Search Results For: ဘင်္ဂလားပင်လယ်အော်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နေ

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့  အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေနဲ့ အနောက်ဘင်္ဂလားကမ်းခြေတို့အနီး  ဇွန် ၁၁ ရက် မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ  လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကယားပြည်နယ်မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်တယ်၊  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်မှာ (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

2 weeks Ago

ဘင်္ဂလားပင်လယ်အော်၌ နောက် ၂ ရက်အကြာ မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်မှာ နောက် ၂ ရက်အကြာမှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မေလ ၂၀ ရက်မှာ   ထုတ်ပြန်ပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ မေ ၂၂ ရက်နေ့ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

1 month Ago

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ပြီး မေ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဒီမနက် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာမုန်တိုင်းရဲ အစပျိုးဖြစ်ရပ် လေဖိအားနည်းရပ်ဝန်းတ ခုဖြစ်လာဖို့ ခန့်မှန်းထားတာပါ။

အိန္ဒိယ မိုးလေဝသဌာနကတော့  မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်း  လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်ပေါ်လာနေပြီး လာမယ့် မေလ ၂၁ ရက်နဲ့ မေလ ၂၇ ရက်တွေအတွင်းမှာ  ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ တိုက်ခတ်လာနိုင်စရာရှိတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမုန်တိုင်း ပြင်းအားပမာဏကို ခန့်မှန်းဖို့ စောလွန်းနေသေးပေမယ့် ကွန်ပျူတာမော်ဒယ် ဖန်တီးမှုတွေအရ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တခုဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဦးတည်တိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း  မြန်မာတနိုင်ငံလုံးမှာ နေရာကွက်ကြားကနေ နေရာအနှံ့အပြားမိုးရွာခဲ့ပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့မှာတော့ မိုးရေချိန် ၅ ဒသမ ၀၄ လက်မနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။

နေ့အပူချိန်တွေအနေနဲ့ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ မေလရဲ ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ မေလ ပျမ်းမျှအပူချိန်တို့ထက် ၅ ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိ၊ နေပြည်တော်နဲ့ တနင်္သာရီတိုင်း၊ ရခိုင်၊ ကယား၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မေလ ပျမ်းမျှအပူချိန်ထက် ၃ ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာတော့ မေလပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုပြီး ပူခဲ့ပါတယ်။

အမြင့်ဆုံးအပူချိန်တွေကတော့ ချောက်မြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ မြင်းမူ၊ မြင်းခြံနဲ့ မင်းဘူးမြို့တို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ ညောင်ဦး၊ မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ ဂန့်ဂေါ၊ ပေါက်နဲ့ ဆင်ဖြူကျွန်းမြို့တို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။

1 month Ago

ဘင်္ဂလားပင်လယ်အော်တွင် အင်အားကြီး ၅ နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မည်

အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊  ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် La Perouse အမည်ရှိ ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှုကို လာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်မယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ပြင်သစ်ဦးဆောင်တဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်တာဖြစ်ပါတယ်။ 

ပြင်သစ်နဲ့အိန္ဒိယတို့ ပူးပေါင်းပြီးနှစ်စဉ်လုပ်ဆောင်နေကျ ဝရုဏစစ်ရေးလေ့ကျင့်မှုကိုလည်း ဧပြီလ နောက်ဆုံးပတ်မှာ ပြုလုပ်မယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယသမုဒ္ဒရာအနောက်ဘက်ပိုင်းမှာ ပြုလုပ်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates) လည်း ပါဝင်မယ်လို့ သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံရဲ့ အင်အားတိုးချဲ့မှုကို တန်ပြန်တဲ့သဘောနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းကာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်းက တောင်တရုတ်ပင်လယ်မှာလုပ်ခဲ့တဲ့  ၄ နိုင်ငံအဖွဲ့ (The Quad) ရဲ့ စစ်ရေးလေ့ကျင့်မှုမှာလည်း အိန္ဒိယ ပါဝင်ခဲ့ပါတယ်။

