Search Results For: ဇီဒန်း

ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ဟာဇက်အပေါ် စိတ်ရှည်ပေးကြရန် နည်းပြဇီဒန်း တိုက်တွန်း

ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတဲ့ ဟာဇက်နဲ့ပတ်သက်ပြီး စိတ်ရှည်ပေးကြဖို့ ရီးရဲလ်နည်းပြ ဇီဒန်းက တိုက်တွန်းလိုက်ပါတယ်။  ဟာဇက်ဟာ ၂၀၁၉ နွေရာသီကတည်းက ရီးရဲလ်အသင်းဆီကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ မနှစ်က လာလီဂါ ၁၆ ပွဲသာ ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းယူခဲ့သလို အခုနှစ်လာလီဂါ တဝက်ကျိုးလာချိန်မှာလည်း ၆ ပွဲသာ ကစားရသေးပြီး ၁ ဂိုးပဲ ရရှိသေးတာ ဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ ယုံကြည်မှုပြန်လည်ရရှိဖို့ လိုအပ်နေပြီး ပွဲကြီးပွဲကောင်းတွေမှာ ၁ ဂိုးလောက် သွင်းယူပြီး ယုံကြည်မှုပြန်ရဖို့ လိုအပ်နေကြောင်း၊ သူက ဘယ်လို ခမ်းနားတဲ့ ကစားသမားလဲဆိုတာ သိပြီးသားဖြစ်ပြီး သူ့အတွက် စိတ်ရှည်ပေးဖို့ လိုအပ်တယ်လို့  နည်းပြဇီဒန်းက သုံးသပ်သွားပါတယ်။
4 months Ago

ရာသီဥတုဆိုးရွားချိန် အိုဆာဆူနာနှင့် ကစားခိုင်းသည့်အပေါ် ဇီဒန်း ဒေါသထွက်

အိုဆာဆူနာနဲ့ပွဲကို ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဝေဖန်ခဲ့ပါတယ်။  လက်ရှိအချိန်မှာ စပိန်နိုင်ငံဟာ ဖီလိုမီနာမုန်တိုင်းဒဏ်ခံနေရပြီး နိုင်ငံရဲ့ ဧရိယာအများစုဟာ လည်း နှင်းတွေနဲ့ ဖုံးလွှမ်းနေပါတယ်။  ဒါ့ကြောင့် စနေနေ့အစောပိုင်းမှာ ကစားမယ့် အက်သလက်တီကိုနဲ့ ဘီလ်ဘာကိုတို့ရဲ့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။  ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အိုဆာဆူနာနဲ့ပွဲကို စီစဉ်ထားတဲ့အတိုင်း ကစားဖို့ ဖြစ်လာခဲ့ပြီး ပွဲအတွက် ပမ်ပလိုနာကို သွားခဲ့ရပါတယ်။  ဒီခရီးမှာ ရီးရဲလ်အသင်းသားတွေရဲ့ လေယာဉ်ဟာ ရှင်းလင်းမှုတွေကို စောင့်ဆိုင်းနေရ တာကြောင့် ၃ နာရီကျော် ကြန့်ကြာမှုလည်း ဖြစ်ခဲ့ပါတယ်။ ပမ်ပလိုနာဒေသဟာ စနေနေ့မှာ မုန်တိုင်းဒဏ်သင့်ခဲ့ပြီး အယ်လ်ဆာဒါမှာရှိတဲ့ ကွင်းဟာလည်း  ၂ သင်းစလုံးအတွက် ယှဉ်ပြိုင်ရ ခက်ခဲစေခဲ့ပါတယ်။  ဒါ့ကြောင့်ပွဲဟာ ဂိုး မရှိ သရေရလဒ်နဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီအခြေအနေကို နည်းပြဇီဒန်းက “ကျနော်တို့ ကွင်းထဲမှာ လုပ်နိုင်သလောက်လုပ်ခဲ့ပေမဲ့ ဒါဟာ ဘောလုံးပွဲနဲ့တောင် မတူခဲ့ပါဘူး။ အခြေအနေတွေဟာ အရမ်းကို ဆိုးရွားခဲ့ပါတယ်” လို့ ပြောပါတယ်။  မက်ဒရစ်မြို့မှာလည်း နှင်းဒဏ် ခံနေရတာကြောင့် ရီးရဲလ်အသင်းသားတွေဟာ စနေနေ့မှာ မြို့တော်ကို ပြန်နိုင်မှာမဟုတ်ဘဲ ပမ်ပလိုနာက ဟိုတယ်မှာပဲ ဆက်လက်နေထိုင်ရမှာဖြစ်ပါတယ်။ ဇီဒန်းက “ ဒီ ၂ ရက်အတွင်းဖြစ်ခဲ့တာတွေက အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။ အခုချိန်အထိ ဘယ်တော့မှ ပြန်ရမလဲဆိုတာကိုလည်း မသိရသေးပါဘူး။ အိုဆာဆူနာနဲ့ပွဲကိုလည်း  ရွှေ့ဆိုင်းလိုက်သင့်တာပါ။ ဒါကအရှင်းကြီးပါ။ ရာသီဥတုအခြေအနေက ဘောလုံးကစားဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။  စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရာသီဥတုဆိုးရွားနေပေမယ့် အခုသီတင်းပတ်ကုန်ပိုင်းမှာ ရနိုင် သလောက်ပွဲတွေကို ကစားဖို့ တွန်းအားပေးခဲ့တာပါ။ ဒီအခြေအနေအပေါ် ဇီဒန်းက “ဒီကိစ္စကိုတော့ ပြောမှာမဟုတ်ပါဘူး။ ကျနော်တို့ကို လုပ်ဖို့ပြောတဲ့ ဟာတွေကို လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်ကစားခဲ့ပါတယ်။ ဒီလောက်ပါပဲ” လို့ ပြောပါတယ်။  ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ကိုပါဒယ်ရေးပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ အယ်လ်ကိုရန်နို အသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
4 months Ago

ကိုဗစ်-၁၉ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့သည့်  ရီးရဲလ်နည်းပြဇီဒန်း သီးသန့်နေထိုင်နေရ

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ကိုဗစ်-၁၉ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တာကြောင့် သီးသန့်နေထိုင် နေရတယ်လို့ စပိန်သတင်းစာ ABC က ရေးသားဖော်ပြပါတယ်။  နည်းပြဇီဒန်းဟာ နေအိမ်မှာ သီးသန့်နေထိုင်နေရပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင်းရေးကွင်းကိုလည်း လာရောက်နိုင်ခြင်းမရှိခဲ့ပေမဲ့  အသင်းဘက်ကတော့ ဒီကိစ္စ  တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။  နည်းပြဇီဒန်းဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ  မရှိ စစ်ဆေးထားပြီး ရလဒ်ကို စောင့်မျှော်နေတယ်လို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေနေ့မှာ အိုဆာဆူနာအသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး နည်းပြ ဇီဒန်းက ကွင်းအတွင်းမှာ တာဝန်ယူနည်းပြနိုင်ဖို့ မသေချာသေးဘဲ ဖြစ်နေပါတယ်။
4 months Ago

ရာမို့စ်ကို အသင်းတွင် ဆက်ရှိစေချင်ကြောင်း ရီးရဲလ်နည်းပြဇီဒန်း ပြော

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရာမို့စ် ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာ ဆက်ရှိစေချင်တယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။ စာချုပ်သက်တမ်းတိုးဖို့လည်း အဆင်မပြေသေးတာကြောင့် တခြားထိပ်တန်းကလပ်တွေက ခေါ်ယူနိုင်တာနဲ့ပတ်သက်ပြီး နည်းပြဇီဒန်းက သုံးသပ်သွားခဲ့တာပါ။  ရာမို့စ်နဲ့အတူ လူကာမိုဒရစ်၊ လူးကပ်ဗက်စ်ကွက်တို့ဟာလည်း အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။  တိုက်စစ်ပိုင်းမှာ အေဒင်ဟာဇက် ပြန်လည်ပါဝင်လာခဲ့ပြီး တဆင့်ချင်း ခြေစွမ်းတိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။  ရဲးရဲလ်အသင်းဟာ စပိန်လာလီဂါမှာ အမှတ်ပေးဇယား ထိပ်ဆုံးက အက်သလက်တီကိုထက် ၂ ပွဲပိုကစားပြီး ရမှတ် ၃၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
4 months Ago

