
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက တခြားအသင်းတွေရဲ့ အင်္ကျီဆွဲတဲ့ ဗီဒီယို မှတ်တမ်းအ များအပြား သူ့ထံမှာ ရှိကြောင်း ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ်နောက်ခံလူ ဂျူရီယန် တင်းဘားဟာ တိုက်စစ်မှူး အာလက်ဇန္ဒား အီဆက်ရဲ့ အင်္ကျီကို ဆွဲခဲ့ပေမဲ့ ပြစ်ဒဏ်ဘော ခွင့်မပြုခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
အာတီတာကတော့ တခြားအသင်းတွေ ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေကို သတိပေးဖို့ ဗီဒီယိုမှတ်တမ်းတွေ စုဆောင်းထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောဒဏ်ရာကြောင့် ဇူလိုင်လတည်းက အနားယူနေရတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာ ဟာ ကြံ့ခိုင်မှု ပြန်ကောင်းမွန်လာပြီဖြစ်လို့ ဆလားဗီးယား ပရာဟာနဲ့ပွဲမှာ ပါဝင်နိုင်တော့မှာပါ။
နည်းပြအာတီတာက ဆာလီဘာဟာ အသင်းအတွက် ပြန်လည် ကစားပေးဖို့ အလွန် ဆန္ဒပြင်းပြ နေတယ်လို့ ပြောပါတယ်။
Photo:Reuters











