
ယူကရိန်းထောက်လှမ်းရေး အေးဂျင့်တယောက် ကိယက်ဗ်မှာ ဇူလိုင် ၁၀ ရက်က အသတ်ခံရတဲ့ CCTV မှတ်တမ်းကို ယူကရိန်း မီဒီယာတခုက ဖော်ပြပါတယ်။
ယူကရိန်း ပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) က သူတို့ရဲ့ အရာရှိတယောက် အခုလို အသတ်ခံရတဲ့ ရာဇဝတ်မှုကို စုံစမ်းနေတယ်လို့ ကြာသပတေးနေ့မှာ ပြောထားပါတယ်။
ဖော်ပြချက်ထဲမှာ အဲဒီအရာရှိဟာ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအရာရှိဟာ SBU မှာ ဗိုလ်မှူးကြီးတယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရိုက်တာကတော့ လူသတ်မှုဖြစ်ပွားရာနေရာ အဆောက်အဦတို့ကို ကားပါကင်၊ လုံခြုံရေးကင်းတဲ စတဲ့နေရာတွေကို အတည်ပြုထားပါတယ်။ CCTV ကနေ မှတ်တမ်းတင်ထားတဲ့ ရုပ်သံမှာလည်း အချိန် ရက်စွဲ စတဲ့အချက်တွေ ပါဝင်တာ တွေ့ရပါတယ်။
Source: Reuters