
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အကောင်းဆုံးခြေစွမ်းရဖို့ အချိန်ယူရမယ်လို့ နည်းပြအလွန်ဆိုက ပြောသွားပါတယ်။
ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီ ကို ၄ ဂိုးဂိုးမရှိနဲ့ ဂိုးပြတ် ခြေပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ရလဒ်ကောင်းရဖို့ အချိန်ယူရဦးမှာဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောသွားတာပါ။
PSG အသင်းက ၂ နှစ်ကြာ အချိန်ယူတည်ဆောက်ထားတဲ့ အသင်းဖြစ်လို့ အခုမှ စတင်တည်ဆောက်တဲ့ အသင်းတသင်းအနေနဲ့ မယှဉ်နိုင်ခဲ့ကြောင်း၊ ဒီပွဲကနေ သင်ခန်းစာယူသွားဖို့လည်း လိုအပ်ကြောင်း အလွန်ဆိုက ပြောသွားပါတယ်။
မက်ဒရစ်ကလပ်ဟာ မနှစ်က လာလီဂါမှာ အဆင့် ၂ ပဲရခဲ့သလို ချန်ပီယံလိဂ်နဲ့ ပြည်တွင်း ဖလားတွေကနေလည်း အောင်မြင်မှုမရခဲ့ဘဲ ကလပ်ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွါပြီး ကျရူံးတဲ့ ဘောလုံးရာသီဖြစ်သွားခဲ့ပါတယ်။
Photo: Reuters