DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် မိုးသည်းပြီး ရေကြီး မြေပြို၊ အဆောက်အဦများ ပျက်စီး
DVB
·
July 8, 2025
တရုတ်တွင် မိုးသည်းပြီး ရေကြီး မြေပြို၊ အဆောက်အဦများ ပျက်စီး
Donate to DVB

တရုတ်နိုင်ငံတဝန်း မိုးသည်းလို့ ရုတ်တရက် ရေကြီး မြေပြိုတာတွေနဲ့အတူ ဒေသအများအပြားမှာ အခြေခံအဆောက်အဦတွေ ပျက်စီးခဲ့ပြီး အရေးပေါ်တုံ့ပြန်ဖို့ လှုံ့ဆော်ခဲ့ရပါတယ်။

သောကြာနေ့ မနက် ၈ နာရီအထိ မြစ်စုစုပေါင်း ၃၂၉ ရဲ့ ရေမျက်နှာပြင်တွေဟာ ရေကြီးမှု သတိပေး သတ်မှတ်ချက်ထက် ကျော်လွန်နေပြီး တချို့နေရာတွေမှာ တောင်ပေါ်ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မြို့ပြရေလျှံခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ခဲ့တယ်လို့ ရေအရင်းအမြစ်ဆိုင်ရာ ဒုဝန်ကြီး ချန်းမင်က ပြောပါတယ်။

အခြေအနေသစ်တွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ပင်မရေကြီးတဲ့ ရာသီမ၀င်မီ ပြီးခဲ့တဲ့လမှာ လမ်းညွှန်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

ပြည်သူကို ဦးစားပေး နေရာထားပြီး စနစ်တကျ အခြေခံကျတဲ့ တွေးခေါ်မှုကို အလေးပေးရင်း မြစ်ဝှမ်းတွေမှာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ပုံစံသစ်တရပ်ကို အရှိန်မြှင့် တည်ဆောက်ဖို့ အဆိုပြုခဲ့ပါတယ်။

ခေတ်မီမြစ်ဝှမ်း ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေးစနစ်ကို အဓိကထားပြီး ခေတ်မီတဲ့ မြစ်ဝှမ်းရေလွှမ်းမိုးမှု လျှော့ချရေးစနစ်နဲ့ တရုတ်နိုင်ငံဟာ ၂၀၃၅  ခုနှစ်မှာ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်မှု သိသိသာသာ တိုးတက်စေဖို့ ရည်မှန်းထားတယ်လို့ လမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။

ပုလဲမြစ်ဝှမ်းနဲ့ ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဒါရှိမန်စက်ရုံ အပါအဝင် အသစ်တည်ဆောက်ထားတဲ့ အကြီးစားရေလှောင်ကန် ၂၄ ခုကို ကိုးကားရင်း ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်တဲ့ ပမာဏ ကုဗမီတာ ၆ ဘီလီယံ တိုးလာခဲ့တယ်လို့ တရုတ်ရေအရင်းအမြစ် ဝန်ကြီးဌာနရဲ့ စီမံရေးဌာန ညွှန်မှူး ကျန်းရှန်းဝေက ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်း ၃၁ ခုနဲ့ အဓိက ရေအရင်းအမြစ် စီမံကိန်းတွေကို ဆက်တည်ဆောက်နေရင် နောက်ထပ် ရေပေးဝေနိုင်မှု ကုဗမီတာ ၄ ဒသမ ၉ ဘီလီယံနဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်မှု ကုဗမီတာ ၃ ဒသမ ၆၇ ဘီလီယံအထိ ထပ်တိုး မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံမှာ မိုးလေဝသနဲ့ ဇလဗေဒ စောင့်ကြည့်ရေးစခန်းတွေဟာ ၂၀၁၂ ခုနှစ်က စခန်း ၇၀,၀၀၀ ရှိရာက ၂၀၂၅ မှာ ၂ ဆနီးပါးအဖြစ် ၁၃၀,၀၀၀ ထိ တိုးလာခဲ့ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းက မြစ်ကြီး ၉၀ ရာခိုင်နှုန်းနဲ့ မြောက်ပိုင်းက အဓိကမြစ်တွေ ၇၀ ရာခိုင်နှုန်းမှာ ရေလွှမ်းမိုးနိုင်တယ်လို့ ရေအရင်းအမြစ် ဒု-၀န်ကြီး ဝမ်ဘိုအန်က မကြာသေးမီက Outlook Weekly သတင်းမဂ္ဂဇင်းနဲ့ လူတွေ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013