
အမေရိကန်ကုမ္ပဏီတွေကို ဒစ်ဂျစ်တယ်ဆားဗစ်အခွန်ကောက်တဲ့ ဘယ်နိုင်ငံမဆို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။
အမေရိကန်ကုမ္ပဏီတွေကို ဒစ်ဂျစ်တယ်ဆားဗစ်ကောက်တဲ့ နိုင်ငံတွေက အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းအားလုံးကို အခွန်ကောက်မှာလို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။
ထရမ့်ပ်က “ဥရောပနိုင်ငံအများစုဟာ အမေရိကန်ကုမ္ပဏီတွေအပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အခွန်ကောက်ခံဖို့ ဆွေးနွေးနေပါတယ်။ တချို့နိုင်ငံတွေဆို အကောင်အထည်ဖော်ဖို့တောင် နီးစပ် နေပါပြီ။ ဒီထုတ်ပြန်ချက်က အခွန်ကောက်ဖို့ ကြိုးစားတဲ့ ဘယ်နိုင်ငံကိုမဆို ကုန်မျိုးစုံအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်မယ်ဆိုတာ အသိပေးချင်ပါတယ်။ ဒီအခွန်နှုန်းထားက အဲ့ဒီနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ သဘောတူထားတဲ့ ကုန်သွယ်မှု သဘောတူညီချက်ဖြစ်လာမှာပါ။ လက်မှတ်ထိုးထိုး မထိုးထိုး ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်မှုက ချက်ချင်းရှိလာမှာပါ” လို့ ပြောပါတယ်။
မေလကစပြီး အမေရိကန်နိုင်ငံမှာ သွင်းကုန်တွေ တိုးမြင့်လာခဲ့တာကြောင့် ၁၄ လအတွင်း အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်မှု လိုငွေပြခဲ့တဲ့နောက် ထရမ့်ပ်က အခုလို ပို့စ်တင်ခဲ့တာပါ။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပစ္စည်းတွေ ပြတ်လပ်မှာနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကာကွယ်ဖို့ အမေရိကန်မှာ သွင်းကုန်တွေ ပိုပြီး တင်သွင်းထားကြတာပဲဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဒုတိယ ၃ လပတ်အတွက် စီးပွားရေးတိုးတက်မှုနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေကို လျော့ချဖို့ စီးပွားရေးပညာရှင်တွေက ပြောဆိုထားတာလည်း တွေ့ရပါတယ်။
ကုန်သွယ်မှု လိုငွေပြမှုကို လျော့ချမှုနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ကာကွယ်ဖို့ လိုအပ်ချက်ကြောင့် ထရမ့်ပ်အစိုးရအဖွဲ့က အမေရိကန်ကို တင်သွင်းတဲ့ ပို့ကုန်တွေကို မြင့်မားတဲ့ အခွန် ကောက်ခံဖွယ် လည်း ရှိနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










