Search Results For: ကုန်ကား
တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ပိတ်မိနေသည့် မြန်မာကုန်ကားများကို မူဆယ်ပြန်ထွက်ခွင့်ပြု
တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှာ  Lockdown ကာလမတိုင်မီက ကုန်တင်ပြီး ထွက်မရဘဲ ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေကို ဧပြီ ၁၁ ရက်မနက်ပိုင်းကစပြီး မူဆယ်ဘက် ပြန်ထွက်ခွာခွင့်ပေးနေတယ်လို့ ကျယ်ဂေါင်ကားဂိတ်ကနေ သိရပါတယ်။
မြန်မာ - တရုတ် နှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်စီးဆင်းရာ ဂိတ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းပေါက်ကို ကျယ်ဂေါင်၊ ရွှေလီမှာ ကိုဗစ်-၁၉ ပိုးတွေ့အကြောင်းပြချက်နဲ့ ဧပြီ ၁ ရက်နေ့ကစလို့ ကုန်တင်ယာဉ် အဝင်အထွက်ကို လုံးဝ ပိတ်လိုက်တာဖြစ်ပြီး အခု ကျယ်ခေါင်မှာ ပိတ်မိနေတဲ့ကားတွေကို မြန်မာဘက် ပြန်ထွက်ခွင့်ပြုလိုက်တာပါ။
မြန်မာပြည်ပြန်မယ့်ကားတွေကိုသာခွင့်ပြုပြီး တရုတ်နိုင်ငံထဲ ကျယ်ဂေါင်ဘက်အဝင်နဲ့ ရွှေလီမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေကိုတော့ သွားခွင့်မပေးသေးဘူးလို့ မူဆယ်ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး ဦးမျိုးမင်းသူက ပြောပါတယ်။
"သူတို့ တရုတ်နိုင်ငံထဲမှာရှိတဲ့ ဗမာပြည်က ထွက်မယ့် ကားတွေရှိတယ်။ အထွက်ပဲပေးတာ။ သူတို့ နိုင်ငံထဲ အဝင်မပေးဘူး။ ဟိုဘက်မှာ ကားအစီး ၁၈၀၊ ၁၉၀ လောက်ရှိတယ်။ ခါတိုင်းမောင်းတဲ့ ယာဉ်မောင်း ရှန်တိန်တွေပဲ လာပို့ပေးတာဟုတ်တယ်။ သူတို့က ဒီနေ့ ကုန်အောင်တော့ထုတ် ပေးမယ်ပြောတယ်။ ဒီနေ့ မကုန်နိုင်ရင်တော့ မနက်ဖြန်ပေါ့”။
ကျယ်ဂေါင်ဘက်မှ ထွက်လာတဲ့ကားကို မြန်မာဘက်က ကားပိုင်ရှင် ဒါမှမဟုတ် ယာဉ်မောင်းတွေကိုယ်တိုင် PPE ဝတ်စုံနဲ့ မန့်ဝိန်းဂိတ်ပေါက်မှာ စောင့်ယူကာ ၁၀၅ မိုင် နှင်းနှင်းခိုင်ကားကွင်းမှာ ကားကို ၃ ရက် ပိုးသတ်ဆေးဖျန်းထားပြီးမှ ဆက်လက်ထွက်ခွာခွင့် ပြုမယ်လို့  ဆိုပါတယ်။
PPE ဝတ်စုံကို ကုန်သည်ကြီးများအသင်းက ပေးအပ်လှူဒါန်းထားပြီး မြန်မာဘက်ခြမ်း မန့်ဝိန်းပေါက်မှာ လာရောက်ရယူနိုင်ကြောင်း လူမှုကွန်ရက်က အသိပေးကြေညာထားပါတယ်။
မန့်ဝိန်းဂိတ်ပေါက်မှ တရုတ်ဘက်ကို ပုပ်ပျက်လွယ်တဲ့ ကုန်စည်မှအပ မြန်မာ့ လယ်ယာထွက်ကုန်တွေနဲ့ တခြားကုန်ခြောက်တွေကို တင်ပို့နေတာဖြစ်ပြီး တရုတ်ဘက်မှ ကုန်မျိုးစုံကို တင်သွင်းနေတာလည်းဖြစ်ပါတယ်။
မတ်လကုန်ပိုင်းမှ ဧပြီ ၉ ရက်ည ၁၂ နာရီအထိ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၈၈ ဦးရှိပြီး ပြည်တွင်း ကူးစက်သူ ၈၄ ဦး၊ မြန်မာပြန် တရုတ် အမျိုးသား တစ်ဦးအပါအဝင် ပြည်ပမှ ကူးစက်သူ ၄ ဦးရှိကြောင်း တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။
Photo Crd# KKKTh  
4 weeks Ago
ရေးမြို့နယ်၌ ကုန်ကားနှင့် ဆီဘောက်ဆာကားတိုက်မိပြီး ယာဉ်မောင်း ၁ ဦး ဒဏ်ရာရ 
မွန်ပြည်နယ်၊ ရေးမြို့နယ် လေယာဉ်ကွင်းဟောင်းအနီး ရေး-မော်လမြိုင်သွား ကားလမ်းမကြီးပေါ်မှာ  ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီလောက်က  ရာဘာသစ်သားတွေ တင်ဆောင်ထားတဲ့ ကုန်ကားနဲ့  ဆီဘောက်ဆာကား တိုက်မိလို့  ဆီဘောက်ဆာယာဉ်မောင်း ပြင်းထန်စွာ ဒဏ်ရာတွေ ရရှိသွားပါတယ်။ ရာဘာသစ်တွေ တင်ဆောင်ထားတဲ့ ၁၂ ဘီးယာဉ်နဲ့ ဆီဘောက်ဆာယာဉ်ကား တိုက်မိပြီး  ဆီဘောက်ဆာယာဉ်မောင်းနဲ့ ယာဉ်အကူက ကားထဲမှာ ပိတ်မိနေကာ ကယ်ဆယ်ရေး မီးသတ်သမားတွေနဲ့ အရေးပေါ်လူနာတင်ယာဉ် ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်လိုက်နိုင်ခဲ့ပြီး ရေးမြို့  ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်ခဲ့တယ်လို့ ရေးမြို့မရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။ ဆီဘောက်ဆာယာဉ်မောင်းမှာ စိုးရိမ်ရတဲ့ အခြေနေမှာရှိနေပြီး ယာဉ်အကူကတော့ စိုးရိမ်စရာမှရိတဲ့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တာပါ။ ရာဘာသစ်တင်ဆောင်ထားတဲ့ကုန်ကား လမ်းဘေးမှာ ရပ်ထားစဉ် ဆီဘောက်ဆာကားက နောက်ကနေ ကျော်တက်စဉ်မှာ အခုလို မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းရေးမြို့နယ်မှာ  ယာဉ်မတော်တဆ ဖြစ်ပွားမှု က   ၅၇ မှု  ရှိပြီး  ထိခိုက်ဒဏ်ရာရသူ ၇၁ ယောက်ရှိရာမှာ အမျိုးသားက ၆၃ ယောက်၊ အမျိုးသမီး ၈ ယောက်ရှိပါတယ်။ သေဆုံးသူကတော့  အမျိုးသားက ၁၉ ယောက်နဲ့ အမျိုးသမီးက ၅ ယောက် စုစုပေါင်း ၂၄  ယောက်ရှိတယ်လို့  မြို့နယ် ရဲတပ်ဖွဲ့တွေရဲ့ အစီရင်ခံစာအရ သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)  
4 months Ago
မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်သစ်သီးရောင်းဝယ်ရေးကွင်းတွင် ခါလီကုန်ကားများ ပိတ်မိနေ 
မြန်မာ-တရုတ်နယ်စပ်ရဲ့ ဖရဲသခွား အဓိက တင်ပို့တဲ့ ဝမ်တိန် သစ်သီးရောင်းဝယ်ရေးကွင်းမှာ ကုန်ချပြီးတဲ့ ခါလီကုန်ကားတွေ ပိတ်မိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့  ကြန့်ကြာနေတယ်လို့ ဖရဲသခွား သစ်သီးပွဲရုံတွေကနေ စုံစမ်း သိရပါတယ်။ ကုန်တင်ကားတွေ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့  ကြန့်ကြာမှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေသာမက ပွဲရုံပိုင်ရှင်တွေပါ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပြီး ဝင်သွားတဲ့ ကားတွေ ၁၀ ရက်လည်း ပြန်ထွက်မလာနိုင်တာကြောင့် စိတ်ပူပန်နေပါတယ်။ “ဒီခေါက်တို ကားဆရာ မလုံလောက်မှုရယ်၊ ပြီးတော့ အထဲက စီမံခန့်ခွဲမှု အစီအစဉ်တကျ မဖြစ်တာရယ်ကြောင့်ပါရှင့်။ အစီးရေ တစ်ထောင်ဝန်းကျင်လောက် ရှိပါတယ်” လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ နန်းခမ်းခင်က ဒီဗွီဘီကို ပြောပါတယ်။ အရင်က တစ်ရက်ကို အများဆုံး ကားအစီး ၇၅ စီး၊ အစီး ၈၀ ဝန်းကျင်ပဲရှိရာမှ အခု ဒီရက်ပိုင်း တစ်ရက်ကို ဖရဲသီးကား အစီး ၂၀၀ ဝန်းကျင်လောက် ဝင်နေတာကြောင့် ကားတွေ ပိတ်မိနေတာလို့ လည်းဆိုပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ကတော့ တရုတ်နိုင်ငံထဲက ကားတွေ ပြန်ထွက်လာနိုင်ဖို့ ကုန်စည်ဒိုင်တွေဘက်က မမှာရင် မဝင်ခိုင်းတော့ဘဲ နည်းနည်းထိန်းလိုက်လို့ ဝင်ဖို့ တန်းစီနေတဲ့ကားတွေ ဒီနေ့ မရှိတော့ပေမဲ့ ကားတွေများနေသေးတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့လည်း ခါလီ ကုန်တင်ကား​တွေ ပိတ်မိ​နေဆဲဖြစ်ပြီး ၁ ရက်ကို အစီး ၂၀၊ ၃၀ သာထွက်လို့ ရပြီး  ကား အစီးရေ  ၇၀၀၊ ၈၀၀ ​လောက် ရှိနေဆဲပဲလို့  ​ဆွေမြန်မာသစ်သီးပွဲရုံက ​ပြောပါတယ်။ မကြာသေးခင်က  မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ဖရဲသီးတွေ တရုတ်သို့ တင်ပို့ရာမှာ ၁၀ နှစ် အတွင်း စံချိန်ချိုး ဈေးနှုန်းအမြင့်ဆုံး ရရှိခဲ့တဲ့အတွက် တရုတ်နိုင်ငံကို မြန်မာပြည်က ဖရဲသီးတွေ တင်ပို့မှု ပိုမို များပြားလာတာ ဖြစ်ပါတယ်။ Pra Jaw
4 months Ago
ဗြိတိန်တွင် ကိုဗစ်-၁၉ စစ်ဆေးမှုကြောင့် ကုန်ကားထောင်ချီ ပိတ်မိ
