Search Results For: ရီးရဲလ်မက်ဒရစ်
တစ်ယောက် ထုတ်ခံရပြီး အိမ်ကွင်း ရှုံးပွဲကြုံတွေ့ခဲ့သည့် ရီးရဲလ်မက်ဒရစ်
စနေနေ့မှာ ကစားခဲ့တဲ့ လီဗန်တေးနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းနဲ့ ၇ မှတ်အကွာ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ရီးရဲလ်အသင်းဟာ ပွဲအစမှာကတည်းက တစ်ယောက်လျော့ခဲ့တာဖြစ်ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 
ရီးရဲလ် နောက်ခံလူ မီလီတိုဟာ ပွဲအစ ၉ မိနစ်မှာကတည်းက အထုတ်ခံခဲ့ရတာဖြစ်ပေမယ့် သူ အထုတ်ခံရပြီး မိနစ်အနည်းငယ်အကြာမှာ အဆန်စီယိုက အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မော်ရာလက်စ်က လီဗန်တေးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး ၁၂ မိနစ်အလိုမှာ မာတီကလီ ဗန်တေးအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 
လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားကို တီကိုအသင်းက ဦးဆောင်နေပြီး ရီးရဲလ်ဟာ တီကိုထက် ၂ ပွဲပိုကစားထားပါတယ်။ 
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် အလာဗတ်စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရသူ ရီးရဲလ်အသင်း နည်းပြဇီဒန်းဟာ လီဗန်တေးနဲ့ပွဲမှာ ပြန်လည်ကြီးကြပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် ဒဏ်ရာပြဿနာရှိနေတာကြောင့် လီဗန်တေးနဲ့ပွဲမှာ ဇီဒန်းဟာ ဗာရာနီနဲ့ မီလီတိုတို့ကို အသုံးပြုခဲ့ပေမယ့် ဒီအတွဲဟာ ကွင်းထဲမှာ ၁၀ မိနစ်လောက်သာ တွဲဖက်ကစားခဲ့ရပါတယ်။
ပင်နယ်တီဧရိယာပြင်ပမှာ ပြိုင်ဘက်ကစားသမားတစ်ဦးကို ကစားပုံကြမ်းခဲ့တာကြောင့် မီလီတိုဟာ ကနဦး အဝါကတ်သာပြခံခဲ့ရပေမယ့် VAR ပြန်လည်ကြည့်ရှုပြီးချိန်မှာတော့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကို တားဆီးခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ်။ 
အနီကတ်ပြခံရပြီးပြီးချင်း အဆန်စီယိုက ဂိုးသွင်းခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ အနိုင်ရရှိသွားမယ်လို့ ယူဆခဲ့ကြပေမယ့် မာတီရဲ့ပင်နယ်တီကို ကော်တွိုက်ကာ ကွယ်နိုင်ခဲ့လို့သာ ၃ ဂိုးမဖြစ်ခဲ့တာပါ။ 
ဒါဟာ ရီးရဲလ်အသင်းအတွက် လာလီဂါနောက်ဆုံး ၁၀ ပွဲအတွင်း ပထမ ဆုံးရှုံးပွဲလည်း ဖြစ်ပါတယ်။ 
ရီးရဲလ်အသင်းဟာ ကိုပါဒယ်လ်ရေးပြိုင်ပွဲမှာ တတိယတန်းကလပ် အယ်လ်ကိုယာနိုကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်တာကြောင့် ဒီနေ့အရှုံးက နည်းပြဇီဒန်းအတွက် ဖိအားတွေကို ထပ်များစေခဲ့ပြီ ဖြစ်ပါတယ်။
3 months Ago
ရီးရဲလ်မက်ဒရစ်၏ ကမ်းလှမ်းမှုသတင်း နည်းပြပိုချက်တီနိုငြင်းဆို
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းတွေကို ပိုချက်တီနိုက ပယ်ချလိုက်ပါတယ်။
ပီအက်စ်ဂျီ နည်းပြသစ်ဟာ စပါးအသင်းက ထွက်ခွာလာပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်း နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူပါ။  သူဟာ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ တိုက်ရိုက်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့လည်း တချို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 
ဒါပေမဲ့ ပိုချက်တီနိုကတော့ ဒီသတင်းတွေဟာ အမှန်တွေ မဟုတ်ဘူးလို့ ပြောကာ အသင်း ဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီက သူ့ကို ပြီးပြည့်စုံတဲ့ စီမံကိန်း တစ်ခုနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။ 
ပီရတ်ဇ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်ဆိုတာ ဟုတ်ပါသလားလို့ Marca  သတင်းရဲ့ မေးမြန်းမှုကို ပိုချက်တီနိုက “ဒီလိုမျိုး မဖြစ်ခဲ့ပါဘူး။ အသင်းတိုင်းဟာ အမြဲတမ်း လူ ပုဂ္ဂိုလ်တစ်ဦးချင်းစီထက် အရေးပါပြီး ဒီလို သတင်းတွေကိုပြောတဲ့သူဟာလည်း အဓိပ္ပါယ်မရှိတဲ့ သူပါ။ ပီအက်စ်ဂျီအသင်းဘက်က ရရှိခဲ့တဲ့ ကမ်းလှမ်းမှုကတော့ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ အရမ်းကို ထူးခြားတဲ့ ပရောဂျက်တစ်ခုပေါ့” လို့ ပြောပါတယ်။ 
ပီအက်စ်ဂျီဟာ မကြာခင်စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။
ပိုချက်တီနိုက ရာမို့စ်အနေနဲ့ ပဲရစ်ကို လာမယ်ဆိုရင်ကမ္ဘာ့အကြီးမားဆုံး ဘောလုံးအသင်း တွေထဲက တစ်ခုမှာ ကစားခွင့်ရမယ်လို့ ပြောခဲ့ပြီး သူဟာ ပီအက်စ်ဂျီအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အသင်းကို ရောက်လာခဲ့တာလို့လည်း အသိပေးခဲ့ပါတယ်။
3 months Ago
ရီးရဲလ်မက်ဒရစ်၏ ဖာဂူဆန် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဟု နည်းပြဇီဒန်း ပြော
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖာဂူဆန် ဘယ်တော့မှာဖြစ်လာမှာမဟုတ်ကြောင်း နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းကို နှစ်ရှည်ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။  မန်ယူအသင်းမှာ နည်းပြ ဖာဂူဆန် ကိုင်တွယ်သွားခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းမှာလည်း အဲဒီလို နှစ်ရှည်ကိုင်တွယ်ပြီး ရီးရဲလ်အသင်းရဲ့ဖာဂူဆန် ဖြစ်လာနိုင်သလား ဆိုတာကို မီဒီယာတစ်ဦးက မိုချန်ဂလာဘက်နဲ့ ပွဲအပြီးမှာ မေးမြန်းခဲ့တာပါ။ ဖာဂူဆန်လို နည်းပြ ဖြစ်လာမှာမဟုတ်သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘယ်အချိန်အထိ ဆက်ရှိနေမလဲဆိုတာလည်း မသိရှိကြောင်း၊ ရေရှည်အတွက် ဘာမှတွေးမထားဘဲ တစ်ရက်ချင်းသာ အကောင်းဆုံးလုပ်ဆောင်ပြီးဖြတ်သန်းသွားမယ်လို့ နည်းပြဇီဒန်းက ပြော ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ မိုချန်ဂလာဘက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာ ကနေ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။  
