
အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးလို့ လမ်းခွဲခဲ့တဲ့ တိုက်စစ်မှူး ကယ်လ်ဗက်လူဝင်ဟာ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်းဟာ မနှစ်က ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အဲဗာတန်ဘက်က စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာခွင့်ပေးခဲ့တာပါ။
တိုက်စစ်မှူး ဝီလ်ဆင်ကို ထွက်ခွာခွင့်ပေးထားတဲ့ ကာဆယ်ဟာ တိုက်စစ်မှူးသစ် မဖြစ်မနေ ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
လူဝင်ဟာ ၂၀၂၀-၂၀၂၁ ရာသီက ၂၁ ဂိုးအထိ သွင်းခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသူပါ။
နယူးကာဆယ်အသင်းဟာ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး လူဝင်ကို တိုက်စစ်ပိုင်း အင်အားဖြည့်တင်းတဲ့ အနေနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters