Search Results For: ယာဂန်ကလော့ပ်

လီဗာပူးအသင်း ပင်နယ်တီ ရရှိခဲ့သင့်ဟု ယာဂန်ကလော့ပ် ပြော

ဆာဒီယိုမာနေးဟာ ဒိုင်ဗင်ထိုးတတ်သူ မဟုတ်ကြောင်းနဲ့ လီဗာပူးအသင်းအနေနဲ့ ပင်နယ်တီတွေ ရရှိခဲ့သင့်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။  ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဒန်နီယယ်အင့်စ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှုမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိခဲ့ဘဲ ဆောက်သမ်တန်ဂိုးသမား ဖော်စတာဟာ ကာကွယ်မှုတစ်ကြိမ်သာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရရှိခဲ့သင့်တဲ့ ပင်နယ်တီ ၂ ကြိမ်လုံးတော့ ငြင်းဆန်ခံခဲ့ရပါတယ်။ ပထမတစ်လုံးဟာ ဝစ်ချ်နယ်ဒမ်ရဲ့ ကန်ချက် ပြိုင်ဘက်ကစားသမားလက်မောင်းကို ထိခဲ့တာဖြစ်ပြီး ဒုတိယတစ်လုံးကတော့ မာနေးကို ဝေါ်ကာ ပီတာ ဧရိယာထဲမှာ အဖျက်ကြမ်းခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးရဲ့ ဖြစ်ရပ်မှာ ရှုထောင့်မျိုးစုံက ကြည့်ခဲ့ခြင်းမရှိပေမယ့် ကလော့ပ်ကတော့ ဒါဟာ ပင်နယ်တီဖြစ်ကြောင်းနဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ အရမ်းကို ရိုးသားမှုရှိခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။  “မာနေး ဘောလုံးရှိနေချိန်တွေက အကောင်းဆုံးအချိန်တွေပါပဲ။ သူ့ကို ဒိုင်ဗင်ထိုးတယ်လို့ ပြောနေတဲ့သူတွေကတော့ ကမ္ဘာ့အရယ်ရဆုံး ဟာသတွေလိုပါပဲ။ သူဟာ သူ့ခြေထောက်ပေါ် ဆက်ရပ်နေဖို့ လှဲမချပစ်ဖို့ ကြိုးစားခဲ့တာပါ။ တခြားအသင်းတွေဆိုရင် ပင်နယ်တီ ရနိုင်မယ့်အခြေအနေမျိုးလည်း ၂ ကြိမ်တောင် ဖြစ်ခဲ့တာပါ။ ပထမက လက်ထိဘောပါ။ ကျနော့်ကစားသမားတွေသာ လွယ်လွယ်လေးနဲ့ လဲကျနေကြမယ်ဆိုရင် ကျနော်တို့ ဒီပွဲရော၊ နယူးကာဆယ်နဲ့ပွဲမှာရော ပင်နယ်တီတွေ ရရှိခဲ့မှာပါ။ ဝေါ်ကာပီတာက သူ့ရဲ့ဘယ်ခြေနဲ့ မာနေးကို လဲကျအောင်လုပ်ခဲ့တာပါ။ အခု ယူနိုက်တက်အသင်း ၂ နှစ်တာကာလအတွင်းရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက်က ကျနော် ၅ နှစ်ခွဲတာကာလအတွင်းရရှိခဲ့တာတွေထက် ပိုများနေတယ်လို့ ပြောနေသံ ကြားရပါတယ်။ ဒါဟာ ကျနော့်လိုအပ်ချက်ကြောင့်လား၊ တခြား တခုခုလား ဆိုတာတော့ မသိပါဘူး။ ဒီလိုဖြစ်ခဲ့ရင်တောင် ကျနော်တို့ စွမ်းဆောင်ရည်က ပိုကောင်းခဲ့မှာမဟုတ်ပါဘူး။ ဒီပွဲမှာ ဆောက်သမ်တန်က အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကျနော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ လိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ဘောလုံးအပျက်များနေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
4 months Ago

ချဲလ်ဆီးနှင့်ပွဲစဉ်တွင် ပေါက်ကွဲခဲ့ရသည့်အကြောင်း ယာဂန်ကလော့ပ် ရှင်းပြ

ချဲလ်ဆီးနဲ့ပွဲမှာ ပေါက်ကွဲခဲ့သူဟာ ကစားသမားတစ်ဦး မဟုတ်ဘဲ နည်းပြအဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ရှင်းပြပါတယ်။  ဒီပွဲစဉ် ပထမပိုင်းပြီးခါနီးမှာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်က မာနေးကို ဆွဲလှဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဒိုင်လူကြီးက ကနဦးမှာ အဝါကတ်သာ ပြခဲ့ပေမယ့် VAR ကြည့်ပြီးချိန်မှာတော့ အနီကတ်ပြကာ ခရစ္စတီယန်ဆန်ကို ထုတ်ပယ်ခဲ့ပါတယ်။  ခရစ္စတီယန်ဆန် အနီကတ်ပြခံရချိန်မှာ လီဗာပူးအသင်းရဲ့ အရန်ခုံတန်းဘက်ကနေ အောင်ပွဲခံသံ ထွက်ပေါ်လာခဲ့ပြီး ဒီလုပ်ရပ်အပေါ် ကလော့ပ်က ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး အရန်အသင်းသားတွေဟာ မာနေး ပြစ်ဒဏ်ကျူးလွန်ခံရချိန်ကတည်းက ဒေါသတကြီး အော်ဟစ်ခဲ့ကြတာဖြစ်ပြီး အနီကတ်ပြခံခဲ့ရတဲ့ ခရစ္စတီယန်ဆန် ဥမင်ထဲ ဝင်ရောက်ချိန်မှာ သူ့ကို လီဗာပူးအသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးက အော်ဟစ် လှောင်ပြောင်ခဲ့ပါတယ်။ ဒါကို မြင်တွေ့သွားခဲ့တဲ့ ကလော့ပ်က ချက်ချင်းဆိုသလိုပဲ “မင်း ရူးနေတာလား၊ ငါတို့ ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး။ ဟုတ်ပြီလား” လို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။  ဒီအကြောင်းနဲ့ပတ်သက်လို့ ပွဲပြီးချိန်မှာ သတင်းထောက်တွေက အပြောခံရတဲ့သူဟာ ကစားသမားလား လို့ကလော့ပ်ကိုမေးမြန်းခဲ့ပါတယ်။ ဒီမေးမြန်းမှုအပေါ် ကလော့ပ်က “သူက ကစားသမား မဟုတ်ပါဘူး။ ကျနော့်နည်းပြ အဖွဲ့ဝင်တစ်ဦးပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ စကားပြောခဲ့ကြပြီးပါပြီ။ ဒါဟာ ပြဿနာမဟုတ်တော့ပါဘူး။ ဒါဟာ ကျနော် လိုချင်တဲ့အရာ မဟုတ်ပါဘူး” လို့ကလော့ပ်က ပြန်လည်ဖြေကြားပါတယ်။ ချဲလ်ဆီးအသင်းဘက်က တစ်ယောက်လျော့သွားချိန်မှာ ကလော့ပ်ဟာ ကစားသမားသစ် သီယာဂိုကို ထည့်သွင်းခဲ့ပါတယ်။ သီယာဂိုဟာ ပွဲဦးထွက်ပွဲမှာစဉ်မှာပဲ အစွမ်းပြနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ အသင်းရဲ့ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ကွင်းလယ်မှာ ကစားပြနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးအသင်းဟာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အနိုင်ဂိုး ၂ ဂိုးစလုံးကို တိုက်စစ်မှူး မာနေးက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သီယာဂိုကြောင့် ချဲလ်ဆီးဘက်က ပင်နယ်တီ ရရှိခဲ့ပေမယ့်လည်း ဂျော်ဂျင်ဟိုရဲ့ ကန်ချက်ကို လီဗာပူး ဂိုးသမား အလီဆန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။
8 months Ago

ပင်နယ်တီမဝင်သည့် ဘရူးစတားကို မပြစ်မတင်ရန် ယာဂန်ကလော့ပ်ပြော

အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပင်နယ်တီလွဲခဲ့တဲ့ တိုက်စစ်မှူး ဘရူးစတားနဲ့ ပတ်သက်ပြီး အပြစ်တင်သင့်တဲ့လူကို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ဩဂုတ် ၂၉ ရက်က ကစားခဲ့တဲ့ဒီပွဲစဉ်မှာ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ဟာ တဖက် ၁ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီကန်သွင်းရာမှာ ဘရူးစတားရဲ့ လွဲချော်မှုကြောင့် ၅-၄ ဂိုးနဲ့ အာဆင်နယ်အသင်းက ဗိုလ်ဆွဲခဲ့ပါတယ်။  ဒီပွဲစဉ်မှာ ဘရူးစတားဟာ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာမှ လူစားလဲ ဝင်ရောက်လာခဲ့သူဖြစ်ပြီး ပင်နယ်တီမှာ ဘားတန်းထိခဲ့ပါတယ်။  ဒီလွဲချော်မှုကြောင့် ကစားသမားဟာ ကွင်းထဲမှာ သိသိသာသာ ဝမ်းနည်းပက်လက်ဖြစ်နေခဲ့ တာကို တွေ့ခဲ့ရပြီး ကလော့ပ်ကတော့ ဒီလွဲချော်မှုအတွက် ကစားသမားကို အပြစ်တင်လို့ မရဘူးလို့  ကလော့ပ်က ပြောပါတယ်။  “ဒါဟာ သူ့ကို နာကျင်စေမှာမဟုတ်ပါဘူး။ ဒီကိစ္စအတွက် တယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်တောင် အပြစ်တင်သင့်တဲ့လူက ကျနော်ပါပဲ။ သူဟာအဆုံးသတ်ကောင်းတဲ့လူ၊ ယုံကြည်မှု ရှိတဲ့လူဖြစ်တာကြောင့် သူ့ကို ပင်နယ်တီ ကန်စေချင်ခဲ့ပါတယ်။ ဒီနေ့မှာမှ မဟုတ်ပါဘူး။ ဘောလုံးလောကမှ ဒါဟာဖြစ်နေဦးမှာပါပဲ။ ကျနော်တို့ အားလုံးအရှုံးကနေ သင်ခန်းစာယူပြီးတော့ ဒီအရှုံးကို ရင်ဆိုင်နိုင်တယ်ဆိုတာကို သက်သေပြဖို့ လိုအပ်ပါတယ်။ ညကအနေအထားမှာ ဘရူးစတားက ဂိုးသွင်းနိုင်ပြီး နောက်တစ်ယောက်က လွဲချောခဲ့မယ်ဆိုရင်လည်း ကျနော်ဒီလိုပဲ ပြောမှာပါပဲ။ ဒီလိုလွဲချော်မှုဟာ ဖြစ်တတ်ပါတယ်။သူ ဒီလိုမျိုးလွဲတာ မျိုးအရင်ကမတွေ့ခဲ့ဖူးပေမယ့် ဒီနေ့တော့ လွဲခဲ့ပါတယ်။” အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ၅ လုံးမြောက်ပင်နယ်တီကိုကန်သွင်းကာ အာဆင်နယ်အတွက် အနိုင်ရလဒ်ကို သေချာစေခဲ့ပါတယ်။  ကာတစ်ဂျုံးအပါအဝင် လီဗာပူးကစားသမားတွေဟာ ပင်နယ်တီမဝင်တဲ့ ဘရူးစတားကို ဝိုင်းဝန်း နှစ်သိမ့်ပေးခဲ့ရပါတယ်။ စနေနေ့ရလာဒ်ကြောင့် လီဗာပူးအသင်းဟာ ကွန်မြူနတီဒိုင်းကို ၂ နှစ်ဆက်တိုက် ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ဝမ်းနည်းမိတယ်လို့ ကလော့ပ်က ပြောပါတယ်။   
8 months Ago

