DVB Logo
Home
အားကစား
ခရိုအေးရှားနှင့် ဘာစီလိုနာကစားသမားဟောင်း  ရာကီတစ် ကစားသမားဘဝက အနားယူ
DVB
·
July 10, 2025
ခရိုအေးရှားနှင့် ဘာစီလိုနာကစားသမားဟောင်း  ရာကီတစ် ကစားသမားဘဝက အနားယူ
Donate to DVB

ခရိုအေးရှားနဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း အိုင်ဗန် ရာကီတစ်ဟာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားပါတယ်။

အသက် ၃၇ နှစ်ရှိ ကွင်းလယ်လူဟာ မနှစ်က မွေးရပ်မြေကလပ် ဟိုက်ဒုခ်မှာ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ ကစားသမားဘဝ စတင်ခဲ့သူ ရာကီတစ်ဟာ ရှော်ကေး၊ ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတွေအပြင် ဆော်ဒီကလပ် အယ်လ်ရှာဘတ်မှာလည်း ရာသီဝက် သွားရောက်ကစားခဲ့ပါသေးတယ်။

ဘာစီလိုနာနဲ့ ၆ နှစ်ကြာ ကစားခဲ့ပြီး လာလီဂါချန်ပီယံ ၄ ကြိမ်နဲ့ ဥရောပချန်ပီယံလိဂ်ဖလား တကြိမ် ရခဲ့သလို ဆီဗီလာနဲ့လည်း ယူရိုပါလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ခရိုအေးရှားအတွက် ၁၀၆ ပွဲ ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013