DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်မှုထမ်းတပ်သားသစ် ၆ ဦး KNU တပ်မဟာ ၄ ထံ ခိုလှုံ
DVB
·
July 8, 2025
တနင်္သာရီတွင် စစ်မှုထမ်းတပ်သားသစ် ၆ ဦး KNU တပ်မဟာ ၄ ထံ ခိုလှုံ
Donate to DVB

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၆ ယောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ KNLA တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးက ပြောပါတယ်။

ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီရဲ့ ခမရ ၂၆၅ တပ်ရင်းက တပ်သားတယောက်၊ ၄ ရက်နေ့မှာ ခလရ ၂၆၅ တပ်ရင်းက ၂ ယောက်နဲ့ ၅ ရက်နေ့မှာ ခလရ ၁၀၃ တပ်ရင်းက ၃ ယောက် ဘက်ပြောင်းခိုလှုံလာတယ်လို့ KNLA တပ်ရင်းကနေ သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရကာ ပလောက်မြို့၊ တိုင်းဗဟို ၁၂ လေ့ကျင့်ရေး သင်တန်းကျောင်းက အပတ်စဥ် ၈ သင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးက “သူတို့ တပ်ကထွက်လာကြတာ ကျနော်တို့နဲ့ အဆက်အသွယ်မရလို့ ၂ ယောက်အဖွဲ့ဆို လမ်းမှာ ၄ ရက်လောက် လမ်းပျောက်နေတယ်။ သူတို့နဲ့အတူ MA 1 သေနတ် ၃ လက်နဲ့ ကျည်တွေ၊ ကျည်ဘောက်တွေ ပါလာတယ်။ လက်ရှိမှာတော့ ကောင်းကောင်းမွန်မွန် လက်ခံစောင့်ရှောက်ထားပြီး ပါလာတဲ့ လက်နက်တလက်စီအတွက် ကျပ်သိန်း ၃၀ ဆု ပြန်လည်ချီးမြှင့်ထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ရှိနေတဲ့ တပ်သားတွေအနေနဲ့ ပြည်သူတွေလက်ခံတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပူးပေါင်းပေးဖို့နဲ့ ဘက်ပြောင်းခိုလှုံလာသူတွေကိုလည်း အမြဲကြိုဆိုနေမှာ​ပါလို့ KNU တပ်မဟာ ၄ ဥက္ကဋ္ဌ ပဒိုညာဝါးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013