ကိုးကား- India Today

3 months Ago

အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ 

အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ နိုဝင်ဘာ ၂၂ ရက်မနက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲ၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ချင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့၀ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမယ်လို့ ဆိုပါတယ်၊ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေလောက် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရလည်း တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါတယ်။
7 months Ago

ဘင်္ဂလားပင်လယ်အော်၌ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုးဇလခန့်မှန်း 

ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဆက်လက်ရှိနေပြီး နောက် ၂၄ နာရီအတွင်းမှာ အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မုန်တိုင်းငယ် (Depression) အဖြစ် အားကောင်းလာနိုင်တယ်လို့ ဒီနေ့မွန်းလွဲ ၂ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။ မုန်တိုင်းငယ်ဟာ နောက် ၄၈ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ပြန်ကွေ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းအနီးတို့မှာ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) အဖြစ်ကို ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မနက်ဖြန် အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ ၁ နာရီမှာ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေကနေ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်လို့ ကုန်းမြင့်ဒေသနားမှာ နေသူတွေအနေနဲ့ မြေပြိုမယ့်အန္တရာယ်၊ မြစ် ချောင်းတွေနားမှာ နေသူတွေအနေနဲ့ လျှပ်တပြက် ရေကြီး၊ ရေလျှံတာတွေကို သတိပြုကြဖို့လည်း အကြံပေးထားပါတယ်။
8 months Ago

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်

မြန်မာစံတော်ချိန် ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားနည်းနေပါပါတယ်။ မနက်ဖြန် မနက်ပိုင်းအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ၆ ပေကနေ‌ ၉ ပေလောက်အထိ ရှိနိုင်ပါတယ်။  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။  နောက် ၂ ရက်အတွင်းမှာလည်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးပိုလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
8 months Ago

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ 

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ  ဒီကနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ  ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းကမ်းခြေမှာ ဆက်ရှိနေတယ်လို့  မိုးဇလဌာန ထုတ်ပြန်ပါတယ်။  ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေတယ်လို့လည်းဆိုပါတယ်။  ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေနဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရေပြင်လေဟာ တောင် (သို့) အနောက်တောင်ဘက်ကို တစ်နာရီပင်လယ်မိုင် (၂၅-၃၀)မိုင်၊ တခါတရံ  (၄၀-၄၅)မိုင်ရှိနိုင်ပြီး   လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ  ၁၄ ပေလောက် အထိရှိနိုင်တယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
9 months Ago

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်ဖြစ်နိုင်

ဒီကနေ့ မွန်းလွဲပိုင်း မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လာမယ့် ဩဂုတ် ၁၉ ရက်နေ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက  ခန့်မှန်းထုတ်ပြန်ပါတယ်။  ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန် တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ပေမှ ၁၃ ပေလောက်နဲ့  မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၈ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဩဂုတ် ၁၄ ရက်ကလည်း  ဘင်္ဂလားပင်လယ်အော်မှာ  လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဝင်ရောက်သွားခဲ့ပါတယ်။
10 months Ago

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေ

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ၊ ဩရိဿ(Odisha) မြောက်ပိုင်းကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါတယ်။ ဒီနေ့မွန်းတည့်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်၊ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
12 months Ago

ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်

မြန်မာနိုင်ငံအလယ်ပိုင်းအထိ အနောက်တောင်မုတ်သုံလေဝင်ရောက်ခဲ့ပြီ ဖြစ်သလို နောက် ၄၈ နာရီအတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်မှာတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်မနက်အထိကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တို့မှာတော့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ပြီးတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
1 year Ago

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၆ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး  နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ  မုန်တိုင်းငယ်  (Depression)အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။  အဆိုပါမုန်တိုင်းငယ်ဟာ မေလ ၁၆ ရက်မှာတော့  ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။   လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီး နောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ရွေ့လျားပြီး မေလ ၁၇ ရက်နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို ရွေ့လျားနိုင်တယ်လို့ လည်း မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေလောက်ရှိမယ်လို့ လည်းခန့်မှန်းထားပါတယ်။ ဓာတ်ပုံ-မိုးဇလ
1 year Ago