ကွင်းလယ်ကစားသမားများ၏ အကောင်းဆုံးပုံစံကို ပြန်ရှာတွေ့ခဲ့ပြီဟု ဇီဒန်း ပြော

ရီးရဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဟာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။ အက်သလက်တီကိုအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲကို စိုးမိုးနိုင်ခဲ့ပြီးနောက် ဇီဒန်းက အခုလိုပြောတာ ဖြစ်ပါတယ်။  ဒါဘီပွဲမှာ ရီးရဲလ်အသင်းအတွက် ကတ်စမဲရိုး၊ မိုဒရစ်နဲ့ ခရူးစ်တို့ဟာ ဒီရာသီ တတိယကြိမ်မြောက်အဖြစ် ပွဲထွက်လာခဲ့ပြီး ဇီဒန်းရဲ့ လူထုတ်ပုံဟာ ထိရောက်မှုရှိခဲ့ကြောင်း ပွဲချိန်တွင်းမှာ မြင်တွေ့ခဲ့ရပါတယ်။  ကတ်စမဲရိုးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ရီးရဲလ်အသင်းဟာ ဦးဆောင်ခွင့်ရရှိခဲ့ပြီး ဒုတိယပိုင်းမှာ တီကိုဂိုးသမား အိုဘလက်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ၂ ဂိုး ပြတ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဇီဒန်းက မိုဒရစ်နဲ့ ခရူးစ်တို့ရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ချီးကျူးခဲ့ပြီး ကမ္ဘာ့ဖလားဆုရှင်ဟာ ပေးပို့မှု ၉၀ မှာ ၈၇ ကြိမ် အောင်မြင်ခဲ့ပါတယ်။  ဒါဟာ ၂၀၀၅-၀၆ နောက်ပိုင်း လာလီဂါရဲ့ မက်ဒရစ်ဒါဘီမှာ အကောင်းဆုံးပေးပို့မှု စွမ်းရည်လည်း ဖြစ်ပါတယ်။  “ဒါဘီပွဲမှာ အနိုင်ရရှိဖို့အတွက် မိုဒရစ်နဲ့ ခရူးစ်ကို ကျနော် အသုံးပြုခဲ့ပါတယ်။ ဒါဟာ မှန်ကန်ခဲ့ပါတယ်။ သူတို့ဟာ ဆိုက်ချိန်းတာနဲ့ ထောင့်ဖြတ်တွေမှာ မြန်မြန်ကစားနိုင်ခဲ့ပြီး ကျနော်တို့အတွက် နေရာလွတ်တွေ ရှာဖွေပေးခဲ့ပါတယ်။ သူတို့ဟာ အရမ်းကိုကောင်းလွန်းခဲ့ပြီး တကယ့်ကို ထူးရှယ်ပါပဲ။ ဘန်ဇီမာ၊ ဗတ်စကွတ်နဲ့ ကာဗာဟယ်တို့ ခြေစွမ်းပြခဲ့သလို အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ဗာရာနီတို့ဟာလည်း အရမ်းကို ကောင်းခဲ့ပါတယ်” လို့ ဇီဒန်းက ပြောပါတယ်။  စနေနေ့နိုင်ပွဲကြောင့် ဇီဒန်းဟာ မြို့ခံပြိုင်ဘက်ကို ၇ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းမှာ ဗဲလ်ဗာဒီနဲ့ အိုဒီဂတ်တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ပွဲထွက် ကွင်းလယ်လူ ၃ ဦးနဲ့ပတ်သက်လို့ ဇီဒန်းကို မေးမြန်းခဲ့ပြီး ဇီဒန်းက ဒီ ၃ ဦးဟာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့သူတွေဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာ ခြေစွမ်းပြနေသူတွေ ဖြစ်တယ်လို့ ထပ်မံချီးကျူးပါတယ်။ အက်သလက်တီကိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အခုသီတင်းပတ်ကို ရီးရဲလ်အသင်းဟာ အနိုင်ရလဒ်တွေနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာ ဆီဗီလာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို မိုချင်ဂလတ်ဘတ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားတာလည်း ဖြစ်ပါတယ်။ တီကိုနဲ့ပွဲမှာ ရီးရဲလ်ကစားသမားတွေဟာ မိနစ် ၉၀ လုံး ပြိုင်ဘက်ကို ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်သာ ခွင့်ပြုပေးခဲ့ရပြီး ဒါဟာလည်း ဒုတိယပိုင်းမှာမှ ပေးခဲ့ရတာ ဖြစ်ပါတယ်။
5 months Ago

ရီးရဲလ်မက်ဒရစ်၏ ဖာဂူဆန် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဟု နည်းပြဇီဒန်း ပြော

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဖာဂူဆန် ဘယ်တော့မှာဖြစ်လာမှာမဟုတ်ကြောင်း နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းကို နှစ်ရှည်ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။  မန်ယူအသင်းမှာ နည်းပြ ဖာဂူဆန် ကိုင်တွယ်သွားခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းမှာလည်း အဲဒီလို နှစ်ရှည်ကိုင်တွယ်ပြီး ရီးရဲလ်အသင်းရဲ့ဖာဂူဆန် ဖြစ်လာနိုင်သလား ဆိုတာကို မီဒီယာတစ်ဦးက မိုချန်ဂလာဘက်နဲ့ ပွဲအပြီးမှာ မေးမြန်းခဲ့တာပါ။ ဖာဂူဆန်လို နည်းပြ ဖြစ်လာမှာမဟုတ်သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘယ်အချိန်အထိ ဆက်ရှိနေမလဲဆိုတာလည်း မသိရှိကြောင်း၊ ရေရှည်အတွက် ဘာမှတွေးမထားဘဲ တစ်ရက်ချင်းသာ အကောင်းဆုံးလုပ်ဆောင်ပြီးဖြတ်သန်းသွားမယ်လို့ နည်းပြဇီဒန်းက ပြော ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ မိုချန်ဂလာဘက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာ ကနေ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။  
5 months Ago

အသင်းကနေ ထုတ်ပယ်ခံရမည်ကို  မစိုးရိမ်ဟု ရီးရဲလ် နည်းပြဇီဒန်း ပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရင်လည်း ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ပြောပါတယ်။ ရီးရဲလ်အသင်းဟာ ဒီဇင်ဘာ ၉ ရက်နေ့မှာ မိုချန်ဂလာဘက်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ၅ ပွဲကစားအပြီးမှာ ၇ မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေတဲ့ ရီးရဲလ်အသင်းအတွက် အုပ်စုတက်ရေးအဆုံး အဖြတ်ပွဲစဉ်ဖြစ်ပြီး အနိုင်ရမှ နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။  စပိန်မီဒီယာ တချို့ကတော့ မိုချန်ဂလာဘက်နဲ့ ပွဲမှာရှုံးနိမ့်ခဲ့ရင် ရီးရဲလ်အသင်းက နည်းပြဇီဒန်းကို ထုတ်ပယ်လိမ့်မယ်လို့ ရေးသားနေကြတာပါ။ နည်းပြဇီဒန်းကတော့ နိုင်ပွဲရဖို့သာ အာရုံစိုက်ထားပြီး ထုတ်ပယ်ခံမှာကို စိုးရိမ်မှုမရှိကြောင်း ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။  မိုချန်ဂလာဘက်နဲ့ ပွဲမှာ အနိုင်သုံးမှတ်ရယူပြီး အုပ်စုပထမနေရာကို ရယူသွားမယ်လို့လည်း  နည်းပြဇီဒန်းက ပြောပါတယ်။
5 months Ago

ရှက်တာဒိုးနက်ကို ထပ်မံရှုံးနိမ့်ခဲ့ပေမဲ့ ရာထူးက နုတ်ထွက်မည်မဟုတ်ဟု ရီးရဲလ်နည်းပြဇီဒန်း ပြော

ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ  လျော့ရဲတဲ့ခြေစွမ်းနဲ့အတူ ရှက်တာဒိုးနက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပေမယ့် ရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ နည်းပြ ဇီဒန်းက ပြောပါတယ်။ ဒီပွဲမှာ ရှက်တာဒိုးနက်အသင်းရဲ့ လူစားဝင်ကစားသမား ဒန်တင်ဟိုနဲ့ ဆော်လမွန်တို့က အသင်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်ဟာ ဝေဝါးလာခဲ့ရပြီ ဖြစ်ပါတယ်။  ဒီပွဲစဉ်မတိုင်ခင် ပထမအကျော့တုန်းကလည်း ရှက်တာအသင်းကို ရီးရဲလ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာအသင်းရဲ့  ခြေစွမ်းဆိုးရွားနေမှုကြောင့် နည်းပြဇီဒန်းဟာ ဖိအားတွေ မြင့်တက်လာပြီဖြစ်ပြီး ရီးရဲလ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။  ဒါပေမဲ့ ပြင်သစ်သား နည်းပြကြီးကတော့ ရာထူးကနေ နုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။  “ကျနော် ရာထူးကနေ လုံးဝနုတ်ထွက်မှာ မဟုတ်ဘူး။ ကျနော်တို့မှာ ခက်ခဲတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အသင်းရလဒ်တွေဟာ ဆိုးရွားနေတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက်ရပါမယ်။ ကျနော်တို့ အများကြီး ပြင်ဆင်ခဲ့ပါတယ်” လို့ ဇီဒန်းက ပြောပါတယ်။ ဇီဒန်းရဲ့အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ အလာဘတ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတော့ ဒီပွဲမှာ သူ့အသင်းဟာ အနိုင်ရရှိဖို့ မထိုက်တန်ခဲ့ဘူးလို့ ဇီဒန်းက ဝန်ခံပါတယ်။  ရှက်တာအသင်းကို ရှုံးနိမ့်ခဲ့မှုမှာလည်း ကံတရားရဲ့ မျက်နှာသာပေးမှုကို မရရှိခဲ့ဖူးလို့လည်း ဇီဒန်းက ယူဆထားပါတယ်။  “ကျနော့်ကစားသမားတွေကို ယုံကြည်ပါတယ်။ ကျနော်တို့မှာ ကြံ့ခိုင်မှုရှိပါတယ်။ အလာဘတ်နဲ့ ပွဲတုန်းက ကျနော်တို့အသင်းက အနိုင်ရရှိဖို့ ထိုက်တန်မှုမရှိခဲ့ပေမယ့် ဒီပွဲမှာတော့ ကျနော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ ကျနော်တို့မှာ ရွေးစရာမရှိပါဘူး။ ဒါ့ကြောင့် အလုပ်ကို ကြိုးစားပြီး ရလဒ်ကောင်းတွေ ပြန်လည်ရရှိဖို့ ဆက်လက်လုပ်ဆောင်သွားရပါမယ်”  ဇီဒန်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်အသင်းအတွက် အဓိကပြဿနာဟာ ခံစစ်ပိုင်းဖြစ်ပြီး ဒါကို ချန်ပီယံလိဂ်မှာ သိသိသာသာ မြင်တွေ့နေရပါတယ်။ ရှက်တာကို ရှုံးနိမ့်ခဲ့ပြီးတော့ အုပ်စု ၅ ပွဲအတိုင်း အသင်းရဲ့ ပေးဂိုးအရေအတွက်ဟာ ၉ ဂိုးအထိ ရှိလာပြီဖြစ်ပြီး ဒါဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အသင်းရဲ့ အဆိုးရွားဆုံး ခံစစ်စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းက ရလဒ်ဆိုးကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့လည်း ဇီဒန်းက ယုံကြည်နေပါတယ်။
5 months Ago

