DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ကျောင်းနေသူ နည်းလာသဖြင့် ပညာရေးမြှင့်တင်ရန် စစ်ခေါင်းဆောင်ပြော
DVB
·
July 11, 2025
မိတ္ထီလာတွင် ကျောင်းနေသူ နည်းလာသဖြင့် ပညာရေးမြှင့်တင်ရန် စစ်ခေါင်းဆောင်ပြော
Donate to DVB

မိတ္ထီလာဒေသအတွင်း ပညာရေးအားနည်းချက်တွေ ရှိနေပြီး တန်းစဥ်ကူးပြောင်းမှုနည်းကာ ကျောင်းနေ ရာခိုင်နှုန်း နည်းပါးလာလို့ ပညာရေးမြှင့်တင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဇွန် ၁၀ ရက် မနက်က မိတ္ထီလာမြို့နယ် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖတွေနဲ့ MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တာပါ။

“နိုင်ငံတော်က ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပေမဲ့ မိတ္ထီလာဒေသအတွင်း ပညာရေးအားနည်းချက်များ ရှိနေသည်ကို တွေ့ရှိရပြီး တန်းစဉ်ကူးပြောင်းမှု လျော့နည်းကာ ကျောင်းနေရာခိုင်နှုန်း နည်းပါးသည်ကို တွေ့ရှိသဖြင့် မိတ္ထီလာဒေသအနေဖြင့်လည်း ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်သွားကြဖို့” ပြောဆိုခဲ့တာပါ။

မိတ္တီလာမြို့နယ်မှာ ကျောင်းတက်ရာခိုင်နှုန်း နည်းပါးခြင်းမရှိပေမဲ့ Grade 12 ကျောင်းသားဦးရေ နည်းပါးတာကြောင့် အပြစ်တင်ပြောဆိုတာ ဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က Grade 12 ကျောင်းသားဦးရေ များစေချင်တာ၊ ၁၈ နှစ်ပြည့်တဲ့သူတွေက များတော့ မှတ်ပုံတင်လုပ်ပေးမယ်၊ ရွေးကောက်ပွဲမှာ မဲထည့်ခိုင်းမယ်၊ ပညာရေးအတွက်ပြောတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲအတွက်ပြောနေတာ။”

မိတ္ထီလာမြို့နယ်မှာ အထက်တန်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်း၊ မူလတန်းလွန်၊ မူလတန်းကျောင်းခွဲ ၂၆၅ ကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၇ ကျောင်း၊ စုစုပေါင်း ၂၈၂ ကျောင်းရှိပြီး ကျောင်းအပ်နှံသူဦးရေ ထောင်နဲ့ချီကာ ကျဆင်းသွားတာကြောင့် ပြောဆိုတာလို့ သူက ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ကျောင်းအပ်နှံသူဦးရေမှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ၃၅၅,၇၇၁ ယောက်အထိ ကျဆင်းခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ၄,၈၉၄,၄၂၈ ယောက်နဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ၆,၄၇၃,၃၅ဝ ယောက်အထိ တိုးတက်လာခဲ့ပါတယ်။

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေ ၂၀၀,၀၀၀ အထိ လျော့နည်းကာ ၆,၂၇၅,၆၉၁ ယောက်သာ ရှိတော့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေ ၄၀၀,၀၀၀ အထိ လျော့ကျကာ ၆,၀၃၁,၀၁၂ ယောက်သာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013