မက်ဆီကို လုံးဝမခေါ်ဟု လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ပြော

ဒီနွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးအသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို လုံးဝခေါ်ယူသွားမှာမဟုတ်ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  အာဂျင်တီနားတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ပြောစကား နဲ့ အားလုံးကို  တုန်လှုပ်သွားစေခဲ့သူဖြစ်ပြီး ဥရောပမှာရှိတဲ့ အသင်းကြီးတော်တော်များများက သူ့ကို ခေါ်ချင်နေကြပါတယ်။  ဒီအထဲမှာ မန်စီတီးအသင်းက သတင်းအကြီးဆုံးဖြစ်ပြီး အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့လည်း ပါဝင်နေပါတယ်။ မက်ဆီသာ တကယ်အသင်းပြောင်းဖြစ်တယ်ဆိုရင် ဒါဟာ သူ့ရဲ့ကလပ်အသင်း ကစားသမားဘဝမှာ ပထမဆုံးအဖြစ် လာလီဂါပြင်ပထွက်ကစားခြင်းလည်း ဖြစ်လာပါမယ်။  ဒီလိုသတင်းတွေ ထွက်နေပေမဲ့ ယာဂန်ကလော့ပ်ကတော့ မက်ဆီကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ယတိပြတ်ပြောပါတယ်။  “စိတ်ဝင်စားလား၊ ဝင်စားတာပေါ့။ မက်ဆီလိုကစားသမားမျိုးကို မလိုချင်တဲ့အသင်း ဘယ်မှာရှိပါ့မလဲ။ ဒါပေမယ့် ကျနော်တို့မှာ အခွင့်အရေးမရှိပါဘူး။ ကိန်းဂဏန်းတွေဆိုတာ ကျနော်တို့နဲ့ လုံးဝမပတ်သက်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ဒီအကြောင်းကို တွေးတောင်မတွေးမိပါဘူး။ ဒါဟာရှင်းပါတယ်။ ကျနော်တို့အတွက် လုံးဝအခွင့်အရေး မရှိပါဘူး။ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူဟာ တကယ်ကို ကောင်းတဲ့ ကစားသမား  တစ်ယောက်ပါ” လို့ ပြောပါတယ်။  သတင်းထောက်က မက်ဆီသာ မန်စီတီးအသင်းကိုရောက်ရှိလာခဲ့မယ်ဆိုရင် လီဗာပူး အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ပြိုင်ဆိုင်ဖို့ ပိုမိုခက်ခဲလာလိမ့်မလားလို့ ထပ်မံ မေးမြန်းခဲ့ရာမှာလည်း ကလော့ပ်က အခုလို ဖြေကြားခဲ့ပါတယ်။ “ဒီအပြောင်းအရွေ့က မန်စီတီးအသင်းကို သေချာပေါက် အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ ဒီလိုသာဆိုရင် အရင် ကတည်းက ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ မန်စီတီး အသင်းကို အနိုင်ယူဖို့ ပိုပြီးခက်လာလိမ့်မယ်။ နောက်ပြီးပရီးမီးယား လိဂ်အတွက် လည်းကောင်းမွန်တဲ့ ကိစ္စဖြစ်လာမယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်လိဂ်ကိုရောက်လာမှာဟာ ဒီလိဂ်ကို ကျိမ်းသေပေါက်အကူအညီ ဖြစ်ပါစေလိမ့်မယ်။ပရီးမီးယားလိဂ်ဟာ ပုံရိပ်မြှင့်တင်ဖို့ လိုအပ်ပါ့မလားမသိပေမယ့် မက်ဆီ ရောက်လာတာက ပရီးမီးယားလိဂ်ရဲ့  ပုံရိပ်ကို မြင့်တက်လာစေပါလိမ့်မယ်။ ဒီအပြောင်း အရွှေ့ဟာ တကယ်ကို စိတ်လှုပ်ရှားမှုဖြစ်စေပါလိမ့်မယ်။ မက်ဆီဟာ စပိန်နိုင်ငံတွင်းမှာသာ ကစားခဲ့ဖူးပါ တယ်။ ပရီးမီးယားလိဂ်မှာ ဘောလုံးကစားရတာက မလွယ်ကူပါဘူး။ သူ့အတွက်အဆင်ပြေမ လားဆိုတာကိုလည်း ကျနော်သိချင်ပါတယ်” လို့ ထပ်မံဖြေကြားခဲ့ပါတယ်။   
8 months Ago

နည်းပြများ ရွေးချယ်သည့် အကောင်းဆုံးနည်းပြဆု ယာဂန်ကလော့ပ် ရရှိ

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ ဘောလုံးနည်းပြအစည်းအရုံးက ရွေးချယ်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ရရှိသွားပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဆုလို့ လူသိများတဲ့  ဒီဆုဟာ ပရီးမီးယားလိဂ် အပါအဝင် အောက်တန်းလိဂ်တွေက နည်းပြတွေထဲကနေ ရွေးချယ်ချီးမြှင့်ခဲ့တာပါ။ ကလော့ပ်ဟာ လီဗာပူးအသင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အမှတ်ပေးချန်ပီယံ ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် လိဒ်ယူနိုက်တက်နဲ့ ဝိုင်ကွမ်ဘီနည်းပြတွေကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။  ဆုရရှိခဲ့တဲ့ ကလော့ပ်ကို ဆာအဲလက်စ်ဖာဂူဆန်ကလည်း ချီးကျူးခဲ့ပြီး ညသန်းခေါင်အချိန်မှာ ဖုန်းဆက်နှိုးပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိကြောင်း ပြောခဲ့တာကို ခွင့်လွှတ်ပေးမှာဖြစ်တယ်လို့ ဖာဂူဆန်က အရွှန်းဖောက်ခဲ့ပါတယ်။  ကလော့ပ်ကတော့ ဆာအဲလ်စ်ဖာဂူဆန်ဟာ အလွန်လေးစားစရာ နည်းပြဖြစ်ကြောင်းနဲ့ ဒီဆုကို ရခဲ့တဲ့အပေါ်မှာ ကျေနပ်မိကြောင်း ဆုလက်ခံရယူအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
9 months Ago

ပရီးမီးယားလိဂ်ချန်ပီယံဆိုတဲ့ ခံစားချက် မယုံကြည်နိုင်လောက်အောင်ပါပဲ - ယာဂန်ကလော့ပ် 

ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ခံစားချက်က မယုံကြည်နိုင်လောက်လောက်ပဲလို့ လီဗာပူးလ် နည်းပြယာဂန်ကလော့က ပြောကြားပါတယ်။ ချဲလ်ဆီးအသင်းနဲ့ မန်စီတီးအသင်းတို့ရဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးနောက် ကလော့ပ်က အခုလို ပြောဆိုခဲ့တာပါ။ ဒီပွဲမှာ မန်စီတီးအသင်းဟာ ချဲလ်ဆီးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကို လေးဂိုးဂိုးမရှိ နဲ့ အနိုင်ရရှိထားတဲ့ထားတဲ့ လီဗာပူးအသင်း ရလဒ်ကြောင့် ရာသီကုန်ဖို့ ၇ ပွဲကျန်ရှိနေတဲ့အချိန်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရမှတ်တမှတ်အကွာနဲ့ ပရီးမီယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာတော့ ပွဲစဉ် ၃၁ ပွဲကစား ၂၈ ပွဲကို အနိုင်ကစားကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာပါ။ ဒါဟာ လီဗာပူးအသင်းအတွက် ၁၉၉၀ နောက်ပိုင်း နှစ် ၃၀ ကြာမှ ပထမဆုံးသော လိဂ်ဖလားဆွတ်ခူးမှုဖြစ်ပြီး နည်းပြကလော့အတွက် တတိယမြောက် လိဂ်ဖလားလဲဖြစ်ပါတယ်။  ကလော့ပ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်လီဂါချန်ပီယံဆုကို နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုကြည့်ရှုခဲ့ပြီး သူ့အသင်းဟာ ချန်ပီယံဖြစ်သွားပြီဆိုတာကို သိရှိခဲ့ရပြီးနောက် မျက်ရည်ဝဲတဲ့အထိ အပျော်လွန်ခဲ့ကြောင်း၊ ပရိသတ်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို သတိထားပြီး ခပ်ခွာခွာဆက်လက်နေထိုင်ကြဖို့  ကလော့ပ်က တိုက်တွန်းခဲ့ပါတယ်။  “တကယ့်ကို မယုံကြည်နိုင်စရပဲဗျာ။ ဒါဟာ ကျနော် ဖြစ်မယ်လို့ထင်ထားထက်ကို အဆပေါင်းများစွာ ပိုပါတယ်။ ဒီအောင်မြင်မှုကို ကင်ဒီဒဲလ်ဂလစ်ရှ်နဲ့ စတီဗင်ဂျရတ်တို့အတွက် ရည်ရွယ်ပါတယ်။ ဒါဟာ ကျနော့်ကစားသမားတွေအတွက် မယုံနိုင်လောက်အောင်ကို ကြီးမားတဲ့အောင်မြင်မှု ဖြစ်ပြီး သူတို့ကိုနည်းပြရတဲ့အတွက်က ကြီးမားတဲ့ပျှော်ရွှင်မှုလည်း ဖြစ်ပါတယ်။ ကျနော့်အတွက် နှစ် ၃၀ ကြာစောင့်ခဲ့ရတာ မဟုတ်ပေမဲ ဒါဟ ာတကယ့်ကိုကြီးမြတ်လွန်းပါတယ်။ အထူးသဖြင့် သုံးလလောက်နားပြီး ပြန်စမယ်၊ မစဘူးဆိုတာ မသေချာခဲ့တဲ့ အခြေအနမှာပေါ့။ ဒီညဟာ ကျနော့် ပရိသတ်တွေအတွက်ပါ။ ခင်ဗျားတို့အိမ်မှာပဲနေဖို့ မျှော်လင့်ပြီး ဒီအောင်ပွဲအတွက်ပျော်ရွင်လိုက်ကြပါ။” 
11 months Ago

ဂွါဒီယိုလာ ဝတ်ဆင်သည့် ဖက်ရှင်က အကောင်းဆုံးဟု ယာဂန်ကလော့ပ် ချီးကျူး

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကွင်းဘေးမှာ ဝတ်ဆင်တဲ့ ဖက်ရှင်က အကောင်းဆုံး ဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။  ယာဂန်ကလော့ပ်ဟာ ကွင်းဘေးမှာ အားကစားသမားတွေ ဝတ်ဆင်တဲ့ ထရတ်စုဝတ်စုံနဲ့ ဦးထုပ်ကို ဝတ်ဆင်လေ့ရှိပြီး အဲဒီလို ဘာကြောင့် ဝတ်ဆင်ဖြစ်တာလဲဆိုတာ ရှင်းပြရင်း ပြိုင်ဘက် ဂွါဒီယိုလာရဲ့ ဝတ်ပုံစားပုံကိုလည်း ချီးကျူးခဲ့တာပါ။  သူဟာ ကစားသမားဘဝကနေ နည်းပြဘဝကို ရက်ပိုင်းအတွင်းမှာပဲ ပြောင်းလဲခဲ့တာကြောင့်  နည်းပြတဦးလို ဖက်ရှင်ကျကျဝတ်ဖို့ အချိန်မရှိခဲ့ဘဲ ပွဲအပေါ်မှာ အာရုံစိုက်ခဲ့တာကြောင့် ထရတ်စုကိုပဲ ဝတ်ဆင်ခဲ့တာလို့ ဂျာဂန်ကလော့ပ်က ပြောပါတယ်။  ဒေါ့မွန်အသင်းကို ရောက်ရှိချိန်မှာ ပြောင်းလဲဝတ်ဆင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီဟာလည်း သက်သောင့်သက်သာ မဖြစ်တာကြောင့်  အသင်းကပေးတဲ့ ထရတ်စု ဂျာစီကိုပဲ ဝတ်ဆင်ခဲ့တာလို့ ကလော့ပ်က ပြောပါတယ်။  နည်းပြထဲမှာ ဖက်ရှင်အကျဆုံးက မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖြစ်ပြီး သူဟာ အသင်းရဲ့ ထရတ်စုဂျာစီကို ဝတ်ဆင်တတ်သူ မဟုတ်ပေမယ့် သူ ဝတ်တဲ့ ပေါ့ပေါ့ပါးပါးဝတ်စုံတိုင်းက လိုက်ဖက်မှုရှိတယ်လို့  နည်းပြကလော့ပ်က ချီးကျူးသွားခဲ့ပါတယ်။ 
12 months Ago