အလာဘတ်ကို ရှုံးနိမ့်ခဲ့မှု ရှင်းပြရန် စကားလုံးမရှိတော့ဟု ဇီဒန်း ဝန်ခံ (ရုပ်သံဟိုက်လိုက်)

အိမ်ကွင်းမှာ အလာဘတ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့အခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြစရာစကားလုံးတောင်မရှိတော့ဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  ပီရတ်ဇ်နဲ့ ဂျိုဆီလူတို့က အလာဘတ်စ်အသင်းအတွက် ဦးဆောင်ဂိုး ၂ ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးခဲ့ပြီး ရီးရဲလ်အတွက် နှစ်သိမ့်ဂိုးကိုတော့ ကွင်းလယ်လူ ကတ်စမဲရိုးက ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။  စနေနေ့ပွဲဟာ ရီးရဲလ်အသင်းအတွက် တတိယမြောက်လာလီဂါရှုံးပွဲဖြစ်ပြီး ထိပ်ဆုံးက အက်သလက်တီကို၊ ဆိုစီဒက်တို့နဲ့ အမှတ်ကွာဟချက်ဟာလည်း ၆ မှတ်အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်အသင်းအတွက် ပိုပြီးအထိနာစေခဲ့ရတာက ကွင်းလယ်လူ ဟာဇက်ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ တကယ်ကို ပြောစရာ စကားလုံးမဲ့စေတယ်လို့ ပွဲအပြီးမှာ ဇီဒန်းက ပြောပါတယ်။  “ကျနော့်မှာ ရှင်းပြစရာမရှိတော့ပါဘူး။ ဒီညမှာ ကျနော်တို့အတွက် ကောင်းတာရော၊ မကောင်းတာတွေပါ ဖြစ်ခဲ့ပါတယ်။ သူတို့ဘက်က ၃ မိနစ်နဲ့ ဂိုးရရှိသွားခဲ့ပြီးနောက် ကျနော်တို့အတွက် အခြေအနေတွေက ရှုပ်ထွေးသွားခဲ့ပါတယ်။ သီးတင်းပတ်အလယ်ပိုင်းက အင်တာမီလန်အသင်းကို ခြေစွမ်းပြပြီး အနိုင်ရရှိခဲ့ပေမဲ့ ဒီပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့အသင်းရဲ့ အရှိတရားပါ။ ကျနော်တို့ လုပ်သင့်တာကတော့ အလုပ်ကိုဆက်ကြိုးစား၊ ကစားသမားတွေကို အနားပေးပြီး အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့အသင်းမှာ တည်ငြိမ်မှု ပျောက်ဆုံးနေပါတယ်။” ကစားသမားတွေအတွက် လိုအပ်နေတဲ့ အဖြေတခုကို ရှာဖွေရမယ်လို့ ဇီဒန်းက ဆက်လက်ပြောဆိုသွားခဲ့ပြီး လက်ရှိအခြေအနေဟာ အသင်းအတွက် အဆိုးရွားဆုံးရာသီအစ ဖြစ်တယ်လို့လည်း ဇီဒန်းက ဝန်ခံခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 months Ago

မာရာဒိုနာကွယ်လွန်သွားခြင်းသည် ကမ္ဘာကြီးအတွက် ဆုံးရှုံးမှုဖြစ်ဟု ဇီဒန်း ပြော

မာရာဒိုနာ ကွယ်လွန်ခဲ့တာဟာ ဘောလုံးလောကအတွက်သာ မဟုတ်ဘဲ ကမ္ဘာကြီးအတွက် ဆုံးရှုံးမှု ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်က အင်တာမီလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရာဒိုနာ ကွယ်လွန်သွားတဲ့သတင်းအပေါ် နည်းပြဇီဒန်းက ဝမ်းနည်း စကားဆိုခဲ့တာပါ။  အသက် ၁၄ နှစ်ကတည်းက မာရာဒိုနာ သိရှိခဲ့ပြီး မိမိရဲ့ စံပြကစားသမားက အန်ဇိုဖရန်ဆက်ကိုလီ ဖြစ်ပေမဲ့ မာရာဒိုနာက ကစားသမားတိုင်း အတုယူချင်တဲ့ စံပြ ကစားသမား တဦးဖြစ်တယ်လို့ ဇီဒန်းက ပြောပါတယ်။  မာရာဒိုနာကို အလွန်ထူးချွန်တဲ့ ကစားသမားလို့ ကိုယ်တိုင် ချီးကျူးခွင့်ရခဲ့တာက ကံကောင်းခဲ့ပြီး မာရာဒိုနာရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းရကြောင်း ဇီဒန်းက ပြောပါတယ်။  အက်လက်တီကို မက်ဒရစ် ကွင်းလယ်လူ ကိုကီကလည်း မာရာဒိုနာနဲ့ ဆုံတွေ့ဖူးခြင်းမရှိတဲ့ အတွက် ကံမကောင်းခဲ့ကြောင်းနဲ့ မာရာဒိုနာကွယ်လွန်ခဲ့တာက ဘောလုံးချစ်ပရိသတ်တွေအတွက် ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောပါတယ်။ 
5 months Ago

ပွဲကျပ်ကာလ ကစားသမားများ၏ ကျန်းမာရေးစိုးရိမ်ဟု ဇီဒန်းပြော

ပွဲစဉ်ဇယားကျပ်နေတာနဲ့ ပတ်သက်ပြီး ကစားသမားတွေရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ရီးရဲလ်အသင်းဟာ ဒီကနေ့ညမှာ ဗီလာရီးရဲလ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး ၃၃ ရက်အတွင်း ၁၀ ပွဲအထိ ဆက်တိုက် ကစားသွားရမှာပါ။  ဥရောပက တခြားအသင်းတွေဟာဆိုရင်လည်း ပျမ်းမျှ ၃ ရက်လောက်သာခြားပြီး ပွဲကစားရမှာဖြစ်လို့ ရီးရဲလ်ကစားသမားတွေအတွက်သာမက တခြားကလပ်တွေက ကစားသမား တွေရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်တယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။  ပွဲစဉ်ဇယားရေးဆွဲတဲ့ တာဝန်ရှိသူတွေကို မပြောလိုပေမဲ့ ကစားသမားတွေအတွက် စိုးရိမ်တာကတော့ အမှန်ပဲလို့ ဇီဒန်းက ဆိုပါတယ်။  ဗီလာရီးရဲလ်နဲ့ကစားမယ့် ရီးရဲလ်အသင်းမှာ အသင်းခေါင်းဆောင် ရာမို့စ်ပါဝင်နိုင်မှာ မဟုတ်သလို ဗာရန်းဟာလည်း ကြံ့ခိုင်မှုအပြည့်မရသေးကြောင်း နည်းပြဇီဒန်းက အတည်ပြုခဲ့ ပါတယ်။  မီလီတာအို၊ ကတ်စမဲရိုးနဲ့ ဟာဇက်တို့ကတော့ ကိုဗစ်-၁၉ ပိုး မရှိတော့တာကြောင့် ပြန်လည် ပါဝင်မယ်လို့ သိရပါတယ်။
6 months Ago