အင်္ဂလန်မှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတာကြောင့် နိုင်ငံအတော်များများက ဗြိတိန်ကလာတဲ့လူတွေကို သူတို့နယ်စပ် မဝင်အောင် ပိတ်ရာကနေ နိုင်ငံရဲ့ အရေးပါဆုံး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုမှာ ကုန်ကားတွေ မိုင်ချီပြီး တန်းစီနေရပါတယ်။  ဒီဇင်ဘာ ၂၄ ရက်က ဥရောပရဲ့ အစည်ကားဆုံးကုန်ကားဝင်းထဲမှာ  ကုန်ကားပေါင်း ထောင်ချီ ပိတ်မိနေဆဲ ဖြစ်ပါတယ်။  ဗြိတိန်နဲ့ ပြင်သစ်အကြား ရေလက်ကြားကို ယာဉ်တွေ စဖြတ်သန်းနေပေမဲ့လည်း အင်္ဂလန် ဒိုဗာမြို့ကနေ မိုင် ၂၀ ဝေးတဲ့ မန်စတန်လေဆိပ်ဟောင်းမှာ တန်းစီနေတဲ့ ကုန်ကားအများအပြား ရပ်ထားရပါတယ်။  ကုန်ကားယာဉ်မောင်းအားလုံးဟာ ကိုဗစ်-၁၉ ကင်းစင်မှ ရှေ့ဆက်သွားခွင့်ပြုမှာမို့  ကုန်ကားထောင်ချီပြီး ရေလက်ကြားဖြတ်ဖို့ စောင့်ဆိုင်းနေပါတယ်။  ယာဉ်မောင်း ၂၃၀၀ ကျော်ကို စစ်ဆေးရာမှာ ၃ ယောက်သာ ကိုဗစ်-၁၉ တွေ့ရတယ်လို့ ဗြိတိန်က ဆိုပါတယ်။  ရေလက်ကြားဖြတ်ပြီး ပြင်သစ်ဆီသွားဖို့စောင့်နေတဲ့ ကုန်ကားတွေကို ရှင်းဖို့ဆိုရင် ရက်ချီ ကြာနိုင်တယ်လို့ ဗြိတိန်ပို့ဆောင်ရေးဝန်ကြီး ဂရန့် ရှပ်စ်က သတိပေးထားပါတယ်။  ကုန်ကားပုံတွေ ရှင်းသွားဖို့ ခရစ္စမတ်ကာလမှာ ဗြိတိန်-ပြင်သစ်နယ်စပ်ကို ဆက်ဖွင့်ထား မယ်လို့လည်း ရှပ်စ်က ပြောဆိုခဲ့ပါတယ်။ 
4 months Ago
အာဖဂန်ရှိ စစ်စခန်းဝင်ပေါက်အနီး ကုန်ကားတစီး ဖောက်ခွဲခံရ
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂဟာခရိုင်တွင်း စစ်စခန်းဝင်ပေါက်နားမှာ ကုန်ကားတစီးကို တိုက်ခိုက်ရေး သမားတွေက အောက်တိုဘာ ၃ ရက်မှာ ဗုံးထောင် ဖောက်ခွဲခဲ့ပါတယ်။  ဒါကြောင့် လူ ၁၅ ယောက်ထက် မနည်း သေဆုံးပြီး ဒါဇင်ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ခရိုင်အရာရှိတွေက ပြောပါတယ်။  အာဖဂန်ငြိမ်းချမ်းရေးအတွက် ကာတာနိုင်ငံမှာ ဆွေးနွေးနေပေမဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံအတွင်း အကြမ်းဖက်မှု တိုးနေပါတယ်။  ထိခိုက်သေဆုံးသူတွေထဲမှာ အရပ်သား အများစုပါပြီး သေဆုံးသူ အရေအတွက် တိုးလာ နိုင်တယ်လို့ ခရိုင်အစိုးရပြောခွင့်ရက ပြောပါတယ်။  ဒီတိုက်ခိုက်မှု ဘယ်သူ့လက်ချက်ဆိုတာ ဘယ်အုပ်စုကမှ တာဝန်မခံသေးပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရကတော့ တာလီဘန် လက်ချက်လို့ အပြစ်တင်ပါတယ်။ ကျန်ခဲ့တဲ့သီတင်းပတ် ၂ ပတ်အတွင်း တာလီဘန်တွေက တိုက်ခိုက်မှု အကြိမ် ၆၅၀ လုပ်ခဲ့ပြီး အရပ်သား ၆၉ ယောက် သေဆုံးကာ လူ ၁၄၁ ယောက် ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။  ဒီအတွက် မှတ်ချက်ပေးဖို့ တာလီဘန်တွေကို ဆက်သွယ်ပေမယ့် ချက်ချင်း မတုံ့ပြန်သေး ပါဘူး။
7 months Ago
မြင်းခြံမြို့တွင် ရန်ကုန်မှလာသည့် ကုန်ကားများကို စစ်ဆေးရန် သီးသန့်ဂိတ်ထားရှိ 
မန္တလေးတိုင်း၊ တောင်သာမြို့ကနေ မြင်းခြံမြို့အဝင် နန်းမြင့်တောင်အနီးမှာ ရန်ကုန်ကနေဝင်လာတဲ့ ကုန်စည်ကားတွေကို စစ်ဆေးဖို့ ဂိတ်တစ်ခု သီးသန့်ထားရှိထားတယ်လို့ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။ မြင်းခြံမြို့မှာ မြို့ဝင်/မြို့ထွက်စစ်ဆေးရေးဂိတ်က ၃ နေရာရှိပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လဝကနဲ့ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်နေကြတာပါ။ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျသူတွေအတွက်ကိုလည်း နေထိုင်စားသောက်ဖို့ကအစ စီစဉ်ပေးထားတယ်လို့ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။ ရန်ကုန်တိုင်းက ပြန်လာတဲ့သူတွေနဲ့ Stay at Home  သတ်မှတ်ထားတဲ့ နေရာဒေသအသီးသီးကနေ ပြန်လာတာတွေရှိခဲ့ရင် သက်ဆိုင်ရာဂိတ်တာဝန်ခံတွေဘက်ကနေ အသိပညာပေးဖို့နဲ့ Quarantine ဝင်ဖို့အတွက် လုပ်ဆောင်ဖို့  ညွှန်ကြားထားတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးမှ အုပ်ချုပ်ရေးမှူးတွေနဲ့ ပရဟိတ အသင်းတွေကလည်း ကိုဗစ်-၁၉ ဖြစ်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးသတိပေးချက်တွေကို အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာပေးတာတွေလည်း ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၆၀ တွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  သတင်း- အဂ္ဂဖြိုး
7 months Ago
ရခိုင်ပြည်နယ်ကလာသည့် ကုန်ကားများ မရပ်တန့်စေရန် ရဲတပ်ဖွဲ့က လိုက်လံပို့ဆောင်ပေးနေ
မကွေးတိုင်းအတွင်းမှာ ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ကုန်တင်ကားတွေ ရပ်တန့်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့က သက်ဆိုင်ရာမြို့နယ်အလိုက် လိုက်လံ ပို့ဆောင်ပေးနေတယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း များပြားနေပေမဲ့ ကုန်စည်စီးဆင်းမှုမရပ်တန့်အောင် ငဖဲမြို့နယ်ရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးတာတွေ လုပ်ဆောင်ပေးပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ရဲတပ်ဖွဲ့ယာဉ်တန်းနဲ့  လိုက်လံပို့ဆောင်ပေး နေတာပါ။ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က "ကုန်ကားတွေကို လမ်းကြောင်း သုံးခုခွဲပြီး မြို့နယ်အလိုက် တိုင်းဒေသကြီးအထွက်ထိ ပို့ဆောင်ပေးတာဖြစ်ပြီးတော့ အဲဒီလို ပို့ဆောင်ရတာဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တဲ့ အနေနဲ့ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို ပြည်သူလူထုနဲ့ ထိတွေမှုမရှိအောင် လုပ်ဆောင်ပေးတာဖြစ်တယ်။" လို့ ပြောပါတယ်။ မင်းဘူးဘက်ကို ဝင်ရောက်မယ့် ကုန်ကားတွေအတွက်ကိုတော့ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အလဲအလှယ်လုပ်ပေးကာ ကုန်တင်ယာဉ်တွေကို ပိုးသတ်ဆေးဖြန်းပြီးမှ ဝင်ခွင့်ပြုထားတယ်။ ရန်ကုန်-အမ်း ကုန်တင်ကားမောင်းသမား ကိုကျော်ခိုင်က "ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့ လမ်းတလျှောက်မှာတော့ စုပေါင်းစစ်ဆေးရေးဂိတ်တွေ အများအပြားဖွင့်လှစ်ထားပြီးတော့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ ခရီးသွားလာရေး အနည်းငယ်ခက်ခဲလာတယ်” လို့ ပြောပါတယ်။ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်အထိ ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ ကုန်တင်ကား ၂၄၅ စီးရှိနေပြီး ရန်ကုန်ကို ၇၁ စီး၊ မန္တလေးဘက်ကို ၅၈ စီး၊ မင်းဘူးနဲ့ မကွေးအပါအဝင် ရှမ်းပြည်နယ်ဘက်ကိုသွားတဲ့ ကားက ၁၁၆ စီးရှိတယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က ပြောပါတယ်။ “ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က စစ်ဆေးရေးဂိတ်တွေမှာတော့ ထောက်ခံစာတွေ၊ ကုန်စည်တွေလောက်သာစစ်ဆေးပြီးတော့ မကွေးတိုင်းဘက် ပျဉ်းဝ စစ်ဆေးရေးဂိတ်မှာတော့ အချိန်ကြန့်ကြာမှုရှိနေတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ကပြန်လာတဲ့ ယာဉ်မောင်းအမျိုးသားတစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရခိုင်ကပြန်လာသူတွေအပါအဝင် ပြည်ပကပြန်လာသူ ၁၃၀၀ လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
8 months Ago
မိုင်းခွဲတိုက်ခိုက်ခံရသည့် ကုန်ကားနှင့်ဆန်များ ပြန်သယ်ခွင့်ပေးရန် တောင်းဆို
ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်သွားလမ်းပေါ်မှာ ဇွန် ၂၂ ရက်က မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့ ကုန်တင်ယာဉ်နဲ့ ဆန်အိတ် ၃၅၀ ကို ပြန်သယ်ခွင့်ပေးဖို့ ဆန်ပိုင်ရှင်က တောင်းဆိုပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကုန်တင်ယာဉ်ဟာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒီနေ့မွန်းလွဲပိုင်းအထိ ယာဉ်နဲ့ ကားပေါ်က ဆန်အိတ် ၃၅၀ ကို ယူခွင့်မရသေးဘူးလို့ စစ်တွေမြို့ အခြေစိုက် လှရောင်ဆန်း ကုန်စည်များ သယ်ယူပို့ဆောင်ရေးဂိတ်မှ တာန်ရှိသူတဦးက ပြောပါတယ်။ “သူတို့ အစကတော့ ပျက်စီးသွားတဲ့ကားကိုပါ ပြုပြင်စရိတ် လျော်ကြေးပေးမယ် ပြောတယ်။ ဆန်တွေကိုလည်း လာသယ်ပါဆိုလို့ ဇွန်လ ၂၄ က စစ်တွေက ကုန်ကားအလွတ်တစီးနဲ့ အလုပ်အမားတွေခေါ်ပြီး သွားခဲ့ကြတယ်။ ဟိုရောက်တော့ အထက်ကအမိန့်မရသေးလို့ သယ်ယူခွင့်မပေးနိုင်ဘူးလို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။ ကုန်တင်ကားဟာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့ကနေ ဆန်အိတ် ၃၅၀ တင်ဆောင်ပြီး စစ်တွေမြို့ကနေ အငူမော်ကို ထွက်ခွာလာစဉ် အင်းဒင်နယ်မြေစခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ကားခေါင်းခန်းမှာ လိုက်ပါလာခဲ့တာပါ။ ညနေ ၄ နာရီခွဲလောက် ဆားငံချောင်း ရေကျော်တံတားအနီးအရောက် မိုင်းခွဲခံရပြီး ကားဦးခေါင်းမှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကားဒရိုင်ဘာ ဦးစောမျိုးအောင် သေဆုံးခဲ့ပါတယ်။ ဆန်ပိုင်ရှင် ကိုမြင့်ဝေက “ဆန်တွေက မိုးစိုလို့ တဝက်လောက် ပျက်စီးသွားနိုင်ပါတယ်။ ဆန်တွေ မပျက်စီးမီ ပြန်ယူခွင့်ရချင်တာပေါ့ဗျာ။ အခုသူတို့က ဘာပြောလဲဆိုတော့ ဆန်တွေ အားလုံး မပျက်စီးခင်မှာ နောက်ကုန်ကားတစီးပေါ်တင်ပြီး စခန်းထဲမှာ ထားပါတဲ့။ အထက်က အမိန့်ကျမှ ပြန်ယူသွားပါတဲ့” လို့ ပြောပါတယ်။ အခုလို ကုန်တင်ယာဉ်နဲ့ ဆန်အိတ်တွေ ပြန်ယူခွင့် မပေးသေးတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ မရသေးပါဘူး။ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မေးမြန်းရာမှာတော့ “ပထမတော့ နယ်ခြားစောင့်ကို ပြောလိုက်တယ်။ နစ်နာကြေးပါပေးဖို့ အခုထိပြန်ယူလို့ မရသေးဘူးဆိုတော့ ခရိုင်အထွေထွေမှာ တရားဝင်စာတင်ဖို့လိုတယ်ဗျ။ဒါမှ အစိုးရအဖွဲ့ကို တင်ပြလို့ရမှာဖြစ်တယ်” လို့ ပြောပါတယ်။ လင်းလက်
10 months Ago
သံတိုသံစကုန်ကားထဲ ခိုးလိုက်လာသည့် ရွှေ့ပြောင်း ၆ ဦးကို စပိန်ရဲ ဖမ်းမိ
မြောက်အာဖရိကကမ်းလွန်ရှိ စပိန်ပိုင် မယ်လီယာဆိပ်ကမ်းမှာ သံတိုသံစကုန်ကားထဲ ခိုးလိုက်လာတဲ့ ရွှေ့ပြောင်းလာသူ  ၆ ယောက်ကို  စပိန်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး  အဲဒီ ဗွီဒီယိုကို ဇွန်လ ၂၅  ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  ဖမ်းမိသူတွေထဲမှာ ၂ ယောက်က အသက်မပြည့်သူတွေဖြစ်ပြီး  မယ်လီယာဆိပ်ကမ်းကနေ စပိန်ပြည်မကြိးထဲ ခိုးဝင်ဖို့ ကြိုးပမ်းတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မယ်လီယာဆိပ်ကမ်းမှာ ရဲတပ်ဖွဲ့ ပုံမှန်ကင်းလှည့်စဉ်အတွင်း နှလုံးခုန်သံ ထောက်လှမ်းတဲ့ ကိရိယာကနေ ခိုးဝင်လာသူတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။  နှစ်စဉ် ရွှေ့ပြောင်းလာသူ  ထောင်နဲ့ချီပြီး   စပိန်နိုင်ငံကို ကုန်းကြောင်း၊ ရေကြောင်းတို့ကနေ  တရားမဝင်  ဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။   ၂၀၂၀  ဇွန်လ ၁၅  ရက်အထိ စပိန်နိုင်ငံထဲ ခိုးဝင်ခဲ့တဲ့ ရွှေ့ပြောင်းလာသူ  ၇,၇၄၄ ‌ယောက် ရှိတယ်လို့  စပိန်ပြည်ထဲရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 
11 months Ago
မိုင်းခွဲတိုက်ခိုက်ခံရပြီး နယ်ခြားစောင့်ရဲများနှင့်အတူ သေဆုံးသွားသည့် ကုန်ကားမောင်းသူကို သင်္ဂြိုဟ် 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ သေဆုံးသွားတဲ့ ကုန်တင်ကားမောင်းသူကို  ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက မောင်တော သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့  ကုန်တင်ကားမောင်းသမားဟာ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာက ဦးစောမျိုးအောင် ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို နယ်ခြားစောင့်တပ်ဖွဲ့က တာဝန်ယူပြီး မောင်တောသုသာန်မှာ  မီးသင်္ဂြိုဟ်ခဲ့တာလို့ မောင်တောမြို့ကရုဏာကွန်ယက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်ကပြောပါတယ်။ “အလောင်းကို မနေ့က မွန်းတည့် ၁၂ နာရီမှာ မောင်တောဆေးရုံကို သယ်လာပြီး မိသားစုတွေကို စောင့်ပါတယ်။ မိသားစုတွေ တစ်ယောက်မှ ရောက်မလာကြတော့ နေ့လယ် ၂ နာရီကျော်မှ မီးသင်္ဂြိုဟ်လိုက်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ နခခ(၅)က တာဝန်ယူပေးပါတယ်။” သေဆုံးသွားတဲ့ယာဉ်မောင်း ဦးစောမျိုးအောင်ရဲ့ ဇနီးဖြစ်သူ မဇင်မာအေးဟာ လေးဘက်နာရောဂါ ဖြစ်နေတဲ့အတွက် ခင်ပွန်းဖြစ်သူကို မှီခိုနေ ရသူဖြစ်ပြီး  အသက် ၅ နှစ်အရွယ် သမီးလေးတစ်ဦးလည်း ကျန်ရစ်ခဲ့ပါတယ်။ အခုလို တိုက်ခိုက်ခံရပြီး သေဆုံးရတာဟာ ကုန်ကားပေါ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာလို့ဖြစ်ပြီး သေဆုံးမှုအတွက် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက  မိသားစုကို နစ်နာကြေးပေးတာမရှိဘူးလို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ မဇင်မာအေးက ဒီဗွီဘီကို ပြောပါတယ်။  “ကုန်ကားမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တက်လိုက်ပါလာတာကြောင့် မိုင်းခွဲခံရပြီး ကျမ ယောက်ျားလည်း သေဆုံးခဲ့ရတယ်။ ယနေ့အထိ ဘာနစ်နာကြေးမှ မရရှိသေးဘူး။ မနေ့က ကိုးတန်ကောက်ကို လိုက်သွားတယ်။ ကျမယောက်ျားက ရုပ်ပျက်ရုံသာမက ကိုယ်အင်္ဂါတွေ တစ်ပိုင်းစီဖြစ်နေတယ်။ ဒါကြောင့် နယ်ခြားစောင့်က တာဝန်ရှိသူတွေက လက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ပြီး သူတို့ကိုပဲ သင်္ဂြိုဟ်ဖို့ အပ်နှံခဲ့ပါတယ်။ မောင်တောအထိလိုက်ပြီး သင်္ဂြိုဟ် မပေးနိုင်ခဲ့ပါဘူး။ ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့ စားသောက်နေရတော့ ကုန်ကျစရိတ် မတတ်နိုင်ပါဘူး။”  ကုန်တင်ကားဟာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့မှ ဆန်အိတ် ၃၅၀ တင်ပြီး စစ်တွေကို သွားဖို့ အငူမော်ကို ထွက်ခွာလာစဉ် အင်းဒင်နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့က အရာရှိနဲ့ တပ်သားတချို့ကားက ကားခေါင်းခန်းမှာ တက်လိုက်ပါလာခဲ့တာပါ။ ညနေ ၄ နာရီခွဲလောက်က  ကိုးတန်ကောက်ကျေးရွာ ဆားငံချောင်း တံတားအနီးအရောက်မှာ မိုင်းခွဲခံရပြီး ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့  နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကားဒရိုင်ဘာ ဦးစောမျိုးအောင်တို့ သေဆုံးခဲ့ရပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီးမှာ  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို  အေအေ အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး နယ်ခြားစောင့်ရဲ ၄ ဦးနဲ့ အရပ်သား ၁ ဦး ဒဏ်ရာရတယ်လို့  သတင်း ထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်နောက်လိုက်  ကိုမျိုးကြီးကတော့ စစ်တွေဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ကျော်လောက်မှာ မြန်မာ့တပ်မတော်ရဲ့ ဘူးသီးတောင်အခြေစိုက်၊ ခလရ(၂၃၃) တပ်ရင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းစစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော်တို့ အငူမော်-မောင်တော ကားလမ်းမအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လင်းလက်
11 months Ago
ကုန်ကားနှင့် ဆိုင်ကယ်တိုက်မှုကြောင့် ရဲဒုတပ်ကြပ်၊ ကိုယ်ဝန်ဆောင်ဇနီးနှင့်သားဖြစ်သူတို့ သေဆုံး
