DVB Logo
Home
နိုင်ငံတကာ
အသားထဲ လောက်တွေ့သဖြင့် မက္ကဆီကိုမှ ကျွဲနွားတင်သွင်းမှု အမေရိကန် ရပ်ဆိုင်း
DVB
·
July 11, 2025
အသားထဲ လောက်တွေ့သဖြင့် မက္ကဆီကိုမှ ကျွဲနွားတင်သွင်းမှု အမေရိကန် ရပ်ဆိုင်း
Donate to DVB

အသားတွေမှာ ယင်ကြီးဥမှ အသားစားပိုးလောက် (Screwworm) တွေ တွေ့ရှိလို့ဆိုပြီး မက္ကဆီကိုမှ ကျွဲနွားတင်သွင်းမှုကို အမေရိကန်က ထပ်မံရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ချဲ့ကားလွန်းတယ်လို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ 

အမေရိကန်နယ်စပ် တောင်ဘက် မိုင် ၃၇၀ လောက်အကွာရှိ ဗယ်ရာခရုဇ်ပြည်နယ်၊ အစ်ခ်စ်-ဟွာ့တ်လန် ဒယ်မာဒဲရိုမြို့မှာ အသားစား လောက်ပိုးအသစ် တွေ့ရှိမှုကို မက္ကဆီကိုက အစီရင်ခံခဲ့တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) က အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး တောင်ပိုင်းဆိပ်ကမ်းတွေကတဆင့် တိရစ္ဆာန်ကုန်သွယ်မှုကို ချက်ချင်းရပ်တန့်ဖို့ အေဂျင်စီက အမိန့်ပေးခဲ့ပါတယ်။

မက္ကဆီကိုမှ ကျွဲနွားတွေကို အရီဇိုးနားပြည်နယ်ရှိ ဂိတ်တခုမှာ သွင်းကုန်တွေကို ပြန်လည်ဝင်ခွင့်ပြုပြီးနောက် ရက်ပိုင်းအတွင်းလေးမှာပဲ အသားစားပိုးမွှားရောဂါအသစ်ကြောင့် မက္ကဆီကို နွားတင်သွင်းမှုကို ဝါရှင်တန်က ပိတ်ဆို့ခဲ့တာပါ။

Screwworm ပိုးတွေက မက္ကဆီကိုနယ်စပ်နားအထိ နီးကပ်လာတာကြောင့် အမေရိကန်က ဆုံးဖြတ်ချက် ချခဲ့ပြီးမှာ ပြုလုပ်တဲ့ မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ရှိန်းဘောင်းမ်က သူ့အမြင်အရတော့ ဒါဟာ နယ်စပ်ကို ပြန်ပိတ်ဖို့ လုံးဝချဲ့ကားတဲ့ ဆုံးဖြတ်ချက်ပလို့ ပြောဆိုပါတယ်။

မက္ကဆီကိုမြောက်ပိုင်းမှ မွေးမြူရေးခြံရှင်တွေကလည်း Screwworm ကို အကြောင်းပြပြီး မက္ကဆီကို ကျွဲနွားတင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

Screwworms တွေဟာ များသောအားဖြင့် မွေးမြူရေးတိရစ္ဆာန်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေလို သွေးနွေးသတ္တဝါတွေရဲ့ ဒဏ်ရာအနာတွေပေါ်မှာ ဥ ဥချလေ့ရှိတဲ့ ကပ်ပါးယင်ကောင်တွေ ဖြစ်ပါတယ်။

ဥတွေပေါက်ပြီးတာနဲ့ ရာနဲ့ချီတဲ့ ပိုးလောက်လန်းတွေဟာ သူတို့ရဲ့ ချွန်ထက်တဲ့ပါးစပ်တွေနဲ့ သက်ရှိသားကောင်တွေထဲ ဖောက်ဝင်ကာ အသားစားကြတာဖြစ်ပြီး မကုသဘဲထားလိုက်ရင် နောက်ဆုံးမှာ အိမ်ရှင် တိရစ္ဆာန်ကို သေဆုံးစေပါတယ်။

မေလတုန်းက အမေရိကန်နယ်စပ်မှ မိုင် ၇၀၀ လောက်အကွာရှိ မက္ကဆီကိုနိုင်ငံမှ ဗယ်ရာခရုဇ်နဲ့ ဝါဟာကာပြည်နယ်တို့ရှိ မွေးမြူရေးခြံတွေမှာ အသားစားပိုးလောက် (Screwworms) ကို တွေ့ရှိခဲ့ပြီးနောက် အမေရိကန် စိုက်ပျိုးရေးဌာန (USDA) က မက္ကဆီကိုနွားတင်သွင်းမှုကို ရပ်ဆိုင်းခဲ့တာပါ။

ဇွန်လနှောင်းပိုင်းက မက္ကဆီကိုနိုင်ငံမှာ Screwworms တွေ့ရှိမှုပေါင်း ၄၈၀ ကို မှတ်တမ်းတင်ခဲ့ပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးအချက်အလက်တွေအရ မက္ကဆီကိုနိုင်ငံဟာ ပိုးမွှားကိစ္စကို အာရုံစိုက် လုပ်ဆောင်ခဲ့တာကြောင့် အရေအတွက်က ၄၀၀ အောက်ကို ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

မက္ကဆီကိုအစိုးရက Screwworms ပိုးထိန်းချုပ်ရေးအတွက် SIT နည်းနဲ့ ထုတ်လုပ်ထားတဲ့ အမြုံယင်ကောင်တွေကို စနစ်တကျလွှတ်ပေးတဲ့ နည်းလမ်းကို လုပ်ဆောင်နေချိန်မှာပဲ တင်ပို့မှုရပ်နားလိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း မက္ကဆီကို အမဲသားထုတ်လုပ်သူများ အသင်းမှ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013