ရီးရဲလ်တသင်းလုံး သေသည်အထိ ဇီဒန်းဘက်တွင် ရပ်တည်နေမည်ဟု ကာဗာဟယ် ထုတ်ပြော

ရီးရဲလ်မက်ဒရစ်တစ်သင်းလုံဟာ သေတဲ့အထိ နည်းပြဇီဒန်းနဲ့အတူ ရှိနေမှာမယ်လို့ နောက်ခံလူ ဒန်နီကာဗာဟယ်က ပြောပါတယ်။  ရီးရဲလ်အသင်းမှာ ပြဿနာရှိနေတယ်လို့ ပြောဆိုမှုတွေထွက်ပေါ်လာပြီး  နောက်မှာ နောက်ခံလူက နည်းပြဘက်က ထောက်ခံပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။  ရီးရဲလ်အသင်းဟာ အခုရာသီအစပိုင်းမှာ ရလဒ်ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဇီဒန်းဟာ အသင်းမှာ ဆက်ရှိသင့်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဇီဒန်းရဲ့အသင်းဟာ လာလီဂါ ၈ ပွဲအပြီးမှာအဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၉ မှတ်ရနိုင်ချေရှိမှုကနေ ၄ မှတ်သာရယူထားနိုင်ပါတယ်။ ရီးရဲလ်အသင်းဟာ ဒုတိယမြောက်ပြည်တွင်းရှုံးပွဲအဖြစ်  ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဗလင်စီယာ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီပွဲမှာ ကစားသမားတချို့ဟာ ပုံမှန်ခြေစွမ်း အောက် သိသိသာသာ ကျဆင်းနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အသင်းရလဒ်တွေနဲ့ပတ်သက်ပြီး ဇီးဒန်းအပေါ်ဝေဖန်မှုတွေ ရှိလာချိန်မှာ သူ့ရဲ့နည်းပြရာထူး အတွက်လည်း လှုပ်ခတ်မှု အနည်းငယ်ပေါ်ပေါက်လာပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတွေမှာ ဇီဒန်းနေရာကို အစားထိုးဖို့ ကစားသမားဟောင်းရာအူးလ်နဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့ကို ဆက်သွယ်နေတယ်လို့ ရေးသားထားတာလည်း တွေ့ရပါ တယ်။  ဒါပေမဲ့ အသင်းရဲ့လူစာရင်း တခုလုံးကတော့ ဇီဒန်းရဲ့ နောက်မှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝထောက် ခံမှုရှိတယ်လို့ ကာဗာဟယ်ကပြောပါတယ်။ “ကျနော်တို့ သေတဲ့အထိ နည်းပြဘက်က ရပ်တည်သွားမှာပါ။ အသင်းရော၊ ကစားသမားတွေ ဟာလည်း နည်းပြဘက်မှာပါပဲ။ နည်းပြရဲ့ခံယူချက်က အားလုံးဟာ တသားတည်းဖြစ်ပြီး ဦးတည်ချက်တခုတည်းကိုပဲ သွားနေကြသူတွေပါ။ ဒါဟာ ဇီဒန်းအသင်းမှာရှိတဲ့ ၃ နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့အရာလည်း ဖြစ်ပါတယ်”  လို့ Marca သတင်းကို ပြောခဲ့ပါတယ်။  ဥရောပမှာ အအောင်မြင်ဆုံးအသင်းဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေဟာ မြင့်မားစွာရှိနေပြီး အသင်းရဲ့ရလာဒ် ဒါမှမဟုတ် စွမ်းဆောင်ရည်မကောင်းခဲ့ ဘူးဆိုရင် ပြောဆိုဝေဖန်မှုတွေနဲ့ ကြုံတွေ့ရစမြဲဖြစ်တယ်လို့လည်း ကာဗာဟယ်ကပြောပါတယ်။   “ကျနော်တို့ ပြိုင်ပွဲကြီးမှာ အင်တာမီလန်အသင်းကို အနိုင်ယူပြခဲ့ပြီး ဗလင်စီယာလို ခက်ခဲတဲ့ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ပါတယ်။တခါတရံမှာ ကျနော်တို့ ပွဲတိုင်းကို အနိုင်မရနိုင်ပါဘူး။ ဒါ့ကြောင့် ကျနော်တို့ ပြသနာနဲ့ကြုံတွေ့နေရပြီလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလို အတက်အကျတွေ၊ ချီးကျူးမှု၊ ဝေဖန်မှုတွေနဲ့ နေသားတကျ ဖြစ်လာပါလိမ့်မယ်”လို့လည်း စပိန်လက်ရွေးစင်ကစားသမားက ပြောခဲ့ပါတယ်။ 
6 months Ago

အင်တာမီလန်နှင့်ပွဲကို အနိုင် ၃ မှတ်ယူရန် နည်းပြဇီဒန်း တိုက်တွန်း

အင်တာမီလန်နဲ့ ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကစားမှာဖြစ်ပြီး ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။  ဒီအခြေအနေကြောင့် အင်တာမီလန်နဲ့ပွဲက ဗိုလ်လုပွဲတစ်ပွဲလို ဖြစ်လာနိုင်ပြီး အနိုင် ၃ မှတ်ရဖို့ အရေးကြီးတယ်လို့ နည်းပြဇီဒန်းက ပြောခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းက လူတွေအားလုံးကို အတုယူ အားကျနိုင်စွမ်း ရှိစေလိုပြီး အသင်းရဲ့ခြေစွမ်းကို ကောင်းမွန်ကြောင်း အမြဲတမ်း ပြသသွားချင်တယ်လို့ ဇီဒန်းက ပြောပါတယ်။  အနာဂတ်နဲ့ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာတော့ အနာဂတ်နဲ့ပတ်သက်ပြီး တွေးမနေကြောင်းနဲ့ လိုက်ဇစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုသာ အာရုံစိုက်ထားတယ်လို့ နည်းပြဇီဒန်းက ပြောကြားခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ဟာ ဒီကနေ့ညပိုင်းမှာ ရီးရဲလ်အသင်း အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
6 months Ago

နည်းပြဇီဒန်းနေရာကို အစားထိုးရန် ရီးရဲလ် ပြင်ဆင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ ဇီဒန်းနေရာမှာ ပိုချက်တီနိုနဲ့ရာအူးလ်တို့ကို အစားထိုး ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။  လာလီဂါ နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြ ဇီဒန်းရဲ့ ရာထူး လှုပ်ခတ်လာခဲ့တာပါ။  ရီးရဲလ်မက်ဒရစ်အသင်းဟာ အောက်တိုဘာ ၂၄ရက်နေ့မှာ ဘာစီလိုနာနဲ့ အယ်လ်ကက်စီကို ဒါဘီပွဲစဉ် ကစားရမှာဖြစ်ပြီး ဖိအားများနေတဲ့ နည်းပြဇီဒန်းအတွက် စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။  စပိန်သတင်းစာ AS ကတော့ ရီးရဲလ်အသင်းဟာ ဘာစီလိုနာနဲ့ပွဲမှာ ရလဒ်မကောင်း ခဲ့ဘူးဆိုရင် စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ အပြောင်းအလဲလုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရန်အသင်းနည်းပြဖြစ်သူ တိုက်စစ်မှူးဟောင်း ရာအူးလ်ကိုလည်း ဇီဒန်းနေရာမှာ အစားထိုး ခန့်အပ်နိုင်တယ်လို့ သိရပါတယ်။  ရီးရဲလ်မှာ ၁၆ နှစ်ကစားခဲ့ပြီး ဆုဖလား ၁၆ လုံး ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ရာအူးလ်ဟာ အသင်းဥက္ကဋ္ဌ ပီရက်ဇ် သဘောကျတဲ့ နည်းပြဖြစ်တယ်လို့ သိရပါတယ်။ 
7 months Ago

ရီးရဲလ်အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်လုပ်မည်ဟု ဇီဒန်းပြော