ရှုံးပွဲဆက်နေသည့် လီဗာပူးအသင်းပုံစံကို မစိုးရိမ်ဟု နည်းပြယာဂန်ကလော့ပ် ပြော

နောက်ဆုံး ၄ ပွဲ ကစားထားရာမှာ ၃ ပွဲ ရှုံးနိမ့်ထားခဲ့တဲ့ လီဗာပူးအသင်းရဲ့ ပုံစံနဲ့ ပတ်သက်လို့ နည်းပြ ယာဂန်ကလော့ပ်က စိုးရိမ်ပူပန်မှု မရှိဘူးလို့ ထုတ်ဖော် ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ရှုံးပွဲမရှိ စံချိန်တရပ်ကို ပိုင်ဆိုင်ထားပြီး ချန်ပီယံဆုတွေ ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ စတင်ရှုံးနိမ့်ခဲ့ပါတယ်။  အဲနောက်မှာတော့ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် နောက်ထပ် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ မထင်မှတ်ဘဲ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။  အဲဒီပွဲစဉ် ရှုံးနိမ့်မှုကြောင့် ၂၀၀၃ ခုနှစ်က အာဆင်နယ်အသင်း စံချိန်တင်ထားတဲ့ ရှုံးပွဲမရှိ ချန်ပီယံဆုရရှိတဲ့ စံချိန်ကိုလည်း လိုက်မီနိုင်ခြင်း မရှိခဲ့သလို နောက်ထပ် အက်ဖ်အေဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ၂ ဂိုးပြတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့လို့ အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။  ကလော့ပ်ကတော့ သူတို့အနေနဲ့ အခုနှစ်ဘောလုံးရာသီကို လွယ်ကူတဲ့ ရာသီတခုလို့ ဘယ်တုန်းကမှ မတွေးထားကြောင်း ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်း အကောင်းဆုံး မပြသနိုင်ခဲ့ပေမယ့် ဝက်ဖို့ဒ်နဲ့ ကစားတုန်းကလောက် မဆိုးရွားကြောင်း ပြောပါတယ်။
1 year Ago

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးလို့ မရသေးဘူးဟု ယာဂန်ကလော့ပ်ပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုဟာ ပြီးဆုံးသွားခဲ့ပြီဆိုတဲ့ ပြောဆိုမှုတွေကို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ငြင်းဆိုသွားခဲ့ပြီး “အဆုံးအဖြတ် ပေးလို့ရတဲ့ အခြေအနေကို မရောက်မချင်း ဘယ်အရာကိုမှ ဆုံးဖြတ်လို့ မရသေးဘူးလို့ အခိုင်အမာ ပြောပါတယ်။ ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ကြာသပတေးနေ့ညမှာ ဝုဗ်အသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရ ရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ အဓိကပြိုင်ဘက် မန်စီးတီးအသင်းကို ၁၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ တပွဲလျော့ အနေအထားနဲ့ အမှတ်ဖြတ်ထားနိုင်တာလည်း ဖြစ်ပါတယ်။  ဝုဗ်အသင်းရဲ့ Molineux ကွင်းမှာ အနိုင်ရရှိခဲ့ခြင်းကြောင့် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန်ဟာ ပွဲ ၄၀ အထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အိပ်မက်ဟာ ပိုပြီးတော့ နီးစပ်လာခဲ့ပြီဖြစ်ပေမယ့် ကလော့ပ်ကတော့ ဖလားရမယ်လို့ သေချာတဲ့ အာမခံချက်မျိုး မရှိသေးဘူးလို့ ယုံကြည်နေပါတယ်။ အနိုင်ယူလို့မရတဲ့ အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အနေအထားနဲ့ ပတ်သက်လို့ မေးမြန်းမှုအပေါ် ကလော့ပ်က “ဒီအရာတွေက အရေးမကြီးသေးပါဘူး။ ဒီအခြေအနေမှာ ကျနော့်အသင်းဟာ သင်္ချာနည်းအရတောင် နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်နိုင်မယ်လို့ အသေအချာ ပြောလို့မရသေးပါဘူး။ အသင်းသားတွေ အဓိကထား လုပ်ဆောင်နေတဲ့ တခုတည်းသောအရာက နောက်လာမယ့် ပွဲတွေအတွက်ပါ။ နောက်ပွဲမှာ Shrewsbury နဲ့ ကစားရပါမယ်။ ပြီးရင် ဝက်စ်ဟမ်းအသင်းနဲ့ပါ။ ပြီးရင် ဆောက်သမ်တန်နဲ့ပါ။ ဒီအရာတွေကိုပဲ အာရုံစိုက်ပါတယ်” လို့  ပြောပါတယ်။ “ကျနော် အခြေအနေတွေကို မပြောင်းလဲနိုင်ပါဘူး။ အဆုံးအဖြတ်ပေးလို့ရတဲ့ အခြေအနေကို မရောက်မချင်း ဘယ်အရာကိုမှ ဆုံးဖြတ်ပေးလို့ မရဘူးလို့ ကြားဖူးပါတယ်။ ဒါ့ကြောင့်  ဒီလိုအရာတွေကို ဘာလို့ တွေးနေရမှာလဲ။ ဝုဗ်နဲ့ပွဲဟာ အကောင်းဆုံးဥပမာပါပဲ။ ဒါဟာ တကယ်ကိုပဲ ခက်ခဲခဲ့ပါတယ်။ ပြီးတော့လည်း ဘယ်တော့မှ လွယ်လွယ်ကူကူ ဖြစ်လာမှာ မဟုတ်ပါဘူး။ဒါ့ကြောင့် ကျနော်တို့အနေနဲ့ တတ်နိုင်သလောက် ကြိုးစားသွားဖို့ လိုပါတယ်” လို့လည်း ကလော့ပ်က ထပ်မံပြောသွားပါတယ်။ လီဗာပူးအသင်းဟာ ဇန်နဝါရီ ၂၆ ရက် တနင်္ဂနွေနေ့မှာ လိဂ်ဝမ်းကလပ် Shrewsbury နဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
1 year Ago

ယာဂန်ကလော့ပ်က ကမ္ဘာ့အကောင်းဆုံးနည်းပြဟု လီဗာပူးဂိုးသမား ပြော

လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြက  ယာဂန်ကလော့ပ် ဖြစ်နေပြီလို့ လီဗာပူးဂိုးသမား အက်ဒရီယန်က ပြောကြားလိုက်ပါတယ်။ စပိန်ဂိုးသမား အက်ဒရီယန်ဟာ အခုနှစ်ဘောလုံးရာသီအစက ဝက်စ်ဟမ်းကနေ လီဗာပူးအသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီး အဓိက ဂိုးသမား အလီဆွန် ဒဏ်ရာရနေချိန်မှာ လက်စွမ်းပြကစားနိုင်ခဲ့ပါတယ်။ ကလော့ပ်ဟာ အသင်းကို ဦးဆောင်မူပေးနိုင်တဲ့နည်းပြဖြစ်ပြီး တဦးချင်းထက် အသင်းလိုက် စုစည်းညီညွတ်မှုရှိအောင် ပြဿနာတွေကို ဖြေရှင်းနိုင်သူဖြစ်တယ်လို့ အက်ဒရီယန်က ချီးကျူးပါတယ်။  နည်းပြ ကလော့ပ်ရဲ့ ဦးဆောင်မူအောက်မှာ  ပွဲမကစားရတဲ့ ကစားသမားတွေအတွက်လည်း ကိစ္စမရှိဘဲ ကစားသမားတိုင်းက အနိုင်ရယူဖို့ အဆင်သင့်ပြင်ဆင်ထားကြကြောင်းလည်း အက်ဒရီယန်က ဆိုပါတယ်။  စပိန်နည်းပြဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာတုန်းက ဆုဖလားတိုင်းကို ရယူနိုင်ခဲ့တာမှန်ပေမယ့် လက်ရှိအချိန်မှာ လီဗာပူးအသင်းကို အကောင်းဆုံး ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ ဂျာဂန်ကေလာ့ပ်က ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ဂိုးသမားအက်ဒရီယန်က ချီးကျူးခဲ့တာဖြစ်ပါတယ်။ 
1 year Ago

ယူနိုက်တက်အသင်းကို အနိုင်ယူရန် လိုအပ်သည့်ခြေစွမ်း မရှိခဲ့ဟု ကလော့ပ်ဝန်ခံ

ယူနိုက်တက်အသင်းကို အနိုင်ရရှိဖို့လိုအပ်တဲ့ အခြေအနေတစ်ခုထိ ရောက်အောင် မကစားနိုင်ခဲ့ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

တနင်္ဂနွေနေ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတော့ အခုလိုပြောခဲ့တာပါ။ 

ဒီပွဲမှာ ဧည့်သည်လီဗာပူးအသင်းက မိုဟာမက်ဆာလက်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ်တို့က အိမ်ရှင်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်း ယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဆာလက်ကပဲ တစ်ဖက် ၂ ဂိုးစီ သရေဖြစ်စေမယ့် ချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လူစားဝင်ကစားသမား ဖာနန်ဒက်စ်ရဲ့ ထူးရှယ်ဖရီးကစ်ဂိုးကြောင့် ပွဲအပြီးမှာ လီဗာပူးအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ပေါ် သဘောကျမိပေမယ့် အရေးကြီးတဲ့အချိန်တွေမှာ အမှားတွေ အများကြီးကျူးလွန်ခဲ့တယ်လို့တော့ ခံစားနေရတယ်လို့ ကလော့ပ်က ပြောပါတယ်။

“ဂိုးနားမှာဆိုရင် ကောင်းတာတွေရော၊ အမှားတွေရော အများကြီးကျူးလွန်ခဲ့ပါတယ်။ ဒီလိုအရာတွေဟာ မဖြစ်ခဲ့သင့်ပေမယ့် ဖြစ်တတ်တဲ့ သဘာဝရှိပါတယ်။ ဒီလိုပွဲတွေကနေ ကျနော်တို့ သင်ယူနိုင်အောင်ကြိုးစားရပါမယ်။” 

ဒီပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မိုဟာမက် ဆာလက်ဟာ ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ကလော့ပ်က  “ဒီပွဲက ခက်ခဲခဲ့ပါတယ်။ ကျနော်တို့အပြင်းထန်ဆုံး ကြိုးစားလိုခဲ့ပေမယ့် မလုံ  လောက်ခဲ့ပါဘူး။ ကျနော်တို့ တန်ပြန်တိုက်စစ်တွေမှာ ပြဿနာရှိခဲ့ပါတယ်။ ဒါဟာ တကယ်ပဲဆိုးရွားပါတယ်။ ဒါပေမယ့် ကောင်းတဲ့အရာလေးတွေတော့ ရှိခဲ့ပါတယ်။ ကျနော်တို့ ၂ ဂိုးသွင်းခဲ့သလို ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင်  တော်တော်လေး ပိတ်ဆို့ထားတဲ့ ခံစစ်ကစားပုံကို အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရှုံးခဲ့ပေမယ့် ကောင်းတဲ့အရာတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ပြောရမှာပါ” လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပေမယ့် သူတို့နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒါဟာလည်း အက်ဖ်အေဖလား ပွဲမှာ ဗီလာအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ကလော့ပ်ရဲ့အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ မော်ရင်ဟိုရဲ့စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရင်ဆိုင်ရဖို့ရှိနေပြီး ယူနိုက်တက်အသင်းနဲ့ပွဲက အမှားတွေကိုသင်ယူပြီး မော်ရင်ဟိုရဲ့အသင်းကို ရင်ဆိုင်သွားဖို့ ကလော့ပ်က မျှော်လင့်ထားပါတယ်။

3 months Ago

လီဗာပူး၏ ချန်ပီယံအိမ်မက် ပျောက်ဆုံးဟု ကလော့ပ်ဝန်ခံ

ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့ခြင်းက မျက်နှာတည့်တည့်ထိစေခဲ့ထိုးနှက်ချက်ဖြစ်ကာ သူတို့ အနေနဲ့ ချန်ပီယံဖြစ်ဖို့အကြောင်းကို စဉ်းစားဖို့မဖြစ်နိုင်တော့ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  မနေ့ညက ရှုံးပွဲကြောင့် လက်ရှိ ချန်ပီယံ လီဗာပူးအသင်းရဲ့  ၆၈ ပွဲဆက်တိုက် အိမ်ကွင်း ရှုံးပွဲမရှိ စံချိန်လည်း ကျိုးပျက်သွားခဲ့ရပါပြီ။  အက်ရှ်လေဘန်းစ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် မေလ နောက်ပိုင်း လီဗာပူးလ်အသင်းအတွက် ပထမဆုံးအဖြစ် လိဂ်ပွဲ ၄ ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့တဲ့စံချိန်ကိုလည်း ရရှိခဲ့ပြီဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့် ထိပ်ဆုံးက မန်ယူနိုက်တက်အသင်းနဲ့ အမှတ်ကွာဟချက်ကလည်း ၆ မှတ်အထိ မြင့်တက်သွားခဲ့ပါပြီ။  လီဗာပူးတို့အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၇ ဂိုးပြတ်နဲ့ နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ဆက်ထိန်းဖို့ အခြေအနေကောင်းတွေရှိခဲ့ပေမဲ့ နောက်ပွဲတွေမှာ ဝက်စ်ဘရွမ်း၊ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ကို သရေကျခဲ့ကာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာကို ဖယ်ပေးခဲ့ရပါတယ်။ ဘန်လေနဲ့ပွဲအပြီးမှာကလော့ပ်က “ကျနော်တို့  ဘောလုံးကိုင်ပြီး အခွင့်အရေး တချို့ကို ဖန်တီးနိုင်ခဲ့ပေမဲ့ အခြေအနေတွေကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်သူတို့ ပင်နယ်တီ ရခဲ့တာဖြစ်ပြီး အလီဆန်ကတော့ သူ မထိခဲ့ဖူးလို့ ပြောပါတယ်။ ကျနော့်ကောင်လေးတွ ဒီညမှာ ကောင်းကောင်း ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ချန်ပီယံဆုအတွက် စဉ်းစားနေဖို့မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။  ဒီပွဲရဲ့ ပထမပိုင်းပြီးချိန်မှာ နှစ်ဘက် နည်းပြ ၂ ဦးဟာ ဖာဘင်ဟို အဝါကတ်ထိခဲ့တဲ့ ဖြစ်ရပ်အတွက် အချင်း များခဲ့ကြပေမဲ့ ဒါကို သူအရင်စခဲ့တာ မဟုတ်ဘဲ အခုချိန်မှာ အားလုံးပြေလည်သွားခဲ့ပြီလို့လည်း ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။ 
4 months Ago

