Search Results For: အီဗရာဟီမိုဗစ်
အီဗရာဟီမိုဗစ်အပေါ်စွပ်စွဲချက် ပေါ့ဘာကာကွယ်ပြောဆို
ဇလာတန်အီဗရာဟီမိုဗစ်အပေါ် ပြောဆိုနေကြတဲ့ လူမျိုးရေး ခွဲခြားမှု စွပ်စွဲချက်တွေကို အသင်းဖော်ဟောင်း မန်ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ကာကွယ်ပြောဆိုလိုက် ပါတယ်။ 
အင်္ဂါနေ့က မီလန်ဒါဘီပွဲအပြီး ဇလာတန်နဲ့ လူကာကူတို့ ကြားပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဇလာတန်ဟာ ဒီလိုစွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 
မြို့ခံ  ပြိုင်ဘက် နှစ်သင်းယှဉ်ပြိုင်ကြတဲ့ ကိုပါအီတလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူနဲ့ ဇလာတန်တို့ဟာလည်း ဒီပွဲမှာ အကြီးအကျယ်စကားများခဲ့ကြပါတယ်။
 ဒီပွဲမှာ ဇလာတန်က မီလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ 
လူကာကူက အင်တာမီလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အချိန်ပိုမှာ အဲရစ်ဆင်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 
ဒါပေမဲ့ ဒီပွဲမှာ စကားများမှုဟာ ပြောစရာ ဖြစ်ခဲ့ပြီး ရလဒ်အနေနဲ့ ၂ ဦးစလုံး အဝါကတ်ထိခဲ့ပါတယ်။ 
စကားများရာမှာ ဇလာတန်ဟာ လူကာကူကို “ မင်းရဲ့ ဗူဒူးကိုပဲ လုပ်နေစမ်းပါ မြည်းပေါက်လေးရာ။ မင်းရဲ့ အသုံးမကျတဲ့ ဗူဒူးကိုပဲ သွားလုပ်စမ်းပါ။ မင်းအမေပါခေါ်သွား” လို့ပြောနေတာကို ကြားခဲ့ရပြီး လူကာကူကလဲ “ ဟာအထဲသွားမယ် ငပေါရဲ့၊ မင်းနဲ့ငါတွေ့မယ်” လို့ ပြန်လည်ပြောဆိုခဲ့တာကိုကြားခဲ့ရပါတယ်။ 
ထွက်ပေါ်လာတဲ့သတင်းအရ ဇလာတန်ပြောခဲ့တဲ့ “ ဗူဒူး” ဆိုတဲ့စကားဟာ အဲဗာတန် အသင်း ပိုင်ရှင် ဖာဟတ်မိုရှီရီပြောဆိုခဲ့တဲ့တာနဲ့ ပတ်သက်နေတယ်လို့လည်း သိရပါတယ်။ 
မိုရှီရီက “ဗူဒူး” ဆိုတဲ့စကားကို ပြောဆိုခဲ့တာကြောင့် လူကာကူဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့တာလို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး ဒီသတင်းတွေကို ကစားသမားရဲ့ကိုယ်စားလှယ်အဖွဲ့က ငြင်းဆိုခဲ့ဖူးပါတယ်။ 
ဒီ “ဗူဒူး” ဆိုတဲ့ပြောစကားကြောင့် ဇလာတန်ဟာ လူကာကူကို လူမျိုးရေး ခွဲခြားခဲ့တာလို့ တချို့က ဝေဖန်ခဲ့ကြပြီး ကစားသမားကိုယ်တိုင် သူ့ပြောစကားနဲ့ပတ်သက်လို့ ပြန်လည်ဖြေရှင်းခဲ့ ရပါတယ်။ 
“ဇလာတန်အတွက် လူမျိုးရေးခွဲခြားမှုဆိုတာ မရှိပါဘူး။ ကျနော်တို့ အားလုံးဟာ မျိုးနွယ်တူတွေပါပဲ။ အကုန်လုံးညီတူညီမျှပါပဲ။ ကျနော်တို့ဟာ ဘောလုံးသမားတွေပါ။ တချို့က တခြားသူတွေထက် ပိုကောင်းနေ ပါတယ်” လို့ဆွီဒင်ကစားသမားက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ 
ပေါ့ဘာကလည်း သူ့ ကစားဖော် ဟောင်းအပေါ်ကျရောက်နေတဲ့ စွပ်စွဲချက်တွေကို တွစ်တာမှာ ရှင်းလင်းရေးသားရင်းနဲ့ကာကွယ်ပေးခဲ့ပါတယ်။  
ပေါ့ဘာက “ ဇလာတန်က လူမျိုးရေး ခွဲခြားတယ်တဲ့လား။ သူက ကျနော်ကို အရမ်း ချစ်တဲ့လူပါ။ ဒါ့ကြောင့် လူမျိုးရေးခွဲခြားတယ်ဆိုရင် ကျနော့်ခေါင်းထဲ နောက်ဆုံးမှ ရောက်လာမယ့်သူဟာ ဇလာတန်ပါပဲ။ လုပ်စမ်းပါ။ ဒါက နောက်စရာမဟုတ်ပါဘူး” လို့ ပေါ့ဘာက ကာကွယ်ပြောဆိုခဲ့ပါတယ်။ 
အင်္ဂါနေ့ ဖြစ်ရပ်တွေကြောင့် ဇလာတန်ဟာ အဝတ်လဲခန်းမှာ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့တယ်လို့လည်း မီလန်နည်းပြ ပီအိုလီက  ပြောပါတယ်။ 
5 months Ago
မီလန်ဒါဘီပွဲစဉ်တွင် တိုက်စစ်မှူးလူကာကူနှင့် အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွား
မနေ့ညက ကစားသွားခဲ့တဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲ  မီလန်ဒါဘီပွဲစဉ်မှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
အင်တာတိုက်စစ်မှူး လူကာကူနဲ့ အေစီတိုက်စစ်မှူး မိုဗစ်တို့ဟာ ပထမပိုင်းပြီးခါနီးမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ 
လူကာကူကို အေစီမီလန်အသင်းခေါင်းဆောင် ရိုမန်နိုလီက ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ လူကာကူနဲ့ မိုဗစ်တို့ဟာ ခေါင်းချင်းဆိုင်ပြီး ထိပ်တိုက်တွန်းခဲ့ကြလို့ ၂ ဦးစလုံး အဝါကတ် ကိုယ်စီပြသခံခဲ့ရပါတယ်။
ပထမပိုင်းအပြီး အဝတ်လဲခန်းထဲဝင်ချိန်မှာ လူကာကူက မိုဗစ်ကို ဆဲဆိုခဲ့ပြီး မိုဗစ်ကလည်း အစောပိုင်းကတည်းက လူကာကူကို ဆဲဆိုထားခဲ့တယ်လို့ သိရပါတယ်။ 
ဒီပွဲမှာ အင်တာမီလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အေစီမီလန်အတွက် ဦးဆောင်ဂိုး စတင်သွင်းခဲ့တဲ့ မိုဗစ်ဟာ ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်မှာတော့ ကိုလာရော့ဗ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အဝါကတ်ပြခံခဲ့ရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ဟာ မန်ယူနိုက်တက်အသင်းမှာ အတူကစားခဲ့ဖူးပြီး မီလန်ဒါဘီမှာ ပြန်လည်တွေ့ဆုံရာမှာတော့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။
5 months Ago
ဆွီဒင်အတွက် ပြန်လည်ကစားပေးရန် အစီအစဉ်မရှိကြောင်း အီဗရာဟီမိုဗစ် ပြော
ဆွီဒင် လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးဖို့မရှိကြောင်း တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးကတည်းက လက်ရွေးစင်အသင်းကနေ အနားယူခဲ့တာပါ။  လက်ရှိအချိန်မှာ အီတလီကလပ်အေစီမီလန်အသင်းမှာ ခြေစွမ်းပြသနေပြီး စီးရီးအေ ၅ ပွဲ၊ ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်စတင်မယ့်အချိန်မှာ ဆွီဒင်အသင်းဂျာစီနဲ့ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ထားတဲ့ပုံကို အီဗရာဟီမိုဗစ်က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဒီလိုပုံ မတွေ့ရတာကြာပြီဆိုတဲ့ စာသားလည်း တင်ခဲ့တာပါ။  ဒါကြောင့် ဆွီဒင်အသင်းမှာ ပြန်ကစားချင်နေတဲ့ သဘောလို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြတာပါ။ မိုဗစ်ကတော့ ဆွီဒင်က လူတချို့ကို မခံချိမခံသာဖြစ်အောင် စနောက်တာသာဖြစ်ပြီး လက်ရွေးစင်မှာ ပြန်ကစားဖို့ အစီအစဉ်မရှိတော့ဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
7 months Ago
အီဗရာဟီမိုဗစ်ကဲ့သို့ ကာဗာနီ ခြေစွမ်းပြနိုင်မည်ဟု ဒီယေဂိုဖော်လန်သုံးသပ်
တိုက်စစ်မှူး ကာဗာနီအနေနဲ့ အီဗရာဟီမိုဗစ်လို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က  ပြောပါတယ်။  အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံး ခဲ့ပြီးနောက် မန်ယူအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ တနိုင်ငံတည်းသား တိုက်စစ်မှူးဟောင်းဖြစ်သူ ဒီယေဂိုဖော်လန်ကတော့ ကာဗာနီဟာ အီဗရာဟီမိုဗစ်လို ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ ချီးကျူးခဲ့တာပါ။  ဆွီဒင်တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ဟာ  ၂၀၁၆ ခုနှစ်က ပီအက်စ်ဂျီကနေ မန်ယူ အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။  ကာဗာနီက ထိပ်တန်းတိုက်စစ်မှူးအဖြစ်ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်အတွက် ထိပ်တန်း ခေါ်ယူမှုတခုဖြစ်သလို လူငယ်တွေအတွက်လည်း အတွေ့အကြုံတွေရရှိစေမယ့် ကစားသမား ဖြစ်တယ်လို့  ဒီယေဂိုဖော်လန်က သုံးသပ်ပါတယ်။  ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုလည်း ကောင်းမွန်နေသေးလို့ ပရီးမီးယားလိဂ်နဲ့ အံဝင်မယ့် ကစားသမားဖြစ်တယ်လို့လည်း ကာဗာနီကို ဒီယေဂိုဖော်လန်က ချီးကျူးခဲ့ပါတယ်။ 