လက်ရှိအသင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းပြီး အသင်းကို လမ်းကြောင်း မှန်ပေါ်  ရောက်အောင်လုပ်နိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှက်တာဒိုးနက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အခုလို ပြောခဲ့တာဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့် ရီးရဲလ်အသင်းဟာ ဇီဒန်း လက်ထက်မှာ ပထမဆုံးအဖြစ် အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။  ဒီပွဲမတိုင်ခင် လာလီဂါမှာလည်း ဇီဒန်းရဲ့အသင်းဟာ တန်းတက် ကာဒစ်ဇ်အသင်းကို ၁ ဂိုး ဂိုး မရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရှက်တာဒိုးနက်အသင်းဟာ ရီးရဲလ်ကို ပထမပိုင်းမှာတင် ၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၁၅ နှစ်အတွင်း ရီးရဲလ်အသင်းအတွက် ပထမဆုံးအကြိမ်ပထမပိုင်း ၃ ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။  ရီးရဲလ်အသင်းအတွက် ဂိုးတွေကို မိုဒရစ်နဲ့ဗင်နီစီးရက်စ်တို့က သွင်းယူပေးနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပ ဂိုး ၁ ဂိုး ကိုတော့ မရရှိခဲ့ပါဘူး။  ဒီရလဒ်ကြောင့် ရီးရဲလ်အသင်းနည်းပြ ဇီဒန်းဟာ အောက်တိုဘာ ၂၄ ရက် (လာမယ့်စနေနေ့) ဘာစီလိုနာအသင်းနဲ့ အယ်လ်ကလက်စီကို ပွဲမတိုင်ခင် ဖိအားတွေ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ အသင်းရဲ့အခြေအနေတွေ ဆိုးရွားနေပေမဲ့  ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဒီရာထူးအတွက် သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်လို့ ပြောပါတယ်။  “ကျနော် ဒါကို ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကြိုးစားသွားမှာပါ” လို့ ဇီဒန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။  “ကစားသမားတွေကလည်း ပါဝင်ကြိုးစားသွားကြမှာပါ။ ကျနော်တို့ အခြေအနေတွေကို သုံးသပ်ပြီး အဖြေရှာ သွားကြမှာဖြစ်ပါတယ်။ အခုတော့  စနေနေ့ အယ်ကလက်စကိုပွဲ အတွက်ကြိုတင်ပြင်ဆင်ရပါမယ်”လို့ ဇီဒန်းက ပြောပါတယ်။  ရှက်တာနဲ့ပွဲမှာ ဇီဒန်းဟာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ လူကာဂျိုဗစ်ကို လူစာရင်းမှာ အသုံးပြုခဲ့ ပြီး ရာမို့စ်မပါတဲ့နောက်တန်းမှာ အီဒါမီလီတိုကို ဗာရန်းနဲ့အတူ ပွဲထွက်စေခဲ့ပါတယ်။ ရှက်တာအသင်းဘက် အဓိကကစားသမား ၁၀ ဦးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုံးရှုံး ထားရပေမဲ့ တီတီ၊ ဆော်လမွန်တို့ရဲ့ သွင်းဂိုးတွေအပြင် ဗာရန်းရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေ ကြောင့် ပထမပိုင်းတင် ၃ ဂိုး ပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။  ရှက်တာကို ရှုံးနိမ့်မှုဟာ ရီးရဲလ်အသင်းအတွက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်အိမ်ကွင်း ရှုံးနိမ့်မှုဖြစ်ပြီး ဒီခံစားချက်ဆိုးရွားလွန်းတယ်လို့ ဇီဒန်းက ပြောပါတယ်။  “ဒီပွဲက အရာအားလုံးကို ရှုပ်ထွေးစေခဲ့ပြီး အဆုံးသတ်ခဲ့ပါတယ်။ ကျနော်တို့ အမှားကြောင့် ပထမ ဂိုးပေးလိုက်ရတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့အသင်းသားတွေအတွက်ဝမ်းမြောက်မိ ပါတယ်။ ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ပေမယ့် တခုခုလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒီပွဲအရှုံးအတွက် ကျနော်မှာ တာဝန်ရှိပါတယ်” လို့လည်း ဇီဒန်းက ပြောပါတယ်။
7 months Ago

ဟာဇက်ဒဏ်ရာအခြေအနေ စိုးရိမ်မှုမရှိကြောင်း နည်းပြဇီဒန်းပြော

ဟာဇက်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ဟာဇက်ဟာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း မနှစ်က တစ်ရာသီလုံးမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့သလို လက်ရှိ ဘောလုံးရာသီအစမှာလည်း ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြဿနာ ကြုံတွေ့နေရတာပါ။  ကိုယ်အလေးချိန်တက်လာလို့ လေ့ကျင့်ခန်းပြန်လုပ်နေစဉ်မှာပဲ ကြွက်သားဒဏ် ရာရရှိခဲ့တာကြောင့် ဆက်လက် အနားယူနေရဆဲဖြစ်ပါတယ်။  ဟာဇက်ရဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့် ဂါရတ်ဘေးလ်လိုပဲ ခြေစွမ်းပြသနိုင်ခြင်း မရှိတော့မှာကို စိုးရိမ်မှုရှိလားလို့ သတင်းထောက်တဦးကမေး မြန်းရာမှာတော့ အဲဒီလိုစိုးရိမ်မှုမရှိကြောင်းနဲ့  ဟာဇက်အပေါ် အကောင်းမြင်ထားပြီး မကြာခင်ပြန် ကစားနိုင်မယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။  ဟာဇက်ဟာ စက်တင်ဘာ ၃၀ ရက်က ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ ပစ်မှတ်ထားပေမယ့် လိုအပ်တဲ့ ကြံ့ခိုင်မှုမရှိတာကြောင့်  ဆက်လက်အနားယူခဲ့ရတာဖြစ်ပါတယ်။ 
7 months Ago

ပီယာလိုဟာ ဇီဒန်းလိုမျိုး အောင်မြင်မှုတွေ ရယူနိုင်တဲ့ နည်းပြတဦးပါ - ဒယ်လ်ပီယာရို

ဂျူဗင်တပ်စ်နည်းပြသစ် အင်ဒရီယာပီယာလိုဟာ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းလိုမျိုး အောင်မြင်မှု ရယူနိုင်မယ့်သူ ဖြစ်တယ်လို့ ဂျူဗင်တပ်စ် ဂန္ထဝင်ကစားသမား ဒယ်ပီယာရိုက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ ဩဂုတ် ၇ ရက်က လိုင်ယွန်နဲ့ ယှဉ်ပြိုင်ကစားခဲ့အပြီးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရတာကြောင့် ဂျူဗင်တပ်စ်အသင်းဟာ နည်းပြဆာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ယူ-၂၃ အသင်းကို တာဝန်ယူနေတဲ့ ပီယာလိုကို နည်းပြအသစ်အဖြစ် အစားထိုးလိုက်ပါတယ်။  နည်းပြအတွေ့အကြုံ နုနယ်သေးတဲ့ ပီယာလိုနဲ့ အစားထိုးခဲ့ခြင်းအပေါ် အားလုံးက အံ့အားသင့်ခဲ့ရပြီး  ဒီထဲမှာ သူကိုယ်တိုင်လည်း ပါဝင်နေတယ်လို့ ဒယ်ပီယာရိုက ဝန်ခံပါတယ်။ ဒါပေမဲ့ ဂျူဗီကွင်းလယ်လူဟောင်းဟာ ရီးရဲလ်အသင်းမှာ ဇီဒန်း ရရှိခဲ့သလိုမျိုး အောင်မြင်မှုမျိုးကို ရနိုင်သူလို့ အယ်ပီယာရိုက ပြောပါတယ်။ “သူတို့နှစ်ဦးကို နှိုင်းယှဉ်မှုဟာ မမျှတမှန်းတော့ သိပါတယ်။ ဇီဒန်းဟာ ရီးရဲလ်အသင်းကြီးကို မရောက်ခင် လူငယ်အသင်းကို တာဝန်ယူခဲ့ပြီး အန်ဆယ်လော့တီရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပီယာလိုမှာလည်း ဇီဒန်းထက်သာတဲ့ အောင်မြင်မှုမျိုးတွေရရှိဖို့ အရည်အချင်းတွေ ရှိပါတယ်။ သူဟာ အသင်းအကြောင်း၊ ကစားသမားတွေအကြောင်းအပြင် ဒါရိုက်တာတွေနဲ့ပါ ရင်းနှီးနေပြီး ဖြစ်တာကြောင့် အပြန်အလှန်ဆက်သွယ်ရာမှာ ပြဿနာမရှိနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ နည်းပြဖြစ်လာမယ်လို့လည်း ကျနော် မထင်ခဲ့ပါဘူး။ အံ့အားသင့်ခဲ့ရတဲ့လူတွေထဲမှာ ကျနော်လည်း ပါပါတယ်။ သူ့ကို လူငယ်အသင်းနည်းပြအဖြစ် ခန့်တဲ့အပေါ်မှာ ကျနော်လည်း ပီတိဖြစ်မိပါတယ်။ သူ အဲဒီနေရာကနေ နည်းပြဘဝကို အစပြုဖို့ ဆိုတာလည်း မှန်ကန်ပါတယ်။ ဒါပေမဲ့ အဆင့်တွေကျော်သွားတော့ သူ့အတွက် ကံကောင်းပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ အင်တာမီလန်အသင်းနဲ့ ၁ မှတ် အကွာကနေ ရာသီကုန်ဆုံးနိုင်ခဲ့ပြီး  စီးရီးအေဖလားကို ၉ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။ လာဇီယိုနဲ့ အတ္တလန္တာအသင်းတို့ကြောင့် အခုနှစ် စီးရီးအေပြိုင်ပွဲဟာ အရင်ကထက် ပိုပြီးတော့လည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရခြင်း၊ ဆာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းအပြင် အသင်းရဲ့ အဓိကကစားသမားအဖြစ်တဲ့ ရော်နယ်ဒိုကို ပြင်သစ် အင်အားကြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နည်းပြသစ် ပီယာလိုအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ စောင့်ကြိုနေတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
9 months Ago

ဂါရတ်ဘေးလ်၏ဆန္ဒအရ ချန်ပီယံလိဂ်ပွဲ လူစာရင်းတွင် ချန်လှပ်ခဲ့ဟု  နည်းပြဇီဒန်းဖြေရှင်း