5 months Ago
ဟာလန်းနှင့် အမ်ဘာပေ တိုက်စစ်အတွဲကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ပစ်မှတ်ထား
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ တို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။  နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့တာပါ။  လက်ရှိစာချုပ်သက်တမ်း အခြေအနေကြောင့် လာမယ့် ၂၀၂၂ ခုနှစ်မှာ ဟာလန်းကို ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။  အလားတူ ပြင်သစ်ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကိုလည်း ရီးရဲလ်အသင်းက ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။  စပိန်သတင်းစာ AS ရဲ့ အဆိုအရ ဟာလန်းရော အမ်ဘာပေကိုပါ ရီးရဲလ်အသင်းက ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေကို အမ်ဘာပေနဲ့ ဟာလန်း ဘယ်သူက ပိုကောင်းသလဲဆိုပြီး စစ်တမ်းတခု လုပ်ဆောင်ခဲ့ရာမှာတော့ ဟာလန်းကို ခေါ်ယူဖို့ မဲအများဆုံး ရရှိခဲ့တယ်လို့ သိရပါတယ်။
5 months Ago
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မာရီယာနို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး မာရီယာနိုဒိုင်ယက်ဇ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ကလပ်အသင်းက သတင်းထုတ်ပြန်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းသားတွေအားလုံးကို တနင်္လာနေ့က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့တာပါ။ ဒိုင်ယက်ဇ်ဟာ ကျန်းမာရေးကောင်းမွန်နေပေမဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး သီးခြားနေထိုင်ပြီး ကုသထားတယ်လို့ အသင်းက သတင်းထုတ်ပြန် ပါတယ်။ ဒိုင်ယက်ဇ်ဟာ အခုနှစ်ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ၅ ပွဲ ကစား၊ ၁ ဂိုး သွင်းထားပြီး အသင်းရဲ့အရန်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး ဖြစ်ပါတယ်။   လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ သြဂုတ် ၈ ရက်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ အဝေးကွင်းမှာ လာရောက်ကစားရမှာပါ။ အဲဒီပွဲစဉ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့ ဒိုင်ယက်ဇ်ကို ခေါ်ဆောင်လာမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။
9 months Ago
ရီးရဲလ်မက်ဒရစ် လူငယ်ကစားသမား ဖာနန်ဒက်စ်ကို  မန်ယူနိုက်တက် ခေါ်ယူ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်လူငယ် နောက်ခံလူ အယ်ဗာရို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှုရသွားပါတယ်။  အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ဘယ်နောက်ခံလူ အယ်ဗာရိုစပိန်လူငယ်လက်ရွေးစင် ဖာနန်ဒက်စ်ကို ယူနိုက်တက်က ၄ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး  အခုနှစ်ရာ သီအကုန်မှာ အပြီးသတ်  ပြောင်းရွှေ့လာမယ်လို့သိရပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းရဲ့သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကိုတော့ ဖာနန်ဒက်စ်ဘက်က ပယ်ချထားတယ်လို့ဆိုပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ စီနီယာအသင်း နောက်ခံလူ မာဆယ်လိုကို သူ့ရဲ့စံပြ ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။  မန်ယူနိုက်တက်အသင်းဟာမှာ ဘယ်နောက်ခံလူတွေအဖြစ် လုခ်ရှောနဲ့  ဘရန်ဒန်ဝီလီယံတို့ ရှိပြီး လက်ရှိအချိန်မှာတော့ ၂ ဦးစလုံးဒဏ်ရာရနေပါတယ်။ 
10 months Ago
ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါချန်ပီယံဆုဖလား ၃၄ ကြိမ်မြောက်ရရှိ
မနေ့ညက ကစားသွားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဗီလာရီးရဲလ်ကို အနိုင်ရ ပြီးချန်ပီယံ ဆုဖလားရယူနိုင်ခဲ့ပါတယ်။  ရီးရဲလ်အသင်းဟာ အိမ်ကွင်းမှာ ဘင်ဇီမာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ပြိုင်ဘက်ဘာစီလိုနာအသင်းကတော့ အိုဆာဆူနာအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားပြီး ချန်ပီယံဆုဖလား လက်လွှတ်ခဲ့ရတာပါ။  လက်ကျန် ၁ ပွဲအလိုမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဒုတိယနေရာက ဘာစီလိုနာအသင်းကို ၇ မှတ်အထိဖြတ်ခဲ့တာကြောင့် ချန်ပီယံဆုရဖို့ သေချာသွားခဲ့တာလည်းဖြစ်ပါ တယ်။  ရီးရဲလ်အသင်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လာလီဂါ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာဖြစ်ပြီး လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာတော့  ၃၄ ကြိမ်မြောက်  ချန်ပီယံဆုဖလားရရှိတာ ဖြစ်ပါတယ်။
10 months Ago
ရီးရဲလ်မက်ဒရစ်ကစားသမားအားလုံး ဘလွန်းဒီအောဆုနှင့် ထိုက်တန်ဟု  နည်းပြဇီဒန်းပြော
ရီးရဲလ်မက်ဒရစ်ကစားသမားအားလုံးဟာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ထိုက်တန် သူတွေဖြစ်တယ်လို့ နည်းပြ ဇီဒန်းကပြောပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယားကို ထိပ်ဆုံးမှာရှိနေပြီး  ၂၀၁၇ နောက်ပိုင်းမှာ  လာလီဂါချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ လက်တကမ်းမှာ ရှိနေတာပါ။ အသင်းရဲ့ တိုက်စစ်မှူး ဘင်ဇီမာက လာလီဂါ ၃၅ ပွဲမှာ ၁၉ ဂိုးသွင်းယူထားပြီး ဘလွန်းဒီအောအကောင်းဆုံး ဆုနဲ့ရနိုင်သလားဆိုတဲ့ မေးခွန်းအပေါ်မှာ နည်းပြဇီဒန်းက ပြန်လည်ဖြေကြားခဲ့တာပါ။ ဘောလုံးမှာ လူတိုင်းပြောချင်တာ ပြောလို့ရပြီး သူ့အတွက်တော့ ဘင်ဇီမာ တစ်ဦးတည်းတင်မဟုတ်ဘဲ ရီးရဲလ်ကစားသမားအားလုံးက ဘလွန်းဒီအောဆုနဲ့ ထိုက်တန်သူတွေဖြစ်တယ်လို့ နည်းပြဇီဒန်းကပြောပါတယ်။ ဆက်လက်ပြီး ဘင်ဇီမာဟာ အခုနှစ်ရာသီမှာပဲ ခြေစွမ်းပြနေတာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေကတည်းက ခြေစွမ်းပြနိုင်ခဲ့သူဖြစ်တယ်လို့ နည်းပြဇီဒန်းကချီးကျူးခဲ့ပါတယ်။