8 months Ago
အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ် ကိုဗစ်-၁၉ ကူးစက်ခံရ
တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ အေစီမီလန် အသင်းက ထုတ်ပြန်လိုက်ပါတယ်။  အသက် ၃၈ နှစ်အရွယ် မိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ပထမဆုံးသော အေစီမီလန်ကစားသမားဖြစ်ပြီး သီးသန့်နေထိုင်ရမှာဖြစ်တဲ့အတွက် မိုဗစ်ဟာ မီလန်အသင်းရဲ့ လာမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။  မိုဗစ်နဲ့ပတ်သက်ပြီး အေစီမီလန်အသင်းက “Bodø/Glimt အသင်းနဲ့ဒီနေ့ညပွဲမတိုင်ခင် ဒုတိယမြောက်စစ်ဆေးမှု ပြုလုပ်ခဲ့စဉ် မိုဗစ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေကို အသင်းဘက် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပြီး ကစားသမား ဟာလည်း အိမ်မှာပဲ သီးသန့်နေ ထိုင်သွားမှာဖြစ်ပါတယ်။ မိုဗစ်ကလွဲလို့ တခြားသော အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ကူး စက်ခံရခြင်းမရှိပါဘူး” အသင်း ဝက်ဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။  မိုဗစ်ဟာ အခုရာသီအစောပိုင်းပွဲစဉ်တွေမှာ မီလန်အသင်းအတွက်ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။  သူဟာ အေစီမီလန်အသင်းရဲ့ အခုရာသီပွဲဦးထွက်  နှစ်ပွဲဖြစ်တဲ့ ရှမ်းရော့ခ်ရိုဗာနဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲ၊ ဘိုလော့ညာသင်းတို့ရဲ့ ပွဲစဉ်တွေမှာ စုစုပေါင်း ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာ အေစီမီလန်အသင်းကို ကာလတိုစာချုပ်နဲ့ လာ ရောက်ကစားခဲ့ပြီး အခုရာသီအတွက်လည်း စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။  “အခုကျနော့်အသက်က ၃၈ နှစ်မို့လို့ ၂ ဂိုးပဲ သွင်းနိုင်တာပါ။ အသက် ၂၀ သာဆိုရင် ၄ ဂိုးလောက် သွင်းပါတယ်။ ကျနော်ဟာ ဘင်ဂျမင် ဘတ်တန်လိုပါပဲ။ အသက်ကြီးတဲ့ပုံစံနဲ့ မွေးဖွား လာခဲ့ပါပြီး အချိန်ကြာလေ နုပျိုလာလေပါပဲ။ ကျနော်တာဝန်ခံမှုတွေကို လိုချင်ပါတယ်။ အကြီးမားဆုံးဖိအားက ကျနော်ဆီကပဲ ဖြစ်လာတာပါ။ လူတွေက ကျနော်အသက်အရွယ်နဲ့ ပတ်သက်ပြီး ပြောနေတာကို မကြိုက်ပါဘူး။ ကျနော်ဟာ အရင်တုန်းကလို ပုံစံမျိုးနဲ့ရှိနေသေး တယ်လို့ပဲ အထင်ခံချင်ပါတယ်။ အသက်အရွယ် ကြောင့်ကျနော့်အပေါ်လူတွေ အမြင်ပြောင်းလဲ သွားတာမျိုး မလိုချင်ပါဘူး” လို့ ဘိုလော့ညာအသင်းကို အနိုင်ရရှိခဲ့ပြီးမှာ မိုဗစ်က ပြောခဲ့ပါတယ်။ 
9 months Ago
ဆွီဒင်နည်းပြကို ဇလာတန်အီဗရာဟီမိုဗစ် ပြင်းပြင်းထန်ထန်ဝေဖန်
လူငယ်ကြယ်ပွင့်ကစားသမား ဒီဂျန်ကယ်လူဆတ်စကီကို အရန်ခုံမှာထိုင်ခိုင်းခဲ့တဲ့ ဆွီဒင်နည်း ပြရဲ့လုပ်ရပ်ဟာ ဆိုးရွားလွန်းတဲ့ ဟာသတခုပဲလို့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဇလာတန်အီဗရာဟီမိုဗစ်က ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။  စနေနေ့မှာ ကစားခဲ့တဲ့ ပြင်သစ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အခုလို ဝေဖန်သွားခဲ့တာပါ။  ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းကို ယူရို ၂၉ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကယ်လူဆတ်စကီဟာ ပါးမားအသင်းကို အငှားချခံရပြီး  အထူးခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ပါမားအသင်းနဲ့အငှားကစားခဲ့ရာမှာလည်း ပြီးခဲ့တဲ့ရာသီအတွင်း ၁၀ ဂိုးသွင်းကာ ၈ ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။  ဒါပေမယ့် ပြင်သစ်နဲ့ပွဲစဉ်မှာတော့ ဆွီဒင်နည်းပြက သူ့ကို အရန်ခုံမှာပဲထိုင်ခိုင်းခဲ့ပြီး မိနစ် ၇၀ နီးပါးမှာ လူစားလဲခဲ့တဲ့ လုပ်ရပ်ကို တိုက်စစ်မှူးဟောင်း ဇလာတန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ “ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ဟာသတစ်ခုလဲ။ အရည်အသွေးနိမ့်တဲ့ လူတွေကြောင့် ဆွီဒင်ဘောလုံးလောက နိမ့်ကျနေရခြင်းအတွက် နောက်ထပ်သက်သေတစ်ခုပဲ” လို့ သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဇလာတန်ဟာ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ၁၁၆ ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။ ဆွီဒင်နည်းပြ အန်ဒါဆန်ရဲ့ လုပ်ရပ်ဟာ တော်တော်လေးပွဲဆူစရာဖြစ်ခဲ့ပြီး ကစားသမား ကိုယ်တိုင်ကလည်း အရန်ခုံမှာ ထိုင်ခဲ့ရခြင်းအတွက်အံ့သြမိတယ်လို့ ဝန်ခံပါတယ်။  ဒုတိယပိုင်းမှလူစားဝင်ခွင့်ရရှိခဲ့တာဟာ လုံလောက်မှုရှိပါရဲ့လားလို့ သူ့ကို မေးမြန်းခဲ့ရာမှာ ကယ်လူဆတ်စကီက “ဘယ်ဟုတ်ပါ့မလဲဗျာ။ ကျနော်ကတော့ လုံလောက်တယ်လို့မထင်ပါဘူး။ ကျနော်လေ့ကျင့်ရေးကွင်းမှာလည်း တော်တော်ကောင်းအောင်လုပ်ဆေင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒါဟာ ဘောလုံးလောကပါပဲ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  ဒါပေမယ့် ဆွီဒင်နည်းပြ အန်ဒါဆန်ကတော့ “ပွဲပြီးကတည်းက ကျနော် သူနဲ့ စကား မပြောရသေးပါဘူး။ တကယ်လို့ သူ့အနေနဲ့ ဒီလိုထင်နေတယ်ဆိုရင် ကျနော်တို့ ပြောဆို ဆွေးနွေး သွားမှာပါ။ သူဟာ  လေ့ကျင့်ကွင်းမှာ ကြိုးစားပြခဲ့ပြီး တခြားကစားသမားတွေလည်း သူ့လိုပါပဲ” လို့ အန်ဒါဆန်ကပြောပါတယ်။  ပြင်သစ်နဲ့ပွဲစဉ်မှာ ဆွီဒင်အသင်းဟာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
9 months Ago
တိုက်စစ်မှူး အီဗရာဟီမိုဗစ် အေစီမီလန်အသင်းတွင် ၁ နှစ်ဆက်ကစားမည်
ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ တစ်နှစ်ဆက်ကစားဖို့ သဘောတူညီမှု ရသွားပါတယ်။ မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်ကို ၆ လစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပေမယ့်လည်း စီးရီးအေး ၁၈ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၅ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တဲ့ မိုဗစ်ကို အေစီမီလန်ဘက်ကလည်း ဆက်ထိန်းဖို့ဆန္ဒရှိတယ်လို့ သိရပါတယ်။  အီတလီသတင်းစာတွေဖြစ်တဲ့ စကိုင်းစပေါ့အီတလီယာနဲ့  ဂတ်ဇက်တာဒယ်လိုစပေါ့တို့ရဲ့ အဆိုအရ မိုဗစ်နဲ့ အေစီမီလန်အသင်းတို့ဟာ တနင်္လာနေ့က စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူ အသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး အေစီမီလန်မှာတော့ ဒုတိယအကြိမ် လာရောက်ကစားတာဖြစ်ပါတယ်။
10 months Ago
အီဗရာဟီမိုဗစ်နှင့် ကာဗာနီကို ခေါ်ယူရန် လိဒ်ယူနိုက်တက် ကြိုးပမ်းနေ