ဂိုးသွင်းပြီး ထိတွေ့အောင်ပွဲမခံရဆိုတာ လိုက်လုပ်ဖို့ ခက်ခဲပါတယ် - ကလော့ပ်

ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ အလေ့အကျင့်တွေကို ချက်ချင်းကြီးပြောင်းလဲပစ်ဖို့ မလွယ်ကူနိုင်ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ယုံကြည်နေပါတယ်။  ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ သူတို့ရဲ့ social distancing စည်းမျဉ်းတွေကို ပိုပြီးတင်းကျပ်ဖို့ လုပ်ဆောင်နေပါတယ်။  အမှုဆောင်အရာရှိဖြစ်တဲ့ ရစ်ချက်မစတာက ကစားသမားတွေကို ပွေ့ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းနဲ့ လက်ဝါးရိုက်ခြင်းတို့ အပါအဝင် မလိုအပ်တဲ့ ထိတွေ့မှုတွေကို မလုပ်ဖို့ သတိပေးရေးအတွက် ပရီးမီးယားလိဂ်ကလပ်တွေကို အခုသီတင်းပတ်မှာ စာရေးသား ပေးပို့ခဲ့ပါတယ်။  ဒီလိုထိတွေ့မှုမျိုးဟာ ပွဲချိန်အများစုမှာ တွေ့နိုင်ပေမယ့် အထူးသဖြင့် ဂိုးသွင်းလိုက်ပြီဆိုရင် ကစားသမားတွေအားလုံးက ဂိုးသွင်းတဲ့လူဆီ သွားရောက်ဂုဏ်ပြုကြလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုကိစ္စတွေကို ရှောင်ကြဉ်ပြီး သတ်မှတ်ချက်တွေကို လိုက်နာဖို့အတွက် အသင်းခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေကိုလည်း အသိပေးမှု လုပ်ဆောင်ထားပါတယ်။  ကစားသမားတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်ဖို့နဲ့ lockdown ကာလအတွင်း လိဂ်ကို ပုံမှန်အတိုင်း ဆက်ကစားနိုင်ဖို့အတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတ်မှတ်ချက်တွေကို လုပ်နိုင်သလောက်တင် တင်းကျပ်သွားမှာ ဖြစ်ပါတယ်။  ကလော့ပ်ကတော့ စည်းကမ်ချက်အသစ်တွေ အများကြီးကို ချမှတ်ခဲ့ကာ ကွင်းအတွင်း ပိုးကူးစက်နိုင်ခြေဟာ တော်တော်လေးနည်းပါးနေပြီလို့ ယုံကြည်နေပါတယ်။  ကစားသမားတွေဟာ စည်းကမ်းလိုက်နာရေးနဲ့ ပတ်သက်လို့ မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ “ကျနော်တို့ စည်းကမ်းတွေကို လိုက်နာခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကသာ ဒါတွေကို ထပ်လုပ်ကြဖို့ပြောလာရင် ကျနော်တို့ပွဲတွေကို ရပ်လိုက်ဖို့ပဲရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နားမလည်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကျနော်က အဆုံးအဖြတ်ပေးနိုင်တဲ့သူလည်း မဟုတ်ပါဘူး။ စည်းကမ်းတွေကို လိုက်နာရမယ်မှန်း သိပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ခဲ့တဲ့ အခြေအနေတွေကနေလည်း သင်ယူရပါမယ်” လို့  ယူနိုက်တက်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  အခုသီတင်းပတ်ပွဲတွေမှာသာ ဂိုးသွင်းနိုင်မယ်ဆိုရင် ကစားသမားအများစုဟာ သူတို့အသင်းဖော်ကို ပွေ့ဖက်မှုတွေ ပြုလုပ်လာနိုင်ပြီး စည်းမျဉ်းအသစ်တွေကို မေ့သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။  “တစ်ခုခုကို  အောင်ပွဲခံရမယ်ဆိုရင် သင့်တော်တဲ့နည်းလမ်းနဲ့ အောင်ပွဲခံသင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်လာဖို့ ခက်ခဲပါတယ်။ ဘောလုံးဆိုတာ စိတ်ခံစားချက်တွေ ရောပြွမ်းနေတဲ့ အားကစားနည်းပါ။ ကျနော်တို့အနေနဲ့ တစ်ချက် သတိပြုရမှာက ဒီကစားသမားတွေအားလုံးကို တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ် ဆေးစစ်မှုခံယူပြီးသား လူတွေဆိုတာပါပဲ။ ဒီသီတင်းပတ်အတွင်းမှာတော့ ကျနော်တို့အနေနဲ့ အချင်းချင်း ထိစပ်မှုကို တတ်နိုင်သလောက် လျှော့ချဖို့ လိုအပ်ပါတယ်။ ကျနော်တို့အနေနဲ့ ဂိုးသွင်းပြီးအောင်ပွဲခံမှုဟာ အသင်းဖော်တွေအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ခံစားရရင် ဒါကို လုံးဝ မလုပ်မှာ မဟုတ်ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။
4 months Ago

ဇန်နဝါရီ အပြောင်းအရွှေ့တွင် နောက်ခံလူသစ်ခေါ်ယူရန် မသေချာဟု လီဗာပူးနည်းပြပြော

အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် အခုလအတွင်း ဗဟိုခံစစ် ကစားသမားတစ်ဦး ခေါ်ယူဖြစ်မလားဆိုတာ မသိသေးဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ သူတို့ရဲ့ အဓိကကျတဲ့ နောက်ခံလူ ၃ ဦးကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။ သူတို့နေရာကို ကွင်းလယ်လူ ဖာဘင်ဟိုက ဖြည့်ကစားပေးနေရပြီး ခြေစွမ်းလည်း ပြနေနိုင်တာကြောင့် ကလော့ပ်က ဘရာဇီးသားနဲ့အတူ အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကစားသမား ၂ ဦးကို အသုံးပြုသွားဖို့ မျှော်လင့်နေပုံရပါတယ်။ အသက် ၁၉ နှစ်အရွယ် ရွိုင်းဝီလီယမ်က ပြီးခဲ့တဲ့လကမှ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့သလို နာသန်ဖီးလစ်ကလည်း ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ကစားခွင့်ရသေးပါတယ်။ ဒါ့ကြောင့် ကစားသမားဟောင်း ကာရေဂါ အပါအဝင် အများစုက လီဗာပူးအသင်းအနေနဲ့ ဒီအပြောင်းအရွှေ့မှာ နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုထားကြပြီး အသင်းဘက်က လာတဲ့ သတင်းတွေမှာတော့ ဇန်နဝါရီမှာ လူသစ်ခေါ်ယူမှု ကြီးကြီးမားမား ပြုလပ်နိုင်ခြေ နည်းပါးတဲ့သဘောမျိုး ပြောထားပါတယ်။  လိုင်လီအသင်းရဲ့ စတိဗ်ဘုတ်မန်းကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေဟာလည်း ပျက်ပြားသွားခဲ့ပြီ ဖြစ်ပါတယ်။ ကလော့ပ်က “ကျနော်တို့အသင်း လူစာရင်းမှာ ပြဿနာတွေအတွက် အဖြေရှိနေပေမဲ့ ကျနော်တို့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူတွေနဲ့ပတ်သက်လာရင် ဒီလိုမျိုး ဖြစ်လေ့ရှိပါတယ်။ တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုရင် နောက်ပိုင်း ရပ်တန့်လို့ မရတော့ပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့မှာ တစ်ခုခု လုပ်မလားဆိုရင် ကျနော်မသိဘူးလို့ပဲ ပြန်ဖြေရပါမယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒါဟာ အရမ်းကို ကျပ်တည်းတဲ့ အပြောင်းအရွှေ့ပဲလေ။ အသင်းအားလုံးက ပိုက်ဆံကိုင်ထားနိုင်တာမှ မဟုတ်တာ။ တစ်ခုခု လုပ်ကြည့်မယ်ဆိုတာမျိုးက အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် မှန်ကန်တဲ့အရာကို လုပ်ရပါမယ်။ အခုချိန်ထိတော့ ကျနော်တို့ အသင်း လူအင်အားကို သဘောကျနေဆဲပါ” လို့ ပြန်ဖြေပါတယ်။ ဒဏ်ရာပြဿနာတွေရှိနေပေမဲ့ လီဗာပူးအသင်းဟာ နှစ်သစ်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး တနင်္လာနေ့မှာ ကစားမယ့် ဆောက်သမ်တမ်နဲ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ကို ၃ မှတ်အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။
4 months Ago

ကျနော့်အသင်း လူစာရင်းက အလယ်အလတ်အဆင့်မှာပဲ ရှိနေပါသေးတယ် - ချဲလ်ဆီးနည်းပြ

အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အသင်းဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရကြောင်းနဲ့ ဒီရှုံးပွဲဟာ ချဲလ်ဆီးအသင်းကို လိဂ်မှာ အတောင့်တင်းဆုံးလူအင်အား ရှိနေပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလို့ ပြောသူတွေအတွက် အသင်းရဲ့အခြေအနေ အစစ်အမှန်ကို သိရှိစေနိုင်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။ စနေနေ့ပွဲမှာ အဲဗာတန်အသင်းက ဆီဂတ်ဆန်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ချဲလ်ဆီးဘက်က ပြန်လည်ချေပနိုင်ခဲ့ခြင်း မရှိပါဘူး။ ချဲလ်ဆီး ကစားသမားတွေဟာ အဲဗာတန်ဘက်ကပေးတဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခဲ့ခြင်း မရှိခဲ့ဖူးလို့ လမ်းပတ်က ပြောပြီး ဒီနေ့ပွဲ ခြေစွမ်းကနေ သင်ယူရမယ်လို့လည်း ဆိုပါတယ်။ စနေနေ့ ရှုံးပွဲဟာ စက်တင်ဘာ ၂၀ ရက် လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံး ရှုံးပွဲဖြစ်ပြီး ဒီအခြေအနေကြောင့် သူ့အသင်းကို ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းစာရင်းမှာ ထည့်သွင်းမသတ်မှတ်သင့်ဘူးလို့လည်း လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးကို ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ပြောခဲ့တဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့ ပြောဆိုမှုကို လမ်းပတ်က ပြန်လည်ချေပခဲ့တာလည်း ဖြစ်ပါတယ်။  လမ်းပတ်က “ဒါဟာ အကြာကြီးယှဉ်ပြိုင်ရမယ့် ရာသီတစ်ခုပါ။ ဒါဟာ ကျနော့်အသင်းကို ဖလားရမယ်၊ အင်းအားတောင့်တင်းတယ်လို့ ပြောထားသူတွေအတွက် အမှန်ကိုသိစေတဲ့ပွဲလည်း ဖြစ်ပါတယ်။ အကောင်းဆုံးလူစာရင်းလို့ ပြောမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေကို ပြန်ကြည့်သင့်ပါတယ်။ အဲဒီအသင်းတွေမှာ ဂိုးတွေအများကြီးသွင်းနိုင်တဲ့ တိုက်စစ်မှူးတွေ‌၊ အောင်မြင်မှုမျိုးစုံရထားတဲ့ ကွင်းလယ်လူတွေ ရှိနေပါတယ်။ ကျနော့်အသင်းမှာတော့ ဒီလို ကစားသမားမျိုး နည်းပါတယ်။ သူတို့ဟာ လူငယ်လေးတွေပဲ ရှိနေသေးတာကြောင့် ဒီလိုပြောဖို့ စောပါသေးတယ်။ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်း ကျနော် ဒီအသင်းမှာ ဆက်ရှိနေပြီး ကျနော်တို့အသင်းက ဖလားတွေ ရခဲ့မယ်ဆိုရင် ကျနော်တို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဆိုတဲ့စကားကို လက်ခံပါမယ်။ အခုချိန်မှာတော့ ဒီလိုပြောဖို့ စောနေပါသေးတယ်။ အခုချိန်မှာ ကျနော့်အသင်း လူစာရင်းက အလယ်အလတ်အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါဟာ အမှန်တရားပါပဲ” လို့  ပြောပါတယ်။ ချဲလ်ဆီးအသင်း ပေးလိုက်ရတဲ့ ပင်နယ်တီမှာ အဲဗာတန်တိုက်စစ်မှူး ကတ်ဗင်လီဝိန်းကို ဂိုးသမား မန်ဒီက ထွက်တားခဲ့လို့ ပေးလိုက်ရတာဖြစ်ပြီး မန်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းသွားခဲ့တယ်လို့ ယူဆနိုင်ပါတယ်။  ဒါပေမဲ့ လမ်းပတ်ကတော့ မန်ဒီကို ကာကွယ်ပြောဆိုပေးသွားခဲ့ပြီး ဂိုးသမားဟာ ချဲလ်ဆီးအသင်းကို ရောက်လာပြီးချိန်ကတည်းက လက်စွမ်းပြနေသူ ဖြစ်တယ်လို့ ပြောပါတယ်။
5 months Ago