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိတ္ထီလာမြို့ရှောင်လမ်း မိုင်တိုင် ၃၀၇/၀ မောက်လောက်ရွာအနီးမှာ ဇွန် ၂၁ ရက်က ၁၂ ဘီးကုန်တင်ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်စီးလာတဲ့ ရဲဒုတပ်ကြပ်မိသားစု ၃ ဦးလုံး သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဦစီး ရဲအရာရှိက ပြောပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဦးစီး ရဲအုပ်အောင်စိုးတင့်က “ခရိုင်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း ဒုတပ်ကြပ်ပါ။ ဇနီးရော၊ သားရော သေဆုံးသွားတယ်။ ဇနီးက ကိုယ်ဝန်ကြီးနဲ့လို့ သိရတယ်။ မိတ္ထီလာမြို့ရှောင်လမ်းမှာ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ မိတ္ထီလာဘက်မှ ပျော်ဘွယ်ဘက်သို့ စဉ့်ကိုင်မြို့နယ် ဆည်ရွာနေ ကျော်မင်းထွန်း (၃၂-နှစ်) မောင်လာတဲ့ ၁၂ ဘီးကုန်တင်ကားဟာ လားရာတူကားတစီးကို ကျော်တက်လိုက်ရာ တဖက်ယာဉ်ကြောထဲ ရောက်ရှိပြီး မျက်နှာချင်းဆိုင်က ရဲဒုတပ်ကြပ်မိသားစု ၃ ဦး စီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိပါတာပါ။ ရဲဒုတပ်ကြပ်ကိုကိုနိုင်၊ ဇနီးဖြစ်သူ မယမင်းသူဇာနိုင်၊ ၁ နှစ်အရွယ် သားဖြစ်သူ မောင်ရဲရင့်နိုင် တို့ သုံးဦးလုံး သေဆုံးသွားခဲ့ပါတယ်။ မယမင်းသူဇာနိုင်မှာ ကိုယ်ဝန် ၄ လ ရှိနေတယ်လို့လည်း သိရပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ ၁၂ ဘီးကား ယာဉ်မောင်း ကျော်မင်းထွန်းကို ယာဉ်မဆင်မခြင်မောင်းမှု လူသေမှူရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မောင်မောင်လင်း
11 months Ago
အိန္ဒိယတွင် နေရပ်ပြန်လုပ်သားများစီးလာသည့်ကားနှင့်ကုန်ကား တိုက်၊ ၂၃ ဦးထက် မနည်းသေ
အိန္ဒိယမြောက်ပိုင်းမှာ မေလ ၁၅ ရက်က  နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့  ကုန်ကားတစ်စီးနဲ့ တခြားကုန်ကားတစ်စီး  ခေါင်းချင်းဆိုင်တိုက်လို့  ရွှေ့ပြောင်းလုပ်သား ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။  ဥတာပရာဒေ့ရှ်ပြည်နယ်  သြရိယခရိုင်က အဝေးပြေးလမ်းမမှာ  ရပ်ထားတဲ့ ကုန်ကားကို  ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ ကုန်ကားက ဝင်တိုက်ခဲ့တာလို့ ခရိုင်တာဝန်ရှိသူ တဦးက ပြောခဲ့ပါတယ်။  ကားတိုက်မှုဖြစ်ရာနေရာကို ဒေသခံရွာသားတွေ အရင်ဆုံး ရောက်သွားခဲ့ပြီး ဒဏ်ရာရသူ တွေကို ကူညီပေးခဲ့ပါတယ်။  ဒဏ်ရာရသူတွေကို ဆေးရုံအမြန် ပို့ဆောင်ခဲ့ပြီး အတော်များများ အခြေအနေ စိုးရိမ်ရ တယ်လို့ ခရိုင်တာဝန်ရှိသူက ပြောခဲ့ပါတယ်။    ရွှေ့ပြောင်းလုပ်သားတွေဟာ အဓိက ဘီဟာ၊ ဂျာခန်နဲ့ အနောက် ဘန်ဂေါ ပြည်နယ်တွေက ဖြစ်ပါတယ်။   အိန္ဒိယနိုင်ငံမှာ  မကြာသေးခင်  သီတင်းပတ်တွေက လော့ဒေါင်း အစီအမံတွေကြောင့်   ရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီးနောက်  သောင်းနဲ့ချီပြီး   နေရပ်ကို ခြေလျင် ပြန်လာနေတယ်လို့ အယ်ဂျားဇီးယားသတင်းကရေးပါတယ်။
12 months Ago
အိန္ဒိယတွင် ကုန်ကားစည်ပိုင်းထဲ လိုက်ပါလာသူ ရွှေ့ပြောင်းလုပ်သား ၁၈ ဦး ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံအလယ်ပိုင်းက ရဲတွေဟာ ကွန်ကရစ်မွှေစက်တင်ကုန်ကားရဲ့ စည်ပိုင်းထဲမှာ ပုန်းပြီး လိုက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈ ယောက်ကို မေ ၂ ရက်က ဖမ်းဆီးရမိခဲ့ကြပါတယ်။  နိုင်ငံအနောက်ပိုင်း မဟာရတ်ရှ်တျာပြည်နယ်ကနေ လက်ခနောင်းမြို့ကို သွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို လမ်းခုလတ် အင်ဒိုးမြို့က ပုံမှန်လမ်းဘေး ရဲကင်းစခန်းမှာ စစ်ဆေး ချိန်မှာ တွေ့ခဲ့ကြတာပါ။  သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ရှိ၊မရှိ စစ်ဆေးပြီးရင် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  အိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေး အသွားအလာ ကန့်သတ်ချက်ကို တင်းတင်းကြပ်ကြပ် ထုတ်ပြန်ထားလို့ ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ အုတ်ဖုတ်လုပ်ငန်းတွေမှာ လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ သန်း ၁၀၀ လောက် ဒုက္ခတွေ့ခဲ့ကြပါတယ်။  လုပ်သားအများအပြားက သူတို့ အိမ်ကိုပြန်ဖို့ ခရီးထွက်ခဲ့ကြလို့ နိုင်ငံတလွှား မြို့ကြီးတွေ ကနေ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဖြန့်သလို ဖြစ်မှာကို စိုးရိမ်မှု တိုးလာခဲ့ပါတယ်။  သောင်တင်နေတဲ့ လုပ်သားတွေ၊ ဘုရားဖူးတွေ၊ ခရီးသည်တွေနဲ့ ကျောင်းသားတွေ အိမ်ပြန်ဖို့ အထူးရထားတွေ စီစဉ်ပေးရေး အစိုးရက မေ ၁ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။  အိန္ဒိယနိုင်ငံမှာ မေ ၃ရက်ထိ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ ၄၀၀၀၀ နီးပါးရှိပြီး ကူးစက်ခံ ၁၂၃၂ ယောက် သေဆုံးခဲ့ပါတယ်။  ဒါပေမယ့် သန်းနဲ့ချီတဲ့လူတွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် အမှန်တကယ် ကူးစက်ခံ အရေအတွက်က ပိုများနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။   
1 year Ago
ကနီမြို့နယ်ရှိ ကွင်းလမ်းတံတားကျိုးကျ၊ ကုန်ကား ၁ စီး ရေထဲမျောပါ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ကျေးရွာနဲ့ မင်းကင်းမြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်ရှိ ယင်းသွင်ကျေးရွာအနီးက မုန်းတုန်းချောင်းကူး ကွင်းလမ်းယာယီတံတားဟာ ဧပြီ ၃၀ ရက်ညနေပိုင်းက ကျိုးကျပြီး ကုန်ကား တစီး ရေစီးနဲ့ မျောပါသွားပါတယ်။  ဘေလီတံတားက ခိုင်ခံ့မှုမရှိလို့ အသစ်တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့အတွက် ကွင်းလမ်းဖောက်လုပ်ထားပြီး ချောင်းကူးကိုလည်း ယာယီတံတားထိုးထားတာဖြစ်ပါတယ်။  ချောင်းကိုဖြတ်ကူးစဉ်မှာ မိုးရွာလို့ ချောင်းရေကျချိန်လည်း ဖြစ်နေတဲ့အတွက် ရေစီးနဲ့ မျောပါသွားတာလို့ ကနီမြို့နယ်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ "တံတားက အထူးအဖွဲ့ ၂ က ပြင်နေတာ။ အဲဒီတံတားက ကျိုးတော့မှာဆို‌တော့ ကွင်းလမ်းဖောက်တာ။ ကွင်းလမ်းပေါ်မှာ ယာယီတံတားရှိတယ်။ ဒီနေ့မိုးကသည်းတော့ ချောင်းရေကလည်း ကျတာ၊ တံတားက မခိုင်တာ။ ရေစီးနဲ့က တော်တော်လေးကို မျောသွားတယ်။ လောလောဆယ်တော့ အနီးအနားက ရွာတွေက ကုန်တွေကူပြီး သယ်ပေးနေကြတယ်။" ကုန်ကားက ‌၆ ဘီးကားဖြစ်ပြီး မုံရွာကနေ ကုန်အပြည့်နဲ့ ကလေးမြို့ကို ပြန်တာဖြစ်ပြီး မတော်တဆမှုကြောင့် ကားပေါ်ပါ လူတွေတော့ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။  ညနေ ၆ နာရီဝန်းကျင်အထိတော့ တံတားအနီးမှာ ကားအစီး ၃၀ လောက်ပိတ်မိနေပါတယ်။  လာပို့-မင်းကင်းလမ်းပေါ်မှာ ပြင်စရာတံတားက ၆ စင်းရှိကာ အခုတံတားအပါအဝင် မြင်းအောချောင်းကူးတံတားအတွက်လည်း ဘတ်ဂျက်ကျထားပြီး မြင်းအောတံတားကတော့ ပြီးစီးနေပြီဖြစ်ပါတယ်။ မေလ ၇ ရက်နေ့ကို မုန်းတုန်းချောင်းကူးတံတားအတွက် တင်ဒါဖွင့်ဖို့လည်း စီစဉ်နေတာပါ။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မြင်းအောချောင်းတံတားပေါ် ၆ ဘီးကားတစီး ဖြတ်သွားစဉ် ကျိုးကျခဲ့ပါသေးတယ်။  လာပို့-မင်းကင်းလမ်းက မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းနဲ့ ဆက်သွယ်ထားပြီး မုံရွာ-မင်းကင်းကို အဓိက ဆက်သွယ်တဲ့ လမ်းကြောင်းတခုလမ်းဖြစ်ပါတယ်။
1 year Ago