ချန်ပီယံလိဂ်လူစာရင်းကနေ  ဂါရတ်ဘေးလ်ကို ချန်လှပ်ခဲ့တာဟာ ကစားသမားရဲ့ ဆန္ဒအရ ဖြစ်တယ်လို့ နည်းပြဇီဒန်းက ဖြေရှင်းလိုက်ပါတယ်။ ဘေးလ်ဟာ ဇွန်လ ၂၅ ရက်က မာယော့ကာနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက်ပိုင်း လာလီဂါပွဲစဉ် ၆ ပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရပြီး လူစားဝင်ကစားခွင့်လည်း မရရှိခဲ့ပါဘူး။ မန်စီးတီးနဲ့ကစားမယ့်လူစာရင်းမှာ ဂါရတ်ဘေးလ်မပါဝင်ခဲ့တာဟာ ဘေးလ်ရဲ့ဆန္ဒအရ ဖြစ်ပြီး ဂါရတ်ဘေးလ်မှာ ဒဏ်ရာပြဿနာမရှိကြောင်းနဲ့ သူ့ရဲ့ဆုံးဖြတ်ကို လေးစားရမှာ ဖြစ်ကြောင်းလည်း နည်းပြဇီဒန်းက ပြောပါတယ်။  ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ပထမအကျော့မှာ  ၂ ဂိုး ၁ဂိုးနဲ့ အိမ်ကွင်းမှာအရေးနိမ့်ခဲ့ပြီး ဩဂုတ် ၈ ရက်မှာ ကစားမယ့် အဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဘေးလ်ဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ရာသီအကုန်မှာ အသင်းပြောင်းရွှေ့ဖို့ရှိနေပါတယ်။ 
9 months Ago

ရီးရဲလ်အသင်းတွင် နောက်ရာသီဆက်ရှိမရှိ မသေချာဟု ဇီဒန်းပြော

နောက်ရာသီ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိမရှိ မသေချာသေးဘူးလို့ အသင်းနဲ့အတူ လာလီဂါဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ နည်းပြဇီဒန်းက ပြောပါတယ်။  ရီးရဲလ်အသင်းနဲ့ ၂၀၂၂ အထိ စာချုပ်သက်တမ်းကျန်ရှိနေတဲ့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပထမအကြိမ်ကိုင်တွယ်စဉ်ကတည်း က အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး တကျော့ပြန်ရောက်ရှိလာတဲ့အချိန်မှာလည်း လာ လီဂါဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။  အသင်းနဲ့အတူ ချန်ပီယံဆုကိုဆွတ်ခူးအပြီး နောက်ရာသီအသင်းမှာ ဆက်ရှိနေဖို့ အာမခံနိုင်လားလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဇီဒန်းက အခုလို ဖြေကြားခဲ့တာပါ။ “အနာဂတ်ကာလမှာဘာတွေ  ဖြစ်လာမလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ကျနော်က လာမယ့်ရာသီ၊ လာမယ့်နှစ်အကြောင်းကို  ဘယ်တော့မှ မပြောခဲ့ဖူးပါဘူး။ ကျနော့်မှာ စာချုပ်ရှိနေဆဲဖြစ်ပြီးတော့ ဒီအသင်းမှာ ပျော်ရွှင်နေပါတယ်။ ခင်ဗျားအနေနဲ့လည်း အနာဂတ်မှာ ဘာဖြစ်မလဲမသိနိုင်ပါဘူး။ ဘောလုံးလောကမှာ ပြောင်းလဲမှုဆိုတာ ညတွင်း  ချင်းလည်း ဖြစ်နိုင်ပါတယ်။”  ဇီဒန်းဟာ လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက်အစောပိုင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး  ဒီပွဲစဉ်ကိုလည်း ဆက်လက်အာရုံစိုက်သွားဖို့ အသင်းသား တွေကို တိုက်တွန်းခဲ့ပါတယ်။  ဒီပွဲစဉ်ဟာ ချန်ပီယံဖြစ်ခဲ့ပြီးဖြစ်တဲ့ ရီးရဲလ်အသင်းအတွက် သိပ်အရေးမကြီးတော့တဲ့ ပွဲစဉ်ဖြစ်ပေမဲ့ ပြိုင်ဘက် လီဂါနက်စ်အတွက်က တော့ လာလီဂါမှာ ဆက်ရှိနေစေရေးအတွက် ဒီပွဲစဉ်ရလဒ်ကောင်းရရှိဖို့ လိုအပ်ပါတယ်။  ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားဖို့ ကျန်ရှိနေဆဲဖြစ်ပြီး သြဂုတ် ၇ ရက်မှာ မန်စီတီးအသင်းနဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကို  ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပထမ အကျော့ပွဲစဉ်မှာ ရီးရဲလ်အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။   
10 months Ago

အောင်ပွဲခံရန်ထက်  ဗီလာရီးရဲလ်နှင့်ပွဲအပေါ် အာရုံစိုက်ထားဟု  ရီးရဲလ်နည်းပြဇီဒန်းပြော

ချန်ပီယံအဖြစ်အောင်ပွဲခံဖို့ထက် ဗီလာရီးရဲလ်နဲ့ပွဲအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ရီးရဲလ်နည်းပြ ဇီဒန်းကပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ကျန် ၂ ပွဲအလိုမှာ ဒုတိယနေရာက ဘာစီလိုနာကို ၄ မှတ်ဖြတ်ထားပြီး ဗီလာရီးယဲလ်နဲ့ပွဲမှာအနိုင်ရခဲ့ရင် ချန်ပီယံဖြစ်ဖို့သေချာသွားမှာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆုဖလားရရှိတိုင်းမှာ ပရိသတ်တွေနဲ့အတူ ဘာနေဗျူးကွင်းထဲ မှာ အောင်ပွဲခံလေ့ရှိပေမယ့် အခုနှစ်ရာသီမှာတော့ ကိုဗစ်-၁၉ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ အခုနှစ်မှာတော့ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့ရင် လေ့ကျင့်ရေးကွင်းထဲမှာပဲ အောင်ပွဲခံသွား ရမှာပါ။ ပရိသတ်တွေအနေနဲ့လည်း လူစုလူဝေးနဲ့ အောင်ပွဲခံခြင်းမပြုဖို့ ရီးရဲလ်အသင်းက သတင်း ထုတ်ပြန် ထားပါတယ်။  ရီးရဲလ်နည်းပြ ဇီဒန်းကတော့ အောင်ပွဲခံအခမ်းအနားတွေနဲ့ပတ်သက်ပြီး လူပြောများနေကြ ပေမယ့်  ချန်ပီယံမဖြစ်သေးတာကြောင့် ဗီလာရီးရဲလ်နဲ့ ပွဲအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
10 months Ago

ရီးရဲလ်မက်ဒရစ်ကစားသမားအားလုံး ဘလွန်းဒီအောဆုနှင့် ထိုက်တန်ဟု  နည်းပြဇီဒန်းပြော

ရီးရဲလ်မက်ဒရစ်ကစားသမားအားလုံးဟာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ထိုက်တန် သူတွေဖြစ်တယ်လို့ နည်းပြ ဇီဒန်းကပြောပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယားကို ထိပ်ဆုံးမှာရှိနေပြီး  ၂၀၁၇ နောက်ပိုင်းမှာ  လာလီဂါချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ လက်တကမ်းမှာ ရှိနေတာပါ။ အသင်းရဲ့ တိုက်စစ်မှူး ဘင်ဇီမာက လာလီဂါ ၃၅ ပွဲမှာ ၁၉ ဂိုးသွင်းယူထားပြီး ဘလွန်းဒီအောအကောင်းဆုံး ဆုနဲ့ရနိုင်သလားဆိုတဲ့ မေးခွန်းအပေါ်မှာ နည်းပြဇီဒန်းက ပြန်လည်ဖြေကြားခဲ့တာပါ။ ဘောလုံးမှာ လူတိုင်းပြောချင်တာ ပြောလို့ရပြီး သူ့အတွက်တော့ ဘင်ဇီမာ တစ်ဦးတည်းတင်မဟုတ်ဘဲ ရီးရဲလ်ကစားသမားအားလုံးက ဘလွန်းဒီအောဆုနဲ့ ထိုက်တန်သူတွေဖြစ်တယ်လို့ နည်းပြဇီဒန်းကပြောပါတယ်။ ဆက်လက်ပြီး ဘင်ဇီမာဟာ အခုနှစ်ရာသီမှာပဲ ခြေစွမ်းပြနေတာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေကတည်းက ခြေစွမ်းပြနိုင်ခဲ့သူဖြစ်တယ်လို့ နည်းပြဇီဒန်းကချီးကျူးခဲ့ပါတယ်။
10 months Ago