အလစ်ဆန်နှင့် ချိန်ဘာလိန်တို့ လေ့ကျင့်ခန်းပြန်ဆင်းပြီဟု ကလော့ပ် အတည်ပြု

လီဗာပူးဂိုးသမား အလစ်ဆန်ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ဖူဟမ်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ နည်းပြ ယာဂန်ကလော့ပ်က အတည်ပြုပါတယ်။  အလစ်ဆန်ဟာ ပြီးခဲ့တဲ့လက  ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ အနားယူခဲ့ရတာပါ။ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂိုးသမား အလစ်ဆန်ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ကြောင်း နည်းပြကလော့ပ်က အတည်ပြုခဲ့ပါတယ်။  တနင်္ဂနွေနေ့မှာ ကစားမယ့် ဖူဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပွဲထွက်နိုင်ပြီး အခြေအနေကို စောင့်ကြည့်သွားရမယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။  ဒဏ်ရာရရှိနေတဲ့ တောင်ပံတိုက်စစ်မှူး ချိန်ဘာလိန်ဟာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီး မကြာခင် ပွဲထွက်ကစားနိုင်တော့မယ်လို့ နည်းပြကလော့ပ်က အတည်ပြုခဲ့ပါတယ်။
5 months Ago

အန်ဖီးလ်ကွင်း၌ လာကြည့်သည့် ပရိသတ်ကို ကလော့ပ်က ကျေးဇူတင်စကားပြော

အန်ဖီးလ်ကွင်းထဲမှာ အသင်းပရိသတ်တွေကို ပြန်လည်မြင်တွေ့ခဲ့ရတဲ့အပေါ်မှာ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကတော်တော်လေး ကျေနပ်ပီတီဖြစ်နေပါတယ်။   ဝုဗ်နဲ့ပွဲမှာ ကွင်းထဲမှာ ပရိသတ် အယောက် ၂၀၀၀ လောက်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ဒီပွဲမှာ လီဗာပူး အသင်းက ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။  ဆာလက်က အဖွင့်ဂိုးကို ၂၄ မိနစ်မှာ သွင်းယူခဲ့ပြီး ဝီနယ်ဒမ်နဲ့ မာတစ်တို့က ဒုတိယပိုင်းမှာ ဂိုးတွေ အသီးသီးသွင်းယူခဲ့ကာ အပိတ်ဂိုးကိုတော့ ဆီမီဒိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ခြင်းကနေ ရရှိခဲ့ပါတယ်။  အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်ကျေနပ်နေတဲ့ ကလော့ပ်က ဒီလိုမျိုးအနိုင်ရရှိခဲ့မှုမှာ ပရိသတ်တွေက  ပေးတဲ့ အန်ဖီးလ်ဆိုတဲ့ အငွေ့အသက်တွေလည်း ပါဝင်နေတယ်လို့ပြောပါတယ်။  “ပွဲရလဒ်နဲ့ ကွင်းရဲ့အနေအထားက တကယ်ကိုကောင်းပါတယ်။ ကျနော် အေးခဲသွားသလို ခံစားရပါတယ်။ သူတို့ 'You'll Never Walk Alone' သီချင်းကို စဆို လိုက်ချိန်မှာ ဒီခံစားချက်ဟာ အရမ်းကောင်းပါတယ်။ ဒီလိုကောင်းတဲ့ခံစားချက်မျိုးကို အရင်ကမသိခဲ့ပါဘူး” လို့ ကလော့ပ်က ပွဲအပြီးမှာပြောပါတယ်။  “ပရိသတ်တွေပေးတဲ့ခံစားချက်က အရမ်းကို ကောင်းမွန်လွန်းတာကြောင့် ကျနော့် ဂုဏ်ပြုစကားဟာ လုံလောက်မှု ရှိရဲ့လားတော့ မသိပါဘူး။ အရမ်းကိုကောင်းမွန်တဲ့ ညတစ်ညပဲ မဟုတ်လား။ ဝုဗ်အသင်းရဲ့အခြေအနေကြောင့် ကျနော်တို့ ပွဲမစခင်မှာ စိန်ခေါ်မှုတချို့ရှိခဲ့ပါတယ်။ သူတို့ကို ဘယ်လိုဖိအားပေးကစားရမလဲဆိုတဲ့အပေါ် ကျနော့်ကောင်လေးတွေကို ပြောပြခဲ့ပြီး သူတို့ဟာလည်း ဒါကို အကောင်းဆုံးလုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒါဟာဝုဗ်အသင်း နဲ့ပတ်သက်လို့ အကောင်းဆုံးရလဒ်ပါ” လို့ ကလော့ပ်က ပြောပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းရဲ့ ဂိုးပေါက်ကို လူငယ်ဂိုးသမား ကယ်လီဟာက တာဝန်ယူခဲ့ပြီး အထင်ကြီးဖွယ် clean sheet ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ ဒုတိယဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကလည်း အန်ဖီးလ်ကွင်းထဲမှာ ပရိသတ်တွေကို ပြန်လည်မြင်တွေ့ခဲ့ရမှုနဲ့ပတ်သက်လို့ အခုလို ပြောဆိုခဲ့ပါတယ်။  “တကယ့်ကိုမိုက်ပါတယ်။ ပရိသတ်တွေကို ကွင်းထဲပြန်ဝင်ခွင့်ပြုခဲ့ပြီဆိုကတည်းက စိတ်လှုပ်ရှားခဲ့ရတာပါ။ သူတို့ကို ပြန်မြင်ရတာက တကယ်ကို ကောင်းတဲ့ခံစားမှုပါပဲ။ အရင်တုန်းက ကျနော်တို့အတွက် အားပေးမှုဟာ အရန်ခုံတန်း တခုပဲ ရှိနေခဲ့တာကြောင့် ပွဲအတွင်း ပရိသတ်တွေရဲ့ ချီးကျူးမှုဟာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။” 
5 months Ago

ပရီးမီးယားလိဂ်ချန်ပီယံဆု ရေပန်းအစားဆုံးအဖြစ် ချဲလ်ဆီးကို ကလော့ပ်ရွေးချယ်

လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းမှာ ချဲလ်ဆီးအသင်းဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီနေ့မနက်အစောပိုင်းပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပြီး တနင်္ဂနွေ နေ့မှာ ကစားဖို့ရှိနေတဲ့ လီဗာပူးနဲ့ စပါးအသင်းတို့ကို ၁ မှတ်ဖြတ်ထားပါတယ်။  ချဲလ်ဆီးဟာ ချန်ပီယံဘွဲ့ကိုလုယူဖို့ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သလို လီဗာပူးအသင်းကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့အာရုံစိုက်ထားဆဲဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။ “ကျနော်ပွဲတွေကို ကြည့်မိရင် စပါးအသင်းက တော်တော်လေးကောင်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်ချန်ပီယံဆုကို ရေပန်းအစားဆုံးအသင်းကတော့ ချဲလ်ဆီးပါပဲ။ သူတို့ဟာ လူစာရင်းတောင့်တင်းသလို ကစားသမားကောင်းတွေလည်း အများကြီးရှိပါတယ်။ သူတို့ကစားပုံကလည်း ကောင်းပါတယ်။ လက်ရှိအချိန်မှာ သူတို့အသင်းဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး တစ်ပွဲနဲ့တစ်ပွဲမတူညီတဲ့ ပြိုင်ဘက်တွေကို အံ့သြသင့်ဖွယ်ရာအနိုင်ယူပြနေပါတယ်။ ဖိအားတွေရှိနေတာ မှန်ပေမယ့် ဒါဟာ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ကျနော်တို့အတွက်ဖိအားဆိုတာ ပွဲကိုအနိုင်ရဖို့ လိုအပ်တဲ့ဖိအားဖြစ်ပြီး လာမယ့်ဝုဗ်နဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိအောင်ဆောင်ရွက်သွားပါမယ်။ ဒါဟာ ကျနော်တို့အတွက် ပစ်မှတ်ပဲဖြစ်ပါတယ်။ လာမယ့်ပွဲ၊ လာမယ့်ပြိုင်ဘက်နဲ့ပတ်သတ်ပြီးတော့ပဲ အပြည့်အဝအာရုံစိုက်ထားသင့်ပါတယ်။ အထူးသဖြင့်ပြိုင်ဘက်တွေရဲ့ အစောပိုင်းရလဒ်တွေ မဟုတ်ပါဘူး။” 
5 months Ago

လူစားလဲမှု ၅ ကြိမ်ခွင့်မပြုသဖြင့် အင်္ဂလန်အသင်းကို ထိခိုက်လာနိုင်ဟု ကလော့ပ်သတိပေး

ပရီးမီးယားလိဂ်မှာ တစ်ပွဲကို လူစားလဲမှု ၅ ကြိမ်ခွင့်ပြုတဲ့နည်းလမ်း မပြောင်းပါက အင်္ဂလန်လက်ရွေးစင် နည်းပြဂါရတ်ဆောက်ဂိတ်လည်း ထိခိုက်မှုရှိလာနိုင်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပွဲစဉ်ဇယားကြပ်တည်းမှုကြောင့် ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၃ ကြိမ်သာ ခွင့်ပြုထားခြင်းကို ၅ ကြိမ်အထိ ပြောင်းလဲသင့်တယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်။  လီဗာပူးဟာ ဒီရာသီမှာ အဓိကကစားသမား အများအပြား ဒဏ်ရာရရှိမှုနဲ့ ကြုံတွေ့ခဲ့ရပြီဖြစ်ပြီး ဒါဟာ ပွဲစဉ် ဇယားရေးဆွဲမှုကြပ်နေခြင်းနဲ့ ၃ ကြိမ်ထက်ပိုပြီး လူစားလဲခွင့်မရှိခြင်းတို့ကြောင့်လို့ ကလော့ပ်ယုံကြည်နေပါတယ်။ ဒါ့ကြောင့် ဒီနည်းစနစ်ကိုသာ မပြောင်းလဲပါက လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကိုလည်း ထိခိုက်မှုရှိလာနိုင်တယ်လို့ ကလော့ပ်က သတိပေးပါတယ်။  “၃ ကြိမ်ပဲ လူစားလဲနိုင်ခြင်းက လွှမ်းမိုးမှုရှိနေတာကြောင့် ကျနော်တို့ ဒီအကြောင်းကို စောစောစီးစီးဆွေးနွေးရပါမယ်။ အခုဆိုရင် အသင်းတိုင်းနီးပါးဟာ ၃ ရက်တစ်ပွဲနှုန်းနဲ့ ကစားနေရပြီး ဒါဟာ အားလုံးအတွက် တော်တော်လေးကိုများပါတယ်။ အသင်းတိုင်းက အရင်ကနဲ့မတူတဲ့ အခြေအနေကိုခံစားရနိုင်ပါတယ်။ လာမယ့်နွေရာသီမှာ ဆောက်ဂိတ်အတွက်လည်း ပြဿနာရှိလာနိုင်ပါတယ်။ ဆောက်ဂိတ် အင်္ဂလန်အသင်းအတွက်ရွေးမယ့် ကစားသမားတိုင်းဟာ ဥရောပပြိုင်ပွဲတွေကို ကစား နေရသူတွေပါ။ သူတို့ထဲက အများစုဟာ တစ်ပတ်ကို ၃ ပွဲနှုန်းကစားနေရပါတယ်။ ဒီပုံစံမျိုး ဆက်ကစားနေရမယ်ဆိုရင် အင်္ဂလန်နည်းပြအတွက် သေချာပေါက် ပြဿနာရှိလာနိုင်ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။ ကလော့ပ်နဲ့ ရှက်ဖီးလ်နည်းပြ ခရစ္စဝိုင်ဒါတို့ဟာ လူစားလဲမှု အကြိမ်ရေပြောင်းလဲမှုအတွက် ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ နည်းပြတွေထဲမှာအပါအဝင်ဖြစ်ပြီး ရှက်ဖီးလ်နည်းပြက လူစားလဲမှုပိုမိုခွင့်ပြုခြင်းဟာ လီဗာပူးလို အသင်းကြီးတွေအတွက် အားသာချက်ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်  မကြာခင်ရောက်ရှိတော့မယ့် ပွဲတော်ကာလမှာ ပွဲကြပ်တွေ စတင်လာတော့မှာဖြစ်တာကြောင့် လူစားလဲမှု ၅ ကြိမ်ကို မထောက်ခံခဲ့တဲ့ နည်းပြတွေဟာ နောင်တရစရာတွေ ကြုံလာရနိုင်တယ်လို့ ကလော့ပ်ကပြောပါတယ်။
5 months Ago