တိုက်ပွဲကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် ကုန်ကား ၄၀၀ ခန့် ၁ ပတ်ကြာ ပိတ်မိနေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား ဟိုဘက်ဒီဘက် ရန်ကုန်-စစ်တွေ ကားလမ်းမှာ တိုက်ပွဲတွေကြောင့် ကုန်ကားတွေနဲ့ ဆီဘောင်ချာကားတွေ ကားအစီးအရေ ၄၀၀ လောက် ပိတ်မိနေတယ်လို့ ကုန်ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေကပြောဆိုပါတယ်။ ဒီလိုပိတ်မိနေတာဟာ ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက်နေ့ကတည်းက ပိတ်မိနေတာဖြစ်ပြီး ဒီနေ့ ညနေပိုင်းအထိ ရာမောင်တံတား ဟိုဘက်ဒီဘက်ကို ဇက်ကူးခွင့်မပြုသေးတာကြောင့် အားလုံး အခက်အခဲဖြစ်နေကြရတယ်လို့ ကုန်ကားမောင်းနေသူတဦးက ပြောပါတယ်။ “စစ်တွေကနေ ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကျနော်တို့ပြန်ပြီးတော့ ထွက်လာတာ၊ အခုက ရာမောင်တံတားမှာပိတ်မိနေတယ်။ ၆ ရက်လောက်ရှိပြီ၊ အဆင်မပြေတာကတော့ စားရေး သောက်ရေး အဆင်မပြေကြဘူး။ ဒီဘက် မင်းပြားဘက်က ပိတ်မိနေတဲ့ ကားအရေအတွက်ဆိုရင် ၇၀ လောက်တော့ရှိတယ်။ ရာမောင်တံတားဇက်ဆိပ်နားမှာ ကားအစီးအရေ ၇၀ လာက်ရှိတာပြောတာ။ ဟိုဘက်ကို ဇက်ကူးခွင့်မပေးဘူးဗျ။” ကုန်ကားပိုင်ရှင်တဦးက “ခရီးသည်ကားတွေ အဲ့လောက်မများဘူးခင်ဗျာ။ လောရီတို့ ဆီဘောင်ဆာတို့ များတယ်။ အခက်အခဲကတော့ဖြစ်တာပေါ။ တိုက်ပွဲမဖြစ်လည်း လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုတွေလုပ်နေတယ်။ ရာမောင်ဇက်ဆိပ်အနားကလည်း လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေတယ်။ ကြောက်နေရတာပေါ့ဗျာ။ တိုက်ပွဲမဖြစ်ရင်တော့ အားလုံးကူးခွင့် ပေးစေချင်တယ်။ တော်တော်များများဒုက္ခရောက်နေကြတယ်။” လို့ ပြောပါတယ်။ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ရာမောင်တံတားရဲ့ အနောက်ဘက်ခြမ်း ပိတ်မိနေတာ၊ ဒီဘက်က ၁၀၀ ကျော် လောက်ရှိတယ်။ အရှေ့ဘက်ခြမ်းမှာတေ့ ၃၀၀ လောက်ရှိတယ်လို့ အဲ့ဒီဘက်က လူတွေပြောတယ်။ စားဖို့သောက်ဖို့ဟာ ကျနော်တို့ အနီးအနားမှာရှိတဲ့ ကားသမားတွေကိုတော့ ချက်စားဖို့ နေရာတွေလုပ်ပေး လုပ်ပေးတာတွေရှိတယ်။ ငါးခြောက်လေးတွေ ဝေငှပေးတာ တွေရှိတယ်။” လို့ ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်တာမတွေ့ရဘဲ ရာမောင်တံတားအနီးက လက်နက်ကြီး လက်ကနက်ငယ်တွေ ပစ်ခတ်သံတွေတော့ ဆက်တိုက်ကြားနေရတယ်လို့ ကိုအမ်းသားကြီးကဒီဗွီဘီကို ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဧပြီလ ၂၀ ရက်နေ့ ကတည်းက ရာမောင်တံတား ဟိုဘက်ဒီဘက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၂၆ ရက်နေ့ ညနေအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုန်ကားတွေ ပိတ်မိနေတာကြောင့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့တွေမှာ စားကုန်အချို့ ဈေးမြင့်တက်နေပြီး စားကုန်အချို့ ပြတ်တောက်တာတွေ ရှိလာတယ်လို့ မြို့နယ်ကုန်သည်တွေ ထံကနေ သိရပါတယ်။
1 year Ago
ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် တပ်မတော်ယာဉ်တန်း  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးရှိ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော်ယာဉ်တန်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ကျောက်ဆောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကျောက်ဆောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ချေက “မနက် ၈ နာရီ ဝန်းကျင်မှာ ပထမ တပ်မတော်ကကား နှစ်စီးလို့ပြောတယ်။ သရက်တောင်မော်ဦးကို ရောက်တဲ့အခါ နောက်ကတစ်စီးက မိုင်းထိတယ်လို့ပြောတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာ မရှိဘူးပေါ့။ နောက် ၉ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ အိမ်နားက ကားဆရာဦးမောင်ထွန်းရဲ့ကား စနဲက ပြန်လာတဲ့ အချိန်မှာ ပိန္နဲတောင်ကို တပ်မတော်သား နှစ်ဦးက လိုက်ပို့ပေးဆိုပြီး လိုက်ပို့ပေးတဲ့အချိန်မှာ တစ်လုံး ထပ်ပေါက်တယ်လို့ပြောတယ်။ စုစုပေါင်း ၂ လုံးပေါက်တယ်။ မိုင်းပေါက်ပြီးတော့ ငှက်ပျောဖူးလိုဟာနဲ့ နှစ်ကြိမ် သုံးကြိမ်လောက် တောင်ကုန်းကို ရမ်းပြီးတော့ ပစ်ခတ်ခဲ့တယ်လို့ ပြောတယ်။ ပြီးရင် ၅ မိနစ်လောက်အကြာမှာ ကျနော်တို့ရွာက ပစ္စတိုနဲ့ပစ်တာကိုလည်း ကြားလိုက်ရတယ်”လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဘာအသံမှမကြားဘူးလို့ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီးပိုမိုသိရှိနိုင်ဖို့ ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင် ကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖြစ်ပွားတာ မကြားသိရဘူးလို့ ပြောပါတယ်။ အဆိုပါတပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ တပ်မတော်နဲ့ အေအေရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ မကြာခဏဆိုသလို တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေတာဖြစ်ပါတယ်။ သတင်း- နောင်နောင် 
1 year Ago
လာပို့-မင်းကင်းလမ်းရှိ တံတား ၁စင်း ကုန်ကားဖြတ်သန်းစဉ်ကျိုးကျ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ကျေးရွာနဲ့ မင်းကင်းမြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်ရှိ လာပို့ကျေးရွာအနီးက မြင်းအော ချောင်းကူး ဘေလီတံတားတစင်းမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ကုန်အပြည့်တင်လာတဲ့ ၆ ဘီးကားတစီးဖြတ်သန်းစဉ် ကျိုးကျခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်နေပါတယ်။ တံတားက လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး အလျားပေ ၁၂၀၊ အကျယ် ၁၂ ပေရှိကာ ခံနိုင်ဝန် ၁၃ တန်ထိသာ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ကနီမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက "လောလောဆယ်တော့ တံတားအောက်ကနေ ကွင်းလမ်းဖောက်နေတယ်လို့ သိရတယ်။ ဒီတံတားက ကြံ့ခိုင်မှုအားနည်းတာလည်း ပါတယ်။ ပြီးတော့ ကားကလည်း အိုဗာဝိတ် တန်ပို တင်လာတဲ့ သဘောရှိတယ်။ ဒီလို တံတားက ၃ စင်းလောက်ရှိတယ်။ သံကူကွန်ကရစ်တံတား တည်ဆောက်ဖို့ လွှတ်တော်မှာ မေးဖို့စီစဉ်ထားတယ်။ မမေးခင် အခုလိုဖြစ်သွားတာပေါ့။"လို့ ပြောပါတယ်။ တံတားကျိုးကျလို့ လူတွေတော့ တစုံတရာ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။ ကားပေါ်မှာ ပိုက်မျိုးစုံ၊ ဒီဇယ်ပေပါ၊ ဘိလပ်မြေစတဲ့ကုန်မာတွေ တင်ဆောင်လာတာဖြစ်ပြီး မင်းကင်းကို အသွားမှာ တံတားကျိုးကျခဲ့တာဖြစ်ပါတယ်။  လာပို့-မင်းကင်းလမ်းက မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းနဲ့ ဆက်သွယ်ထားပြီး မုံရွာ-မင်းကင်းကို အဓိက ဆက်သွယ်တဲ့ လမ်းကြောင်းတခုလမ်းဖြစ်ပါတယ်။  လတ်တလောမှာတော့ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်နေပေမယ့် ကားတွေ ပိတ်မိနေတာမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။  လက်ရှိကားပေါ်က ကုန်ပစ္စည်းတွေကို ပြန်ချနေပြီး ကားကိုလည်း ပြန်ဆွဲထုတ်ဖို့ လုပ်ဆောင်နေကြပါတယ်။  လာပို့-မင်းကင်းလမ်းပေါ်မှာ ကွန်ကရစ်တံတားတွေအပါအဝင် တံတားကြီးငယ်ပေါင်း အနည်းဆုံး ၅ စင်းထက် မနည်းရှိပါတယ်။
1 year Ago
ကွန်ဂိုတွင် ကုန်ကားတိုက်မိသဖြင့် ၁၄ ဦးသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ
ကွန်ဂိုသမ္မတနိုင်ငံ ကင်ရှာဆာမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်က လမ်းမတော်တဆမှုအတွင်း လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၃၀ လောက် ဒဏ်ရာရပါတယ်။ ကွန်ဂိုမြို့တော်က လူစည်ကားတဲ့လမ်းဆုံမှာ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်လာတဲ့ ကုန်ကားတစီးက ကားအတော်များများနဲ့ လူတွေကို ဝင်တိုက်မိခဲ့တာပါ။  အများပြည်သူသုံး ဘတ်စ်ကားသေးတွေ အပါအဝင် ကားအတော်များများကို ကုန်ကားက ဝင်တိုက်ခဲ့တဲ့အပြင် ကားပေါ်က ကျောက်တုံးကြီးတွေက လမ်းဘေးက ကားတွေပေါ်ကိုပါ ပြုတ်ကျခဲ့တာပါ။  ကုန်ကားက ဘရိတ်ပေါက်ပြီး ထိန်းချုပ်မရ ဖြစ်ခဲ့ပုံပေါ်တယ်လို့ အခင်းဖြစ်နေရာက မျက်မြင်သက်သေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါတယ်လို့ ဒေသန္တရဆေးရုံ ရင်ခွဲရုံလုပ်သား တယောက်က ပြောပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆေးရုံ အရာရှိက ပြောပါတယ်။ မတော်တဆ ဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။ ကားတိုက်တဲ့နေရာဟာ မြို့တော်တွင်း လင်ဘာ၊ အန်ဂါဘာနဲ့ မွန့်ဂါဖှူလာခရိုင်တွေကို ချိတ်ဆက်ထားတဲ့ လမ်းဆုံ ဖြစ်ပါတယ်။
