ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ကူဒက်စ်ကို ခေါ်ယူရန် စပါးအသင်း သဘောတူ
DVB
·
July 11, 2025

စပါးအသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်တိုက်စစ်ကစားသမား မိုဟာမက် ကူဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
စပါးအသင်းရဲ့ ပေါင်သန်း ၅၀ နဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ကို ဝက်စ်ဟမ်းက ပယ်ချခဲ့ပေမဲ့ ပေါင် ၅ သန်း ထပ်တိုးကမ်းလှမ်းရာမှာ လက်ခံသဘောတူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ကြကြပါတယ်။
အသက် ၂၄ နှစ် ဂါနာကစားသမားဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်းရှိပြီး ဝက်စ်ဟမ်းနဲ့ ၂ ရာသီကာလအတွင်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၃၀ စွမ်းဆောင််နိုင်ခဲ့သူ ဖြစ်ပါတယ်။