေါ့ဘာနဲ့ ကန်တေ ပေါင်းစပ်ထားသူလို့ ခိုင်းနှိုင်းသတ်မှတ်ထားပြီး ချဲလ်ဆီး၊ အေစီမီလန်၊ လိုက်ဇစ်နဲ့ ပရီးမီးယားလိဂ် အသင်းငယ်တွေကလည်း ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
6 months Ago
ယူရိုပါလိဂ်တွင် ဆိုစီဒက်နှင့် မန်ယူအသင်း ထိပ်တိုက်တွေ့ဆုံ
ယူရိုပါလိဂ် ၃၂ သင်းအဆင့် မဲခွဲပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့ရမှာ မန်ယူအသင်းက လာလီဂါမှာ အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဆိုစီဒက်နဲ့ တွေ့ဆုံခဲ့ပါတယ်။  ချန်ပီယံလိဂ်မှာ အုပ်စုတတိယသာ ရခဲ့လို့ ယူရိုပါလိဂ်ဆီ ဆင်းကန်ရမယ့် မန်ယူအသင်းဟာ ခြေစွမ်းကောင်းမွန်နေတဲ့ ဆိုစီဒက်နဲ့ ဆုံခဲ့လို့ ပွဲကျပ်သွားခဲ့ရတာပါ။  ဆိုစီဒက်က မန်စီးတီးကွင်းလယ်လူဟောင်း ဒေးဗစ်ဆေးလ်ဗားဟာလည်း ဒါဘီပြိုင်ဘက်ဟောင်း မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ အာဆင်နယ်က ပေါ်တူဂီလိဂ် အဆင့် ၂ က ဘင်ဖီကာနဲ့ တွေ့ဆုံခဲ့ပြီး စပါးက သြစတြီးယားကလပ် ဝုဗ်ဘာဂါ၊ လက်စတာက ချက်ကလပ် ဆလားဗီးယာပရက်နဲ့ တွေ့ဆုံခဲ့ပါတယ်။  တခြားပွဲစဉ်တွေမှာတော့ ရိုးမားနဲ့ ဘရာဂါ၊ ဇာဗက်ဒါနဲ့ အေစီမီလန်၊ လိုင်လီနဲ့ အေဂျက်ဇ်တို့ တွေ့ဆုံပါတယ်။  ဒါ့အပြင် နာပိုလီနဲ့ ဂရန်နာဒါ၊ ဆဲလ်ဘက်နဲ့ ဗီလာရီးယဲလ်၊ ယန်းဘွိုင်းစ်နဲ့ လေဗာကူဆင်တို့လည်း ထိပ်တိုက်ဆုံခဲ့ပါတယ်။
6 months Ago
၁၉၈၂ ကမ္ဘာ့ဖလားပွဲတွင် ရွှေဖိနပ်နှင့် ရွှေဘောလုံးဆုရခဲ့သည့် အီတလီဂန္ထဝင် ရော့စီ ကွယ်လွန်
၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ရွှေဖိနပ်ဆုနဲ့ ရွှေဘောလုံးဆု ရယူနိုင်ခဲ့တဲ့ အီတလီဂန္ထဝင်တိုက်စစ်မှူး  ပါအိုလို ရော့စီဟာ အသက် ၆၄ နှစ်မှာ ကွယ်လွန်သွားပါတယ်။ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ပါအိုလိုရော့စီဟာ ဒီဇင်ဘာ ၁၀ ရက်ကကွယ်သွားခဲ့ကြောင်း အီတလီရုပ်သံ RAI Sport က ထုတ်ပြန်သွားခဲ့ပါတယ်။  ၁၉၈၂ ခုနှစ်က စပိန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ပါအိုလိုရော့စီက သွင်းဂိုး ၆ ဂိုးနဲ့ ရွှေဖိနပ်ဆုရယူနိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံး ဆုကိုပါရယူနိုင်ခဲ့တာပါ။  အဲဒီနှစ်မှာပဲ ပြင်သစ်မဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုလည်း ရော့စီကရယူနိုင်ခဲ့ပါတယ်။ အီတလီအသင်းဟာ ၁၉၈၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနောက်ဂျာမနီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပြီး ပါအိုလိုရော့စီက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ရော့စီဟာ အီတလီအသင်းမှာ ၁၉၇၇ ကနေ ၁၉၈၆ ခုနှစ်အထိ စုစုပေါင်း ၄၈ ပွဲကစားခဲ့ပါတယ်။
6 months Ago
ကွင်းပြင်ပအမှားလုပ်မှု မာရာဒိုနာပြဿနာသာ ဖြစ်ကြောင်း မိုဗစ် သုံးသပ်
ကွင်းပြင်ပမှာ မာရာဒိုနာ လုပ်ဆောင်ခဲ့တာတွေက ပရိသတ်တွေနဲ့မဆိုင်ဘဲ သူ့ရဲ့ ပြဿနာသာ ဖြစ်တယ်လို့ အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။  အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက်က နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တာပါ။ ကစားသမားဘ၀တလျှောက် မူးယစ်ဆေးနဲ့ အရက် သုံးစွဲမှုတွေကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရဖူးပါတယ်။ အေစီမီလန်မှာ ကစားနေတဲ့ ဆွီဒင်တိုက်စစ်မှူး မိုဗစ်ကတော့ မာရာဒိုနာက ဘောလုံးထက် ပိုမိုအဓိပ္ပာယ်ရှိပြီး သူနဲ့ စကားပြောဆိုခွင့်ရခဲ့ဖူးတာက ကံကောင်းခဲ့တယ်လို့ မိုဗစ်က ပြောပါတယ်။  မာရာဒိုနာက ကွင်းထဲမှာ လုပ်ဆောင်ပြခဲ့ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ကွင်းပြင်ပက သူ့ရဲ့ကိစ္စတွေက ပရိသတ်တွေနဲ့မသက်ဆိုင်ဘဲ သူ့ရဲ့ပြဿနာသာ ဖြစ်တယ်လို့ မိုဗစ်က သုံးသပ်ပါတယ်။  မာရာဒိုနာကို အမြဲတမ်း အမှတ်ရနေမှာဖြစ်ပြီး နံပါတ် ၁၀ ကို မြင်လိုက်တာနဲ့ မာရာဒိုနာကို ပြေးမြင်မိကြမယ်လို့လည်း  မိုဗစ်က သုံးသပ်ပါတယ်။