ဂါရတ်ဘေးလ်၏ အပြောင်အပြက် အပြုအမူများအပေါ် ပြောစရာမရှိဟု နည်းပြဇီဒန်းပြော

အသင်းဖော်တွေ ပွဲကစားနေချိန်အတွင်း အရန်ခုံမှာ အပြောင်အပြက်တွေ လုပ်ခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူးလို့ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ တနင်္လာနေ့မှာ ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒီပွဲကို ဘေးလ်ဟာ အရန်ခုံမှာထိုင်ပြီး လက်တစ်ဘက်ရယ်၊ ဆေးပစ္စည်းလိပ်တစ်ခုရယ်ကို မှန်ဘီလူးပုံစံမျိုး ပြုလုပ်ပြီး ကင်မရာတွေဘက်ကို လှည့်ပြ စနောက်နေခဲ့ပါတယ်။ ဘေးလ်အနေနဲ့ ဒီလိုမျိုး ကွင်းဘေးကနေ အပြောင်အပြက် ပြုလုပ်ခဲ့တာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရတဲ့ ဘေးလ်ဟာ သူ့ရဲ့ နှာခေါင်းစည်းနဲ့ မျက်လုံးတွေကိုအုပ်ပြီး အိပ်ပျော်နေတဲ့ပုံစံမျိုး ပြုလုပ်နောက်ပြောင်ခဲ့ပြန်ပါတယ်။ အသက် ၃၀ အရွယ် လက်ရွေးစင်ကစားသမား ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ တစ်ပတ်ကို ပေါင် ၆၀၀,၀၀၀ ရရှိနေပေမဲ့ ၅ ပွဲ ဆက်တိုက် ဝင်ကစားခွင့် ပျောက်ဆုံးခဲ့ကာ သုံးကြိမ်တိတိ အရန်ခုံပေါ် ထိုင်ခဲ့ရပါတယ်။ ဘေးလ်ရဲ့ ဒီလိုမျိုး ပြောင်ချော်ချော် အပြုအမူတွေဟာ ဂရန်နာဒါနဲ့ပွဲအပြီးမှာ မီဒီယာတွေပေါ်မှာ ရေပန်းစားလာခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဇီဒန်းကို မေးမြန်းခဲ့ရာမှာ “ကျနော် ဘေးလ်နဲ့ပတ်သက်ပြီး ဘာမှစောဒကတက်စရာ မရှိပါဘူး။ တကယ်ကို ဘာမှမရှိပါဘူး။ ကျနော်တို့ အသင်းသားတွေအားလုံးဟာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ရေးအတွက် ပွဲတွေက အနိုင်ရရှိဖို့အတွက်ပဲ အတူတကွ စဉ်းစားလုပ်ဆောင်နေပါတယ်” လို့ ပြောဆိုပါတယ်။ ဂရန်နာဒါအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ကြာသပတေးနေ့မှာ ကန်မယ့် ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီရာသီ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပြီ ဖြစ်ပါတယ်။
10 months Ago

ကျနော်တို့အနေနဲ့ အနာမခံဘဲ အသာစံလို့မရပါဘူး - ဇီဒန်း

အနာမခံဘဲ အသာစံလို့ ရမှာမဟုတ်ကြောင်းနဲ့ အသင်းသားတွေအတွက် ဂုဏ်ယူမိတယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောကြားခဲ့ပါတယ်။  ဂီတာဖေးအသင်းကို ဇွန် ၂ ရက်နေ့က ခက်  ခက်ခဲခဲရင်ဆိုင်အနိုင်ယူပြီးနောက် အခုလိုမျိုးပြောဆိုခဲ့တာပါ။  ဒီပွဲမှာ ရီးရဲလ်အသင်းခေါင်းဆောင်ဆာဂျီယို  ရာမို့စ်က အသင်းအတွက် သူရဲကောင်းတဦးဖြစ်ခဲံပြီး အသင်းအတွက်တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။  ဒီနိုင်ပွဲဟာ ရီးရဲလ်အသင်းအတွက် ခြောက်ပွဲဆက်တိုက်အနိုင်ရလဒ်ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့်  ဇီဒန်းနဲ့အသင်းသားတွေဟာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းကို ရာသီကုန်ဆုံးဖို့ ငါးပွဲသာ ကျန်တော့ချိန်မှာ  လေးမှတ်အထိ ဖြတ်လိုက်နိုင်ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဇီဒန်းက သူ့အသင်းသားတွေ  ကို ချီးကျူးစကားပြောဆိုသွားခဲ့ပေမဲ့ အမှတ်ကွာဟချက်ကြောင့် ရဲးရဲလ်အသင်းရဲ့ခံယူချက်တွေဟာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။  “နောက်ထပ်သုံးမှတ်ပေါ့။ တကယ်ကိုအရေးပါတဲ့သုံးမှတ်ပါပဲ။ ကျနော်တို့ အနိုင်ရရှိခဲ့ပြီး ဒါဟာ အများကြီးပြောင်းလဲသွားတဲ့သဘောမျိုး မဟုတ်ပါဘူး။ ကျနော်တို့အတွက် နောက်ထပ်ဗိုလ်လုပွဲ ငါးပွဲကစားဖို့ ကျန်ရှိနေဆဲပါပဲ။ ဆက်ပြီး ကြိုးစားရပါဦးမယ်။ အနိုင်ရလဒ်ကြောင့်ပျော်ရွှင်ပါတယ်။  အသင်းသားတွေအတွက် သူတို့ရဲ့ကြိုးစားမှု၊ စည်းလုံးညီညွတ်မှုတွေအတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒါဟာ ဘောလုံးအားကစားပါ။ အမှတ်ပေးဇယားအောက်ခြေကအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး သူတို့ ဟာ ကျနော်တို့ကို အခက်အခဲဖြစ်စေခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ အနာမခံဘဲ အသာစံလို့မရပါဘူး။”
10 months Ago

နှစ် ၂၀ ကြာသည်အထိ ဘောလုံးနည်းပြအဖြစ် လုပ်ကိုင်မည်မဟုတ်ဟု ဇီဒန်းပြော

နှစ်ပေါင်း ၂၀ လောက်ကြာတဲ့အထိ ဘောလုံးနည်းပြ ဆက်လက်လုပ်ဆောင်မှာမဟုတ်ဘူးလို့ ရီးရဲလ်မက်ရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။ နည်းပြဇီဒန်းဟာ ၂၀၀၆ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက် ၂၀၁၄ ခုနှစ်ကစပြီး ရီးရဲလ်မက်ဒရစ်လူငယ်အသင်းမှာ နည်းပြအနေနဲ့ စတင်တာဝန်ယူခဲ့တာပါ။   နည်းပြတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကစားသမားဘဝကတည်းက မတွေးခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ နည်းပြတစ်ဦးဖြစ်နေတယ်လို့ ဇီဒန်းက ပြောပါတယ်။  ဒါပေမယ့် ဘောလုံးနည်းပြတစ်ဦးရဲ့ဘဝမှာ ပင်ပန်းမှုတွေများတာကြောင့် နှစ် ၂၀ လောက်အထိ ဆက်လက်လုပ်ကိုင်မှာမဟုတ်တာ သေချာကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီကနေ့ညကမှာ အက်စ်ပန်ညိုအသင်းနဲ့ လာလီဂါပွဲကစားရမှာပါ။  အက်စ်ပန်ညိုအသင်းက နည်းပြ အေဘယ်လာဒိုကို ရာထူးကနေ ထုတ်ပယ်လိုက်တာဟာ အသင်းအတွက် ကောင်းမလား ဆိုးမလားဆိုတာ မသိပေမယ့် နည်းပြအတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်လို့ နည်းပြဇီဒန်းက စာနာစကားဆိုခဲ့ပါတယ်။ 
10 months Ago

ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် စိုးရိမ်စိတ်မရှိဟု ရီးရဲလ်နည်းပြ ဇီဒန်းပြော

လာလီဂါ ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် စိုးရိမ်စိတ်မရှိတဲ့အကြောင်းနဲ့ ရေးဆွဲထားတဲ့အတိုင်း လက်ခံဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  အသစ်ထပ်မံရေးဆွဲထားတဲ့ပွဲစဉ်ဇယားမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲစဉ် ၃၃ နဲ့ ၃၄ ကို ၇၂ နာရီအတွင်း ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီကိစ္စကို အသင်းဘက်က လာလီဂါတာဝန်ရှိသူတွေ ထံ စောဒကတက်ခဲ့ပါတယ်။ ပွဲစဉ် ၃၃ နဲ့ ၃၄ တို့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂီတာဖေးနဲ့ ဘီဘာအိုလ်အသင်းတို့ကို ၇၂ နာရီ အတွင်းယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် အနီးကပ်ဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းကတော့ အက်သလက်တီကိုအသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ကို ငါးရက်ခြားကာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်နဲ့ဘာစီလိုနာတို့ဟာ ဒီရာသီလာလီဂါချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြရတဲ့အသင်း‌တွေ ဖြစ်ပြီးတော့ ပွဲစဉ်ဇယားရေးဆွဲမှုဟာ ရီးရဲလ်အသင်းအပေါ်  တဖက်သတ်ဆန်နေတယ်လို့ အသင်းရဲ့တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးရဲလ်အသင်းဟာပွဲစဉ် ၃၅ မတိုင်ခင်အထိ ဘာစီလိုနာ အသင်းထက် ၂၆ နာရီလောက် ပိုမိုအနားရထားပြီး ရီးရဲလ်အသင်း နည်းပြ ဇီဒန်းကလည်း ပွဲစဉ်ဇယားထက် ဇယားအတိုင်း ကြိုတင်ပြင်ဆင်မှုတွေကိုသာ ပိုမိုအာရုံစိုက်ဆောင်ရွက်နေပါတယ်။ “ကျနော့်အလုပ်က အရင်ကတည်းကရှုပ်ထွေးပြီးသားပါ။ နောက်ပြီးကျနော်ဟာ ကစားပွဲတွေအတွက်လည်းစိုးရိမ်မှုရှိပါတယ်။ ဒါဟာဗိုလ်လုပွဲစဉ်တွေလိုပါပဲ။ ကျနော်တို့ နောက်ထပ် ရှစ်ပွဲ ထပ်ကန်ရမှာဖြစ်ပြီးတော့ ဒီပွဲတွေအကုန်လုံးက အရေးကြီးပါပဲ။ ကျနော် ဒါကိုပဲ စိတ်ဝင်စားပါတယ်” လို့ ဇီဒန်းက ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်မှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိ ခဲ့တာကြောင့် အနီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းကို ကျော်လွန်ပြီး လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
11 months Ago