10 months Ago
ရီးရဲလ်မက်ဒရစ်အသင်း ယခုနှစ်လာလီဂါ ချန်ပီယံဖြစ်ရန် နီးစပ်လာ 
ဂရန်နာဒါအသင်းကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးဖို့အတွက် ၂ မှတ်ပဲ လိုတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် အဖွင့်ဂိုးကို နောက်ခံလူ မန်ဒီက ထောင့်ကျဉ်း အနေအထားကနေ သွင်းယူခဲ့တာဖြစ်ပြီး ဘန်ဇီမာက ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နေတဲ့ ရီးရဲလ်အသင်းဟာ ဒုတိယပိုင်းမှာတော့ ဂရန်နာဒါအသင်းရဲ့ တုံ့ပြန်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး မိနစ် ၅၀ မှာ ချေပဂိုး ၁ ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။  ဂရန်နာဒါ ကစားသမား ဒါဝင်မတ်ချစ်က ဂိုးသမား ကော်တိုရစ်ကို ကျော်ဖြတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။  ဒီပွဲ အနိုင်ရလဒ်ကြောင့် ရီးရဲလ်အသင်းဟာ နှစ်ပွဲသာ ကစားဖို့ ကျန်ရှိတော့တဲ့အချိန်မှာ ဒုတိယနေရာက ဘာစီလိုနာအသင်းနဲ့ အမှတ်ကွာဟချက် ၄ မှတ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အသာရရှိထားတာကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါဖလားကို ဆွတ်ခူးဖို့ဆိုရင် ကျန်ရှိနေတဲ့ ၂ ပွဲကနေ ၂ မှတ် ရယူနိုင်ဖို့ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။ ပွဲကျန် ၂ ပွဲက ပထမပွဲကို ကြာသပတေးနေ့မှာ အဆင့် ၅ နေရာ‌က ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကိုတော့ တန်းဆင်းရမယ့်အန္တရာယ်ရှိနေတဲ့ လီဂါနက်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  ဒီနှစ်သင်းစလုံးဟာ ရီးရဲလ်အသင်းအတွက် အနိုင်ယူဖို့ လွယ်ကူတဲ့အသင်းတွေလို့ မဆိုနိုင်ပေမဲ့ ဒီ ၂ ပွဲစလုံးကို လုံးဝအရှုံးခံမှာမဟုတ်တဲ့ အနေအထားကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါဖလားကို ဆွတ်ခူးဖို့ တော်တော်လေး သေချာသလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက “ကျနော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြာသပတေးနေ့အတွက် အားမွေးထား ဖို့လိုအပ်ပါတယ်။ ကျနော်တို့ အင်္ဂါနေ့မှာ လေ့ကျင့်ခန်းပြုလုပ်ပြီး ကြာသပတေးနေ့မှာ ပွဲကစားရမှာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေဟာ ကျနော်တို့အတွက် တော်တော်လေး ခက်ခဲခဲ့ပြီး ဂရန်နာဒါအသင်းကြောင့် ဒုတိယပိုင်းမှာ ကျနော်တို့ ခံစစ်ကို ပိုပြီးအားပြုခဲ့ရပါတယ်” လို့  ပြောပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ နိုင်ပွဲဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၉ ပွဲဆက်တိုက် နိုင်ပွဲလည်း ဖြစ်ပါတယ်။
10 months Ago
ပေါင် ၂၂ သန်းရပါက ဂျိမ်းရိုဒရီဂွက်ဇ်ကို  ရီးရဲလ်မက်ဒရစ်ရောင်းမည်
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ကို ပေါင် ၂၂ သန်း ရရင် ရောင်းချသွားတော့မယ်လို့ သိရပါတယ်။  ကိုလံဘီယာကွင်းလယ်လူ ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိ တော့တာပါ။  အသင်းမှာ ပွဲထွက်ခွင့်လည်း မပေးနိုင်တဲ့အတွက် သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပေါင် ၂၂ သန်းပေးချေမယ်ဆိုရင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။  ရီးရဲလ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချခြင်းမရှိခဲ့ဘူးဆိုရင် ရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။  ဒီအခြေအနေကြောင့်  ဂျိမ်းရိုဒရီဂွက်ဇ်ကို ခေါ်ယူလိုတဲ့အသင်းတွေအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။  အသက် ၂၈ နှစ်ရှိ ရိုဒရီဂွက်ဇ်ကို  အန်စလော့တီရဲ့အဲဗာတန်အသင်း၊ ဝုဗ်၊ မန်ယူနဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူလိုနေပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ ရိုဒရီဂွက်ဇ်ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်မှာ ၂ ရာသီကြာ အငှားချခဲ့ပါသေးတယ်။ 
10 months Ago
ရီးရဲလ်မက်ဒရစ်အသင်းသားများ လေ့ကျင့်ခန်းပြန်လည်စတင်
စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ  ၂ လခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် မေ ၁၁ ရက်က လေ့ကျင့်မှုတွေ စတင်ပြုလုပ်ပါတယ်။  ပြီးခဲ့တဲ့မတ်လဆန်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပွဲစဉ်တွေနဲ့ ရပ်နားထားခဲ့ရပြီး လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်းတွေ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ Mask ကို ဝတ်ဆင်ပြီး ကစားသမားတွေရဲ့ လေ့ကျင့်မှုကို အနီးကပ် ကြီးကြပ်ခဲ့ပါတယ်။  ရီးရဲလ် ကစားသမားတွေဟာ Social Distancing စည်းကမ်းအရ အုပ်စု ၂ ခု ခွဲခြားပြီး လေ့ကျင့်ခဲ့ကြတာပါ။ အသင်းခေါင်းဆောင် ရာမို့စ်၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ ဗယ်ဗာဒီတို့အပြင် ဒဏ်ရာကနေ သက်သာလာတဲ့ အေဒင်ဟာဇက်လည်း လေ့ကျင့်းခန်းဆင်းခဲ့ပါတယ်။  စပိန် လာလီဂါပွဲစဉ်တွေကို လာမယ့်ဇွန်လဆန်းမှာ စတင်ကျင်းပဖို့ လျာထားပါတယ်။
12 months Ago
ရာမို့စ်ကို စာချုပ်သက်တမ်းတိုးရန် ရီးရဲလ်မက်ဒရစ် ဆွေးနွေးခြင်းမရှိသေး
ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကို စာချုပ်သက်တမ်းတိုးဖို့ မဆွေးနွေးသေးဘူးလို့ သိရပါတယ်။ နောက်ခံလူ ရာမို့စ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခြင်း မရှိသေးတာပါ။ စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ ဆိုးရွားနေတာကြောင့် ကစားသမားတွေရဲ့ လုပ်ခတချို့ကိုလည်း ဖြတ်တောက်ခံရဖို့ ရှိနေပါတယ်။ ရီးရဲလ်ဘက်ကတော့ ရာမို့စ်ကို တနှစ်သက်တမ်းတိုးလိုပေမယ့် ကစားသမားဘက်က ၂ နှစ် သက်တမ်းတိုးလိုတယ်လို့ သတင်းထွက်နေပါတယ်။ အသက် ၃၄ နှစ်ရှိ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်ကတည်းက ဆီဗီလာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။ အသင်းအတွက် စုစုပေါင်းပွဲ ၆၄၀ အထိ ကစားထားပြီး ချန်ပီယံလိဂ်ဆုဖလား ၄ လုံးအပြင် လာလီဂါနဲ့ ကိုပါဒယ်ရေဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။
1 year Ago
ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရော်နယ်ဒို ပြန်လည်ပြောင်းရွှေ့နိုင်
ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့နိုင်တဲ့အကြောင်း အီတလီသတင်းစာတစောင်က ဖော်ပြပါတယ်။ အီတလီ အားကစားသတင်းဌာန Corriere dello Sport ရဲ့ အဆိုအရ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုကို ပေါင် သန်း ၅၀ ရရှိမယ်ဆိုရင် ပြန်လည်စေလွှတ်ဖို့အတွက် ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ တနှစ်လုပ်ခ ပေါင် ၂၇ ဒသမ ၅ သန်းအထိ ရရှိနေတာကြောင့် ဂျူဗင်တပ်စ်အသင်းက ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ကျန်သေးပြီး လက်ရှိအချိန်မှာတော့ အသင်းက ရောင်းထုတ်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။  ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင်သန်း ၁၀၀ ၀န်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။  ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားစဉ်က စုစုပေါင်း ၄၃၈ ပွဲမှာ ၄၅၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
1 year Ago
မာနေးကို ပေါင်သန်း ၁၄၀ ဖြင့် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကြိုးပမ်းလာနိုင်
ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းဟာ လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးကို ပထမဦးစားပေး အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဆီနီဂေါသားကို ပေါင် သန်း ၁၄၀ နဲ့ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုသွားဖို့ ရှိနေပါတယ်။ မာနေးဟာ ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် အဓိကကစားသမားတဦးအဖြစ် အသုံးတော်ခံနေသူ ဖြစ်ပြီး ဒီရာသီမှာ အထူးခြေစွမ်းပြသနေကာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ၂၅ မှတ်နဲ့ ဦးဆောင်ခွင့်ရရှိရေးအတွက် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ မာနေးကို ကာလရှည် သဘောကျခဲ့သူ ဖြစ်ပြီးတော့ သူ့ကို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွက် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  မာနေးရဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို သတိပြုမိထားပြီး စပိန်အသင်းဟာ မာနေးကို မာဆေးဆိုဒ်အသင်းကနေ ထွက်ခွာပြီး စပိန်မြေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ လာရောက်ရင်ဆိုင်ရေးအတွက် ညှိနှိုင်းနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးသူ ဖြစ်ပြီးတဲ့အပြင် လီဗာပူးအသင်းရဲ့ အဓိကကစားသမားတွေထဲက တဦးဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးပမာဏဟာ လီဗာပူးအသင်းအတွက် မက်လောက်စရာ အနေအထားတခု ဖြစ်ဖို့လိုအပ်တယ်လို့ Mirror သတင်းမှာ သုံးသပ်ထားပါတယ်။  ဇီဒန်းရဲ့ မာနေးအပေါ် ထားရှိတဲ့ သဘောထားကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ပေါင်သန်း ၁၄၀ ထက်မနည်းတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိပါတယ်။ မာနေးဟာ ဆာလတ်၊ ဖာမီနိုတို့နဲ့အတူ လီဗာပူးအသင်းအတွက် ရပ်တန့်ဖို့ ခက်ခဲတဲ့ သုံးယောက်တွဲ တိုက်စစ်ကို ပုံဖော်ထားနိုင်ခဲ့သူဖြစ်ပြီး အားကစားအီအစဉ် သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။  ယူနိုက်တက်ဂန္ထဝင် နောက်ခံလူ ဖာဒီနန်က လီဗာပူး သုံးယောက်တွဲ တိုက်စစ်မှာ သူ ရင်ဆိုင်လိုခြင်းမရှိသူက မာနေး ဖြစ်တယ်လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
1 year Ago
ရီးရဲလ်မက်ဒရစ် နည်းပြရာထူးက အချိန်မရွေး ပြောင်းလဲနိုင်ဟု ဇီဒန်း ဝန်ခံ
ရီးရဲလ်နည်းပြရာထူးကနေ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်လို့ နည်းပြ ဇီဒန်းက ဝန်ခံပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမအကျော့မှာလည်း မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။  အကောင်းဆုံး စွမ်းဆောင်ရည် မရသေးတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဇီဒန်းဟာ ရာထူးကနေ ထုတ်ပယ် ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ရီးရဲလ်မက်ဒရစ်နည်းပြ ဖြစ်နေပေမယ့်လည်း မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘဲ ပြောင်းလဲမှုတွေ ရှိနိုင်တယ်လို့လည်း ဇီဒန်းက ပြောပါတယ်။
1 year Ago
ပိုချက်တီနိုကို ရီးရဲလ်မက်ဒရစ် စောင့်ကြည့်နေ