ဘင်္ဂလားပင်လယ်အော်တွင် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း  မုန်တိုင်းငယ် (Depression)အဆင့်သို့ ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ပါတယ်။ အဆိုမုန်တိုင်းငယ်ဟာ  နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။  အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ  မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မေလ ၁၇ ရက်လောက်မှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 
1 year Ago

ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီးနောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ် ရောက်ပြီး ကနဦးမှာတော့ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
1 year Ago

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ  

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ  နောက် ၃ ရက်အတွင်း သိသိသာသာ အားကောင်းလာနိုင်တဲ့ အခြေအနေမရှိဘူးလို့လည်း  ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ  နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါတယ်။  မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ  (၆)ပေမှ (၈)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-မိုးဇလ
1 year Ago

ဘင်္ဂလားပင်လယ်အော်၌ မေလ ၃ ရက်နေ့ မုန်တိုင်းငယ်ဖြစ်နိုင်  

ဘင်္ဂလားပင်လယ်အော်မှာ နောက် ၄၈ နာရီအတွင်း ဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မေလ ၃ ရက်နေ့လောက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့  မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန်တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ နောက် ၄၈ နာရီအတွင်း  မေ ၁ ရက်နေ့လောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ (နောက် ၉၆ နာရီအတွင်း) မေ ၃ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန် ထားတာပါ။ မနက်ဖြန်မနက်အထိခန့်မှန်းချက်ကတော့  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာဖို့ရှိပြီး  ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိခန့်မှန်းချက်က နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး  ရွာရန်ရာနှုန်း(၈၀) ဖြစ်သလို မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာလည်း မနက်ဖြန်မနက်  နေရာကွက်ကျား  မိုးထစ်ချုန်းရွာဖို့ရှိပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာတော့လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ  (၅)ပေမှ (၇)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။  မေ ၁ ရက်မှ ၆ ရက်အတွင်း ဖြစ်လာနိုင်တဲ့မုန်တိုင်းငယ်နဲ့ ပတ်သက်ပြီး သတိထားစရာ အခြေအနေရှိတဲ့အကြောင်းနဲ့ ဧပြီ ၃၀ မှာအစပျိုးပြီး မေလမှာဆုံးတဲ့ မုန်တိုင်း အများစုဟာ မြန်မာပြည်ကို ဝင်ရောက်လေ့ရှိတဲ့ မှတ်တမ်းတွေရှိတာကြောင့် သတိထားရမယ်လို့ မိုးလေဝသ ပညာရှင်  ဦးချစ်ကျော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။ ဧပြီ ၂၈ ရက်နေ့ တွက်ချက်မှုအရလည်း မြန်မာနိုင်ငံဘက်ကို မော်တင်စွန်း ထိပ်နားကပ်ဖြတ်မယ့် လမ်းကြောင်းမျိုးပြထားလို့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေ အလေးထားရမှာဖြစ်ကြောင်း အသိပေးရေးသားထားပါတယ်။ ကပ္ပလီပင်လယ်အတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)မှာ  ညှိနှိုင်းဆွေးနွေးမှုတွေ ပြီးခဲ့တဲ့ရက်က ဆောင်ရွက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- လူကယ်ပြန်ဌာန
1 year Ago

မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်၊ မုန်တိုင်းငယ် ၁ ကြိမ်ဖြစ်နိုင် 

၂၀၂၀ ပြည့်နှစ် လာမယ့် မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း ၂  ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့မနက် သတင်းထုတ်ပြန်ပါတယ်။  အနောက်တောင်မုတ်သုံလေဟာ မေ ၁၆ ရက်ကနေ ၂၁ ရက်အတွင်း  မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို လည်းကောင်း မေ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေကို လည်းကောင်း၊ မေ ၂၈ ရက်မှ ဇွန် ၂ ရက်အတွင်း  မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို လည်းကောင်း အသီးသီး၀င်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။  မိုးရွာသွန်းမှုအခြေအနေကတော့ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၁၅ ရက်မှ ၂၂ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာတော့ ၇ ရက်မှ  ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ- U Chit Kyaw
1 year Ago