ပရီးမီးယားလိဂ်ကို တန်းတက်ကစားခွင့် ရရှိထားတဲ့ လိဒ်ယူနိုက်တက်အသင်းဟာ အီဗရာဟီမိုဗစ်နဲ့ ကာဗာနီတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  လိဒ်ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ အီတလီလူမျိုး ရာဒရစ်ဇာနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက  အသင်းလက်မဲ့ ဖြစ်နေတဲ့ အီဗရာဟီမိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ကြောင်း ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မိုဗစ်ကို ခေါ်ယူဖို့က ခက်ခဲနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု အခြေအနေက အီတလီနဲ့ ကွဲပြားတယ်လို့ လိဒ်အသင်းပိုင်ရှင် ရာဒရစ်ဇာနီက ပြောပါတယ်။ ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကာဗာနီကတော့ ပရီးမီးယားလိဂ်မှာ အဆင်ပြေနိုင်ပြီး နည်းပြချုပ် ဘီယယ်ဆာနဲ့တော့ ကာဗာနီကို ခေါ်ယူဖို့ ဆွေးနွေးဖူးခြင်းမရှိသေးကြောင်း လိဒ်အသင်းပိုင်ရှင်က ပြောပါတယ်။  ဒါပေမဲ့ ကာဗာနီကို ခေါ်ယူဖြစ်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။  လိဒ်ဂိုးသမားဟောင်း ရော်ဘင်ဆန်ကတော့ လက်ရှိတိုက်စစ်မှူး ဘမ်းဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ အဆင်ပြေနိုင်မှာမဟုတ်ဘဲ ဆဲလ်တစ်တိုက်စစ်မှူး အက်ဒွက်နဲ့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်တို့ကို ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။
11 months Ago
ကျနော်သာ ရာသီအစကတည်းက ရှိနေခဲ့ရင် စတူဂတ်တိုဖလား ဆွတ်ခူးနိုင်ပါတယ် - အီဗရာဟီမိုဗစ် 
အေစီမီလန်အသင်းသာ သူ့ကို ရာသီအစကတည်းက ခေါ်ယူခဲ့မယ်ဆိုရင် စီးရီးအေဖလား ဆွတ်ခူးနိုင်လောက်တယ်လို့ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ဂျူဗင်တပ်စ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ပြောပါတယ်။  အေစီမီလန်‌ ကစားသမားဟောင်း မိုဗစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မီလန်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ နတ်ဘုရားကြီးလို့ နာမည်ပြောင် ရရှိထားတဲ့ မိုဗစ်ဟာ အသက် ၃၈ နှစ်အရွယ်အထိ ဂိုးတွေ သွင်းယူနိုင်နေဆဲဖြစ်ပြီးတော့ ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာလည်း မီလန်အသင်းအတွက် ပထမဆုံးဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။  ဒါ့ကြောင့် သူ့ရဲ့မီလန်အသင်းအတွက် သွင်းဂိုးဟာ ၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂိုးမတိုင်ခင် မီလန်အသင်းဟာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး မိုဗစ် ဂိုးသွင်းယူခဲ့ပြီး နောက်ထပ် ၃ ဂိုး ထပ်မံရရှိခဲ့ကာ ပွဲအပြီးမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ “ကျနော်သာ ဒီအသင်းမှာ ရာသီအစကတည်းက ရှိနေခဲ့မယ်ဆိုရင် ကျနော်တို့ဟာ စတူဂတ်တို ဖလားကိုတောင် ဆွတ်ခူးနိုင်ပါတယ်” လို့ မိုဗစ်က ပွဲအပြီးမှာ ပြောပါတယ်။  မိုဗစ်ဟာ မီလန်အသင်းသားတွေကြားမှာ role model တစ်ဦးအဖြစ် တင်စားပြောဆိုခံနေရသူ ဖြစ်ပြီး “ဒီအသင်းမှာ ကျနော်ဟာ ဥက္ကဋ္ဌ ဆိုလည်း ဟုတ်သလို၊ နည်းပြ၊ ကစားသမားဆိုလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျနော့်ကို ကစားသမား လစာပဲ ပေးပါတယ်” လို့လည်း ခပ်ရွှတ်ရွှတ် ပြောပါတယ်။ အေစီမီလန်အသင်းဟာ မိုဗစ်ကို ရာသီကုန်အထိသာ ခေါ်ယူထားတာဖြစ်ပြီး နောက်ရာသီ ဒီအသင်းမှာ ဆက်ရှိ၊ မရှိကိုတော့ မသေချာဘူးလို့ မိုဗစ်က ပြောပါတယ်။ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် မီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
11 months Ago
အီဗရာဟီမိုဗစ် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရနိုင်
အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့လို့ ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။  မိုဗစ်ဟာ ဆွီဒင်ကလပ် ဟမ်မာဘီအသင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် အခုလ အစောပိုင်းက အေစီမီလန်ဆီ ပြန်သွားပြီး လေ့ကျင့်ခန်းဆင်းခဲ့တာပါ။ လေ့ကျင့်ရေးကွင်းမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်ဖွယ်ရှိနေတာပါ။ အသက် ၃၈ နှစ်ရှိ မိုဗစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ၆ လ စာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။ အေစီမီလန်အသင်းဟာ လက်ကျန်ပွဲစဉ် ၁၂ ပွဲအလိုမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
1 year Ago
ယခု ရာသီအကုန် မီလန်မှ  အီဗရာဟီမိုဗစ် ထွက်မည်
ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဒီရာသီကုန်ရင် အေစီမီလန်အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဆီနီဆာမီဟိုင်းလိုဗစ်က ပြောပါတယ်။  လက်ရှိ ဘိုလော့ညာအသင်းရဲ့နည်းပြဖြစ်သူ မီဟိုင်းလိုဗစ်ဟာ မိုဗစ်နဲ့အတူ အင်တာမီလန်  အသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး အေစီမီလန်အသင်းနဲ့ သူ့ရဲ့ကာလတိုစာချုပ်ကုန်ဆုံးချိန်မှာ  အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားကြောင်းပြောပါတယ်။  မိုဗစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွေ့မှာ မီလန်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ရှစ်ပွဲ ကစားပြီးချိန်မှာ အသင်းအတွက် သုံးဂိုးသွင်းယူပေးထားပါတယ်။  “ပြီးခဲ့ရက်တွေက သူကျွန်တော့်ကိုဖုန်းခေါ်ခဲ့ပြီး နွေရာသီအပြောင်းအရွေ့မှာ သူဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်” လို့ မီဟိုင်းလိုဗစ်ကပြောပါတယ်။  “သေချာတာကတော့ သူမီလန်မှာ ဆက်နေတော့မှာမဟုတ်ပါဘူး။ ဆွီဒင်ကိုပဲ ပြန်မလား၊ တခြားအသင်းတခုကို သွားမလားဆိုတာတော့ ဆက်ကြည့်ရမှာပေါ့” လို့ မီဟိုင်းလိုဗစ်က ဆားဗီးယားရုပ်သံရှိုးတခုမှာ ပြောဆိုခဲ့ပါတယ်။  အသက် ၃၈ နှစ်အရွယ်မိုဗစ်ဟာ ကစားသမားဘဝကို မယ်မိုအသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး အသင်းကွင်းအပြင်ဘက်မှာ သူ့ရုပ်တုတခုကို ထုလုပ်ဂုဏ်ပြုခြင်းခံထားရပါတယ်။  ဒါပေမယ့် ပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ ဟမ်မာဘီအသင်းကို မိုဗစ်ရဲ့အတိတ်က ပိုင်ဆိုင်မှုကြောင့် မယ်မိုပရိတ်သတ်တွေဟာ မိုဗစ်ကို မုန်းတီးနေကြပြီး သူ့ရဲ့အထိမ်း အမှတ်ရုပ်တု ဟာလည်း မကြာခဏဆိုသလို တိုက်ခိုက်ဖျက်ဆီးခံထားရတာကြောင့် ခဏခဏနေရာရွှေ့ထား ရပါတယ်။  မိုဗစ်နဲ့ အေစီမီလန်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီပြီးဆုံးချိန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အေစီမီလန်အသင်းဟာ သူ့ကိုတစ်နှစ်စာချုပ်သက်တမ်းတိုးခွင့် ရှိနေပါတယ်။ 
1 year Ago
အီဗရာဟီမိုဗစ် ဆွီဒင်ကလပ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိ
ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ မွေးရပ်မြေကလပ် ဟမ်မာဘီအသင်းမှာ ပြန်ကစားဖို့ ရှိ နေပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အေစီမီလန်အသင်းဆီကို ၆ လစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တဲ မိုဗစ်ဟာ ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။  ကိုရိုနာ ဗိုင်းရပ်စ်အခြေအနေကြောင့် အီတလီပွဲစဉ်တွေကို ပြီးခဲ့တဲ့မတ်လကတည်းက ရပ်နားခဲ့ရတာကြောင့် အေစီမီလန်အတွက် ၈ ပွဲသာ ကစားခဲ့ရပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  မိုဗစ်ဟာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းမှုကို လက်မခံခဲ့တာကြောင့် ဆွီဒင်ကလပ် ဟမ်မာဘီအသင်းဆီ ပြန်လည်ကစားဖို့ရှိနေတာပါ။  ဟမ်မာဘီအသင်းရဲ့ ၂၅ ရာခိုင်နူန်းကို အီဗရာဟီမိုဗစ်ကပိုင်ဆိုင်ပြီး လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှု ကောင်းမွန်လာစေဖို့အတွက် ဟမ်မာဘီအသင်းမှာပဲ လေ့ကျင့်နေပါတယ်။  ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတပွဲမှာတော့ မိုဗစ်က ဟမ်မာဘီအသင်းဘက်ကနေ ဝင်ကစားခဲ့ပြီး ဂိုးသွင်းပေးခဲ့တယ်လို့ သိရပါတယ်။
1 year Ago
မီလန်မြေ ပြန်လာသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ကို ပရိသတ်များ ကြိုဆို
ဆွီဒင် တိုက်စစ်မှူးဟောင်း ဇလန်တန် အီဗရာဟီမိုဗစ်ချ်ဟာ အေစီမီလန်အသင်းရှိတဲ့ မီလန်မြေကို တကျော့ပြန် ရောက်ရှိခဲ့ပါတယ်။  အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးကို အေစီမီလန် ပရိသတ်တွေက လေဆိပ် အပြင်ကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။  သူဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လေဂလက်စီအသင်းကနေ မီလန်ကို ၆ လစာချုပ်နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး စာချုပ်ထဲမှာ တနှစ်သက်တမ်း တိုးခွင့်ပါ ထည့်သွင်းထားပါတယ်။  အေစီမီလန်အသင်းဟာ အီတလီ ဘောလုံးသမိုင်းမှာ ဂျုဗင်တပ်ပြီးရင် ဒုတိယ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။  တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ဟာ အေစီမီလန်မှာ ၂၀၁၁၊ ၂၀၁၂ ရာသီမှာ ကစားခဲ့ဖူးပါတယ်။ အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုနဲ့အတူ အီတလီစူပါဖလားဆုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဗိုဗစ်ချ်ဟာ ဂျုဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ မန်ယူနိူက်တက်၊ ပီအက်စ်ဂျီ စတဲ့ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ 
1 year Ago
အီဗရာဟီမိုဗစ် အသင်းဟောင်းအေစီမီလန်ကို ပြန်ရောက်
ဆွီဒင်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇလာတန် အီဗရာဟီမိုဗစ်ဟာ အသင်းဟောင်း အေစီမီလန်ကို ၆ လ စာချုပ်နဲ့ ပြန်လည်ရောက်ရှိသွားပါတယ်။  စာချုပ်ထဲမှာ နောက်ထပ် ၁ နှစ် သက်တမ်း တိုးခွင့်လည်း ပါရှိပါတယ်။ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။  Repubblica သတင်းစာမှာ ရေးသားထားချက်အရ မိုဗစ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို အားကစားဒါရိုက်တာ ဇိုနီမာဘိုဘန်နဲ့ ဂန္ထဝင်ကစားသမား ‌ပေါ်လိုမာဒီနီတို့က အဓိကဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာချုပ်မှာ ဇလာတန်ဟာ ‌ဘောနပ်စ် အပါအဝင် ယူရို ၅ သန်းနီးပါး ရရှိလိမ့်မယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ဟာ လာမယ့် ဇန်နဝါရီ ၂ ရက်နေ့မှာ အေစီမီလန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။  မိုဗစ်ဟာ အေစီမီလန်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၂ အထိ နှစ်ရာသီကြာ ၈၅ ပွဲ ကစားပြီး ၅၆ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ မီလန်အသင်းနဲ့တူ စီးရီးအေဖလား ၁ လုံးနဲ့ အီတလီစူပါဖလား ၁ လုံးကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  အီဗရာဟီမိုဗစ်ကို ရရှိဖို့အတွက် အေစီမီလန်အသင်းဟာ ဖီအိုရင်တီးနား၊ ဘိုလော့ဂ်နာ၊ ရိုးမားအသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
1 year Ago
အီဗရာဟီမိုဗစ်  ဆွီဒင်ကလပ် ဟမ်မာဘီအသင်းသို့ ပြောင်းရွှေ့
ဝါရင့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ  ဆွီဒင်ကလပ် ဟမ်မာဘီအသင်းကို ပြောင်းရွှေ့သွားခဲ့သလို ကလပ်အသင်းကို ပူးတွဲပိုင်ဆိုင်သူလည်းဖြစ်လာပါတယ်။ စီးရီးအေထိပ်သီးအသင်းတွေနဲ့ စပါးအသင်းတို့က ခေါ်ယူမယ့်လို့ သတင်းတွေထွက်နေပေမယ့် အင်စတာဂရမ်စာမျက်နှာမှာ သူတင်ခဲ့တဲ့ ပိုစ့်အတိုင်း အမှန်တကယ်ပဲ ဟမ်မာဘီအသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။  အသက် ၃၈ နှစ်အရွယ် မိုဗစ်ကတော့ မေဂျာလိဂ်မှာ ၅၈ ပွဲ ကစားပြီး ၅၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့လို့ အသက်အရွယ်နဲ့မလိုက်တဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်တို့ကို ပြသထားပါတယ်။ မိုဗစ်အနေနဲ့ ကစားသမားဘဝအစက ဟမ်မာဘီအသင်းရဲ့ ပြိုင်ဘက် မလ်မိုအသင်းမှာကစားခဲ့ဖူးပြီး‌တော့ အခုလိုမထင်မှတ်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တာကတော့ ဟမ်မာဘီအသင်းနဲ့ကပိုပြီး‌စိတ်လှုပ်ရှားရသလိုပျော်ဖို့လည်းကောင်းတာကြောင့် ဖြစ်တယ်လို့ မိုဗစ်က ပြောကြားသွားခဲ့ပါတယ်။
2 years Ago
၃၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ထိပ်သီးအသင်းများ မျက်စိကျနေဆဲ
အသက် ၃၈ နှစ်အရွယ် ဝါရင့်ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ဥရောပ ထိပ်သီးအသင်းကြီး အတော်များများက မျက်စိကျနေဆဲ ဖြစ်ပေမယ့် အင်စတာဂရမ်မှာ တင်ခဲ့တဲ့သူ့ရဲ့ ပိုစ့်ကတော့ အဲဒီအသင်းတွေအားလုံးရဲ့  မျှော်လင့်ချက်ကိုတော့ ပျက်ပြယ်စေခဲ့ပါတယ်။  အတိအလင်း ထုတ်ကြေညာခြင်း မရှိသေးဘူး ဆိုပေမယ့်လည်း မိုဗစ်ကတော့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် ဆွီဒင်ကလပ် ဟမ်မာဘီအသင်း ဂျာဆီ နောက်ကျောမှာ သူ့ရဲ့နာမည်နဲ့ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။  မီလန်မြို့ခံနှစ်သင်း အပါအဝင် အီတလီစီးရီးအေကလပ် အတော်များများက ခေါ်ယူဖို့ ပြင်ဆင်နေခဲ့ပေမယ့် မိုဗစ်ကတော့ မထင်မှတ်ဘဲ ဆွီဒင်ကလပ်ကိုပဲ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။  ဥရောပအောင်မြင်မှုကလွဲလို့ ကလပ်အသင်းကြီး တော်တော်များများအတွက် ပြည်တွင်းဆုဖလား အောင်မြင်မှုအများဆုံး ရယူထားခဲ့တဲ့ မိုဗစ်ကတော့ အသက်နဲ့မလိုက်တဲ့ ခြေစွမ်းတွေ ပြသသွားဖို့ ယုံကြည်မှုအပြည့်ရှိနေဆဲ ဖြစ်ပါတယ်။
2 years Ago
အီဗရာဟီမိုဗစ်ကို အီတလီကလပ်အသင်းက ကာလတိုစာချုပ်ဖြင့်ခေါ်ရန် ကြိုးပမ်း
