
အဲဗာတန်အသင်းဟာ နိုဝင်ဘာ ၆ ရက် မနေ့ညကကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကော့ဗင်ထရီအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အိမ်ကွင်းမှာကစားခဲ့တဲ့ ဒီပွဲမှာ အဲဗာတန် တိုက်စစ်မှူး သီယာနိုဘာရီက ဒုတိယပိုင်း ၅ မိနစ်အတွင်း ၂ ဂိုး သွင်းယူခဲ့တာပါ။ ဘာရီဟာ ဒီရာသီမှာ အသင်းအတွက် ၁၀ ဂိုးအထိ သွင်းယူထားနိုင်ပါပြီ။
ကွင်းလယ်လူ ဒူးစ်ဘာရီဟောကလည်း သွင်းဂိုး တဂိုး သွင်းယူခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒီအနိုင်ကြောင့် အမှတ်ပေး ဇယားအဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီပွဲဟာ နည်းပြ ဒေးဗစ်မိုယက်စ်အတွက် အဲဗာတန် အသင်းကို ၅၉၂ ပွဲမြောက် ကိုင်တွယ်မှုလည်း ဖြစ်ပါတယ်။
အသင်းရဲ့ သမိုင်းမှာ အသင်းကို ပွဲအများဆုံး ကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်း ဟယ်ရီ ကတ်ထရစ်ရဲ့ စံချိန်ကို ဒေးဗစ်မိုယက်စ်က အခု ပွဲစဉ်မှာ တန်းတူ အမီလိုက်နိုင်သွားတာ ဖြစ်ပါတယ်။
Photo:Reuters