ရီးရဲလ် ချန်ပီယံဖြစ်ရန် လာလီဂါဒိုင်များ ကူညီခြင်းမရှိဟု နည်းပြ ဇီဒန်း တုံ့ပြန်

ရီးရဲလ်အသင်းကို ချန်ပီယံဖြစ်အောင် ဒိုင်လူကြီးတွေက ကူညီပေးတယ်ဆိုတာ မဟုတ်မှန် ကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။  စပိန် လာလီဂါဒိုင်လူကြီးတွေဟာ ဘာစီလိုနာအသင်းကို ချန်ပီယံမဖြစ်အောင် လုပ်ဆောင်နေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဇီဒန်းက ပြန်လည်ဖြေရှင်းခဲ့တာပါ။  ပီကေး ဒါမှမဟုတ် တခြားကစားသမားတစ်ဦးရဲ့မှတ်ချက်စကားနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုကြောင်း၊ လူတိုင်းက သူတို့ရဲ့ ခံစားချက်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိကြောင်း ဇီဒန်းကပြောပါတယ်။  ဒိုင်လူကြီးတွေက ရီးရဲလ်မက်ဒရစ်အသင်းကို ကူညီပေးနေသလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့  အဲဒီလိုကူညီတာမျိုးမရှိဘူးဆိုတာ ထင်ရှားကြောင်း နည်းပြဇီဒန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
11 months Ago

ဂါရတ်ဘေးလ်နှင့်ဆက်ဆံရေး ပုံမှန်အတိုင်းရှိနေဟု ဇီဒန်း တုံ့ပြန်

ဂါရတ်ဘေးလ် ပွဲမကစားရတိုင်း နည်းပြနဲ့ အဆင်မပြေလို့ဆိုတဲ့ သုံးသပ်ချက်တွေကို ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာပြဿနာတွေရှိခဲ့သလို ခြေစွမ်းပြနိုင်မှု မရှိခဲ့တဲ့ပွဲတွေလည်း ရှိခဲ့တာပါ။ အသင်းနည်းပြ ဇီဒန်းနဲ့ အဆင်မပြေဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့ကြောင်း မီဒီယာတွေက သုံးသပ်ဖော်ပြခဲ့ကြတာပါ။  ဗလင်စီယာအသင်းနဲ့ ကစားမယ့် လာလီဂါပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ဂါရတ်ဘေးလ်နဲ့ ဆက်ဆံရေးဟာ ပုံမှန်အတိုင်းဖြစ်ပြီး မီဒီယာတွေမှာ ဖော်ပြသလို ပြေလည်မှုမရှိတဲ့ဆက်ဆံရေး မဟုတ်ကြောင်း နည်းပြဇီဒန်းက ရှင်းပြခဲ့ပါတယ်။  ဂါရတ်ဘေးလ်ဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ရီးရဲလ်အသင်းအတွက် သူ လုပ်ဆောင်ပေးခဲ့တာတွေအပေါ်မှာလည်း ကြီးမားတဲ့ လေးစားမှုရှိတယ်လို့ ဇီဒန်းက ပြောပါတယ်။ ဂါရတ်ဘေးလ်နဲ့ အဆင်ပြေနေပေမယ့် မီဒီယာတွေမှာ နေ့စဉ် ရေးနေ၊ ပြောနေကြတဲ့ ဘေးလ်နဲ့ မိမိကြားက ဆက်ဆံရေးအပေါ်မှာတော့  ထိန်းချုပ်လို့မရနိုင်ကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။ 
11 months Ago

ဇီဒန်း၏သား လူကာဇီဒန်းကို ရီးရဲလ်အသင်း စာချုပ်သက်တမ်းမတိုး

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ ဇီဒန်းရဲ့ သားဖြစ်သူ ဂိုးသမား လူကာဇီဒန်းကို စာချုပ်သက်တမ်း တိုးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။  အသက် ၂၂ နှစ်ရှိ ဂိုးသမား လူကာဇီဒန်းဟာ ရီးရလ်အသင်းနဲ့ အခုလကုန် စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။  ဂိုးသမား လူကာဇီဒန်းဟာ အခုနှစ်ရာသီမှာ ဒုတိယ တန်းကလပ် ရေးဆင်းဆန်တန်ဒါ အသင်း မှာ အငှားသွားကစားခဲ့ရတာပါ။  သူ့အနေနဲ့ ပွဲထွက်ခွင့် တနေရာရဖို့ ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းဆီပြောင်းရွှေ့ မယ်လို့ သိရပါတယ်။  လူကာဇီဒန်းဟာ ရီးရဲလ်မက်ဒရစ် (ဘီ) အသင်းမှာ ပွဲ ၅၀ နီးပါး ကစားခဲ့ပေမယ့် ရီးရဲလ် စီနီယာအသင်းအတွက်တော့ ၂ ပွဲသာ ပါဝင်ကစားခဲ့ဖူးပါတယ်။  နည်းပြဇီဒန်းလက်ထက် ၂၀၁၈ မေလမှာ ဗီလာရီးရဲလ်နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲ နဲ့ဟက်စ်ကာ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာဖြစ်ပါတယ်။  နည်းပြဇီဒန်းရဲ့သား ၄ ဦးထဲမှာ အသက် ၂၅ နှစ်ရှိ အကြီးဆုံးသား အန်ဇိုဇီဒန်းက ကွင်းလယ် ကစားသမားဖြစ်ပြီး  ပေါ်တူဂီကလပ် အဗက်စ်အသင်းကို ပြောင်းရွှေ့ကစားနေပါတယ်။ 
11 months Ago

ခိုင်ဟာဗက်ဇ်ကို ပြင်သစ်ဂန္ထဝင်ဇီဒန်းနှင့် ခိုင်းနှိုင်း 

လီဗာကူဆင်ကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ပြင်သစ်ဂန္ထဝင်ကစားသမား ဇီဒန်းလို ခြေစွမ်း ရှိသူလို့ အသင်းနည်းပြက ချီးကျူးလိုက်ပါတယ်။  ဂျာမနီလက်ရွေးစင် ခိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြသနေပြီး စုစုပေါင်း ၁၅ ဂိုး သွင်းယူထားပါတယ်။  ခိုင်ဟာဗက်ဇ်ရဲ့ လူပ်ရှားမှုတွေဟာ အလွန်ပါးနပ်ပြီး ဘောလုံးပေးပို့မှု စွမ်းရည်ဟာလည်း ထူးချွန်တာကြောင့် ဇီဒန်းရဲ့ကစားပုံနဲ့ ဆင်တူတယ်လို့ လီဗာကူဆင်လက်ထောက်နည်းပြ မာကယ်ဒမ်းက ပြောပါတယ်။  လေ့ကျင့်ရေးကွင်းမှာ နေ့စဉ် မြင်တွေ့နေရတာကြောင့် အပြင်ကလူတွေထက် သူ့အကြောင်း ပိုသိကြောင်း၊ ဂျာမနီအကောင်းဆုံးကစားသမားလို့ မပြောလိုပေမယ့် ခိုင်ဟာဗက်ဇ်မှာ ဇီဒန်းရဲ့ ခြေစွမ်းမျိုး ရှိနေတယ်လို့ လီဗာကူဆင်လက်ထောက်နည်းပြက ချီးကျူးပါတယ်။  အသက် ၂၀ ပဲရှိသေးတဲ့ ဟာဗက်ဇ်ဟာ လီဗာကူဆင် အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူနေပြီး ကွင်းလယ်တိုက်စစ်နေရာမှာ အကောင်းဆုံး ခြေစွမ်းပြသနေပါတယ်။
11 months Ago

ရီးရဲလ်မက်ဒရစ် နည်းပြရာထူးက အချိန်မရွေး ပြောင်းလဲနိုင်ဟု ဇီဒန်း ဝန်ခံ

ရီးရဲလ်နည်းပြရာထူးကနေ အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်လို့ နည်းပြ ဇီဒန်းက ဝန်ခံပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမအကျော့မှာလည်း မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။  အကောင်းဆုံး စွမ်းဆောင်ရည် မရသေးတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဇီဒန်းဟာ ရာထူးကနေ ထုတ်ပယ် ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ရီးရဲလ်မက်ဒရစ်နည်းပြ ဖြစ်နေပေမယ့်လည်း မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘဲ ပြောင်းလဲမှုတွေ ရှိနိုင်တယ်လို့လည်း ဇီဒန်းက ပြောပါတယ်။
1 year Ago
More News
Up