
အာဆင်နယ်အသင်းဟာ ချဲလ်ဆီး တိုက်စစ်ကစားသမား မာဒူကီကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပေမဲ့ ချဲလ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေးပမာဏ ညှိနှိုင်း ဆွေးနွေးနေတာပါ။
ချဲလ်ဆီးဘက်က ပေါင်သန်း ၅၀ ထက်မနည်း အလိုရှိနေပြီး အာဆင်နယ်ဘက်က အဲဒီလောက် ပမာဏ ပေးချေလိုခြင်း မရှိတာကြောင့် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ချဲလ်ဆီးဂိုးသမား ကယ်ပါကိုလည်း ခေါ်ယူထားပြီး ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီကိုလည်း တရားဝင် ခေါ်ယူထားပါတယ်။
ဒါ့အပြင် ဘရန့်ဖို့ဒ်ကွင်းလယ်လူ နော်ဂတ်ကိုလည်း မကြာမီ စာချုပ်ချုပ်ဆိုနိုင်တော့မှာဖြစ်ပြီး စပို့တင်းတိုက်စစ်မှူး ဗစ်တာ ယိုကရက်ရှ်ကို ခေါ်ယူဖို့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။