ဘင်္ဂလားပင်လယ်အော်တွင် သင်္ဘောမှောက်၊ လူ ၁၅ ဦးသေဆုံးပြီး အချို့ပျောက်ဆုံးနေ

ဘင်္ဂလားပင်လယ်အော်အတွင်း လူ ၁၃၀ လောက် လိုက်ပါလာတဲ့ သင်္ဘောတစီး တိမ်းမှောက်ခဲ့ပြီးနောက် လူ ၁၅ ယောက် သေဆုံးကာ ဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားပါတယ်။ အဲဒီသင်္ဘောဟာ ဖေဖော်ဝါရီ ၁၁ ရက်က ကော့ဘဇားမြို့အနီး ဒုက္ခသည်စခန်းတွေကနေ  မလေးရှားကို သွားရောက်တာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။ မှောက်သွားတဲ့ သင်္ဘောကနေ လူ ၇၃ ယောက်ကို ကယ်ဆယ်ထားပြီး သူတို့ထဲမှာ အမျိုးသမီး ၄၆ ယောက်၊ အမျိုးသား ၂၄ ယောက်နဲ့ ကလေးငယ်၃ ယောက်တို့ ပါဝင်ပါတယ်။  အသက်ရှင်သူတွေက အလားတူ ခရီးသည်အရေအတွက်ပါတဲ့ နောက်သင်္ဘောတစီးဟာလည်း  တချိန်တည်း ထွက်ခွာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီအတွက် စိန့်မာတင်ကျွန်းအနီး ပူးပေါင်းရှာဖွေကယ်ဆယ်ရေးမှာ ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနှစ်စီးနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စီးတို့ ပါဝင်ကူညီနေတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
1 year Ago

ဘင်္ဂလားပင်လယ်အော်တွင် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင် 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီမနက်  ခန့်မှန်းထုတ်ပြန်ထားပါတယ်။  အောက်တိုဘာ  ၂၃ ရက် မနက် ၆ နာရီခွဲအချိန်  တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ  လေဖိအားနည်းရပ်ဝန်း ဆက်လက် တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့  ခန့်မှန်း ထုတ်ပြန် ထားတာပါ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်တယ်လို့ လည်း ခန့် မှန်းပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၄ ပေမှ  ၆ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။  ဓာတ်ပုံ- မိုးဇလ
2 years Ago

ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” အားလျော့သွားမည်ဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” ဟာ နောက် ၆ နာရီအကြာမှာ ကုန်းတွင်းကို ဝင်ရောက်သွားမှာဖြစ်ပြီး အားလျော့သွားမယ်လို့  မိုးလေဝသနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီည ၇ နာရီမှာ ထုတ်ပြန်တာဖြစ်ပြီး မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို  ဘလာဆော(Balasore)မြို့တောင်ပိုင်းနားက‌နေ ဖြတ်ကျော်ခဲ့ပြီး၊ အနောက်မြောက်ဘက်ကို ရွေ့လျားလို့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဟာ အနောက် မြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး နောက် ၆ နာရီအတွင်း ကုန်းတွင်းမုန်တိုင်း အဖြစ်၊ နောက် ၁၂ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit- Moezala

4 weeks Ago

ချောင်းသာနှင့် ငွေဆောင်ပင်လယ်ကမ်းခြေတို့တွင် ဒီရေတက်ပြီး၊ လှိုင်းကြီးနေ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’အရှိန်ကြောင့် ဒီကနေ့ မေလ ၂၅ ရက် ကဆုန်လပြည့်နေ့မှာ  ဧရာဝတီတိုင်း ချောင်းသာ ၊ ငွေဆောင် စတဲ့ ပင်လယ် ကမ်းခြေတွေမှာ ဒီရေတက်ပြီး၊ လှိုင်းကြီးနေပါတယ်။

ချောင်းသာဒေသခံတစ်ဦးက “အခုရက်မိုးရွာနေတော့ ရေက ဟိုတယ်စည်းရိုးတွေအ ထိတက်နေတယ်။ အခုရက်က ရေထရက်မို့ပါ။ နှစ်တိုင်းလည်းဒီလိုပါပဲ။ မိုးရိပ်ရှိတော့နည်းနည်း ပိုတက်တာပေါ့” လို့ ပြောပါတယ်။