7 months Ago
အေစီ ကွင်းလယ်ကစားသမား ကယ်ဟာနိုဂလူကို မန်ယူအသင်း ခေါ်ယူနိုင်ဖွယ်ရှိ 
မန်ယူအသင်းဟာ အေစီမီလန်ကွင်းလယ်လူ ကယ်ဟာနိုဂလူကို ခေါ်ယူနိုင်ဖို့ ၉၀ ရာခိုင်နူန်း အခွင့်အရေး ရှိနေတယ်လို့ သိရပါတယ်။  တူရကီလက်ရွေးစင် ကယ်ဟာနိုဂလူဟာ အေစီမီလန်မှာ ခြေစွမ်းပြနေပြီး မန်ယူအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ သတင်းထွက်နေတာပါ။  အေစီမီလန်အသင်းဟာ ၇လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့တဲ့ ကယ်ဟာနိုဂလူကို သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် လာမယ့်ဇန်နဝါရီမှာ တခြားအသင်းနဲ့ တရားဝင် ဆွေးနွေးခွင့်ပြုရတော့မှာပါ။  Bild သတင်းစာရဲ့အဆိုအရ အသက် ၂၆ နှစ်ရှိ ကယ်ဟာနိုဂလူဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။  ကွင်းလယ်တိုက်စစ်ကစားသမား ကယ်ဟာနိုဂလူဟာ အခုနှစ်ရာသီမှာ အေစီမီလန်နဲ့ ၁၃ ပွဲ ကစားထားပြီး ၄ ဂိုးသွင်းယူထားပါတယ်။
7 months Ago
ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ဘရာဇီးနှင့်ပွဲ လွဲချော်မည်
ဥရုဂွေး  တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ ဘရာဇီးနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။  ဘရာဇီးအသင်းနဲ့ ပွဲမတိုင်ခင် ပိုးရှိ၊ မရှိ တသင်းလုံး စစ်ဆေးခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ်နဲ့အတူ ဂိုးသမား မူနော့ဇ်နဲ့ အသင်းဝန်ထမ်းတစ်ဦးမှာလည်း ပိုးတွေ့ရှိခဲ့တယ်လို့ ဥရုဂွေးအသင်းက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။  သောကြာနေ့မှာ ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ပွဲမှာ ပင်နယ်တီကနေ အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့တဲ့ ဆွာရက်ဇ်ဟာ ဘရာဇီးနဲ့ပွဲကို လွဲချော်မှာဖြစ်လို့ ဥရုဂွေးအသင်းအတွက် အားနည်းချက် ဖြစ်စေခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အခုနှစ် အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၅ ဂိုး သွင်းယူထားပါတယ်။  ထိပ်တန်းဘောလုံးသမားတွေထဲမှာ အီဂျစ်နဲ့ လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာလည်း ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရပြီး အရင်လပိုင်းကလည်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို၊ အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်တို့ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရပါသေးတယ်။
7 months Ago
ဆာအိုပေါ်လိုတိုက်စစ်မှူးကို ဥရောပကလပ်အသင်း ၆သင်း ရရှိရန် အပြိုင် ကြိုးပမ်း
ဘရာဇီးကလပ် ဆာအိုပေါ်လို တိုက်စစ်မှူး ဘရန်နာကို အာဆင်နယ်အပါအဝင် ဥရောပ ကလပ် ၆ သင်းလောက်က အပြိုင်ခေါ်ယူလိုနေပါတယ်။  အသက် ၂၀ သာရှိသေးတဲ့ ဘရန်နာဟာ  အခုနှစ် ဘောလုံးရာသီမှာ စုစုပေါင်း ၁၅ ဂိုး သွင်းယူထားပြီး ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။  ဘရန်နာကို အီတလီကလပ်တွေဖြစ်ကြတဲ့ ဂျူဗင်တပ်၊ အေစီမီလန်နဲ့လာဇီယိုတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အေဂျက်ဇ်၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတွေကလည်း စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။  ဘရန်နာဟာ ၂၀၂၂ ခုနှစ်မှာ အသင်းနဲ့စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို ၄၅ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 
7 months Ago
ဆွီဒင်အတွက် ပြန်လည်ကစားပေးရန် အစီအစဉ်မရှိကြောင်း အီဗရာဟီမိုဗစ် ပြော