အီတလီကလပ် ဘိုလော့နာအသင်းဟာ ဆွီဒင် ဝါရင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ကာလတို စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ မိုဗစ်ဟာ လက်ရှိအချိန်မှာ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းမှာ ကစားနေတာပါ။ လာမယ့်ဒီဇင်ဘာလမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘိုလော့နာအသင်းက ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ မိုဗစ်ကို ၆ လစာချုပ်နဲ့ ရာသီကုန်အထိ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဘိုလော့နာအသင်း နည်းပြ မီဟိုင်းလိုဗစ်ဟာ အီဗရာဟီမိုဗစ်နဲ့ ရင်းနှီးသူ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ အီဗရာဟီမိုဗစ်ဟာ အီတလီစီးရီးအေကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေမှာ ၆ ရာသီကြာ ကစားခဲ့ဖူးသူ ဖြစ်ပြီး စီးရီးအေ သွင်းဂိုး စုစုပေါင်း ၁၂၂ ဂိုး သွင်းယူနိုင်ခဲ့ဖူးပါတယ်။
2 years Ago
မန်ယူက လိုအပ်မယ်ဆိုရင် ကစားပေးနိုင်ဟု အီဗရာဟီမိုဗစ်က ပြော
မန်ယူအသင်းက လိုအပ်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ လာရောက်ကစားပေးနိုင်တယ်လို့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မိုဗစ်ဟာ လက်ရှိအချိန်မှာ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီ အသင်းမှာ ကစားနေပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတာပါ။ မိုဗစ်ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မန်ယူနိုက်တက်အသင်းအတွက် ၅၃ ပွဲကစားခဲ့ပြီး ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပဲလေ့နဲ့ပွဲကိုလည်း ကြည့်ရူခဲ့ပြီး ရက်ရှ်ဖို့ဒ်သာ ပင်နယ်တီဝင်ခဲ့မယ်ဆိုရင် ပွဲအဖြေပြောင်းလဲသွားနိုင်ကြောင်း မိုဗစ်က သုံးသပ်ခဲ့ပါတယ်။
2 years Ago
ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း မန်ဇူကစ်ကို အေစီမီလန်က ရာသီကုန်အထိ ခေါ်ယူ
စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း မာရီယိုမန်ဇူကစ်ကို ရာသီကုန်အထိ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကာတာကလပ် အယ်လ်ဒူဟိုင်အသင်းကနေ ထွက်ခွာလာကတည်းက အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။ မီလန်အသင်းက သူ့ကို ကနဦး ရာသီဝက်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်မှာ နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးဖို့ သဘောတူညီချက်လည်း ပါဝင်နေပါတယ်။  အသက် ၃၄ နှစ်အရွယ် မန်ဇူကစ်ဟာ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ ပုံစံကောင်းရရှိနေတဲ့ အီဗရာဟီမိုဗစ်နဲ့ တွဲဖက်ကစားရမှာကြောင့် မီလန်အသင်းရဲ့ တိုက်စစ်ဟာ ပိုပြီးထက်မြက်လာဖို့ ရှိနေပါတယ်။ အေစီမီလန်အသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးသော စီရီးအေဖလား ရရှိရေးအတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး မန်ဇူကစ်ရဲ့ အတွေ့အကြုံက မီလန်အသင်းအတွက် အထောက်အကူဖြစ်စေနိုင်မလား စောင့်ကြည့်ရပါမယ်။  အသင်းမှာ မိုဗစ်လို ဝါရင့်တိုက်စစ်မှူးတစ်ဦး ရှိနေချိန်မှာ မန်ဇူကစ်လို အသက် ၃၄ နှစ်အရွယ် ကစားသမားကို ထပ်မံခေါ်ယူလိုက်တဲ့ မီလန်အသင်းရဲ့ ဆုံးဖြတ်ချက်က အနည်းငယ် ထူးဆန်းနေပေမယ့် သူတို့နှစ်ဦးသာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မီလန်အသင်းရဲ့ တိုက်စစ်အင်အားဟာ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စတူဂတ်တိုဖလား ၄ လုံးရရှိခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  မိုဗစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ မန်ဇူကစ် ရောက်ရှိလာခဲ့ခြင်းက နည်းပြ ပီအိုလီအတွက် ပွဲထွက်လူစာရင်း အပြောင်းအလဲလုပ်ဆောင်ဖို့လည်း အခွင့်အရေး ဖြစ်စေပါတယ်။  မန်ဇူကစ်ဟာ အယ်လ်ဒူဟိုင်ကနေ မထွက်ခွာခင်ကတည်းက ပွဲကစားထားခြင်း မရှိတာကြောင့် ပီအိုလီအနေနဲ့ သူ့ကို ချက်ချင်း လူစာရင်းမှာ ထည့်သွင်းမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။  မီလန်အသင်းဟာ စနေနေ့မှာ အတ္တလန္တာ၊ ဇန်နဝါရီ ၂၆ ရက်မှာ အင်တာမီလန်အသင်းတို့ရဲ့ ကစားရဖို့ရှိနေပြီး ဒီ ၂ ပွဲစလုံးရဲ့ လူစာရင်းမှာ မန်ဇူကစ် ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဝါရင့် ခရိုအေးရှားတိုက်စစ်မှူးဟာ မီလန်အသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာပါ။ အင်ဇာဂီနောက်ပိုင်းကတည်းက အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ ကစားသမားဟာ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကြောင့် မန်ဇူကစ်အနေနဲ့ အီတလီမြေမှာ တစ်ကျော့ပြန်ခြေစွမ်းပြနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်‌ေ မန်ဇူကစ် ရောက်ရှိလာခြင်းကို မိုဗစ်ကလည်း ကြိုဆိုခဲ့ပြီး သူတို့နှစ်ဦးကို ပြိုင်ဘက်တွေ ထိတ်လန့်နေလောက်ပြီလို့လည်း ပြောပါတယ်။
5 months Ago
မီလန်ကစားသမား ကယ်ဟာနိုဂလူနှင့် သီယိုဟာနန်ဒက်ဇ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ကစားသမား ၂ ဦးဖြစ်တဲ့ ဟာကန်ကယ်ဟာနိုဂလူနဲ့ သီယိုဟာနန်ဒက်ဇ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အေစီမီလန်အသင်းက ထုတ်ပြန်ကြေညာပါတယ်။  သူတို့ ၂ ယောက်ဟာ စနေနေ့မှာ လုပ်ခဲ့တဲ့ ဆေးစစ်မှုအတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ တွေ့ခဲ့ရတာဖြစ်ပြီး အသင်းဘက်က ဒါကို သိသိချင်း တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။  ဒါပေမဲ့ သူတို့ ၂ ဦးစလုံးဟာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကျန်အသင်းလူစာရင်းမှာ ရောဂါကင်းရှင်းကြောင်း တွေ့ခဲ့ရတယ်လို့ မီလန်ဘက်က တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပိုးတွေ့ကစားသမား ၂ ဦးဟာ အိမ်မှာပဲ သီးသန့်နေထိုင်နေရတာကြောင့် အသင်းအနေနဲ့ ဇန်နဝါရီလအတွင်း ကန်မယ့် အရေးကြီပွဲစဉ်တချို့မှာ သူတို့ကို လက်လွှတ်ရတော့မှာပါ။  “အဓိက ကစားသမား ၂ ဦးစလုံးကို လက်လွှတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီရာသီမှာ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ ပြဿနာတွေက အချိန်မရွေးရောက်လာနိုင်ပြီး ဒါကို အဆင်သင့်ဖြစ်နေရပါမယ်။ ခက်ခဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ စွမ်းရည်တွေကို ၂ ဆ မြှင့်တင်ထားပါတယ်။ ဒါကို အသားကျနေပြီး အဆင်သင့်လည်း ဖြစ်နေပါတယ်။ ကစားသမားတွေကို လေ့ကျင့်ရေးမှာရော၊ ပွဲအတွင်းမှာပါ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ဒါဟာ မဖြစ်နေ ကျော်လွှားရမယ့်အရေးကြီတဲ့ အကြောင်းကိစ္စတွေပါ။ ဒါဟာ ကျနော်တို့အသင်းအတွက်ချည်းပဲလည်း မဟုတ်ပါဘူး။ ကျနော်တို့မှာ တောင့်တင်း၊ ညီညွတ်တဲ့လူစာရင်း ရှိနေတာကြောင့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ခံယူထားပြီးသားပါ” လို့ မီလန်အသင်း တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နဲ့ပတ်သက်လို့လည်း ပီအိုလီက အခုလိုပြောပါတယ်။  “အီဗရာက ကျနော်တို့အတွက် အရေးပါသူပါ။ သူ့ရဲ့တန်ဖိုးကို အားလုံးက သိပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုကျော်လွှားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေမှာလည်း ရှိနေပါပြီ။ သူ မနက်ဖြန်ပွဲမှာပါဝင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။” ပီအိုလီရဲ့ မီလန်အသင်းဟာ လက်ရှိစီးရီးအေ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ဒီရာသီအတွင်း လိဂ်ပွဲတစ်ပွဲကိုသာ ရှုံးနိမ့်ထားပါသေးတယ်။ မီလန်အသင်းဟာ တနင်္လာနေ့မှာ ကတ်ဂလီယာရီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့မှာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာလည်း မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