အခုရက် ချောင်းသာကမ်းခြေမှာ လှိုင်ကြီးပြီး ဒီရေတက်လာမှုကြောင့် ကမ်းခြေမှာ ရေဆင်းမကူးကြဖို့ တားမြစ်ထားပါတယ်။

ချောင်းသာ ဒေသခံတစ်ဦးက‌ “ကမ်းခြေက ခရီးသည်လာချိန် မဟုတ်ဘူးလေ၊ ဒီရေတက်တာ ဒီနေ့ နေ့လည်လောက်တက်လာတာ။ အရင် သဲသောင်နေရာတွေအထိ တက်လာတာ၊ ဧည့်သည်တွေ ရေမကူးဖို့ ပြောထားတယ်”လို့ ပြောပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း  ‘ယာစ်(YAAS)’ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်  အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ၊ လှိုင်းအမြင့် ၁၃ ပေခန့်အထိရှိ နိုင်ကြောင်း  လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန မိုးလေဝသ ခန်မှန်းချက်ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံ  ပုသိမ်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၄၀၅) မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၈၀) မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့   မိုး/ဇလဌာနကလည်း ဒီကနေ့ည ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’ဟာ မြန်မာနိုင်ငံကို ဝင်ဖို့မရှိဘဲ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။

ဆိုင်ကလုန်း “ယာစ်(YAAS)”ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ  မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမယ်၊ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့်  ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုး/ဇလဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။

Photo Crdit-CJ

1 month Ago

ဆိုင်ကလုန်း ‘ယာစ်(YAAS)’ အားကောင်းသည့်မုန်တိုင်းအဖြစ်ရောက်ရှိ၊ မြန်မာနိုင်ငံကို ဝင်ရန် မရှိ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘ယာစ်(YAAS)’ဟာ မြန်မာနိုင်ငံကို ဝင်ဖို့မရှိဘဲ အဝါရောင်အဆင့် သတ်မှတ်လိုက်ပြီလို့  မိုး/ဇလဌာနရဲ့ ဒီနေ့ မနက် ၄ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

‘ယာစ်(YAAS)’ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 ဆိုင်ကလုန်းမုန်တိုင်းဟာ နောက် ၄၈ နာရီမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေနဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကြား ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

 လတ်တလောမှာတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၃၃၀)မိုင်ခန့် ၊ ပုသိမ်မြို့ရဲ့ အနောက်ဘက် ရေမိုင် (၃၃၅)မိုင်ခန့် ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက်နဲ့ ဒီဂါမြို့ရဲ့ တောင်-အရှေ့တောင်ဘက်  ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

‘ယာစ်(YAAS)’ရဲ့အရှိန်ကြောင့် ဒီနေ့မနက်မှ  နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာ  နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်သလို မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ  မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမယ်လို့ အသိပေးထားပါတယ်။ 

 ဒါကြောင့် မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့်  ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုး/ဇလဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။

1 month Ago

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)” ၂၄ နာရီအတွင်း ပိုမို အားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)ဟာ  သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)” အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ မိုးဇလဌာနက ဒီနေ့ မေလ ၂၄ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့် ၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့  အရှေ့တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်နဲ့ ဒီဂါ(Digha)မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”ရဲ့ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင် အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်းဖြစ်တယ်လို့ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(Yaas)”ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်းအား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic strom)“ယာစ်(Yaas)”အဖြစ်သို လည်းကောင်း၊  နောက်(၄၈)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့မနက်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။

မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ကာ  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင် သတိပြုနိုင်ဖို့ မိုးဇလက  အသိပေးနှိုးဆော်ထားပါတယ်။

1 month Ago

အားကောင်းသောမုန်တိုင်းငယ် မြန်မာပြည်ဘက် ဦးတည်မည့်အခြေအနေမရှိသဖြင့် အဝါရောင် အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ရဲ့  လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလဌာနက ဒီကနေ့ မေလ ၂၄ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