ဆွီဒင် လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးဖို့မရှိကြောင်း တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးကတည်းက လက်ရွေးစင်အသင်းကနေ အနားယူခဲ့တာပါ။  လက်ရှိအချိန်မှာ အီတလီကလပ်အေစီမီလန်အသင်းမှာ ခြေစွမ်းပြသနေပြီး စီးရီးအေ ၅ ပွဲ၊ ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်စတင်မယ့်အချိန်မှာ ဆွီဒင်အသင်းဂျာစီနဲ့ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ထားတဲ့ပုံကို အီဗရာဟီမိုဗစ်က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဒီလိုပုံ မတွေ့ရတာကြာပြီဆိုတဲ့ စာသားလည်း တင်ခဲ့တာပါ။  ဒါကြောင့် ဆွီဒင်အသင်းမှာ ပြန်ကစားချင်နေတဲ့ သဘောလို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြတာပါ။ မိုဗစ်ကတော့ ဆွီဒင်က လူတချို့ကို မခံချိမခံသာဖြစ်အောင် စနောက်တာသာဖြစ်ပြီး လက်ရွေးစင်မှာ ပြန်ကစားဖို့ အစီအစဉ်မရှိတော့ဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
7 months Ago
ကျနော်သာ အခုခေတ်ကလေးတွေလို အခွင့်အရေးရရင် ဘယ်သူမှတားနိုင်မှာ မဟုတ်ဘူး - မိုဗစ်
ကိုရိုနာဗိုင်းရပ်စ်ကူးစက် မပျောက်ခဲ့ရင်တောင် အင်တာမီလန်အသင်းနဲ့ ဒါဘီပွဲကို ဝင်ကစားသွားမယ်လို့ အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗာဟီမိုဗစ်က အရွှန်းဖောက် ပြောခဲ့ပါတယ်။  မိုဗစ်ရဲ့မီလန်အသင်းဟာ အောက်တိုဘာ ၁၇ ရက်ညမှာ အင်တာမီလန်အသင်းနဲ့ မီလန်ဒါဘီပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာမီလန်အသင်းအတွက်အနိုင်ဂိုး ၂ ဂိုးစလုံးကို မိုဗစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မိုဗစ်ဟာ ဒီပွဲမတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ပြန်ကစားနိုင်တဲ့ ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်ကျေနပ်နေပါတယ်။  အင်တာမီလန်အသင်းအတွက်တော့ အောက်တိုဘာ ၁၇ ရက် ရလဒ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း မြို့ခံပြိုင်ဘက်ကို ပထဆုံးအကြိမ် ရှုံးနိမ့်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဇလာတန်ဟာ ဒီပွဲမှာ ဟက်ထရစ်ရဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ ပထမဆုံးရရှိခဲ့တဲ့ ပင်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။  ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အင်တာမီလန်အ သင်းအတွက် ၁ လုံးတည်းသော ချေပဂိုးကိုတော့ တိုက်စစ်မှူး လူကာကူက သွင်းယူခဲ့တာပါ။ အသက် ၃၉ နှစ်အရွယ်  ဇလာတန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီမီလန်အသင်းကို ပြန်လည်ရောက်ရှိ လာချိန်ကတည်းက ခြေစွမ်းပြနေနိုင်သူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းကလည်း သူ့ရဲ့ ခြေစွမ်းကို မရပ်တန့်နိုင်ခဲ့ပါဘူး။ “ကျနော်အရသာ ခံစားရမှု အနည်းငယ်ပျောက်ဆုံးခဲ့ပေမယ့် တခြားရောဂါလက္ခဏာတွေတော့ မရှိခဲ့ပါဘူး” လို့ ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ပတ်သက်တဲ့ မေးမြန်းမှုကို ဇလာတန်က ဖြေကြားခဲ့ပါတယ်။  “ကျနော် ၃ ရက်ဆက်တိုက်နေ့တိုင်း အာခေါင်တို့ဖတ်ယူစစ်ဆေးခဲ့ပြီး positive ပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မီလန်ဒါဘီပွဲကို ကစားနိုင်ရမယ်လို့ ကိုယ့်ကိုယ့်ကိုယ် အားပေး ခဲ့ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ပိုကောင်းလာတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ပိုပြီးတော့ အတွေ့အကြုံရင့်ကျက်လာတယ်လို့ ခံစားရပါတယ်။ တကယ်လို့ ကျနော်သာ အခုခေတ်ကလေးတွေလို အခွင့်အရေးရမယ်ဆိုရင် ဘယ်သူကမှ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး” လို့လည်း ဇလာတန်က Sky Sport  ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
8 months Ago
More News
Up