ပိုချက်တီနိုနဲ့ပတ်သတ်တဲ့ သတင်းတွေကို ဆက်လက်အကြောင်းကြားပေးဖို့ စပါးနည်းပြဟောင်းရဲ့ ကိုယ်စားလှယ်တွေကို ရီးရဲလ်မက်ဒရစ်အသင်းက တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပိုချက်တီနိုကို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ကနဦးက သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အသက် ၄၈ နှစ်အရွယ် ပိုချက်တီနိုဟာ စပါးအသင်းကို ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရလဒ်တွေ ဆိုးရွားနေတဲ့ ရာသီအစပိုင်းတုန်းက ပိုချက်တီနိုကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ဖူးပါတယ်။  ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို လမ်းမှန်ပေါ်ရောက်အောင် ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့မှုနဲ့အတူ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် စိန်ခေါ်နိုင်သူအဖြစ် ပြောင်းလဲလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ တည်ငြိမ်သွားချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ပိုချက်တီနိုကို စိတ်ဝင်စားကြောင်း ပြန်လည်ပြသလာတာပါ။ စပိန်ကလပ်ဟာ ပိုချက်တီနိုကို ကာလရှည် စောင့်ကြည့်ခဲ့တဲ့အသင်း ဖြစ်ပြီးတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ နည်းပြ အပြောင်းအလဲ ပြုလုပ်သွားနိုင်တယ်လို့ သတင်းတွေမှာ ခန့်မှန်းရေးသားကြပါတယ်။ လက်ရှိ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားသမားဘဝမှာရော  နည်းပြအဖြစ်နဲ့ပါ အောင်မြင်မှု ကြီးကြီးမားမား ရယူပေးနိုင်ခဲ့သူ ဖြစ်ပေမယ့် သူနဲ့အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရတ်ဇ်တို့ကြား ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိမနေဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့ကြောင့် ဇီဒန်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဒုတိယမြောက်လမ်းခွဲဟာ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့  အနေအထားမှာရှိနေတာလည်း ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့သူပါ။ သူ့ကို ရီးရဲလ်နဲ့ ယူနိုက်တက်အပြင် ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို  ကလည်း စိတ်ဝင်စားကြောင်း ပြသထားတာကြောင့် နည်းပြအနေနဲ့ သူ့အနာဂတ် အသင်းသစ်အပေါ် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပိုချက်တီနိုဟာ နည်းပြဘဝကို လာလီဂါကလပ် အက်စ်ပန်ညိုနဲ့ အသင်းနဲ့စတင်ခဲ့ပြီး စပါးအသင်းနဲ့ ကမ္ဘာ့အဆင့်နည်းပြအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် သူ့ကို တခြားလိဂ်တွေမှာထက် ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာ ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။ 
1 year Ago
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကို အသင်းက ထွက်ခွာမည်
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကိုဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ အစ္စကိုဟာ မက်ဒရစ်မှာ ခြေစွမ်းပျောက်ဆုံးနေပြီး ပွဲထွက်ခွင့်အတွက်လည်း ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အခုနှစ် လာလီဂါမှာ မိနစ် ၁၇၀ သာ ကစားခွင့်ရရှိထားတဲ့ အစ္စကိုဟာ မာယော့ကာအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ ပွဲထွက်ခဲ့ပေမယ့်လည်း စောစော ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။  ဂါတာစာရေးအသင်းကို ၁-၀ ဂိုးနဲ့ကပ်ပြီးအနိုင်ရရှိခဲ့တဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပါဝင်ကစားခွင့်မရခဲ့တဲ့ အစ္စကိုဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ အသင်းသစ် ရှာဖွေဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြပါတယ်။ အသက် ၂၇ နှစ်ရှိ အစ္စကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
2 years Ago
ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူးဆန်ချိုနှင့် ဟာလန်းကို ခေါ်ရန် ကြိုးပမ်း
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုနဲ့ ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုတပတ် လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရပြီး တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် အသင်းရဲ့ ကစားသမားအင်အား ပိုမိုအားကောင်းလာဖို့အတွက် ဒေါ့မွန် အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျော်ဒန်ဆန်ချိုကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။  ဒါ့အပြင် ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြနေပြီး ဥရောပ ထိပ်တန်းကလပ်အများစုရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်မယ်လို့ စပိန် မီဒီယာ အယ်ဒက်စ်မာကေးကို ကိုးကားပြီး ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။  ဒေါ့မွန် တိုက်စစ်မှူး ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၁၂ ဂိုး သွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သြစတြီးယားကလပ် ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်ဟာလည်း အခုနှစ်ရာသီ ၁၆ ပွဲ ကစားအပြီးမှာ ၁၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
2 years Ago
ဒါဘီပွဲကစားနေချိန် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်ဆီမီရို၏အိမ် ဓားပြတိုက်ခံရ
2 years Ago
နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်ကြရန် ရီးရဲလ်လက်ထောက်နည်းပြ တိုက်တွန်း