ယနေ့မြန်မာစံတော်ချိန် မနက် ၃ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ် (Paradip)မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နဲ့  ဒီဂါ(Digha)မြို့ရဲ့ တောင်- အရှေ့တောင်ဘက် ရေမိုင် ၃၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်း ဖြစ်ပါတယ်။

နောက် ၃၆ နာရီအတွင်းခန့်မှန်းချက် အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက် ၁၂ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic strom)အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့မနက်မှ နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်လို့ မိုးကြီးတာ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ 

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သတိပြုကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

1 month Ago

မိုးလေဝသအခြေအနေ အမျိုးသားညီညွတ်ရေးအစိုးရ ထပ်ဆင့်သတိပေး

လေဖိအားနည်းရပ်၀န်းနဲ့ မုန်တိုင်းအရှိန်ကြောင့် မတူပီမြို့ အပါအ၀င် ချင်းပြည်နယ်က မြို့တချို့နဲ့ စစ်ကိုင်းတိုင်းထဲက မြို့တချို့မှာ မိုးကြီး၊ လေပြင်းတိုက်နိုင်တာကြောင့် သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားပါတယ်။

မြစ်၀ကျွန်းပေါ်ပင်လယ်ပြင်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်၀န်းဟာ မုန်တိုင်းဖြစ်လာပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကတဆင့် အိန္ဒိယ-ဘင်္ဂလားနယ်စပ်ကို ဦးတည်ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်တွေကြောင့် ဒီနေ့ အပါအ၀င် လာမယ့်ရက်တွေမှာ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ မိုးကြီးချိန်မှာ ‌တောင်စောင်းတွေ၊ ကမ်းပါး‌တွေ၊ တောင်ကျရေဆင်းမယ့် လမ်းကြောင်းတွေ၊ ကွင်းပြင်ကျယ်တွေနဲ့ အလွယ်တကူကျိုးကျနိုင်မယ့် သစ်ပင်ကြီးတွေအောက်မှာ စခန်းမချဖို့ အထူးသတိပေးထားပါတယ်။

ကချင်ပြည်နယ်မှာလည်း နေရာကွက်မိုးကြီးနိုင်လို့ ကျောက်စိမ်းလုပ်ကွက်တွေမှာ ရေမဆေးကျောက်ရှာသူတွေအနေနဲ့ မိုးလေဝသသတင်းကို သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် ဒီနေ့မှာ တနင်္သာရီတိုင်း၊ မွန်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ  နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။

နောက် ၂၄ နာရီအတွင်းမှာတော့ တနင်္သာရီ၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ မွန်၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရွာနိုင်ပါတယ်။

မိုးလေဝသ ခန့်မှန်းပေးနေတဲ့ Windy ဝက်ဘ်ဆိုက်မှာတော့ မေ ၂၃ ရက် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းစဖြစ်နိုင်ပြီး မေ ၂၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့နားကနေ ကုန်းတွင်းပိုင်းကို ဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

1 month Ago

ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ကမ်းခြေများတွင် ငါးဖမ်းမထွက်ရန်တားဖြစ်၊လက်နက်ကြီး ပစ်သံများ စတင်ကြားရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေမှာ နေထိုင်တဲ့ ဒေသခံတွေ ပင်လယ်ပြင်ထွက်ငါးဖမ်းမထွက်ဖို့ တားမြစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ပင်လယ်မြင်မှာ ရေပေါ်ရေအောက် စစ်ရေးလေ့ကျင်တာတွေ ပြုလုပ်မှာမလို့ ပင်လယ်ပြင်ထွက်ပြီး ငါးရှာတဲ့ စက်လှေတွေကို ဧပြီလ ၄ ရက်ကနေ ၆ ရက်နေ့ထိ မထွက်ဖို့ ပြောထားတာလို့ ဒေသခံတွေက ပြောပါတယ်။

