
ချစ်ပ်ပြားထုတ်လုပ်တဲ့ Nvidia ဟာ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလီယံ ပြည့်တဲ့ ကုမ္ပဏီအဖြစ် စံချိန်တင်ခဲ့ပါတယ်။
Nvidia ဟာ အချိန်တိုင်းအတွက် အမြင့်ဆုံးဖြစ်တဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ရှယ်ယာတခုကို ဒေါ်လာ ၁၆၄ အထိ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
AI နည်းပညာ အသုံးဝင်မှုကြောင့် Nvidia ရဲ့ ရှယ်ယာဈေးနှုန်းတွေ ထပ်ပြီး မြင့်တက်လာသလို ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလီယံပြည့်တဲ့ ကုမ္ပဏီအဖြစ် ဆက်ပြီး အောင်မြင်မှု ရနေပါတယ်။
Nvidia ဟာ ၂၀၂၃ ခုနှစ် ဇွန်လက ဒေါ်လာ ၁ ထရီလီယံ ပြည့်ခဲ့ပြီး ၁ နှစ်အတွင်းမှာ ဈေးကွက်တန်ဖိုး မလျော့ဘဲ ၃ ဆ ဆက်ပြီး တိုးတက်လာခဲ့ပါတယ်။
အမေရိကန်မှာ Apple၊ Microsoft ကုမ္ပဏီ ၂ ခုဟာ ဈေးကွက်တန်ဖိုး ဒေါ် လာ ၃ ထရီလီယံရှိတဲ့ ကုမ္ပဏီတွေဖြစ်ပြီး Nvidia က အဲဒီကုမ္ပဏီတွေထက် ဈေးကွက်တန်ဖိုး တိုးတက်မှုနှုန်း ပိုမြန်ခဲ့တာ ဖြစ်ပါတယ်။
Microsoft ကုမ္ပဏီက ရှယ်ယာတခုကို ၅၀၃ ဒေါ်လာနဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မှုရှိကာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၇၅ ထရီလီယံနဲ့ ဒုတိယတန်ဖိုးအမြင့်ဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။
Nvidia ဟာ ဧပြီလကစပြီး ဈေးကွက်တန်ဖိုး ၇၄ ရာခိုင်နှုန်းအထိ တက်ခဲ့တာ တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်တိုးကောက်မှုတွေကြောင့် ကမ္ဘာ့ဈေးကွက် ကမောက်ကမ ဖြစ်နေပေမဲ့ Nvidia ရဲ့ တန်ဖိုးဟာ S&P 500 မှာ အချိန်တိုင်းအတွက် အမြင့်ဆုံးအဆင့်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Nvidia ဟာ S&P 500 မှာ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး Apple နဲ့ Microsoft တို့က ၇ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်နှုန်းတို့နဲ့ အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Reuters