
အာဆင်နယ်အသင်းဟာ ချဲလ်ဆီး တိုက်စစ်ကစားသမား မာဒူအက်ကေကို ပေါင်သန်း ၅၀ အပြင် အပိုဆောင်းကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီလို့ နာမည်ကြီး အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကသူ့ လူမှုကွန်ယက်စာမျက်နှာ ဖော်ပြပါတယ်။
ကစားသမားနဲ့ ၅ နှစ်စာချုပ်ချုပ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားတဲ့ အာဆင်နယ်အသင်းဟာ အရင်က ချဲလ်ဆီးလိုချင်တဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ပေးဖို့ကိစ္စပြီးခဲ့တဲ့ နာရီပိုင်းကမှ သဘောတူလိုက်တာလို့ ဆိုပါတယ်။
အာဆင်နယ်ဟာ ချဲလ်ဆီးဂိုးသမား ကယ်ပါကိုလည်း ခေါ်ယူထားပြီး၊ ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကိုလည်း တရားဝင် ခေါ်ယူထားပါတယ်။
ဒါ့အပြင် ဘရန့်ဖိုဒ်ကွင်းလယ်လူ နော်ဂတ်ကိုလည်း မကြာမီ စာချုပ်ချုပ်ဆိုနိုင်တော့မှာဖြစ်ပြီး စပိုတင်းတိုက်စစ်မှူး ဗစ်တာယိုကရက်ရှ်ကိုခေါ်ယူဖို့လည်း ဆွေးနွေးနေပါတယ်။
Photo: Reuters