5 months Ago
အေစီမီလန်အသင်း ဂျူဗင်တပ်စ်ကို (၃-၁) ဂိုးဖြင့် ရှုံးပြီး ၂၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကျိုး
လက်ရှိ ချန်ပီယံဂျူဗင်တပ်စ်အသင်းက စီရီးအေအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်အသင်းကို ပထမဆုံးသော လိဂ်ရှုံးပွဲကြုံတွေ့စေခဲ့ပြီဖြစ်ပါတယ်။ မနေ့ညက ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီရှုံးပွဲကြောင့် မီလန်အသင်းရဲ့ ၂၇ ပွဲဆက်တိုက်လိဂ် ရှုံးပွဲမရှိတဲ့စံချိန်ဟာ ကျိုးပြတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။  ဒါပေမဲ့ အေစီမီလန်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းက ဆမ့်ဒိုးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားကို ၁ မှတ်အသာနဲ့ဆက်လက်ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ ကိုရိုဗိုင်းရပ်စ်လော့ဒေါင်းမစတင်ခင် မတ်လကတည်းက ရှုံးပွဲ မရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၂ ပွဲဆက်အနိုင်ရလဒ်နဲ့  အဆင့် ၆ နေရာကို ရရှိခဲ့ကာ အခုရာသီမှာတော့ ၁၅ ပွဲဆက်တိုက် မရှုံးနိမ့်သေးတာဖြစ်ပါတယ်။  မနေ့ညကပွဲမှာ ဂျူဗင်တပ်စ်ကစားသမားသစ် ဖက်ဒရီစီယိုချီဆာက အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို ၁၈ မိနစ်နဲ့ ၆၂ မိနစ်တို့မှာသွင်းယူပေးခဲ့တာဖြစ်ပြီး ဝတ်စ်တန်မက်ကန်နီးက နောက် ထပ်ဂိုးကို သွင်းယူခဲ့ပါတယ်။  ဒီပွဲမှာ အေစီမီလန်အသင်းဟာ လက်ရှိချန်ပီယံကို အားထားရတဲ့ တိုက်စစ်မှူးအီဗရာ ဟီမိုဗစ်မပါဘဲ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကာလာဘရီရာက မီလန်အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။  ဒီပွဲမှာ အေစီမီလန်အသင်းဟာ အားထားရတဲ့ ကစားသမားတော်တော်များများကို ဆုံးရှုံးထားခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး ရီဘစ်နဲ့ ကွင်းလယ်လူ ခရူနစ်တို့ဟာ ပွဲမစခင်နာရီပိုင်းအလို မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိ ခဲ့ရတာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် အီဗရာဟီမိုဗစ်ကိုလည်း ဒဏ်ရာကြောင့် သီတင်းပတ် ၈ ပတ်လောက်လက်လွှတ်ရဦးမှာဖြစ်သလို ဘန်နာဆာ၊ ဆယ်လီမက်ကာတို့ မပါဝင်နိုင်ချိန်မှာ ဆန်ဒရိုတိုနာလီဟာလည်း ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်နေရပါတယ်။  ဒီပွဲကို ဂျူဗင်တပ်စ်အသင်းရဲ့ အဲလက်ဆန်ဒရိုနဲ့ ဂျူအန်ကွာဒရာဒိုတို့ဟာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်လွဲချော်ခဲ့ပါတယ်။  မီလန်အသင်းကို အနိုင်ရရှိခဲ့မှုကြောင့် ပီယာလိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး တစ်ပွဲလျော့ကစားကာ ထိပ်ဆုံးက မီလန်အသင်းနဲ့ ၇ မှတ်အကွာကို ရောက်ရှိနေပါတယ်။ 
5 months Ago
တိုက်စစ်မှူး အမ်ဘာပေ ပီအက်စ်ဂျီအသင်းအတွက် ဂိုး ၁၀၀ ပြည့်
မောင့်ပယ်လီယာအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။  အသက် ၂၁ နှစ်အရွယ်တိုက် စစ်မှူးဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ်မှာ ပြောင်းရွေ့ခဲ့ပါတယ်။ သူ့ရဲ့ ကနဦးပြောင်းအရွေ့ဟာ အငှားဖြစ်ပြီး အဲ့ဒီနောက်မှာမှ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။  သူဟာ ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံးဂိုးကို ၂၀၁၇ စက်တင်ဘ ၈ ရက်က မိန့်ဇ်အသင်းနဲ့ပွဲမှာရရှိခဲ့ပြီး အသင်းအတွက်ဒုတိယပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပေရဲ့ ပထမဆုံးရာသီဟာ ထင်ထားသလောက်သွင်းဂိုးရရှိခဲ့ခြင်းမရှိပေမယ့် အပြီးသတ်စာချုပ်ချုပ်ဆိုပြီးချိန်မှာတော့ သူ့ရဲ့ဂိုသွင်းနှုန်းဟာ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။  ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၃၉ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ လိုင်ယွန်အသင်းဘက်ကို ၄ ဂိုးသွင်းခဲ့သလို အသင်းဟောင်းမိုနာကိုနဲ့ ဂျင်ကန့်တို့ကိုလည်း ဟက်ထရစ်သွင်းခဲ့ပါတယ်။  အမ်ဘာပေရဲ့ သွင်းဂိုးဆာလောင်မှုကို လေးဂိုးသွင်းခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ “ကျနော်ဂိုးတွေ ပိုသွင်းဖို့လိုအပ်ပါတယ်။ ဒါဟာ ကျနော်သွားချင်တဲ့ ထိပ်ဆုံးနေရာကို ရောက်စေမယ့်ခြေလှမ်းတွေပဲဖြစ်ပါတယ်။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်နေသရွေ့ ဒါဟာ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။ ၂၀၁၉-၂၀ ရာသီမှာတော့ အမ်ဘာပေဟာ ဒဏ်ရာကြောင့် ကစားခွင့်အများကြီး မရရှိခဲ့ပေမယ့် သူ့ရဲ့ဂိုးသွင်းနှုန်းကတော့ ပြီးခဲ့တဲ့ရာသီကလို ထက်မြက်နေဆဲဖြစ်ပါတယ်။ သူဟာ ၂၁ ပွဲအတွင်း ဂိုး ၃၀ သွင်းယူကာ ပီအက်စ်ဂျီအသင်းကိုလည်း လီဂူးဖလား ၃ ကြိမ်ဆက်ရရှိရေးအတွက် ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ကာ မျှော်လင့်ချက်အများကြီးထားရှိတဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ လက်လွှတ်လိုက်ရပါတယ်။ အမ်ဘာပေဟာ မိုနာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်း ယူနိုင်ခဲ့တာကြောင့် သူ့သွင်းဂိုးအရေအတွက်ဟာ ၉၉ ဂိုးအထိရှိလာခဲ့ပြီး မောင့်ပယ်လီယာနဲ့ ဒီဇင်ဘာ ၅ ရက်နေ့ဂိုးက ဂိုး ၁၀၀ မြောက်ဖြစ်ခဲ့ပါတယ်။  ဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တာကြောင့် သူဟာ ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ နံပါတ် ၄ နာရီအထိရောက်လာခဲ့ပြီဖြစ်ပါတယ်။ နံပါတ် ၃ နေရာမှာ ပေါ်လက်တာက သွင်းဂိုး ၁၀၉ ဂိုးနဲ့ရှိနေပြီး ထိပ်ဆုံးမှာတော့ ဇလာတန်အီဗရာဟီမိုဗစ်က ၁၅၆ ဂိုး၊ ကာဗာနီက ဂိုး ၂၀၀ နဲ့ ရပ်တည်နေပါတယ်။
6 months Ago
ဂျူဗင်တပ်စ်က ဒိုင်နမိုကိဗ်ကို ၃ ဂိုးပြတ်နိုင်၊ ရော်နယ်ဒို၏ ကစားသမားဘဝ သွင်းဂိုး ၇၅၀ ပြည့်
ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့  ချန်ပီယံလိဂ်ပွဲစဉ်မှာ  ဂျူဗင်တပ်စ်အသင်းက  ဒိုင်နမိုကိဗ်ကို ၃ ဂိုးပြတ်အနိုင်ရပြီး ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝ ၇၅၀ မြောက်သွင်းဂိုးကို ရရှိခဲ့ပါတယ်။  ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက်အဖွင့်ဂိုးကို ချီဆာက ပွဲချိန် ၂၁ မိနစ်မှာသွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ မိုရာတာက ပွဲချိန် ၆၆ မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။  အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုတော့ ရော်နယ်ဒိုက ပွဲချိန် ၅၇ မိနစ်မှာ သွင်းယူခဲ့ တာဖြစ်ပြီး ဒီဂိုးဟာ ရော်နယ်ဒိုရဲ့ ဒီရာသီဂျူဗင်တပ်စ်အသင်းအတွက် ၁၀ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဒုတိယမြောက် ချန်ပီယံလိဂ်ဂိုးပါ။  ဒါဟာပေါ်တူဂီတိုက်စစ်မှူးအတွက် ဂျူဗင်တပ်စ်အသင်းအတွက် ၇၅ ဂိုးမြောက်ဂိုးလည်း ဖြစ်ပြီး ဂိုး ၁၀၀ ပြည့်ဖို့နီးကပ်လာတာဖြစ်ပါတယ်။  သူဟာမကြာသေးခင်ကလည်း နိုင်ငံအသင်းအတွက် ဂိုး ၁၀၀ ပြည့်ခဲ့ပြီးဖြစ်ပါတယ်။  ၂၀၀၃ ခုနှစ်ကစတင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝဟာ ဂိုး စုစုပေါင်း ၁၀၂ ဂိုး ရရှိထားပြီဖြစ်ပြီး သူဟာ နိုင်ငံအသင်းအတွက်ဂိုး သွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။  ယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်က ရော်နယ်ဒိုဟာ ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ ဂိုးပေါင်း ၄၅၀ သွင်းယူခဲ့ပါတယ်။  ရော်နယ်ဒိုဟာ လက်ရှိကစားနေဆဲကစားသမားတွေထဲကမှ သွင်းဂိုး ၅၀၀ ကျော်လွန်တဲ့ ကလေးသမား ၄ ဦးထဲက ၁ ဦးဖြစ်ပြီး သူနဲ့အတူ မက်ဆီ၊ အီဗရာဟီမိုဗစ်နဲ့ လီဝန်ဒေါစကီးတို့ ရှိနေပါတယ်။  ရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို ဒိုင်နမိုကိဗ်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ၁၃ နှစ်နဲ့ ၂၅ ရက်အကြာမှာ ထပ်မံ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါ တယ်။  ဒါဟာ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ကစားသမား တစ်ဦးက ပြိုင်ဘက်တစ်သင်းကို ဂိုးသွင်းယူနိုင်တဲ့ အကြီးမားဆုံးအချိန်ကွာဟချက်လည်း ဖြစ်ပါတယ်။ 
6 months Ago
ကွင်းပြင်ပအမှားလုပ်မှု မာရာဒိုနာပြဿနာသာ ဖြစ်ကြောင်း မိုဗစ် သုံးသပ်
ကွင်းပြင်ပမှာ မာရာဒိုနာ လုပ်ဆောင်ခဲ့တာတွေက ပရိသတ်တွေနဲ့မဆိုင်ဘဲ သူ့ရဲ့ ပြဿနာသာ ဖြစ်တယ်လို့ အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။  အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက်က နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တာပါ။ ကစားသမားဘ၀တလျှောက် မူးယစ်ဆေးနဲ့ အရက် သုံးစွဲမှုတွေကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရဖူးပါတယ်။ အေစီမီလန်မှာ ကစားနေတဲ့ ဆွီဒင်တိုက်စစ်မှူး မိုဗစ်ကတော့ မာရာဒိုနာက ဘောလုံးထက် ပိုမိုအဓိပ္ပာယ်ရှိပြီး သူနဲ့ စကားပြောဆိုခွင့်ရခဲ့ဖူးတာက ကံကောင်းခဲ့တယ်လို့ မိုဗစ်က ပြောပါတယ်။  မာရာဒိုနာက ကွင်းထဲမှာ လုပ်ဆောင်ပြခဲ့ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ကွင်းပြင်ပက သူ့ရဲ့ကိစ္စတွေက ပရိသတ်တွေနဲ့မသက်ဆိုင်ဘဲ သူ့ရဲ့ပြဿနာသာ ဖြစ်တယ်လို့ မိုဗစ်က သုံးသပ်ပါတယ်။  မာရာဒိုနာကို အမြဲတမ်း အမှတ်ရနေမှာဖြစ်ပြီး နံပါတ် ၁၀ ကို မြင်လိုက်တာနဲ့ မာရာဒိုနာကို ပြေးမြင်မိကြမယ်လို့လည်း  မိုဗစ်က သုံးသပ်ပါတယ်။
7 months Ago
ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ဘရာဇီးနှင့်ပွဲ လွဲချော်မည်
ဥရုဂွေး  တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ ဘရာဇီးနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။  ဘရာဇီးအသင်းနဲ့ ပွဲမတိုင်ခင် ပိုးရှိ၊ မရှိ တသင်းလုံး စစ်ဆေးခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ်နဲ့အတူ ဂိုးသမား မူနော့ဇ်နဲ့ အသင်းဝန်ထမ်းတစ်ဦးမှာလည်း ပိုးတွေ့ရှိခဲ့တယ်လို့ ဥရုဂွေးအသင်းက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။  သောကြာနေ့မှာ ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ပွဲမှာ ပင်နယ်တီကနေ အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့တဲ့ ဆွာရက်ဇ်ဟာ ဘရာဇီးနဲ့ပွဲကို လွဲချော်မှာဖြစ်လို့ ဥရုဂွေးအသင်းအတွက် အားနည်းချက် ဖြစ်စေခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အခုနှစ် အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၅ ဂိုး သွင်းယူထားပါတယ်။  ထိပ်တန်းဘောလုံးသမားတွေထဲမှာ အီဂျစ်နဲ့ လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာလည်း ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရပြီး အရင်လပိုင်းကလည်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို၊ အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်တို့ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရပါသေးတယ်။
7 months Ago
နောက်ပြန်ကန်ချက်ဖြင့် အေစီမီလန်အတွက် နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့သည့် မိုဗစ် (ရုပ်သံဟိုက်လိုက်)
အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ဟာ အူဒီးနီးနဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကူညီပေးခဲ့ပါတယ်။  ဒီသွင်းဂိုးဟာအသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒီရာသီလိဂ်ပွဲစဉ် ၄ ပွဲအတွင်း ၇ ဂိုးမြောက် သွင်းယူမှုလည်း ဖြစ်ပါတယ်။ “ကျနော်သွင်းခဲ့တဲ့ဂိုးက ကောင်းမွန်လွန်းတဲ့ ဂိုးဖြစ်ပေမယ့် အသင်းအတွက် အနိုင်ရလဒ်ရရှိခဲ့ခြင်းက ပိုအရေးကြီးပါတယ်။ ကျနော်တို့ဟာ ဥရောပရဲ့ အသက်အငယ်ဆုံး အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကျနော့်အသက်အရွယ်က ပြောစရာဖြစ်ပေမယ့် တခြားအသင်းဖော်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် လူငယ်လေးလိုပဲ ခံစားရပါတယ်”  လို့ မိုဗစ်က ပြောပါတယ်။  အူဒီးနီးနဲ့ပွဲမှာ မိုဗစ်ဟာ အနိုင်ဂိုးကို မသွင်းယူခင် ကတ်ဆီရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။  မီလန်အသင်းဟာ ပင်နယ်တီကနေ ချေပဂိုးပေးလိုက်ရပြီးနောက်ပွဲချိန် ၈၃ မိနစ်မှာ မိုဗစ်က လှပတဲ့ ကန်ချက်နဲ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လေပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ အူဒီနီး နောက်ခံလူ ၂ ဦးနဲ့ ဂိုးသမားတို့ကို ကျော်ဖြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် မိုဗစ်ဟာ အေစီမီလန်အသင်းကို တကျော့ပြန်ခရီးစဉ်အတွင်း စီးရီးအေပွဲ  ၂၂ ပွဲ ကစားပြီးချိန် ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အေစီမီလန်အသင်းဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေ ပြန်စခဲ့တဲ့ ဇွန်လကစလို့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပြီ ဖြစ်ပါတယ်။
7 months Ago
စီရော်နယ်ဒိုဟာ လူငယ်များအတွက် စံပြကစားသမားဟု ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ ချီးကျူး