1 year Ago
ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်တွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါ် တောင်ကုတ်မြို့နယ်နဲ့ မအီမြို့အကြားမှာ ဖေဖော်ဝါရီ ၁၃ ရက် မနက်က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ တယ်လို့ တောင်ကုတ်ရဲစခန်းက သိရပါတယ်။  အဆိုပါတပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကို မေးမြန်းရာမှာတော့ ဖြစ်စဉ်မှန်ကန်တယ်လို့ ပြောပါတယ်။ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် က “တိုက်ပွဲဖြစ်တယ်လို့တော့ မကြားဘူး။ အကြမ်းဖက် သောင်းကျန်းသူကနေပြီးတော့ ရီမုနဲ့ခွဲတယ်လို့တော့ ကြားတယ်၊ ဒါပေမဲ့ မသိဘူး။ ငါတို့က အဲဒီဘက်တော့ မရောက်ဘူး။ ထိခိုက်မှုလည်း မရှိဘူးလို့ကြားတယ်၊ မိုင်းခွဲတာလောက်ပဲ သိရတယ်။ ဘာကိုခွဲတယ်ဆိုတာတော့ တက်မလာသေးလို့ မသိရသေးဘူး”လို့ ပြောပါတယ်။ ဒီမနက် ၇ နာရီလောက်က တောင်ကုတ်မှ ထွက်လာတဲ့ တပ်မတော်ယာဉ်တန်းဟာ  ဗဒါကျေးရွာနားအရောက်မှာ မိုင်းဆွဲခံရတာလို့ ဗဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ “တောင်ကုတ်ကလာရင် ၂၆ မိုင် ၄ ဖာလုံလောက် ရှိမယ်ထင်တယ်။ အဲဒီနေရာမှာ မိုင်းပေါက်တာ၊ တပ်မတော်ယာဉ်ပေါ့၊ တောင်ကုတ်က ထွက်လာတဲ့ တပ်မတော်ယာဉ်တန်း သွားတဲ့အချိန်လို့တော့ ပြောသံကြားတယ်။ ကျနော်တို့ ရွာနဲ့ကလည်း တစ်မိုင်၊နှစ်မိုင်လောက် ဝေးတယ်ဆိုတော့ ပေါက်တဲ့ ဘုန်းဆိုတဲ့ အသံပဲကြားလိုက်ရတယ်၊ နောက်ဘာဖြစ်သွားတယ်ဆို တာတော့ ကျနော်လည်း မသိလိုက်ဘူး”လို့ ပြောပါတယ်။ အဆိုပါ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်ကလည်း ကျောက်ဖြူမြို့နယ် ငအုပ်ကျေးရွာနဲ့ ကျောက်ကလေကျေးရွာကြားမှာ တစ်ကြိမ်နဲ့၊ ဇန်နဝါ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားမှာ ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲခဲ့ပါတယ်။ သတင်း- နောင်နောင်
1 year Ago
ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှုဖြစ်ပွား
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားရှိ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမှာ ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မအီမြို့နဲ့ ဂျီဘီတောင်အုပ်စု ကင်းခြေရွာသစ်အနီးရှိ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ ၁၁ နာရီကျော်လောက် မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ယာဉ်ပေါ်ပါတဦး ဒဏ်ရာရသွားတယ်လို့ ဂျီဘီတောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဝင်းက ပြောပါတယ်။ “ကင်းခြေရွာအဝင်လမ်းနားပေါ့၊ မအီဘက်ကလာရင် လက်ဝဲဘက် ကျတယ်။ ကျောက်ဖြူဘက်က လာရင်တော့ လက်ယာဘက်အခြမ်းပေါ့၊ ထိခိုက်ဒဏ်ရာရတာကတော့ ကားဆရာရဲ့ ဒရိုင်ဘာပေါ့။ မှန်ကွဲပြီးတော့ မှန်စစင်ပြီးတော့ နားတဖက်ထိသွားတယ်လို့ ပြောတယ်။ တခြားထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရတယ်၊ ဘယ်ကကားလည်းဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့ကလည်း ဝမ်ဖိုက်နဲ့ မင်းကြောင်းကြားရှိ ကျောက်ဖြူ- ရန်ကုန် ကားလမ်းဘေးမှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မအီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ မအီမြို့ရဲစခန်းမှ တာဝန်ရှိသူတဦးကိုဆက်သွယ်မေးမြန်းရာမှတော့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့တာ မှန်ကန်တယ်လို့ အတည်ပြုပြောဆိုပါတယ်။ ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားမှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ တပ်မတော်ယာဉ်တန်း ဖြတ်သွားပြီး မကြာမီ မိုင်းပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက် တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ နောင်နောင်
1 year Ago
ဆိုမာလီတွင် ကုန်ကားတစီး ဗုံးပေါက်ကွဲ၊ လူ ၉၀ ထက်မနည်း သေဆုံး
ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက လူစည်ကားတဲ့ စစ်ဆေးရေးစခန်းမှာ ဗုံးထောင်ထားတဲ့ ကုန်ကားတစီး  ဒီဇင်ဘာ ၂၈ ရက်မှာ ပေါက်ကွဲလို့ သေဆုံးသူ ဦးရေဟာ အယောက် ၉၀ ထက်မနည်း ရှိသွားပြီလို့ ဆိုမာလီနိုင်ငံအတွက် အလုပ်လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတရပ်က ပြောပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုလို့လည်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တူရကီနိုင်ငံသား ၂ ယောက်နဲ့ ကျောင်းသူ ကျောင်းသား အများအပြား ပါတယ်။ လူတွေ ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ဆိုမာလီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လူအသွားအလာ အထူဆုံးအချိန်မှာ ပေါက်ကွဲမှုဖြစ်ရာ လမ်းဆုံကနေ အလောင်း ၇၃ လောင်းကို မာဒီနာဆေးရုံဆီ သယ်ပြီးပြီလို့ ဆိုမာလီ လူသားချင်းစာနာမှုရေးရာနဲ့ ကပ်ဘေး စီမံခန့်ခွဲရေး ဒုဝန်ကြီးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ရဲအရာရှိ ၁၇ ယောက်လည်း ပါတယ်လို့ နာမည်မဖော်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတရပ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဆိုမာလီ လွှတ်တော်အမတ်တဦးကလည်း သေဆုံးသူ အယောက် ၉၀ ကျော်တယ်လို့ ကြားထားကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူ လုပ်တယ်ဆိုတာ တရားဝင် တာဝန်ခံမှု မရှိသေးပါဘူး။ မိုဂါဒစ်ရှူး မြို့တော်ဝန်ကတော့ အယ်လ်ကိုင်ဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ်သူပုန်တွေ လုပ်တာလို့ ပြစ်တင် ရှုတ်ချထားပါတယ်။ ဒီဖြစ်ရပ်ကြောင့်တော့ ဆိုမာလီနိုင်ငံဟာ စိတ်ဓာတ်ကျ ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ဆိုမာလီသမ္မတ မိုဟာမဒ်အဗ်ဒူလာဟီဖှာမာဂျိုက ဒီဇင်ဘာ ၂၈ ရက်မှာ အားပေး ပြောဆိုခဲ့ပါတယ်။  
1 year Ago
ဖျာပုံ-အမာကားလမ်းပေါ်က တံတား ကုန်ကားဖြတ်မောင်းစဉ် ကျိုးကျ
ကျိုးကျလို့ ပြန်ပြင်ထားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ ဧရာဝတီတိုင်းထဲက တံတားတစင်း မနေ့ညက ကျိုးကျလို့ ကားတစီးချောင်းထဲ ပြုတ်ကျခဲ့ပါတယ်။ ဖျာပုံနဲ့ အမာ ကားလမ်းမပေါ်က ဆိပ်မဘေလီချောင်းကူးတံတားဟာ မနေ့ည ၁၂ နာရီလောက်က ကုန်ကားတစီးဖြတ်နေတုန်း ကျိုးကျခဲ့တာလို့ အစိုးရပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ အဲဒီကားဟာ အမာမြို့ဘက်က ဖြတ်နေတုန်း တံတားအလယ်အရောက်မှာ ရေလယ်တိုင် ကျိုးကျလို့ ဖြတ်မောင်းနေတဲ့ ကုန်တင်ကားလည်း ရေထဲ မြုပ်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။ ပေ ၂၈၀ ရှည်တဲ့ ဆိပ်မချောင်းကူး ဘေလီတံတားကို ၁၉၉၇ ခုနှစ်က ဆောက်လုပ်ပြီးစီးပြီး ၂၀၀၉ ခုနှစ်က တကြိမ် ပြိုကျခဲ့တာကြောင့် တံတားအထူးအဖွဲ့မှ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သွားလာရေးလွယ်ကူစေဖို့ ကူးတို့လှေ ၃ စီးစီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
1 year Ago
ကုန်ကားထဲသေဆုံးနေသူများ ဗီယက်နမ်နိုင်ငံသားများဟု ဗြိတိန်အတည်ပြု
