
အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က ကိုဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ် ဆက်လက်ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဂရီးလစ်ရှ်ဟာ အသင်းရဲ့ စည်းကမ်းပျက်ကွက်မှုကြောင့် ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်နှစ်ပွဲလုံးကိုလည်း လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
မန်းစီးတီးအသင်းကနေ ငှားရမ်းထားတဲ့ ဂရီးလစ်ရှ်ဟာ လေ့ကျင့်ရေးကမ့်ပ်ကို ခွင့်ပြုချက်မရှိဘဲ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ မိုယက်စ်ကတော့ ဂရီးလစ်ရှ်နဲ့ အမြန်ဆုံး ပြန်လည်ပူးပေါင်း လေ့ကျင့်သွားမှာ ဖြစ်ပေမဲ့ လာမဲ့ ပွဲစဉ်အတွက်တော့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Photo:Reuters