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ လက်ထောက်နည်းပြ  ဒေးဗစ်ဘက်တိုနီက ပြောပါတယ်။ 
နည်းပြချုပ် ဇီဒန်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ သီးသန့်နေထိုင် နေရချိန်မှာ လက်ထောက် နည်းပြ ဘက်တိုနီက အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။ 
အခုတစ်ပတ် လာလီဂါပွဲစဉ်မှာ ရီးရဲလ်အသင်းက  လီဗန်တေးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး  ထိပ်ဆုံးက အက်သလက်တီကိုထက် တစ်ပွဲပိုကစားထားပေမဲ့ ၁၀ မှတ်အထိပြတ် သွားခဲ့ပါတယ်။ 
ပွဲချိန် ၉ မိနစ်ကတည်းက နောက်ခံလူ မီလီတာအို ထုတ်ပယ်ခံခဲ့ရတာကြောင့် ၈၁ မိနစ်လောက်ကို တစ်ယောက်လျော့နဲ့ ရီးရဲလ်အသင်းကယှဉ်ပြိုင်က စားသွားခဲ့ရတာပါ ။ 
ရီးရဲလ်ပရိသတ်တွေအနေနဲ့လည်း အသင်းအပေါ်ယုံကြည်မှုတွေ ဆက်ထားပြီး အားပေးကြ ဖို့ နည်းပြ ဘက်တိုနီက တိုက်တွန်းခဲ့ပြီး အသင်းရဲ့အစဉ်အလာအတိုင်း နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
3 months Ago
အာဆင်နယ်တွင် အိုဒီဂတ် ခြေစွမ်းပြနိုင်မည်ဟု ဟာလန်း သုံးသပ်
မာတင်အိုဒီဂတ်ဟာ အာတီတာရဲ့ကစားကွက်မှာ အံဝင်လိမ့်မယ်လို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက သုံးသပ်လိုက်ပါတယ်။ 
ဟာလန်းနဲ့ အိုဒီဂတ်တို့ဟာ နော်ဝေလက်ရွေးစင်အသင်းမှာ တွဲဖက်ကစားနေကြ သူတွေ ဖြစ်ပါတယ်။ 
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်က အာဆင်နယ်အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ဟာလန်းက အသင်းဖော် အိုဒီဂတ် ကို ချီးကျူးခဲ့တာပါ။
 “အာဆင်နယ်က အင်္ဂလန်မှာ အသင်းကြီး တစ်သင်း ဖြစ်တာကြောင့် သူပြောင်းရွှေ့ ကစားတာက စိတ်ဝင်စားစရာပါ။ တခြားလိဂ်တွေနဲ့ ကစားပုံအနည်းငယ် ကွာခြားပေမဲ့ အိုဒီဂတ် အနေနဲ့ နည်းပြအာတေတာရဲ့ နံပါတ်၁၀နေရာမှာ အံဝင်ခွင်ကျ ဖြစ်ပါလိမ့်မယ်။ သူပျော်ရွှင်စွာနဲ့ ကစားနိုင်ပါတယ်။ ပွဲကစားချိန်ပိုရဖို့ သွားတယ်ဆိုတာက ရှင်းလင်းပါတယ်။ ဒါက သူလိုအပ်တဲ့ အရာလည်းဖြစ်တယ်”လို့ ဟာလန်းက နော်ဝေအသင်းဖော် အိုဒီဂတ်နဲ့ ပတ်သက်ပြီး သုံးသပ်သွားခဲ့ တာ ဖြစ်ပါတယ်။ 
3 months Ago
ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်း ၃ သင်းစာရင်းတွင် မန်ယူနိုက်တက် မပါဝင်တော့
ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်း စာရင်းမှာ မန်ယူအသင်းက ထိပ်ဆုံးသုံးသင်းရဲ့ အပြင်ဘက်ကို ၈ နှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိသွားပါတယ်။
Deloitte ကနေ နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းစာရင်းမှာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း မန်ယူအသင်းက ထိပ်ဆုံး ၃ သင်းနေရာမှာ တောက်လျှောက် ရပ်တည်ခဲ့တာပါ။ 
အခုနှစ်ပိုင်းကာလမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘောလုံးအသင်းတွေရဲ့ ဝင်ငွေ လျော့ကျခဲ့ပြီး မန်ယူအသင်းရဲ့ဝင်ငွေက ပိုမိုလျော့ကျသွားခဲ့တာပါ။ ကွင်းပိတ်ကျင်းပတာဖြစ်လို့ ပရိသတ်တွေဆီကနေရတဲ့ လက်မှတ်ခနဲ့ ရုပ်သံဝင်ငွေတွေ ကျဆင်းခဲ့တာကြောင့် ဝင်ငွေလျော့ကျစေခဲ့တာပါ။
ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းနေရာမှာ ဘာစီလိုနာအသင်းက တန်ဖိုး ပေါင် ၆၂၇ ဒသမ ၁ သန်းနဲ့ ရပ်တည်နေပြီး ရီးရဲလ်မက်ဒရစ်က ပေါင် ၆၂၇ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ပါတယ်။ 
အဲဒီနောက် ပေါင် ၅၅၆ ဒသမ၁ သန်းတန်ဖိုးရှိ ဘိုင်ယန်မြူးနစ်က အဆင့် ၃၊ မန်ယူအသင်းက တန်းဖိုး ပေါင် ၅၀၉ သန်းနဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ 
အဲဒီနောက် လီဗာပူး၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ စပါးနဲ့ ဂျူဗင်တပ်စ်အသင်းတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။
3 months Ago
ဂျာမနီကွင်းလယ်လူ အိုဇေးလ် ဖီနာဘာချီအသင်းနှင့်ပထမဆုံး လေ့ကျင့်ခန်းလုပ်
ဂျာမနီကွင်းလယ်လူ အိုဇေးလ်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်ကို တနင်္ဂနွေနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
 ပြီးခဲ့တဲ့တဲ့ရက်ပိုင်းကမှ အာဆင်နယ်နဲ့ နှစ်ဦး သဘောတူစာချုပ်ဖျက်သိမ်းခဲ့တဲ့ အိုဇေးလ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လနောက်ပိုင်းမှာ တစ်ပွဲမှ ကစားခွင့်ရခြင်း မရှိတော့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ကွင်းလယ်လူအိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ သန်းနဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့တာပါ။
နည်းပြ အာစင်ဝင်းဂါးလက်ထက်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ စပိန်နည်းပြတွေဖြစ်တဲ့ အူနိုင်းအမ်မရီနဲ့ အာတီတာတို့ လက်ထပ်မှာ ပွဲထွက် ခွင့်နည်းပါးသွားခဲ့တာဖြစ်ပါတယ်။
အိုဇေးလ်ဟာ အာဆင်နယ်ပရိသတ်တွေအတွက် နုတ်ဆက်စာမှာ အသင်းနဲ့ ခဏတာသာ လမ်းခွဲခဲ့တာဖြစ်ပြီး ရင်ထဲမှာအမြဲတမ်းရှိနေမယ်လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။ 
အိုဇေးလ်ဟာ အာဆင်နယ်အတွက် ပွဲ ၂၅၀ ကျော်ကစားခဲ့ပြီး ၄၄ ဂိုးသွင်းကာ ၇၁ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ 
3 months Ago
ရီးရဲလ်ကွင်းလယ်လူ အိုဒီဂတ်ကို အာဆင်နယ် အငှားခေါ်ယူမည်
အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူဖို့ သဘော တူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ 
အသက် ၂၂ နှစ်ရှိ နော်ဝေကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်အနေနဲ့ မကြာခင်မှာ အာဆင်နယ်နဲ့  အငှားစာချုပ်ချုပ်ဆိုတော့မှာပါ။  