လီဗာပူးတွင် ရှိနေသရွေ့ ဂျာမနီနည်းပြရာထူးကို စဉ်းစားမည်မဟုတ်ဟု ကလော့ပ်ပြော

ဂျာမနီ လက်ရွေးစင်နည်းပြ ဂျိုအာချင်လိုးရဲ့ နေရာကို အစားဝင်ဖို့ စိတ်ဝင်စားမှုမရှိကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းနဲ့ လမ်းခွဲပြီးချိန်မှသာ ဒီအလုပ်အတွက် စဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့လည်း ကလော့ပ်က ပြောပါတယ်။ ဂျိုအာချင်လိုးရဲ့ ဂျာမနီအသင်းဟာ စပိန်အသင်းကို ၆ ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်း အပါအဝင် ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတာကြောင့် နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။  ဂျာမနီ လက်ရွေးစင်နည်းပြသစ် ရာထူးအတွက် ရေပန်းအစားဆုံးမှာ ကလော့ပ်ဖြစ်ပေမယ့် အသက် ၅၃ နှစ်အရွယ် နည်းပြကြီးကတော့ ဒါကို ပယ်ချလိုက်ပါတယ်။ ဂျာမနီသား နည်းပြကြီးက “ဒါဟာ ကျနော့်ဘဝမှာ အဖြေရဆုံး မေးခွန်းတွေထဲက တခုလို့ ပြောရပါမယ်။ နောင်တချိန်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး။ ကျနော့်မှာ တော်တော်လေး ခက်ခဲတဲ့ အလုပ်တခုရှိနေတဲ့အတွက် အချိန်မရှိပါဘူး။ တစုံတယောက်က ကျနော့်ကို တောင်းဆိုတာမျိုး ရှိနေလား မသိပါဘူး။ ကျနော့်အလုပ်က လီဗာပူးမှာပါ။ ဒီမှာလည်း အခြေအနေတွေက သိတဲ့အတိုင်းပါပဲ။ ကျနော်ဟာ ဒီကကိစ္စတော်တော်များများအတွက် တာဝန်ရှိသူဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေထွက်ပြီး တခြားစိန်ခေါ်မှုတွေကို ရှာဖွေဦးမှာ မဟုတ်ပါဘူး။ ကျနော် အိပ်ရာနိုးပြီဆိုတာနဲ့ စိန်ခေါ်မှုတွေက တတန်းကြီး စောင့်နေပါတယ်” လို့ ပြောပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းမှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသူ ဖြစ်ပြီးတော့ သူ့ရဲ့ အဓိကပြိုင်ဘက်လို့ သတ်မှတ်ခံထားရတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း မန်စီးတီးအသင်းနဲ့ မကြာသေးခင်က ၂၀၂၃ အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပါတယ်။  ဒါကြောင့် ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ သူတို့နှစ်ဦးရဲ့  ပြိုင်ဆိုင်မှုကို ဆက်လက်မြင်တွေ့ရဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ဟာ အသင်း ၂ သင်းတည်း ယှဉ်ပြိုင်ရမယ့် လိဂ် မဟုတ်တော့ဘူးလို့ ကလော့ပ်က ပြောပါတယ်။
6 months Ago

စလိုဗက်ကီးယားအသင်းနှင့် ယှဉ်ပြိုင်မည့် စကော့တလန် လူစာရင်းတွင် ရော်ဘတ်ဆန် မပါဝင်

စလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းရဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန် ပါဝင်ခဲ့ခြင်း မရှိပါဘူး။  လီဗာပူး နောက်ခံလူဟာ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုမှာလည်း တံကောက်ကြောဒဏ်ရာ အခြေအနေကြောင့် ကန်သွင်းခဲ့ခြင်း မရှိပါဘူး။ ရော်ဘတ်ဆန်ဟာ စလိုဗက်ကီးယားအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိတယ်လို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလပ်ခ်က မနေ့က ပြောဆိုခဲ့ကာ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အသင်းလူစာရင်းမှာ ရော်ဘတ်ဆန်ဟာ အရန်လူစာရင်းမှာတောင် မပါဝင်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေဟာ လီဗာပူးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုဖြစ်လာပြီး နည်းပြ ယာဂန်ကလော့ပ်ကတော့ အားထားရတဲ့ ဘယ်နောက်ခံလူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ကလော့ပ်ဟာ အသင်းရဲ့နောက်တန်းမှာ ဗန်ဒိုက်ကို ဒူးဒဏ်ရာကြောင့် ကာလရှည် ဆုံးရှုံးထားရပြီ ဖြစ်ကာ ဂိုးမက်ဇ်ဟာလည်း နိုင်ငံအသင်းနဲ့အတူ ရှိနေစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာ ဖြစ်ပါတယ်။  အာနိုးနဲ့ ဖာဘင်ဟိုတို့ဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာသာ ပြင်းထန်ခဲ့မယ်ဆိုရင် ကလော့ပ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် လက်စတာအသင်းနဲ့ပွဲမှာ ပင်မနောက်ခံလူတွေ မပါတဲ့ လူစာရင်းတစ်ခုကို ဖန်တီးရတော့မှာ ဖြစ်ပါတယ်။  ကလော့ပ်အနေနဲ့ စကော့တလန်လူစာရင်းမှာ ရော်ဘတ်ဆန်‌ မပါဝင်နိုင်တာဟာ ကြိုတင်ကာကွယ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်စေဖို့ မျှော်လင့်ရမှာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကိုတော့ လာမယ့်ရက်တွေမှာ သိရမှာဖြစ်ပါတယ်။
6 months Ago

ဖေမီနိုက အသင်းကို အကျိုးပြုစေသူဟု နည်းပြ ကလော့ပ် ချီးကျူး

တိုက်စစ်မှူးဖေမီနိုဟာ ဂိုးမသွင်းနိုင်တဲ့ပွဲတွေမှာတောင် အသင်းအတွက် အကျိုးပြုတယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပါတယ်။  နည်းပြကလော့ပ်ဟာ အက်တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖေမီနိုရဲ့နေရာမှာ ဒီယေဂိုဂျိုတာကို အသုံးပြုခဲ့ပြီး ဂျိုတာက ဟတ်ထရစ် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။  တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဖေမီနိုကို ပွဲထွက်ခွင့်ပေးမလား၊ ဂျိုတာကို ပွဲထွက်ခွင့်ပေးမလား စောင့်ကြည့်ရဖို့ရှိတာပါ။  နည်းပြ ယာဂန်ကလော့ပ်ကတော့ ကစားသမားသစ် ဒီယေဂိုဂျိုတာ ခြေစွမ်းပြနေတာကို ကျေနပ်ပေမယ့်လည်း ဖေမီနိုက ဂိုးမသွင်းနိုင်တဲ့ပွဲမှာလည်း အသင်းအတွက် အကျိုးပြုတယ်လို့ ချီးကျူးခဲ့တာပါ။  ဖေမီနိုဟာ ပွဲစဉ်အများစုမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲတွေရှိခဲ့တာတောင် အသင်းအတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ပြီး ဂိုးသွင်းယူပြီး အသင်းကို ကူညီနိုင်ခဲ့တာတွေလည်း ရှိတယ်လို့ ကလော့ပ်က ပြောပါတယ်။ 
6 months Ago

ဘောလုံးလောကတွင် မန်စီးတီးနှင့်ရင်ဆိုင်ရမှု အခက်ခဲဆုံးဟု ကလော့ပ် မှတ်ချက်ပြု

မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတာဟာ ကမ္ဘာ့ဘောလုံးလောကမှာ အခက်အခဲဆုံးပွဲ ဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီပွဲဟာ ပရီမီယားလိဂ်ချန်ပီယံဆုကို အဆုံးအဖြတ်ပေးမယ့်ပွဲလို့လည်း မယူဆကြောင်း ကလော့ပ်က ပြောပါတယ်။ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ ပြီးခဲ့တဲ့နှစ်တွေမှာ အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးထားပြီး အခုသီတင်းပတ် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။  ဒီပွဲဟာ လီဗာပူးအသင်းအတွက် ချန်ပီယံဆုကို ကာကွယ်ဖို့ အရေးပါတဲ့ပွဲဖြစ်သလို မန်စီးတီးအသင်းအတွက်လည်း ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အမှားမခံတဲ့ပွဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ လက်ရှိနည်းပြတွေ လက်ထက်မှာ အောင်မြင်မှု အသီးသီးရရှိထားတဲ့ နာမည်ကျော် ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။  မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲမှု များစွာပြုလုပ်ထားပြီး အသင်းကို အင်အားဖြည့်တင်းထားပါတယ်။  ကလော့ပ်ကတော့ မန်စီးတီးနဲ့ပွဲဟာ ခက်ခဲမယ်လို့ တွက်ဆထားပြီး ပြီးခဲ့တဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေမှာ လီဗာပူးဘက်က အနည်းငယ်အသာစီး ရရှိထားတယ်ဆိုပေမဲ့ ဒါဟာ လာမယ့်ပွဲအပေါ် သက်ရောက်မှု အများကြီးရှိနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ “အိမ်ကွင်း၊ အဝေးကွင်း ကွာခြားချက်က အရေးမကြီးပါဘူး။ တကယ်အရေးကြီးတာက ရဲရဲရင့်ရင့်နဲ့ အစွမ်းကုန်ကြိုးစားအားထုတ်ရင်း အခွင့်အရေးကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ကစားရတာဟာ ကမ္ဘာ့ဘောလုံးလောကအတွက် အခက်ခဲဆုံးပွဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ကလော့က ဆိုပါတယ်။ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဒီရာသီမှ ပရီးမီးယားလိဂ်မှာ ဗိုလလ်စွဲဖို့ ရေးပန်းအစားဆုံးအသင်း ၂ သင်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဒီနှစ်သင်းတွေ့ဆုံမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ ရာသီကုန်မှာ ချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးခဲ့ဖူးတာကြောင့် တနင်္ဂနွေနေ့ပွဲဟာ ဒီရာသီ ချန်ပီယံဆုအတွက် သဲလွန်စအကြီးကြီးဖြစ်လာနိုင်တယ်လို့ တချို့သုံးသပ်ပါတယ်။ ဒါပေမဲ့ ကလော့ပ်ကတော့ ဒါကို လက်မခံပါဘူး။  “ဒါဟာ အရမ်းကို ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ ၂ သင်းစလုံးအတွက်မျှော်လင့်ချက် ကိုယ်စီ ရှိနေ နိုင်ပြီး ၂ သင်းစလုံးက ရေကုန်ရေခန်းစားသွားကြမှာပါ။ အခုနှစ်ရာသီဟာ ခြားနားချက်တွေ အများကြီးရှိနေပြီးတော့ ပြီးခဲ့တဲ့ရာသီနဲ့ နိုင်းယှဉ်လို့မရပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။
6 months Ago