စီရော်နယ်ဒိုဟာ အနာဂတ်လူငယ်တွေအတွက် စံပြကစားသမား ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ အယ်လ်ခါလီဖီက ချီးကျူးလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတာပါ။ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌက ချီးကျူးခဲ့တာကြောင့် စီရော်နယ်ဒိုကို ခေါ်ယူလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် နေ့စဉ်တိုးတက်နေဖို့ ကြိုးစားနေပြီး သူ့ရဲ့ အလျှော့မပေးတဲ့စိတ်ဓာတ်ဟာ မျိုးဆက်သစ်အားကစားသမားတွေအတွက် အတုယူစရာ စံပြကစားသမား ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌက ချီးကျူးခဲ့တာပါ။  ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အီဗရာဟီမိုဗစ်၊ ဒေးဗစ်ဘက်ခမ်းတို့လို နာမည်ကြီးကစားသမားတွေကိုလည်း သူတို့ကစားသမားဘ၀ နောက်ပိုင်းအချိန်ရောက်မှ ခေါ်ယူခဲ့ဖူးပါတယ်။  မိုဗစ်နဲ့ ဘက်ခမ်းတို့ဟာလည်း အသင်းအတွက် အကျိုးရှိစေခဲ့ပြီး လူငယ်တွေအတွက် စံပြကစားသမားတွေ ဖြစ်တယ်လို့လည်း ပီအက်စ်ဂျီဥက္ကဋ္ဌက ချီးကျူးခဲ့ပါတယ်။
1 year Ago
မိုဗစ်က မက်ဆီနှင့်ရော်နယ်ဒိုတို့လို အကောင်းဆုံးကစားသမားစာရင်း၌ပါသင့်ဟု မန်စီနီ သုံးသပ်
အီဗရာဟီမိုဗစ်က မက်ဆီနဲ့ရော်နယ်ဒို အဆင့်အတန်းမှာရှိတယ်လို့ အီတလီ နည်းပြမန်စီနီက ပြောလိုက်ပါတယ်။  ဆွီဒင်တိုက်စစ်မှူးကြီး မိုဗစ်ဟာ အီတလီနည်းပြ မန်ချီနီနဲ့ အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ဖူးပါတယ်။  အင်တာမီလန်မှာ  စီးရီးအေချန်ပီယံ ၂ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး မိုဗစ်ဟာ အကောင်းဆုံးကစားသမား စာရင်းမှာပါဖို့ ထိုက်တန်သူဖြစ်တယ်လို့ မန်ချီနီကသုံးသပ်ပါတယ်။  သမိုင်းတလျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်း စဉ်းစားရာမှာ မိုဗစ်ကို ချန်ထားလို့ မရနိုင်ကြောင်း၊ သူဟာ ရောက်တဲ့ အသင်းတိုင်းလိုလိုမှာ လိဂ်ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပြီး ဂိုးတွေလည်း အများကြီးသွင်းယူပေးခဲ့သူဖြစ်တယ်လို့ မန်စီနီက ချီးကျူးပါတယ်။  မိုဗစ်ဟာ အခုနှစ်ရာသီမှာတော့ အေစီမီလန်အသင်းမှာ ၆ လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။  အသက် ၃၈ နှစ်ရှိ မိုဗစ်ဟာ အေဂျက်ဇ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာ၊  အေစီမီလန်၊ ပီအက်စ်ဂျီ အသင်းတွေမှာလည်း လိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။  အီဗရာဟီမိုဗစ်ဟာ ကစားသမားဘဝတလျှောက် စုစုပေါင်း ၇၉၈ ပွဲမှာ ၄၇၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
1 year Ago
ဖာနန်ဒက်စ်သာ အကောင်းဆုံးအသင်းဖော်ဟု မီလန်နောက်ခံလူ ထုတ်ပြော
ဘရူနိုဖာနန်ဒက်စ်က အကောင်းဆုံးအသင်းဖော်ဖြစ်တယ်လို့ အင်တာမီလန်နောက်ခံလူ စကင်နီယာက ပြောပါတယ်။  စကင်နီယာနဲ့ ဖာနန်ဒက်စ်တို့ဟာ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းမှာ တနှစ်ကြာ အတူ ကစားခဲ့ကြသူတွေဖြစ်ပါတယ်။  အင်တာမီလန်အသင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုတော့ ကစားသမားဘဝတလျှောက် အကောင်းဆုံး အသင်းဖော်တွေအကြောင်း မေးမြန်းခဲ့ရာမှာ ဖာနန်ဒက်စ်ကို စကင်နီယာက ညွှန်းဆိုခဲ့တာပါ။  စကင်နီယာအနေနဲ့ အကြိုက်ဆုံးကစားသမားက  ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုဖြစ်ပြီး ထိန်းချုပ်ရ အခက်ဆုံးတိုက်စစ်မှူးတွေကတော့ စီရော်နယ်ဒို၊ မက်ဆီ၊ အမ်ဘာပေနဲ့ ဇလာတန် အီဗရာဟီမိုဗစ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ 
1 year Ago
မိုဗစ်လို နိုင်ငံစုံ အသင်းပေါင်းစုံတွင် ကစားချင်ဟု နော်ဝေတိုက်စစ်မှူးဟာလန်း ပြော
မတူ ကွဲပြားတဲ့ နိုင်ငံတွေမှာ အတွေ့အကြုံတွေ ရှာဖွေရင်းနဲ့  အီဗရာဟီမိုဗစ်လို ကစားသမားမျိုး ဖြစ်ချင်တယ်လို့ ဒေါ့မွန်တိုက်စစ်မှူး အာလင်ဟာလန်းက ပြောလိုက်ပါတယ်။  ဒီစကားကြောင့် သူ့ကို ခေါ်ယူချင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေအတွက် မျှော်လင့်ချက်တွေ ပြန်ပေါ်လာစေတယ်လို့လည်း သတင်းတွေမှာ ရေးသားလာကြပါတယ်။  ဆယ်ကျော်သက်အရွယ်သာ ရှိသေးတဲ့ ဟာလန်းဟာ မွေးရပ်မြေ နော်ဝေးကလပ် မိုဒီ အသင်းအပြင် သြစတြေးလျကလပ် ရတ်ဘူးလ်ဆဲဘတ်အသင်းမှာလည်း ကစားခဲ့ဖူးပြီး ဖြစ်ပါတယ်။  သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဒေါ့မွန်ကို ရောက်ရှိလာတာ ဖြစ်ပေမယ့် ဒေါ့မွန်အသင်းမှာ အထူးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားသူပါ။ ဒါပေမဲ့ သူဟာ မိုဗစ်လို နိုင်ငံပေါင်းစုံက ကလပ်အသင်းအမျိုးမျိုးမှာ ကစားချင်တယ်လို့ ပြောလိုက်တာကြောင့် သူဟာ နောင်တချိန်မှာ စပိန် ဒါမှမဟုတ် အင်္ဂလန်မြေကို ရောက်ရှိလာမယ်ဆိုတဲ့ ကောလာဟလတွေေ ထပ်မံပေါ်ထွက်လာပြန်ပါတယ်။  မိုဗစ်ဟာ ဆွီဒင်၊ နယ်သာလန်၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတို့က ကလပ်အသင်းတွေမှာ ကျင်လည်ကစားနေသူ ဖြစ်ပါတယ်။  “မတူကွဲပြားတဲ့ အရာတွေအပေါ် ထားရှိတဲ့ သူ့ရဲ့စိတ်ဓာတ်ကို ကျနော် သဘောကျပါတယ်” လို့ မိုဗစ်နဲ့ပတ်သတ်ပြီး ဟာလန်းက ပြောပါတယ်။  “ကျနော့်မှာလည်း ဒီလို ယုံကြည်မှုမျိုး ရှိတယ်လို့ ကျနော် ထင်ပါတယ်။ သူ အသင်းတသင်းကနေ တသင်း၊ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို ပြောင်းရွှေ့သွားတာကို ကျနော် သဘောကျပါတယ်။ ဒါဟာ မလွယ်ပါဘူး။ ဒါပေမဲ့ သူကတော့ ရောက်တဲ့နေရာမှာ ရောက်ရောက်ချင်းပဲ ဂိုးတွေ သွင်းပြနိုင်ခဲ့ပါတယ်။ ကျနော် ဒါကို သဘောကျပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံးက တိုက်စစ်မှူးတွေ ဖြစ်ကြသလို၊ ကျနော်တို့ဟာ အရပ်တွေလည်း ရှည်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ကစားနေကြရတာပါ။ ကျနော်တို့နှစ်ယောက်ကို နှိုင်းယှဉ်ဖို့ မလွယ်ပါဘူး။ ကျနော်ဟာ ကျနော်ပဲ ဖြစ်ပါတယ်” လို့ ဟာလန်းက ပြောပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့ခြင်းနဲ့ ပတ်သက်လို့လည်း ဟာလန်းက “တခြားအသင်းတွေက စိတ်ဝင်စားမှုခံရတာဟာ တကယ်ကို ကောင်းပါတယ်။ သူတို့ စိတ်ဝင်စားတယ်ဆိုတာ ခင်ဗျားက ကောင်းတဲ့အရာတခုကို လုပ်ပြနိုင်ခဲ့လို့ပါပဲ” လို့ မှတ်ချက်ပြုသွားပါတယ်။ ဟာလန်းဟာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာသာ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် သူဟာ တနိုင်ငံတည်းသား ဆိုးလ်ရှားနဲ့ ပြန်လည်လက်တွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။  ဆိုးလ်ရှားနဲ့ ပတ်သတ်လို့လည်း ဟာလန်းက “ကျနော် မိုဒီလ်ကို ရောက်တော့ ကလေးလေးသာသာပဲ ရှိပါသေးတယ်။ သူက ကျနော့်ကို တော်တော်လေး ကူညီပေးခဲ့ပါတယ်။ သူဟာ အဆုံးသတ်ကောင်းသူပါ။ ပြီးတော့ ကျနော့် ကစားသမားဘဝ တိုးတက်လာဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်” လို့ ဟာလန်းက ပြောဆိုသွားခဲ့ပါတယ်။
1 year Ago
More News
Up