
လေ့ကျင့်ရေးပျက်ကွက်လို့ အသင်းကနေ ချန်လှပ်ခံထားရတဲ့ အငှားကစားသမား ဂျက်ဂရီးလစ်ရှ် မပါဝင်နိုင်ပေမဲ့ အဲဗာတန်အသင်းဟာ နယူးကာဆယ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ပွဲချိန် ပထမပိုင်းမှာပဲ ဂျိမ်းစ်ဂါနာနဲ့ ဟေဒင်ဟက်ခ်နေးတို့က အဲဗာတန်အတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ၆၉ မိနစ်မှာ သီယာနို ဘယ်ရီက တတိယဂိုး ထပ်သွင်းခဲ့တာပါ။
နယူးကာဆယ်အတွက် တလုံးတည်းသော နှစ်သိမ့်ချေပဂိုးကိုတော့ ၈၉ မိနစ်မှာ ဒန်ဘန်းက ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရလဒ်ကြောင့် အဲဗာတန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တဲ့ လိဂ်တူးကလပ် ဖလိဝုဒ်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားတဲ့ နယူးကာဆယ်အသင်းကတော့ လာမဲ့ တနင်္လာနေ့မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။











