မန်စီးတီးကနေ အဲဗာတန်မှာ အငှားစာချုပ်နဲ့ ကစားနေတဲ့ ဂျက်ဂရီးလစ်ရှ်ဟာ အသင်းစည်းကမ်း ဖောက်ဖျက်မှုအတွက် ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။
သူဟာ နယူးကာဆယ်နဲ့ ၂ ပွဲ၊ ကိုဗင်ထရီနဲ့ တပွဲ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဒါဘီကောင်တီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ အသင်းနဲ့အတူ ပြန်လည် ပါဝင်လာခဲ့ပါတယ်။
ဂရီးလစ်ရှ်က ပရိသတ်တွေရှေ့ ပြန်လည်ကစားဖို့ စိတ်အားထက်သန်နေပြီး အသင်းကို မကူညီနိုင်ခဲ့တာအတွက် တောင်းပန်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဒေးဗစ်မိုယက်စ်ကတော့ အခြေအနေတွေကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောထားပါတယ်။
ဂရီးလစ်ရှ်ဟာ ဒီရာသီ အဲဗာတန်မှာ ၆ ပွဲသာ ပါဝင်ကစားထားရသေးတာ ဖြစ်ပါတယ်။