ဗြိတိန်နိုင်ငံ အက်ဆက်ခ်စ် လော်ရီကုန်ကားနောက်တွဲ ကုန်သေတ္တာထဲမှာ သေဆုံးနေတဲ့ လူ ၃၉ ယောက်စလုံးဟာ ဗီယက်နမ် နိုင်ငံသားတွေလို့ ဗြိတိန်အာဏာပိုင်တွေက အတည်ပြုအပြီးမှာ ဗီယက်နမ်အစိုးရဟာ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းရတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက နိုဝင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါဟာ ဆိုးရွားလွန်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးပဲလို့ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လဲ့သိသူဟွမ်က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ “သေဆုံးသူတွေရဲ့ မိသားစုတွေ ကြီးမားတဲ့ နာကျင်ဆုံးရှုံးမှုကနေ အမြန်နာလန်ထူနိုင်စေဖို့ ဆန္ဒပြုတယ်၊ မိသားစုတွေကို အနက်ရှိုင်းဆုံး စာနာတယ်၊ ဗီယက်နမ်ဟာ လူကုန်ကူးမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချတယ်၊ ဒီလုပ်ရပ်ကို တကယ့်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး သင့်တော်အောင် အပြစ်ပေးရမယ်။”  အလားတူ ကပ်ဆိုးတွေ ထပ်မဖြစ်ရအောင် လူကုန်ကူးရာဇဝတ်မှုကို ဟန့်တားနှိမ်နင်းရာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ တကမ္ဘာလုံးကို ဆော်သြပါတယ်။ ဗြိတိန်အစိုးရကလည်း ဒီအမှုကို စုံစမ်းစစ်ဆေးမှု အမြန်ပြီးစီးဖို့ နဲ့ ဖြစ်ရပ်ဆိုးအတွက် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဗီယက်နမ်က မျှော်လင့်တယ်လို့ နိုင်ငံခြားရေး ပြောခွင့်ရက ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ပိုင်းက စက်မှုဇုန်တခုမှာ အောက်တိုဘာ ၂၃ ရက်နေ့က  ကုန်ကားနောက်တွဲထဲကနေ ရုပ်အလောင်း ၃၉‌ လောင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြောက်အိုင်ယာလန်ဇာတိ အသက် ၂၅ နှစ်အရွယ် ကုန်ကားမောင်းသူကို  လူသတ်မှု သံသယနဲ့ ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။  ဗီယက်နမ် ရဲတပ်ဖွဲ့ကလည်း လူကုန်ကူးမှု သံသယနဲ့ လူ ၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
2 years Ago
ဗြိတိန် ကုန်ကားထဲ လူ ၃၉ ဦး သေဆုံးမှုနှင့်ပတ်သက်၍ ဗီယက်နမ် ၂ ဦးကို ဖမ်းဆီး
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ကုန်ကားထဲမှာ လူ ၃၉ ယောက် သေဆုံးနေတဲ့အမှုနဲ့ ပတ်သက်လို့ ဗီယက်နမ်က သံသယဖြစ်ဖွယ် လူနှစ်ဦးကို နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးလိုက်ပါတယ်။   အခုလို သေဆုံးတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက်မှာ ဗီယက်နမ်မိသားစု ၁၀ စုက သူတို့မိသားစုဝင်တွေ  ပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။ ဒါ့အပြင် ကုန်ကားအတွင်း သေဆုံးသူတချို့ဟာ ဗီယက်နမ်လူမျိုးတွေ ဖြစ်နိုင်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပြီးနောက် အောက်တိုဘာ ၂၆ ရက်က ဗီယက်နမ်ဝန်ကြီးချုပ်  ငုယင်စွမ်းဖူကလည်း လူကုန်ကူးမှု စုံစမ်းရေးလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါကြောင့် ဟာသင်းပြည်နယ်ရဲတပ်ဖွဲ့က  လူကုန်ကူးမှု စုံစမ်းရေးလုပ်ရာမှာ သံသယဖြစ်ဖွယ်လူ ၂ ဦးကို ဖမ်းခဲ့ပြီး  တခြားလူတွေကိုလည်း ခေါ်ယူမေးမြန်းနေတယ်လို့ ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။     ဒီစုံစမ်းရေးမှာ  လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ခဲ့တဲ့ အလားတူ ဖြစ်စဉ်တွေကိုပါ  လေ့လာနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
2 years Ago
သြစတြေးလျ အဝေးပြေးလမ်းမပေါ် ကုန်ကားမှောက်ပြီး ဘီယာဘူးများပြန့်ကျဲနေ
သြစတြေးလျနိုင်ငံ ဂလန်းသရုန်းမြို့နားက အဝေးပြေးလမ်းပေါ်မှာ ရာနဲ့ချီတဲ့ ဘီယာသေတ္တာတွေကို တင်လာတဲ့ ကုန်ကားတစီး အောက်တိုဘာ ၈ ရက်က တိမ်းမှောက်လို့ ဘီယာဘူးတွေ လမ်းပေါ် ပြန့်ကျဲကုန်ပါတယ်။ Victoria Bitter အမျိုးအစား ဘီယာတွေ ပြန့်ကျဲနေတဲ့ အခြေအနေကို ရှင်းလင်းဖို့ လမ်းကြောတကြောကို ပိတ်ထားရပါတယ်။ ကုန်ကားမောင်းသူက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အရံအတားကို ဝင်တိုက်မိခဲ့တာလို့ ဒေသံ မီဒီယာမှာ ဖော်ပြပါတယ်။ ယာဉ်မောင်းသူကို ဆေးကုဖို့ မလိုအပ်ဘူး ဘေးကင်းတယ်လို့ Victoria Bitter ဘီယာလုပ်ငန်းက ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ ကြေညာခဲ့ပါတယ်။
2 years Ago
အာဖဂန်နစ္စတန်တွင် တာလီဘန်များက ကုန်ကား ၁ စီးကို ဗုံးထောင်ဖောက်ခွဲ၊ လူ ၂၀ သေဆုံး
2 years Ago
ဂျပန်နိုင်ငံ လူ ၅၀၀ ခန့်တင်လာသည့် ရထားနှင့်ကုန်ကားတိုက်မိ၊ ကုန်ကားမီးလောင်
ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ယိုကိုဟားမားမှာ လူအယောက် ငါးရာလောက်ကို တင်လာတဲ့ အမြန်ရထားနဲ့ ကုန်ကားတစီး စက်တင်ဘာ ၅ ရက်က တိုက်မိလို့ လူတယောက် သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရပါတယ်။ တိုက်မိတဲ့အရှိန်ကြောင့် ကုန်ကားမီးလောင်ပြီး ရထားတွဲတွေ လမ်းချော်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြို့တော် တိုကျိုကို သွားတဲ့ လူစည်ကားတဲ့ ရထားလမ်းကြောမှာ ဝန်ဆောင်မှုတွေ ရပ်ကုန်ပါတယ်။ ရထားမောင်းခန်းက မှန်တွေကွဲသလို ရထားတွဲ ၈ တွဲထဲက ၃ တွဲ လမ်းချော်ခဲ့ပါတယ်။ ထိပ်ဆုံးက ရထားတွဲကတော့ ဆိုးဆိုးရွားရွား တွန့်လိမ်သွားခဲ့တာပါ။  ရထားမောင်းသူက ကုန်ကားကို မြင်ချိန်မှာ ဘရိတ်အုပ်ခဲ့ပေမယ့် အချိန်မီ မရပ်နိုင်ခဲ့ဘူးလို့ ရထားကုမ္ပဏီ ခေးအိကယူး ကော်ပိုရေးရှင်းကို ကိုးကားပြီး NHK သတင်းဌာနက အစီရင်ခံပါတယ်။  မတိုက်မိခင်မှာ ရထားက ဥသြသံရှည် ဆွဲခဲ့တယ်လို့ ခရီးသည်တယောက်က ပြောခဲ့ပါတယ်။ သစ်သီးတွေ တင်လာတဲ့ ကုန်ကားဟာ ရထားနဲ့ နံရံကြားမှာညပ်ပြီး တိုက်မိပြီးပြီးချင်း မီးလောင်ခဲ့တာပါ။ တိုက်မိရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အပါအဝင် အာဏာပိုင်တွေက ပြောပါတယ်။ နေ့စဉ် လူအယောက် ၂ သောင်းနီးပါး သုံးနေတဲ့ ဘူတာနားမှာ တိုက်မိတာဖြစ်လို့ ရထားလမ်းကြောင်းတွေ ရပ်ကုန်ပါတယ်။ ဘယ်အချိန်မှာ ရထားလိုင်းတွေ ပြန်ပြေးဆွဲနိုင်မယ် ဆိုတာ မသိရသေးပါဘူး။ 
2 years Ago
ဂုတ်တွင်းတံတား ဖျက်ဆီးခံရသဖြင့် မန္တလေး-မူဆယ် ကုန်ကားများနှင့် အလုပ်သမားများ အခက်အခဲဖြစ်နေ
2 years Ago
နောင်ချိုပစ်ခတ်မှုအလွန်ကုန်ကားကြီးများရာနှင့်ချီလမ်းပေါ်ပိတ်မိနေ၊ မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ မနေ့က ပစ်ခတ်မှုတွေဖြစ်ပွါးပြီး ဂုတ်တွင်းတံတားပျက်စီးသွားတဲ့အတွက် လားရှိုး၊ မူဆယ်ဘက်သွားမယ့် ကားတွေ ဆက်သွားလို့မရတော့ဘဲ လမ်းခုလတ်မှာ ရာနဲ့ ချီပိတ်မိနေပါတယ်။ ကုန်တင်ကားကြီးတွေ၊ ခရီးသည်တင်ကားတွေအနေနဲ့ မန္တလေး၊ ပြင်ဦးလွင်ဘက်ကနေ လားရှိုး ၊ မူဆယ်ဘက် တက်မယ်ဆိုရင် အဆိုပါဂုတ်တွင်းလမ်း တလမ်းတည်းသာရှိတာကြောင့် ဂုတ်တွင်း တံတားဖောက်ခွဲခံရပြီးတဲ့နောက် ရှေ့ဆက်မသွားနိုင်ဘဲ နောင်ချိုမှာ ရာနဲ့ချီပိတ်မိနေတာလို့ နောင်ချို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ စိုင်းအောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။ “အခုနောင်ချိုမှာ ကားတွေအများကြီးပိတ်မိနေတယ်၊ နောင်ချိုကနေ ဘန့်ဘွေးအထိကို ကားတန်းက အရှည်ကြီး ရာနဲ့ချီရှိမယ်၊ ကားငယ်တချို့ကတော့ မန္တလေး ဘက်လှည့်ပြန်ကုန်တယ်။ ဂုတ်တွင်းတံတားကတော့ နေပြည်တော်ဆောက်လုပ်ရေးအဖွဲ့က လာပြင်ပေးမယ်။ သူတို့အဖွဲ့က အခုဒီမနက် နောင်ချိုရောက်နေပြီ။ ဘေလီတံတား ၂ ရက်အတွင်းပြီး အောင်ဆောက်မယ်လို့တော့ ပြောတယ်ခင်ဗျ ” နောင်ချိုကနေ လားရှိုးဘက်ကို မဖြစ်မနေအရေးကြီးကိစ္စသွားစရာရှိရင်တော့ ဂုတ်တွင်း တံတားထိ ဆိုင်ကယ်-ကယ်ရီနဲ့သွားပြီး တံတားပေါ်လမ်းလျှောက်ကာ ကျောက်မဲကတဆင့် ကားပြန်စီးနိုင်ပါတယ်။ ကံကြီး၊ ကျောက်ဂူကျေးရွာဘက်ကနေ နမ့်လန်ဘက်ကိုသွားမယ့် နောက်တလမ်းရှိပေမယ့် ခရီးကြမ်းတယ်လို့ သိရပါတယ် ။ ယမန်နေ့ညက နောင်ချိုတမြို့လုံး အိမ်တံခါးတွေစောစောပိတ်ကာ တိတ်ဆိတ်နေပြီး ဒီကနေ့မှာတော့ လမ်းသွားလမ်းလာပုံမှန်ရှိကြောင်း၊ နောင်ချိုနဲ့ ၇ မိုင်အကွာ ၅ ရက်တဈေးစည်ကားတဲ့ ကံကြီးရွာဈေးနေ့ ကတော့ လူဆယ်ဂဏန်းလောက်ပဲရှိပြီး ခြောက်ကပ်နေတယ်လို့ သူကဆက်ပြောပါတယ် ။ မနေ့က ပစ်ခတ်မှုကြောင့် နောင်ချိုဆေးရုံမှာ လူနာ ၁၄ ဦးခန့်ရောက်နေပြီး အများစုက တပ်မတော်သားနဲ့ ရဲတွေဖြစ်ကာ ဒဏ်ရာပြင်းထန်တာတော့မရှိကြောင်း၊ မူးယစ်ဂိတ်က ရဲဝန်ထမ်း ၆ ဦးကတော့ မဟာမိတ် အဖွဲ့တွေ ဖမ်းခေါ်သွားတယ်လို့ နီးစပ်သူတွေထံမှ သိရကြောင်း စိုင်းအောင်လွင်က ပြောသွားပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ မူဆယ်မှာတော့ ခါတိုင်းဆိုရင် အောက်ပြည်က တက်လာတဲ့ကုန်ကားကြီးတွေ နေ့စဉ်နဲ့အမျှ ထောင်ချီသွားလာနေရာမှာ ဒီကနေ့တော့ အလွန်နည်းပါးသွားတယ်လို့ မူဆယ်ဂရုဏာ လူမှုကူညီရေးအဖွဲ့ဥက္ကဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။ “မူဆယ်မြို့ အဝင်အထွက်ကားတွေတန်းစီတဲ့နေရာကနေ အေးရှားဝေါဂိတ်ထိ ကျနော်ခုပဲပြန်လာခဲ့တာ။ ကားတွေတော်တော် နည်းနေတယ်ခင်ဗျ။ ခါတိုင်းဆိုရင် အဲဒီမှာကားတွေကလမ်းပေါ်မှာအပြည့်ပဲ။ အစီး ရေဘယ်လောက်လဲတော့ ပြောလို့မရဘူး။ များတဲ့အချိန်ဆိုရင် ကားက တရက်ကို အစီးရေ နှစ်ထောင်၊ သုံးထောင်လောက်သွားနေတာလေ၊ အခုပါးသွားပြီ။ ဒီရက်ပိုင်းတွင်း တရုတ်နဲ့ ကုန်သွယ်မှုအဆင်မပြေတော့ ကားတွေနည်းနေကာမှ မနေ့က ပစ်ခတ်မှုကြောင့် ပိုဆိုး သွားတာပေါ့” ခုရက်ပိုင်းတွင်း မြန်မာဘက်ကထွက်တဲ့ သကြား၊ ဆန်၊ ပြောင်း အစရှိတဲ့ သီးနှံတွေ တရုတ်ဘက်က အဝယ်မရှိတဲ့အတွက် ကုန်စည်ရောင်းဝယ်မှုကျဆင်းနေတယ်လို့ ဆိုပါတယ်။ ဂုတ်တွင်းပစ်ခတ်မှုမှာ ကျဆုံးခဲ့ရတဲ့ တပ်မတော်သားတွေထဲက အလောင်း ၇ လောင်းကိုတော့ ဒီကနေ့ မနက်မှာ သူတို့ မူဆယ်ဂရုဏာလူမှုကူညီရေးအဖွဲ့ကားရော နောင်ချိုကပရဟိတအဖွဲ့တွေနဲ့ပါ စုစုပေါင်း ကား ၄ စီးနဲ့ ပြင်ဦးလွင်တပ်မတော်စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဓာတ်ပုံ-ဆောက်လုပ်ရေး
နောင်ချိုပစ်ခတ်မှုအလွန်ကုန်ကားကြီးများရာနှင့်ချီလမ်းပေါ်ပိတ်မိနေ၊ မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက် နန်းမြနဒီ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ မနေ့က ပစ်ခတ်မှုတွေဖြစ်ပွါးပြီး ဂုတ်တွင်းတံတားပျက်စီးသွားတဲ့အတွက် လားရှိုး၊ မူဆယ်ဘက်သွားမယ့် ကားတွေ ဆက်သွားလို့မရတော့ဘဲ လမ်းခုလတ်မှာ ရာနဲ့ ချီပိတ်မိနေပါတယ်။ ကုန်တင်ကားကြီးတွေ၊ ခရီးသည်တင်ကားတွေအနေနဲ့ မန္တလေး၊ ပြင်ဦးလွင်ဘက်ကနေ လားရှိုး ၊ မူဆယ်ဘက် တက်မယ်ဆိုရင်  အဆိုပါဂုတ်တွင်းလမ်း တလမ်းတည်းသာရှိတာကြောင့် ဂုတ်တွင်း တံတားဖောက်ခွဲခံရပြီးတဲ့နောက် ရှေ့ဆက်မသွားနိုင်ဘဲ နောင်ချိုမှာ ရာနဲ့ချီပိတ်မိနေတာလို့ နောင်ချို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ စိုင်းအောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။ “အခုနောင်ချိုမှာ ကားတွေအများကြီးပိတ်မိနေတယ်၊ နောင်ချိုကနေ ဘန့်ဘွေးအထိကို ကားတန်းက အရှည်ကြီး ရာနဲ့ချီရှိမယ်၊  ကားငယ်တချို့ကတော့ မန္တလေး ဘက်လှည့်ပြန်ကုန်တယ်။ ဂုတ်တွင်းတံတားကတော့ နေပြည်တော်ဆောက်လုပ်ရေးအဖွဲ့က လာပြင်ပေးမယ်။ သူတို့အဖွဲ့က အခုဒီမနက်  နောင်ချိုရောက်နေပြီ။ ဘေလီတံတား ၂ ရက်အတွင်းပြီး အောင်ဆောက်မယ်လို့တော့ ပြောတယ်ခင်ဗျ ” နောင်ချိုကနေ လားရှိုးဘက်ကို မဖြစ်မနေအရေးကြီးကိစ္စသွားစရာရှိရင်တော့ ဂုတ်တွင်း တံတားထိ ဆိုင်ကယ်-ကယ်ရီနဲ့သွားပြီး တံတားပေါ်လမ်းလျှောက်ကာ ကျောက်မဲကတဆင့် ကားပြန်စီးနိုင်ပါတယ်။ ကံကြီး၊ ကျောက်ဂူကျေးရွာဘက်ကနေ နမ့်လန်ဘက်ကိုသွားမယ့် နောက်တလမ်းရှိပေမယ့် ခရီးကြမ်းတယ်လို့ သိရပါတယ် ။ ယမန်နေ့ညက နောင်ချိုတမြို့လုံး အိမ်တံခါးတွေစောစောပိတ်ကာ တိတ်ဆိတ်နေပြီး ဒီကနေ့မှာတော့ လမ်းသွားလမ်းလာပုံမှန်ရှိကြောင်း၊ နောင်ချိုနဲ့ ၇ မိုင်အကွာ ၅ ရက်တဈေးစည်ကားတဲ့  ကံကြီးရွာဈေးနေ့ ကတော့ လူဆယ်ဂဏန်းလောက်ပဲရှိပြီး ခြောက်ကပ်နေတယ်လို့ သူကဆက်ပြောပါတယ် ။ မနေ့က ပစ်ခတ်မှုကြောင့် နောင်ချိုဆေးရုံမှာ လူနာ ၁၄ ဦးခန့်ရောက်နေပြီး အများစုက တပ်မတော်သားနဲ့ ရဲတွေဖြစ်ကာ ဒဏ်ရာပြင်းထန်တာတော့မရှိကြောင်း၊ မူးယစ်ဂိတ်က ရဲဝန်ထမ်း ၆ ဦးကတော့ မဟာမိတ် အဖွဲ့တွေ ဖမ်းခေါ်သွားတယ်လို့ နီးစပ်သူတွေထံမှ သိရကြောင်း စိုင်းအောင်လွင်က ပြောသွားပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ မူဆယ်မှာတော့ ခါတိုင်းဆိုရင် အောက်ပြည်က တက်လာတဲ့ကုန်ကားကြီးတွေ နေ့စဉ်နဲ့အမျှ ထောင်ချီသွားလာနေရာမှာ ဒီကနေ့တော့ အလွန်နည်းပါးသွားတယ်လို့ မူဆယ်ဂရုဏာ လူမှုကူညီရေးအဖွဲ့ဥက္ကဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။ “မူဆယ်မြို့ အဝင်အထွက်ကားတွေတန်းစီတဲ့နေရာကနေ အေးရှားဝေါဂိတ်ထိ ကျနော်ခုပဲပြန်လာခဲ့တာ။ ကားတွေတော်တော် နည်းနေတယ်ခင်ဗျ။ ခါတိုင်းဆိုရင် အဲဒီမှာကားတွေကလမ်းပေါ်မှာအပြည့်ပဲ။ အစီး ရေဘယ်လောက်လဲတော့ ပြောလို့မရဘူး။ များတဲ့အချိန်ဆိုရင် ကားက တရက်ကို အစီးရေ  နှစ်ထောင်၊ သုံးထောင်လောက်သွားနေတာလေ၊ အခုပါးသွားပြီ။ ဒီရက်ပိုင်းတွင်း တရုတ်နဲ့ ကုန်သွယ်မှုအဆင်မပြေတော့ ကားတွေနည်းနေကာမှ မနေ့က ပစ်ခတ်မှုကြောင့် ပိုဆိုး သွားတာပေါ့” ခုရက်ပိုင်းတွင်း မြန်မာဘက်ကထွက်တဲ့ သကြား၊ ဆန်၊ ပြောင်း အစရှိတဲ့ သီးနှံတွေ တရုတ်ဘက်က အဝယ်မရှိတဲ့အတွက် ကုန်စည်ရောင်းဝယ်မှုကျဆင်းနေတယ်လို့ ဆိုပါတယ်။ ဂုတ်တွင်းပစ်ခတ်မှုမှာ ကျဆုံးခဲ့ရတဲ့ တပ်မတော်သားတွေထဲက အလောင်း ၇ လောင်းကိုတော့ ဒီကနေ့ မနက်မှာ သူတို့ မူဆယ်ဂရုဏာလူမှုကူညီရေးအဖွဲ့ကားရော နောင်ချိုကပရဟိတအဖွဲ့တွေနဲ့ပါ စုစုပေါင်း ကား ၄ စီးနဲ့ ပြင်ဦးလွင်တပ်မတော်စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဓာတ်ပုံ-ဆောက်လုပ်ရေး
2 years Ago
ဗန်းမော်မြို့ စုပေါင်းရုံးအနီး အကြီးစားပေါက်ကွဲမှုဖြစ်ပွား
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးအနီးမှာ ဧပြီ ၂၈ ရက် မနက် ၈ နာရီလောက်က အကြီးစားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ခရိုင်ရုံး မှန်ချပ်တွေကွဲခဲ့ရပြီး  အုတ်နံရံ မိုင်းစထိမှန်ခဲ့ပေမဲ့  လူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပေါက်ကွဲမှုကြောင့် စုပေါင်းရုံးမှာ CDM မဝင်ဘဲ ရုံးတက်နေကြတဲ့  ဝန်ထမ်းတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရှိရပါတယ်။
အဆိုပါစုပေါင်းရုံးမှာ   ရဲနဲ့ စစ်သားလုံခြုံရေးအပြည့်ချထားတဲ့နေရာဖြစ်ပြီး အများပြည်သူ ဖြတ်သန်းသွားလာမှု မရှိအောင် ပိတ်ဆို့ထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။  
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ဗန်းမော်မြို့မှာ စစ်တပ်က ကုန်ကားတစ်စီးကို  ကေအိုင်အေအမှတ်နဲ့လိုက်ပစ်ခတ်ခဲ့လို့ ဈေးသည်တွေနဲ့ ကားသမားတွေ အသက်လု ထွက်ပြေးကြရပြီး ဒေသခံ ၃ ယောက် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့ကလည်း ဗန်းမော် ၃ မိုင်လမ်းမှာ ကားတစ်စီးမိုင်းခွဲခံခဲ့ရပြီး အနည်းငယ်ပျက်စီးခဲ့ကာ လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။
လက်ရှိမှာလည်း ဗန်းမော်မြို့ အဝင်အထွက်မှာ  အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လုံခြုံရေး တင်းကြပ်စွာ စစ်ဆေးနေပါတယ်။
ဓာတ်ပုံ- ယခင်ပုံဟောင်း
PHOTO- Platform B
1 week Ago
More News
Up