DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရန် နီးစပ်ဟု နေတန်ယာဟု ပြော
DVB
·
July 10, 2025
ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရန် နီးစပ်ဟု နေတန်ယာဟု ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆွေးနွေးပြီးနောက်မှာ အစ္စရေးဟာ ဟားမတ်စ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ နီးကပ်လာနေပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။

ဆွေးနွေးမှုတွေဟာ အသက်ရှင်နေသေးသူတွေနဲ့ သေဆုံးသွားသူတွေ တဝက်လောက်ကို အစ္စရေးကို ပြန်လည်ပေးအပ်မယ့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲမှုအပေါ် အာရုံစိုက်ထားတယ်လို့ နေတန်ယာဟုက Fox News ရုပ်မြင်သံကြားချန်နယ်က Fox Business Network’s Mornings အစီအစဉ်မှာ ပြောသွားတာပါ။

သူတို့ သဘောတူညီချက်ရဖို့ နီးစပ်နေပါပြီလို့လည်း သတင်းဖတ်သူ မာရီယာ ဘာတီရိုမိုကို နေတန်ယာဟုက ပြောပါတယ်။

ဒီအင်တာဗျူးကို နေတန်ယာဟုဟာ ထရမ့်ပ်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတဲ့ရက်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ပ်ရဲ့ အရှေ့အလယ်ပိုင်း အထူးသံတမန်ကလည်း အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဆွေးနွေးမှုတွေမှာ တိုးတက်မှုရှိတယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ရဲ့ ရပ်တည်ချက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကတော့ အကူအညီတွေ ရယူရေး၊ အစ္စရေးတပ်တွေ ဆုတ်ခွာရေးနဲ့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး အာမခံချက်တွေ အပါအဝင် အဓိကအရေးအရာတွေမှာတော့ အောင်မြင်မှု တစုံတရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဝါရှင်တန်ကို ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ဟာ ဂါဇာမှာ ဟားမတ်စ်တို့ရဲ့ အုပ်ချုပ်ရေး အဆုံးသတ်ဖို့နဲ့ ဓားစာခံတွေ လွတ်မြောက်ရေးကို အာမခံမယ့် ဘုံရည်မှန်းချက်တခုရှိကြောင်း ဇူလိုင် ၉ ရက်မှာ ပြောကြားပါတယ်။

အဲဒီဘုံရည်မှန်းချက်က ဂါဇာကမ်းမြောင်ဟာ အစ္စရေးကို ခြိမ်းခြောက်မှု မရှိတော့ကြောင်း သေချာစေချင်တာဖြစ်တယ်လို့ နေတန်ယာဟုက အမေရိကန်လွှတ်တော် အဆောက်အအုံမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ခေါင်းဆောင် ၂ ယောက်စလုံးဟာ မဟာဗျူဟာနဲ့ နည်းဗျူဟာမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ထားကြောင်းလည်း ဖြည့်စွက် ပြောဆိုပါတယ်။

ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်ကနေ ဖယ်ထုတ်နေတယ်ဆိုတဲ့ သတင်းထောက်တယောက် မေးမြန်းတဲ့ ခန့်မှန်းချက်ကိုတော့ နေတန်ယာဟုက ပယ်ချခဲ့ပြီး ထရမ့်ပ်ဟာ သူတို့ကို ‘လွတ်လပ်စွာရွေးချယ်ခွင့်’ ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်း မဟုတ်ဘူးလို့လည်း ဖြေသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013