
စပိန်လူမျိုး နည်းပြ အလွန်ဆိုရဲ့ ချဲလ်ဆီးအသင်းဟာ ဆန်းဒါးလန်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အခုရှုံးပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အလွန်ဆိုဟာ ဒီရာသီ ပွဲထွက်လူစာရင်းကို ၂၄ ကြိမ်အထိ ပြောင်းလဲထားတာကြောင့် အသင်းရဲ့ ကစားဟန် ပျောက်ဆုံးနေတယ်လို့ ဝေဖန်ခံနေရပါတယ်။
ပွဲမှာ ဆန်းဒါးလန်းအတွက် အနိုင်ဂိုးကို လီဖီးက ပယ်နယ်တီကနေ သွင်းယူခဲ့တာပါ။ နည်းပြ အလွန်ဆိုကတော့ ဒဏ်ရာရကစားသမား များပြားနေတာကြောင့် အခက်အခဲ ရှိနေကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ပယ်နယ်တီပေးလိုက်ရတဲ့ ခံစစ်အမှားကို မကျေနပ်ကြောင်း ပြောခဲ့ပြီး လာမဲ့ပွဲတွေမှာ ဒီထက်ပိုကောင်းအောင် ပြင်ဆင်ရမယ်လို့ ဆိုသွားခဲ့ပါတယ်။











