DVB Logo
Home
နိုင်ငံတကာ
ကနေဒါကို အခွန် ၃၅ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက် 
DVB
·
July 11, 2025
ကနေဒါကို အခွန် ၃၅ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက် 
Donate to DVB

ကနေဒါနိုင်ငံရဲ့ သွင်းကုန်တွေကို ဩဂုတ် ၁ ရက်က စတင်ပြီး ၃၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ကနေဒါနဲ့ အမေရိကန်တို့ဟာ အခွန်ကောက်ခံမယ့် ကိစ္စကို ကိုယ်တိုင်သတ်မှတ်ချိန်မတိုင်မီ ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။

ကနေဒါနဲ့ အမေရိကန်တို့ဟာ ဇူလိုင် ၂၁ ရက်မှာ အခွန်ကိစ္စ နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ သဘောတူထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ ကုန်ပစ္စည်းတွေအားလုံးကို ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်မှုတွေနဲ့အတူ ဆိုရှယ်မီဒီယာမှာ ကနေဒါကို အခွန်တိုးကောက်မယ့်စာကိုလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက သူ့အစိုးရဟာ ကနေဒါအလုပ်သမားတွေနဲ့ စီးပွားရေးသမားတွေကို ဆက်ပြီး အကာအကွယ်ပေးဖို့ ဩဂုတ်လ နောက်ဆုံးသတ်မှတ်ထားမှုကို ပယ်ဖျက်နိုင်ဖို့ လုပ်ဆောင်မယ်လို့ ဆိုရှယ်မီဒီယာ X မှာ တုံ့ပြန်ရေးသားထားပါတယ်။

ကနေဒါက အခွန်တိုးကောက်မှုကို လက်တုံ့ပြန်မယ်ဆိုရင် အခွန်ပမာဏကို ထပ်တိုးပြီး ကောက်ခံမယ်လို့ ထရမ့်ပ်က ပြောတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။

ကနေဒါရဲ့ ကုန်ပစ္စည်းတွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်လို့ ထရမ့်ပ်က အစောပိုင်းက ပြောဆိုထားပြီး သံ၊ အလူမီနီယံ၊ ကား စတဲ့ပစ္စည်းတွေကိုလည်း အခွန်နှုန်းသတ်မှတ်မှာ ဖြစ်ပါတယ်။

ထရမ့်ပ် ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတဲ့ အခွန်နှုန်းထားဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ သီရိလင်္ကာနိုင်ငံတို့ကို ကောက်တဲ့ အခွန်ထက် ၂၀ ရာခိုင်နှုန်း ပိုများနေပါတယ်။

ထရမ့်ပ်ဟာ တကမ္ဘာလုံးက သံနဲ့ အလူမီနီယံတို့ကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်မယ်လို့ သတ်မှတ်ထားပြီး အမေရိကန်မှာ ထုတ်လုပ်တဲ့ ကားမဟုတ်ရင် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ သတ်မှတ်ထားပါတယ်။

“ကနေဒါသာ ကျနော်တို့နဲ့အတူ ဖန်တာနဲလ် မူးယစ်ဆေး စီးဆင်းမှုကို ရပ်တန့်မယ်ဆိုရင် အခွန်ကိစ္စ ကိုလည်း ညှိနှိုင်းဖို့ စဉ်းစားမှာပါ။ ဒီအခွန်တိုးတာ လျော့တာတွေက ကျနော်တို့နဲ့ သူတို့နိုင်ငံရဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။

ဖန်တာနဲလ် ဆေးဝါးလမ်းကြောင်းဟာ ကနေဒါနဲ့ အမေရိကန်နယ်စပ်ကနေ ဝင်ရောက်မှု ၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိပြီး မက္ကဆီကို-အမေရိကန် နယ်စပ်က ဝင်ရောက်မှုနှုန်း ပိုများတယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်သတင်းအချက်အလက်တွေက ဖော်ပြပါတယ်။

ဖန်တာနဲလ် မူးယစ်ဆေး ဝင်ရောက်မှုဟာ ကနေဒါရဲ့ ပျက်ကွက်မှုလို့ ထရမ့်ပ်က ပြောဆိုခဲ့တာကြောင့် ဒီနှစ်အစောပိုင်းမှာ ကနေဒါနိုင်ငံဟာ နယ်စပ်လုံခြုံရေးအတွက် ငွေကြေးပိုပြီး သုံးစွဲမယ်လို့ ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013