ဗြိတိန် lockdown မှာ ပရီးမီးယားလိဂ်ကို ဆက်ကစားမလား၊ ရပ်ထားမလား

 ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားလာမှုနဲ့အတူ ဗြိတိန်မှာတစ်နိုင်ငံလုံး lockdown ချဖို့အတွက် ဦးတည်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘောလုံးပရိတ်သတ်တွေက lockdown ကာလအတွင်း ပရီးမီးယားလိဂ်ကို ဆက်ကစားပါ့မလားဆိုပြီး တွေးတောမှုတွေရှိလာပါတယ်။  အခုနှစ် မတ်လမှာလည်း ဗြိတိန်အပါအအဝင် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဘောလုံးပွဲတွေ အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ရပါတယ်။  ပရီးမီးယားလိဂ်ပွဲတွေဟာ ဇွန်လမှာပြန်လည်စတင်ခဲ့ပြီး အခုချိန်အထိ ပရိသတ်မပါဘဲ ကျင်းပနေပေမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီမှာလည်း ပွဲတွေကို ထပ်မံရွေ့ဆိုင်းလိုက်ဦးမလားဆိုတဲ့ စိုးရိမ်မှုသစ်တွေရှိလာပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ထပ်မံရပ်ဆိုင်းဦးမလားဆိုတာကို Goal က အခုလိုမျိုး သုံးသပ် ထားပါတယ်။ အခုအခြေအနေအထိတော့ ဗြိတိန်မှာ lockdown ထပ်ချသည့်တိုင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပုံမှန် အတိုင်းဆက်ကစားသွားမယ့် အနေအထားမျိုး မြင်တွေ့ရပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုကြောင်း အောက်တိုဘာ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။ နိုင်ငံအတွင်း lockdown ချကြောင်း ကြေညာချက်မှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။  “သတ်မှတ်ချက်တွေအတိုင်း ပရီးမီးယားလိဂ်ကို ဆက်လက်ယှဉ်ပြိုင်သွားဖို့အတွက် yes လို့ ပြောနိုင်ကြောင်း ဘောရစ်ဂျွန်ဆင်က သတင်းထောက် တွေကို ပြောခဲ့ပါတယ်။ ထုတ်ပြန်လိုက်တဲ့ lockdown အသစ်ဟာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ပရိသတ်မပါဘဲ ဆက်လက်ယှဉ်ပြိုင်ဖို့ ခွင့်ပြုသွားမယ်လို့ ဗြိတိန်ရဲ့ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီး အိုလီဗာဒေါ်ဒန်ကလည်း အတည်ပြုပါတယ်။  အခုလိုမျိုး ပရီးမီးယားလိဂ်  ပြိုင်ပွဲကိုဆက်လက်ယှဉ်ပြိုင်သွားဖို့ တာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ကို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကလည်း ကြိုဆိုသွားခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေဟာ အန္တရာယ်ကင်းစွာ ကစားနိုင်တယ်ဆိုတာကို သက်သေပြခဲ့  ပြီးဖြစ်တယ်လို့ ပြောပါတယ်။  “ပြောရရင်တော့ ဒါဟာ ကျနော်တို့ လိုချင်နေတဲ့အရာပါ။ ကျနော်တို့လိဂ်ကို ဆက်ကစားသွားနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်” လို့ ကလော့က  ပြောခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဗြိတိန်မှာ lockdown ချသည့်တိုင် ပရီးမီးယားလိဂ်ကို ဆက်လက်ယှဉ်ပြိုင်သွားဖို့ သေချာသလောက်ရှိနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်မဟုတ်တဲ့ ဗြိတိန်နိုင်ငံတဝန်းလုံးက  လိဂ်တွေကတော့ ဆက်ကစားမလား၊ ရပ်ထားမလားဆိုတာ မသဲကွဲသေးပါဘူး။
6 months Ago

အနားယူနေရသည့် ဗန်ဒိုက်ကို အသင်းတိုင်းက လွမ်းနေမည်ဟု နည်းပြကလော့ပ် ပြော

ဗန်ဒိုက်က ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားဖြစ်လို့ အသင်းတိုင်းက လွမ်းဆွတ်နေလိမ့်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ အဲဗာတန်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဗန်ဒိုက်က ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ ဖြစ်တာကြောင့် ကမ္ဘာပေါ်က ဘယ်အသင်းကမဆို ဗန်ဒိုက်ရဲ့ ကစားပုံကို လွမ်းဆွတ်သတိရနေလိမ့်မယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။ အသင်းမှာ ပုံမှန် ပွဲထွက်ကစားနေသူ ဖြစ်လို့ ဗန်ဒိုက်မပါဘဲ အသားကျအောင် ကစားနိုင်ဖို့ လုပ်ဆောင်ရမယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ  ဒိန်းမတ်ကလပ် မစ်ဂျယ်လန်းနဲ့ ချန်ပီယံလိဂ် ကစားရမှာပါ။ အဲဒီပွဲစဉ်မှာ ကွင်းလယ်လူတွေဖြစ်တဲ့ အယ်ကန်တာရာ၊ ကီတာနဲ့ ဂျိုးလ်မာတစ်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း ယာဂန်ကလော့ပ်က အတည်ပြုခဲ့ပါတယ်။
6 months Ago

ရှက်ဖီးလ်နှင့်ပွဲ ပင်နယ်တီ မျှတမှု မရှိဟု လီဗာပူးနည်းပြ ပြော

ရှက်ဖီးလ်အသင်းကို ပင်နယ်တီပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ မျှတမှုမရှိဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အနောက်ကလိုက်ကစားရပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲရဲ့  ပွဲချိန် ၁၁ မိနစ်မှာ ဖာဘင်ဟိုက အိုလီမက်ဘရင်းကို ဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရှက်ဖီးလ်အသင်းဟာ ပင်နယ်တီ ရရှိခဲ့ပြီး ဒီပင်နယ်တီကို ဆန်ဒရာ ဘာ့ဂျ်ကဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ တင်ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဖာမီနိုက ဒီရာသီအတွက်သူ့ရဲ့ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာလရဲ့ ဂိုး တစ်ဂိုးဟာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး မိနစ်ပိုင်းအကြာ လီဗာပူးအသင်းဟာ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ မာနေးရဲ့ ဖြတ်တင်ဘောကို ကစားသမားသစ် ဒီယာဂိုဂျိုတာက ခေါင်းတိုက်သွင်းယူ ပေးခဲ့တာဖြစ်ပြေးအသင်းအတွက် လိုအပ်နေတဲ့ အနိုင် ၃ သုံးမှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။  ပွဲအပြီးမှာ ရှက်ဖီးလ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကလော့က အပြည့်အဝ ချီးကျူးခဲ့ပေမဲ့ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ပတ်သတ်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် မတရားပေးခဲ့ရတဲ့ ပင်နယ်တီအတွက် မဆုတ်မနစ်တိုက်ပွဲဝင်မှာ အနိုင်ရလဒ်ကို ရှာတွေနိုင်ခဲ့တဲ့ လီဗာပူးအသင်းသားတွေကိုလည်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ “ပင်နယ်တီပေးလိုက်ရတဲ့အခြေအနေက ပစ်ဒဏ်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ဘောလုံးရာ သီတခုအတွင်းမှာ ကျနော်တို့ဟာ ကွဲပြားတဲ့အခိုက်အတန့်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ကျနော်တို့ မတရားမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါကိုထပ်မံကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်” လို့ ကလော့က BBC Sport  ကို ပြောပါတယ်။  “ကျနော်တို့ မက်ဘရင်းကို ပထမပိုင်းမှာ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နေရာ လဲလှယ်မှုတွေလုပ်ဆောင်ပြီးချိန်မှာတော့ second ball တွေကို အနိုင်ရရှိခဲ့ပါတယ်။ ကျနော်တို့ အသင်းဟာ ၂ ဂိုး ၁ ဂိုးဖြစ်တဲ့အထိ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပေမဲ့ သူတို့ရဲ့တုန့်ပြန်မှုကိုလည်း ရင်ဆိုင်ခဲ့ ပါတယ်။ ဒါကို အံ့သြတာမျိုးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှက်ဖီးလ်နဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းဟာ ခက်ခက်ခဲခဲ့ ကစားရတာဖြစ်ပါတယ်။ ခရစ္စဝိုင်ဒါကို အနိုင်ယူဖို့ဆိုတာလည်း လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ သူတို့ဟာ ဘယ်တော့မှ အရှုံးမတတ်သူတွေပါ။ သူတို့ကို အများကြီး အထင်ကြီးလေးစားပါတယ်။ ခရစ္စဟာ ရှက်ဖီးလ်အသင်းအတွက် အံ့သြစရာတွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်” လို့လည်း ကလော့ပ်က ချီးကျူးပြောဆိုပါတယ်။
6 months Ago

အေဂျက်ဇ်ကို အနိုင်ရခဲ့သည့်ပွဲ၌ အသင်းကစားပုံကို အားမရဟု ကလော့ပ်ဝန်ခံ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အေဂျက်ဇ်အသင်းကို အနိုင်ရရှိခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံကို အားရခြင်း မရှိဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဝန်ခံ ပြောဆိုပါတယ်။ အမ်စတာဒမ်အရီနာမှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းဟာ အေဂျက်ဇ်နောက်ခံလူ နီကိုလပ်စ်တက်လီယာဖီကိုရဲ့ ပထမပိုင်း ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။  အခုလို အနိုင်ရရှိခဲ့ပေမဲ့ လီဗာပူးအသင်းဟာ ဒီပွဲမှာ ရုန်းကန်ခဲ့ရပြီး အေဂျက်ဇ်အသင်းကို အခွင့်အရေးတချို့  ခွင့်ပြုပေးခဲ့ရပါတယ်။  ဖာဘင်ဟိုရဲ့ ဂိုးစည်းပေါ်ရှင်းထုတ်မှုနဲ့ အေဂျက်ဇ်အသင်းဘက်က တိုင်ထိမှုတို့ကြောင့်သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က လီဗာပူးဟာ ဒီပွဲမှာ ပိုကောင်းအောင် ကစားခဲ့နိုင်သင့်တယ်လို့ ပြောခဲ့ပေမဲ့ ဥရောပ  ပြိုင်ပွဲအစမှာတင် ၃ မှတ်အပြည့်ရရှိခဲ့ခြင်းအပေါ် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ “ဒီပွဲကိုအနိုင်ရရှိဖို့ လုံ လောက်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ လိုအပ်နေတဲ့အရာပါပဲ။ ၂  သင်းစလုံးက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကွင်းရဲ့အခြေအနေအပါအဝင် တခါတလေ အဆင်မပြေတာတွေလည်း ရှိခဲ့ပါတယ်။ ၃ ရက်လောက်က ကွင်းရဲ့အခြေအနေက တမျိုးဖြစ်ခဲ့ပြီး မနေ့ လေ့ကျင့်ရေးဆင်းတော့ အခြေအနေက ထပ်မံပြောင်းလဲသွားခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ကလော့ပ်က ပြောပါတယ်။ ဒါ့အပြင် အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အဆုံးမသတ်နိုင်ခဲ့ဘူးလို့လည်း ကလော့ပ်က ပြောပါတယ်။     “ ကျနော်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ အေဂျက်ဇ်ဘက်ကလည်း တိုင်ထိခဲ့တဲ့ အလုံးရှိခဲ့ပါတယ်။ ၁ ဂိုးတည်းနဲ့ကပ်နိုင်နေတဲ့အချိန်မှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးကို ချုံပြောရရင်တော့ ဒီပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျနော်တို့ ကစားပုံမှာ လိုအပ်ချက်တွေရှိခဲ့ပေမဲ့ အနိုင် ၃ မှတ် ရရှိဖို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၃ မှတ်ရ ရှိခဲ့ပါတယ်။”  ဗန်ဒိုက်က တရာသီလုံး အနားယူရမယ့်အခြေအနေမှာ မာတစ်ပါဒဏ်ရာ ပြဿနာ ရှိနေခဲ့တာကြောင့် လီဗာပူးအသင်းဟာ အေဂျက်ဇ်အသင်းကို ရင်ဆိုင်ဖို့ ကွင်းလယ်လူဖာဘင်ဟိုကို ဂိုမက်ဇ်နဲ့တွဲဖက် ကစားစေခဲ့ပြီး ဂိုးသမားနေရာကိုလည်း အက်ဒရီယန်က ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မိနစ် ၆၀ မှာတင် လူစားလဲခံခဲ့ရတာကို တွေ့ခဲ့ရပါတယ်။  လူစားလဲပြီးနောက် အရန်ခုံတန်းပေါ်မှာလည်း မာနေးဟာ သူ့ခြေထောက်ကို ရေခဲကပ်နေတာ မြင်တွေခဲ့ရပေမဲ့ ကလော့ပ်ကတော့ မာနေးရဲ့အခြေအနေဟာ စိုးရိမ်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
7 months Ago

ဗန်ဒိုက်ဒဏ်ရာကြောင့် လီဗာပူးအသင်း ချန်ပီယံမျှော်လင့်ချက် ထိခိုက်လာနိုင်ဟု ကာရေဂါ သုံးသပ်

ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေဟာ လက်ရှိချန်ပီယံ လီဗာပူးအသင်းရဲ့ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းရေး မျှော်လင့်ချက်အပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေတယ်လို့ ကစားသမားဟောင်း ကာရေဂါက သုံးသပ်ပါတယ်။  ဗန်ဒိုက်ရဲ့ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုဟာ ပိုပြီးပြင်းထန် ကျယ်ပြန့်လာခဲ့ပြီလို့ သူက သုံးသပ်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ် လီဗာပူး ချန်ပီယံအဖြစ် ပန်းဝင်မှုမှာ အရေးပါဆုံးနေရာတခုကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။  ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့သီတင်းပတ် အဲဗာတန်နဲ့ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကိုရရှိခဲ့ပြီး ဒဏ်ရာအခြေအနေကြောင့် ဘယ်တော့ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် ကာလရှည်နားယူရဖို့တော့ သေချာသလောက်ရှိနေပါတယ်။  ဒီအခြေအနေက လီဗာပူးနည်းပြ ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်ပြီး သူ့နေရာမှာ အရန်သင့် အစားထိုးနိုင်လောက်တဲ့ ကစားသမားအင်အား မတောင့်တင်းမှုကလည်း လီဗာပူးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီအခြေအနေမှာ ဗန်ဒိုက်ကို ဆုံးရှုံးရမှုအတွက် လီဗာပူးအသင်းဘက်က ဘယ်လိုတုံ့ပြန်မလဲလို့ ကာရေဂါက မေးခွန်းထုတ်ခဲ့ပြီး လီဗာပူးအသင်းရဲ့အင်အား လျော့နည်းသွားမှုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုကို ပိုပြီး အားကောင်းလာစေခဲ့တယ်လို့ သုံးသပ်ပါတယ်။  “အခုချိန်မှာ လူမေးအများဆုံး မေးခွန်းကိုပြရမယ်ဆိုရင်တော့ ဗန်ဒိုက်မပါဘဲ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်မလားဆိုတာပဲပေါ့။ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတိုင်းမှာ သူတို့ ချန်ပီယံဖြစ်မယ်လို့ စိတ်ထဲမှာ ယုံကြည်နေတဲ့ ကစားသမား ၃၊ ၄ ယောက်လောက် ရှိတတ်ပါတယ်။ အဲဒီထဲက တစ်ယောက်လောက် လျော့သွားရင် ခင်ဗျားအနေနဲ့ လူစာရင်း ဘယ်လောက်ကောင်းကောင်း၊ နည်းပြ ဘယ်လောက်ကောင်းကောင်း ဒီလျော့ကျမှုကို ပြန်ကာဗာလုပ်ဖို့ ခက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျနော့်အထင် ချန်ပီယံဆုအတွက် ပြိုင်ပွဲက ပိုပြီးကျယ်ပြန့်လာခဲ့ပါပြီ။ ရာသီအစတုန်းက ဒီနှစ်မှာလည်း လီဗာပူးပဲ ဗိုလ်စွဲနိုင်တယ်လို့ ကျနော် တွေးမိခဲ့ပါတယ်။ ဒါက ဗန်ဒိုက် ဒဏ်ရာမရခင်အချိန်ကပါ။ အခုတော့ ချန်ပီယံဆုဟာ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာပါပြီ” လို့ လီဗာပူး ကစားသမားဟောင်း ကာရေဂါက သုံးသပ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ နောက်ခံလူတဦးဖြစ်တဲ့ လော်ဗရန်ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တာက အသင်းရဲ့အခြေအနေကို ပိုပြီးဆိုးစေခဲ့တယ်လို့ ကာရေဂါက ထောက်ပြကာ ပြီးခဲ့တဲ့ ၂ ရာသီက အောင်မြင်မှုတွေကို ဆက်ပြီးထိန်းသိမ်းဖို့ဆိုရင် လာမယ့်ဇန်နဝါရီဈေးကွက်မှာ လူအင်အားဖြည့်တင်းမှု မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ကာရေဂါက အကြံပြုခဲ့ပါတယ်။
7 months Ago

ဗီလာကို ၇-၂ ဂိုးဖြင့် ရှုံးခဲ့သည့်ပွဲတွင် လီဗာပူးအသင်းလမ်းပျောက်ခဲ့ဟု ကလော့ပ်ဝန်ခံ (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းဟာ အက်စတွန်ဗီလာအသင်းကို ၇ ဂိုး ၂ ဂိုးနဲ့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပါတယ်။  ဒါဟာ ၁၉၆၃ ခုနှစ်နောက်ပိုင်း လီဗာပူးအသင်းအတွက် ပထမဆုံးအကြိမ် ၇ ဂိုးနဲ့ ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။  ဗီလာနဲ့ပွဲမှာ လီဗာပူးတသင်းလုံး လမ်းပျောက်နေခဲ့ပြီး ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုတာကိုလည်း သူ့အနေနဲ့ မသိခဲ့ဘူးလို့ နည်းပြယာဂန်ကလော့ပ်က ဝန်ခံပါတယ်။  ကလော့ပ်ရဲ့အသင်းဟာ ဒီပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်စံချိန်ကောင်းတွေ ရရှိထားတဲ့အသင်း ဖြစ်ပေမယ့် ဗီလာနဲ့ပွဲမှာတော့ မထင်မှတ်ထားလောက်အောင်ကို ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဗီလာအသင်းအတွက် တိုက်စစ်မှူးသစ် အိုလီဝက်ကင်းစ်က ပွဲအစ ၄ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဝက်ကင်းစ်ဟာ ဟက်ထရစ်ရရှိခဲ့သူ ဖြစ်ပါတယ်။  လီဗာပူးတိုက်စစ်မှူး ဆာလက်ရဲ့သွင်းဂိုးကြောင့် ၂ ဂိုး ၁ ဂိုးဆိုတဲ့ရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူးအတွက် ပြန်လာဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ဗီလာအသင်းဘက်က မြင့်မားတဲ့ ခံစစ်လိုင်းကို ဆက်လက်ထိုးနှက်ကာ အနို်င်ဂိုးတွေကို ဆက်တိုက်သွင်းယူခဲ့ပါတယ်။  လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့တရာသီလုံး ပရီးမီးယားလိဂ်မှာ စိုးမိုးနိုင်ခဲ့မှုက သူတို့ရဲ့အသင်းလိုက်စုစည်းမှုဟာ အဓိကကျခဲ့ပါတယ်။  ဒါပေမဲ့ ဒီအရည်အသွေးဟာ ဗီလာနဲ့ပွဲစဉ်မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး အလီဆန်ဘက်ကာ၊ ဆာဒီယိုမာနေးနဲ့ သီယာဂိုတို့လို ကစားသမားတွေ ပါဝင်နိုင်မှု မရှိခဲ့တာကလည်း အသင်းရဲ့ အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။  ဒါပေမဲ့ ပွဲအပြီးသတင်းစာရှင်းလင်ပွဲမှာတာ့ ဒီလိုရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းပြချက်ကို ရှာမတွေ့သေးဘူးလို့ ကလော့ပ်က Sky Sports ကို ပြောပါတယ်။  “ကျနော်လည်း မရှင်းပြတတ်သေးပါဘူး။ ဒါပေမဲ့ ကျနော့်အမြင်ကိုပဲ ပြောချင်ပါတယ်။ မတူညီတဲ့ အကြောင်းပြချက်တွေအောက်မှာ အက်စတွန်ဗီလာအသင်းဟာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပြီး ကျနော်တို့ လုပ်သမျှ အမှားတိုင်းကို အခွင့်အရေးရအောင်ယူနိုင်ခဲ့ပါတယ်။ ပထမဂိုးဟာ ကျနော်တို့အမှားကြောင့်ဖြစ်ပြီး  ဒါဟာ မဖြစ်ခဲ့သင့်ပါဘူး။ အရင်တုန်းကလည်း ဒီလိုမျိုးဂိုးတွေပေးခဲ့ရပေမဲ့ ဒီလိုမျိုးတုံ့ပြန်ခဲ့တာမဟုတ်ပါဘူး။ ကျနော်တို့ လမ်းပျောက်ခဲ့ပါတယ်။ ဒီညပွဲမှာ ကျနော်တို့အသင်းဟာ ဘောလုံးအားကစားမှာ မလုပ်သင့်တဲ့ အမှားတွေအကုန်လုံးကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်အောင် ဗီလာအသင်းဘက်က ဖိအားပေးနိုင်ခဲ့တာကြောင့် သူတို့ကို တကယ်ပဲချီးကျူးမိပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။  ဘာကြောင့် ဒီလိုဖြစ်ခဲ့ရပါသလဲဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိသေးဘူးလို့ ကလော့ပ်က ဆက်လက်ပြောဆိုခဲ့ပြီး နိုင်ငံတကာပွဲစဉ်ရှိနေမှုကလည်း လာမယ့် ၁၇ ရက် အဲဗာတန်အသင်း နဲ့ ဒါဘီပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေတွက် အဟန့်အတားဖြစ်စေတယ်လို့ ဝန်ခံပါတယ်။  ဗီလာနဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိခဲ့တဲ့ အလီဆန်ဟာ အနည်းဆုံး လေးပတ်က  နေ ခြောက်ပတ်အထိ အနားယူရတော့မယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
7 months Ago

ပြီးခဲ့သည့်ရာသီထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်မည်ဟု ကလော့ပ်သုံးသပ်

အခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မနှစ်ကထက် ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သုံးသပ်ပါတယ်။  ဒီရာသီဟာ လီဗာပူးနဲ့ မန်စီတီးတို့ပဲ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်းအတွက် နှစ် ၃၀ ကြာဝေးကွာနေတဲ့  ပရီးမီးယားလိဂ်ဖလားကို ရရှိအောင်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာက မန်စီတီးအသင်းကို ၁၈ မှတ်ပြတ်နဲ့ ဗိုလ်ဆွဲခဲ့ပါတယ်။  ပြီးခဲ့တဲ့ရာသီမှာ ကွာဟချက်ကြီးမားခဲ့ပေမယ့် ဒီရာသီမှာတော့ ကျဉ်းမြောင်းတဲ့ကွာဟမှု ကိုသာ မြင်တွေ့ရမယ်လို့ ကလောပ်က ယုံကြည်နေပြီး စပါးနဲ့အာဆင်နယ်အသင်းတို့ကိုလည်း ချန်ပီယံပြိုင်ဘက်အဖြစ်ထည့်သွင်း တွက်ချက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၈ သာရှိခဲ့ပြီးချန်ပီယံ  အသင်းနဲ့ ၄၃ မှတ်ပြတ်ခဲ့ပါတယ်။  ဒါပေမယ့် ကလော့ပ်က အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပြင်ဆင်  ချိန်နည်းပါးခဲ့လို့ အဆင့် ၈ ရခဲ့တာလို့ ပြောပါတယ်။ အာတီတာကို ဒီဇင်ဘာလမှာသာ ခန့်အပ်ခဲ့တာကိုရည်ညွှန်း  ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။   “သူတို့ဟာလိဂ်မှာ အဌမမြောက်အကောင်းဆုံးအသင်းမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်အသင်းတွေဟာ တော်တော်လေးကောင်းမွန်လာခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ကြိုတင်ခန့်မှန်းမှုတွေကို လုပ်ဆောင်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ လိဂ်ဟာ ခန့်မှန်းချက်တွေအတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဝုဗ်ဟာ အသင်းကောင်းတစ်သင်း ဖြစ်တာကြောင့် အားလုံး ကမန်စီတီး ရုန်းကန်ရလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့ ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။  ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် အတော်ကြိုးစားရမယ်လို့ ဆိုပါတယ်။  “ဘယ်အသင်းပေါ်ကိုမှလွှမ်းမိုးမှု ဆိုတာရှိနေမှာမဟုတ်ဘူး။  အသင်းတိုင်းက ပြိုင်ဘက်တိုင်းကို အနိုင်ယူချင်နေကြတာပါ။ အခုလိုမျိုး ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ ချဲလ်ဆီး ကလည်း ချန်ပီယံဖြစ်လာဖို့ ကြိုးစားမှာဖြစ်သလို၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါးအသင်းတွေဟာလည်း တူတူပါပဲ။ ဒါဟာ ကျနော်တို့အပါအဝင်အသင်းတိုင်းအတွက် ခက်ခဲတဲ့အနေအထားပါ။ ခင်ဗျားဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ဘာတွေလုပ်နေလဲဆိုတာက ချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားမှာပါ။ အဆုံးမှာ ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် အသင်းအများကြီးကတော့ အနိုင်ရအောင် ကြိုးစားသွားမှာ  သေချာပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။ 
7 months Ago
More News
Up