အငှားခေါ်ယူခအနေနဲ့ ၂ ဒသမ ၅ သန်းအား အာဆင်နယ်က ရီးရဲလ်အသင်းကို ပေးရမှာဖြစ်သလို အိုဒီဂတ်ရဲ့လုပ်ခကိုလည်း ပေးရမှာ ဖြစ်ပါတယ်။ 
မနှစ်က ဆိုစီဒက်အသင်းမှာ အငှားထွက်ကစားခဲ့တဲ့ အိုဒီဂတ်ဟာ ရီးရဲလ်အသင်းရဲ့ ရာသီအစပွဲစဉ်တွေမှာ ကစားခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဆီဘယ်ယော့ကိုလည်း ရီးရဲလ်မက်ဒရစ်ကနေ ဒုတိယအကြိမ် အငှားခေါ်ယူထားပါတယ်။
3 months Ago
ကိုဗစ်ကြောင့် တရုတ်ကလပ်ဒါလီယန်မှ နည်းပြဘင်နီတက်ဇ် နုတ်ထွက်
စပိန်နည်းပြ ရာဖေးဘင်နီတက်ဇ်ဟာ ကိုဗစ်-၁၉ အခြေအနေကြောင့် တရုတ်ကလပ် ဒါလီယန်အသင်းကနေ နုတ်ထွက်သွားပါတယ်။  လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်ဟာ ၂၀၁၉ ခုနှစ်က နယူးကာဆယ်ကနေ တရုတ်ကလပ် ဒါလီယန်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။  ဘင်နီတက်ဇ်ဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၁၆ သန်းခန့်ရရှိနေပေမယ့် ကိုဗစ်-၁၉ အခြေအနေမှာ ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်နိုင်ခြင်းမရှိတဲ့အတွက် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက် တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ကံမကောင်းစွာနဲ့ ဒီနှစ်ပိုင်းမှာ ကိုဗစ်-၁၉ က ဖြစ်လာတော့  ကျနော်တို့ရဲ့နေထိုင်မှုတွေနဲ့  စီမံကိန်းတွေလည်း ပြောင်းလဲခဲ့ရတယ်။ ကပ်ရောဂါက ဒီမှာရှိနေပါသေးတယ်။ ကျနော်တို့အားလုံးအတွက် ကျနော်တို့ မိသားစုအတွက်က အဓိကဦးစားပေးဖြစ်တဲ့အတွက် ဒီအချက်က နုတ်ထွက်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တာပါ” လို့ ဘင်နီတက်ဇ်က ပြောပါတယ်။  နုတ် ထွက်ခဲ့ပေမယ့် အသင်းတည်ဆောက်ပုံနဲ့ နည်းပညာတွေကို ချန်ထားခဲ့တဲ့အတွက် ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဘင်နီတက်ဇ်က ပြောပါတယ်။ 
3 months Ago
ရီးရဲလ်အသင်း အယ်လ်ကိုယာနိုကို  ၂-၁ ဂိုးဖြင့်ရှုံးပြီး ကိုပါဒယ်ရေးဖလားပွဲက ထွက်ရ
မနေ့ညက ကန်သွားတဲ့ ကိုပါဒယ်လ်ရေးဖလားပွဲစဉ်မှာ အယ်လ်ကိုယာနိုအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာနဲ့  ပတ်သက်လို့ သူ့မှာ တာဝန်ရှိကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ပြိုင်ပွဲရဲ့ ၃၂ သင်း အဆင့်ပွဲစဉ်မှာ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ တတိယတန်းအဆင့် အယ်လ်ကိုယာနိုအသင်းကို ပထမပိုင်းမှာတင်  တစ် ဂိုး ဂိုး မရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ မိနစ် ၈၀ မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒါ့ကြောင့်အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ပြိုင်ဘက်အသင်းဘက်က တစ်ယောက် အထုတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အယ်လ်ကိုယာနို ကစားသမား ဂျူအာနန်က လိုအပ်နေတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ရီးရဲလ်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။  ဒီပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့လို့ စူပါဖလား ပြိုင်ပွဲက ထွက်ခွာခဲ့ရကာ လာလီဂါမှာလည်း အိုဆာဆူနာအသင်းနဲ့ ဂိုး မရှိ သရေကျခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ရလဒ်ကြောင့် နည်းပြ ဇီဒန်းဟာ ဖိအားတွေ ပိုတိုးလာခဲ့ပြီဖြစ်ပေမဲ့ သူ့ကစားသမားတွေကိုတော့ ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ကစားသမားတွေရဲ့ ထောက်ခံမှုကို ရရှိနေသေးလားဆိုတာ မသေချာတော့ဘူးလို့လည်း ဝန်ခံပါတယ်။  ဇီဒန်းက “ ခင်ဗျားအနေနဲ့ ကျနော်ကို ကစားသမားတွေ ထောက်ခံသေးလားဆိုတာကို ကိုယ်တိုင်သွား မေးသင့်ပါတယ်။ ကျနော် အရင်တုန်းကလိုပဲ တာဝန်ယူရပါမယ်။ ကစားသမား တွေက ကြိုးစားခဲ့ကြပြီး ဒုတိယဂိုးသာရရှိခဲ့မယ်ဆိုရင် ပွဲရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်။ ပြိုင်ဘက်ဂိုးသမားက ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆီဂန်ဒါဘီက အသင်းနဲ့ ကစားခဲ့ရပြီး အနိုင်ရခဲ့သင့်ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။
4 months Ago
အိုဇေးလ်ကို ခေါ်ယူလိုက်ကြောင်း ဖီနာဘာချီအသင်း တရားဝင်ထုတ်ပြန်
အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တူရကီကလပ် ဖီနာဘာချီ အသင်းက တရားဝင် သတင်းထုတ်ပြန်ပါတယ်။  အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်လုပ်ဆောင်ဖို့ အိုဇေးလ်ကို အစ္စတန်ဘူလ်ကို ခေါ်ဆောင်လိုက်ကြောင်း ဖီနာဘာချီက သတင်းထုတ်ပြန်ခဲ့တာပါ။ အိုဇေးလ်ဟာ မနှစ်က မတ်လကတည်းက အာဆင်နယ်မှာ ပွဲကစားခွင့်မရတော့ဘဲ ဒီရာသီအသင်း လူစာရင်းမှာလည်း နည်းပြအာတီတာက ထည့်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။  ဖီနာဘာချီ ပရိသတ်တစ်ဦး ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေပြီး အသင်းအတွက် အစွမ်းကုန် ကြိုးပမ်းမှာဖြစ်ကြောင်း၊ ပွဲမကစားရတာ ကြာမြင့်နေပေမယ့်လည်း ကြံ့ခိုင်မှုပြည့်ဝနေကြောင်း၊ ဘောလုံးပွဲစဉ်တွေကို လွမ်းဆွတ်နေပြီဖြစ်ကြောင်း အိုဇေးလ်က တူရကီကို မထွက်ခွာခင်မှာ ပြောပါတယ်။  ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမနီ ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅၄ ပွဲ ကစားပြီး ၄၄ ဂိုး သွင်းယူခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ ၈ နှစ်တာကာလအတွင်းမှာ အက်ဖ်အေဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။
4 months Ago
မက်ဆီ၏ အနီကတ်နှင့်အတူ စူပါဖလားကို လက်လွှတ်လိုက်ရသည့် ဘာစီလိုနာ
လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ပထမဆုံးသော အနီကတ်ကို တနင်္ဂနွေနေ့ ဘီလ်ဘာအိုနဲ့ပွဲမှာ အပြခံခဲ့ရပါတယ်။ စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းဟာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အချိန်ပိုအထိ ဆက်ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ ပွဲပြီးခါနီးမှ ပြိုင်ဘက်ကစားသမား အေစီယာဗီလာလီဘရီကို ရန်ပြုဖို့ ကြိုးစားခဲ့တာကြောင့် အနီကတ်ထိခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ကနဦးမှာ မြင်တွေ့ခဲ့ခြင်းမရှိဘဲ VAR ပြန်ကြည့်ခဲ့ပြီးမှသာ မက်ဆီကို တိုက်ရိုက်အနီကတ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီအတွက် ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးအနီကတ်ဖြစ်ပြီး အသင်းအတွက် ၇၅၃ ပွဲကစားပြီးချိန်မှာ အပြခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက ပြိုင်ဘက်ကို ၂ ကြိမ်တိတိ ဦးဆောင်ထားခဲ့ပေမယ့် ချေပဂိုးတွေ၊ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာ ဖြစ်ပြီး မက်ဆီရဲ့ အနီကတ်ဟာ အသင်းရဲ့ ရှုံးပွဲမှာ ပြောစရာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။  ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂရစ်ဇ်မန်းက ဘာကာအသင်းအတွက် ဦးဆောင်ဂိုး ၂ ကြိမ်တိုင်တိုင် သွင်းယူပေးခဲ့ပြီး ဘီလ်ဘာကိုအသင်းက ၂ ကြိမ်စလုံး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။  သူတို့ရဲ့ဒုတိယဂိုးကို မိနစ် ၉၀ မှာ ရရှိခဲ့တာဖြစ်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို ၉၃ မိနစ်မှာ တိုက်စစ်မှူး ဝီလီယမ်က ဘီလ်ဘာအိုအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး မိနစ်အနည်းငယ်အကြာ ၁၂၁ မိနစ်မှာ မက်ဆီဟာ အနီကတ် ထိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သုံးသပ်ချက်ပေါ် မူတည်ပြီး ၄ ပွဲအထိ ပွဲပယ်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် အာဂျင်တီးနား ကစားသမားဟာ ဘာကာအသင်းရဲ့ ကိုပါ ဒယ်လ်ရေးဖလားပွဲအပြင် လာလီဂါ ပွဲစဉ် ၃ ခုကိုလည်း လွဲချော်ရတော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ဘာကာအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာရှိနေပြီး ထိပ်ဆုံးက အက်သလက်တီကိုထက် ၂ ပွဲ ပိုကစားထားက ၇ မှတ်ပြတ်နေဆဲ ဖြစ်ပါတယ်။  တနင်္ဂနွေနေ့ အနီကတ်ဟာ မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝ ပထဆုံးအနီတ် ဖြစ်ပေမယ့် သူ့အတွက် ပထမဆုံးတော့ မဟုတ်ပါဘူး။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ကစားစဉ်မှာ အနီကဒ် ၂ ကြိမ် ပြခံခဲ့ရဖူးပါတယ်။ ဘီလ်ဘာအိုအသင်းကတော့ ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ စတဲ့ အင်အားကြီး အသင်းတွေကို အနိုင်ယူပြီး ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
4 months Ago
ရီးရဲလ်နှင့်တွေ့မည့် စပိန်စူပါလားပွဲတွင် ခံစစ်ရော တိုက်စစ်ပါကစားနိုင်ရန်လိုဟု ဘီလ်ဘာအို နည်းပြ သုံးသပ်
ရီးရဲလ်မက်ဒရစ်နဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခံစစ်ချည်းပဲ ကစားလို့ မရနိုင်ကြောင်း ဘီလ်ဘာအို နည်းပြက ပြောပါတယ်။  ဘီဘာအိုအသင်းဟာ လာလီဂါမှာ ခံစစ်ကောင်းမွန်တဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကိုတော့ တိုက်စစ်ဆင်ကစားနိုင်ဖို့လည်း လိုအပ်တယ်လို့ နည်းပြ ဂါစီယာတော်ရယ်က ပြောပါတယ်။  ရီးရဲလ်အသင်းက လာလီဂါမှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံးလုပ်ဆောင်နိုင်တဲ့ အသင်း တစ်သင်းဖြစ်ပြီး တိုက်စစ်ပိုင်း ထူးချွန်တဲ့ကစားသမားတွေလည်း ရှိတယ်လို့ ဘီဘာအိုနည်းပြက ပြောပါတယ်။  စူပါဖလားလက်ရှိချန်ပီယံလည်းဖြစ်တာကြောင့် ခံစစ်ကောင်းမွန်နေဖို့ လိုအပ်သလို တိုက်စစ်ပိုင်းကိုလည်း အကောင်းဆုံးကစားနိုင်ဖို့ လိုအပ်တယ်လို့ ဘီဘာအို နည်းပြက ပြောပါတယ်။  စပိန်စူပါဖလားကို မနှစ်က ဆော်ဒီအာရေဗျမှာ ကျင်းပခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် စပိန်မှာပဲ ကွင်းပိတ်ကျင်းပမှာ ဖြစ်ပါတယ်။ 
4 months Ago
တိုက်စစ်ကို လိုက်ပါကစားခွင့်ရသဖြင့် ကျေနပ်ကြောင်း ဘာကာကွင်းလယ်လူ ဒီဂျောင်ပြော
အရင်ကနဲ့မတူဘဲ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနေရတဲ့အပေါ် ပျော်ရွှင်ကျေနပ်ကြောင်း ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်က ပြောပါတယ်။  ဟော်လန်ကွင်းလယ်လူ ဒီဂျောင်ဟာ နည်းပြ ရော်နယ်ကိုးမန်းလက်ထက်မှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခွင့်ရနေပြီး ၂ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးဖန်တီးထားပါတယ်။ ၂၀၁၉ ခုနှစ်က ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဂျောင်ဟာ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။  ဆိုစီဒက်နဲ့ ကစားမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာတော့ တိုက်စစ်ကို အရင်ကထက် ပိုမိုလိုက်ပါကစားခွင့်ရတဲ့အပေါ်မှာ ပျော်ရွှင် ကျေနပ်မိတယ်လို့ ဒီဂျောင်က ပြောပါတယ်။ ဘာစီလိုနာအသင်းက ခြေစွမ်းပြန်လည်တိုးတက်လာနေပြီး နှစ်သစ်အစ ၃ ပွဲစလုံး နိုင်ပွဲ ရယူနိုင်ခဲ့တယ်လို့ ဒီဂျောင်က ပြောပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဆိုစီဒက်ကို အနိုင်ရခဲ့ရင် တဘက်က ဘီလ်ဘာအိုနဲ့ ရီးရဲလ်မက်ဒရစ် ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ကစားသွားရမှာ ဖြစ်ပါတယ်။
4 months Ago
More News
Up