လီဗာပူးကို အနိုင်ရတဲ့ပွဲအပြီးမှာ အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ဆုဖလားလုပွဲရဲ့ စိတ်လှုပ်ရှားစရာ ဖိအားတွေကို သဘောကျကြောင်း ပြောလိုက်ပါတယ်။
သူဟာ ဘီဘီစီအစီအစဉ်မှာ အသင်းရဲ့ အနိုင်ပွဲအကြောင်း ပါဝင်သုံးသပ်ခဲ့ပြီး ဖိအားတွေကြား ရင်ခုန်ရတာကို သဘောကျကြောင်း ဆိုပါတယ်။
ရိုက်စ်ကတော့ လက်ရှိ ဆုဖလားပြိုင်ပွဲရဲ့ အခြေအနေကို စိန်ခေါ်မှုတခုလို သဘောထားပြီး ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လီဗာပူးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးကွင်းမှာ နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအဖိုးတန်နိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဆုဖလားစိန်ခေါ်မှုမှာ အခွင့်အရေးကောင်းတွေ ဆက်လက်ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။











