အာဆင်နယ်သတင်း ပေါက်ကြားမှုအတွက် ကစားသမားများကို အာတီတာ သတိပေး

Fantasy Premier League (FPL) ကနေတဆင့် အသင်းသတင်းတွေ မတော်တဆ ပေါက်ကြားတာမျိုး မဖြစ်စေဖို့ ကစားသမားတွေကို သတိပေးထားတယ်လို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ပြောပါတယ်။
ဒဏ်ရာကြောင့် တလကြာ အနားယူနေခဲ့တဲ့ ခရစ်စတော့စ်ဇိုလစ်စ်ဟာ နိုဝင်ဘာ ၁ ရက် လီဗာပူးနဲ့ ပွဲမတိုင်ခင် FPL အသင်းမှာ သူ့ကိုယ်သူ ရွေးချယ်ပြီး အသင်းခေါင်းဆောင် ခန့်ခဲ့ပြီးနောက် ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့တာကြောင့် အခုလို သတိပေးလိုက်တာပါ။
နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အသင်းသားတွေနဲ့ အသင်းနဲ့နီးစပ်သူတွေကို ပြောဆိုခဲ့ရသလို FPL မှာ ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ အာတီတာက ဆိုပါတယ်။
Photo:Reuters











