
ဒီမနက်အစောပိုင်းကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းဟာ အိမ်ကွင်းမှာ အဲဗာတန်အသင်းကို ၁-ဂိုး ၀-ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးသမား ဟော်နီးချက်ရဲ့ အမှားကနေ အဲဗာတန်အတွက် အနိုင်ဂိုး ပေးလိုက်ရတာ ဖြစ်ပါ တယ်။
ဒါ့အပြင် လူစားဝင်ကစားသမား ဂျေးကော့ဘ်ရမ်ဆေးလည်း အနီကတ် ပြသခံခဲ့ရပါတယ်။ နယူးကာဆယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ နယူးကာဆယ် ပရိသတ်တွေဟာ အသင်းကို လှောင်ပြောင် ဝေဖန်ခဲ့ကြပါတယ်။ နည်းပြ ယိုက်စလီကတော့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူနားလည်ကြောင်း ပြောသွားခဲ့ပါတယ်။
ဒီရလဒ်အတွက် သူ့မှာ တာဝန်ရှိပြီး အသင်းရလဒ်ကောင်းအောင် ပြန်လည် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ နယူးကာဆယ်ဟာ လက်ရှိမှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ မှာ ရောက်ရှိနေပါတယ်။
Photo:Reuters











