
ဘိုင်ယန်ကြယ်ပွင့်ကစားသမား မူဆီယာလာ ခြေထောက်ကျိုး ဒဏ်ရာရသွားတဲ့ အပေါ် ပြိုင်ဘက် ရိုးသမား ဒွန်နာရမ်မာကို ဂိုးသမား နူအာက ဝေဖန်ပြစ်တင်သွားပါတယ်။
PSG က ဘိုင်ယန်ကို ၂ ဂိုးဂိုးမရှိနဲ့အနိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ မူဆီယာလာက ဂိုးသမား ဒွန်နာရမ်မာနဲ့ ရင်ဆိုင်အတွေ့မှာ ဖျက်ထုတ်ခံရပြီး ခြေချင်းဝတ်ရိုး ကျိုးသွားခဲ့တာပါ။
အဲဒီအခြေအနေမှာ ဂိုးသမား ဒွန်နာရမ်မာအနေနဲ့ စွန့်စားပြီး ဝင်ရောက်ဖျက်ထုတ်တာမျိုး မပြုလုပ်သင့်ဘဲ ပြိုင်ဘက်ကစားသမား ဒဏ်ရာရရှိနိုင်တာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း နူအာက ပြောပါတယ်။
ဒွန်နာရမ်မာဟာ မူဆီယာလာ ခြေချောင်းရိုးကျိုးသွားတဲ့အပေါ် ထိခိုက်ခံစားရတဲ့ပုံပေါ်ဖြစ်ပြီး ကွင်းထဲမှာ ဒူးထောက်ပြီး ငိုကြွေးခဲ့ပါတယ်။
ဂျာမန်ကြယ်ပွင့်ကစားသမားဟာ ခြေသလုံးမှာ ရှိတဲ့ အရိုး ၂ ခုလုံး ကျိုးသွားပုံရပြီး အနည်းဆုံး ၆ လလောက် အနားယူနိုင်တယ်လို့ သိရပါတယ်။