"လိုက်ပြီးတော့ပြောတာကတော့ ပင်လယ်ပြင်မထွက်ဖို့ ခုရက်ထဲ ဒီမှာက ရေလုပ်ငန်း လုပ်ကြတာများတော့ တစ်ယောက်နဲ့ တစ်ယောက်လည်းပြောရတာပေါ့ သိပ်မကြာဘူး။ ဒီမနက်ပဲ ပေါက်ကွဲတဲ့ အသံတွေ စကြားရတာပဲ” လို့ ရွှေသောင်ယံကမ်းခြေ ဒေသခံ ၁ ဦးက DVB ကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဆင်ဖြူရှင် စစ်ဆင်ရေးလေ့ကျင့်တာကို ဧပြီ ၄ ရက်နေ့ကနေ ဧပြီ ၁၁ ရက်နေ့အထိ ငွေဆောင်အနီး ၁၅ မိုင်ဧရိယာအတွင်း ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားမယ်လို့ ဝါဒဖြန့်သတင်းစာမှာ ကြေညာထားပြီး ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးပေါက်ကွဲသံ ၆ ခါလောက်ကြားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒါဟာ စစ်ရေးအရ ကြိုတင်ပြင်ဆင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်းက အကြမ်းဖက်စစ်အုပ်စုက ကြီး၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို ရွှေသောင်ယံကမ်းခြေဒေသမှာလာရောက် ပြုလုပ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမေရိကန်၊ ပြင်သစ်၊  ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှုကို လာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်မယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

3 months Ago

ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်များကို ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ် အစိုးရက နောက်ထပ် မွတ်စလင်ဒုက္ခသည်အုပ်စုတစုကို ဇန်နဝါရီ ၂၉ ရက်မှာ  ဘင်္ဂလားပင်လယ်အော်အတွင်းက ဝေးလံလှတဲ့ ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့လိုက်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည် ၁ သန်းရဲ့ ဆယ်ပုံတစ်ပုံကို ဘာဆန်ချာကျွန်းဆီ ရွှေ့ပြောင်းပေးချင်နေပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာ သင်္ဘော ၅ စီးနဲ့ ဒုက္ခသည် ၁,၇၇၆ ဦးကို သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ ပြောင်းရွှေ့ပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ ထပ်မံပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

နှစ်ရက်ပေါင်း ပြောင်းရွှေ့အရေအတွက်က အယောက် ၃,၀၀၀ ကျော်တယ်လို့ ကျွန်းတာဝန်ခံ ဗိုလ်မှူးချုပ် မာမွန်ချောင်ဒရီက ဆိုပါတယ်။

ကျွန်းပေါ်နေထိုင်တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြုချက်မရဘဲ ကျွန်းပေါ်ကနေ ထွက်ခွာခွင့်မပြုပါဘူး။ ဒုက္ခသည်တွေကို ဆန္ဒအလျောက် ကျွန်းဆီ ပြောင်းရွှေ့ပေးတယ်လို့ ဘင်္ဂဘားဒေ့ရှ်အစိုးရက ဆိုပေမဲ့ ဒီဇင်ဘာလတုန်းက ပြောင်းရွှေ့ခဲ့တဲ့ ပထမအသုတ် ဒုက္ခသည်တချို့ကတော့ အတင်းအကျပ် ပြောင်းရွှေ့ခံရတယ်လို့ ပြောဆိုကြပါတယ်။ 

ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့ ကုလဒုက္ခသည်များအေဂျင်စီ အပါအဝင် အကူအညီပေးရေးအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင်လုပ်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပြစ်တင်ဝေဖန်ခံနေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

5 months Ago

ကော့ဘဇားရှိ ဒုက္ခသည်များကို  ဘာဆန်ချာကျွန်းဆီ ဒုတိယအကြိမ်ပို့

ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ဒီဇင်ဘာ ၂၉ ရက်က ကော့ဘဇားမှာ နေကြတဲ့   မွတ်စလင်ဒုက္ခ သည် ဒုတိယအသုတ်ကို ဘာဆန်ချာကျွန်းဆီ စတင်ပြောင်းရွှေ့ပေးနေပါတယ်။   စုစုပေါင်း ဒုက္ခသည် ၁,၈၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်အတွင်းက မြေနိမ့်ပိုင်း ဘာဆန်ချာကျွန်းဆီ သင်္ဘော ၇ စီးနဲ့ ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။  ဒီလို ရေလွှမ်းနိုင်ဖွယ်ရှိတဲ့ နေရာသစ်နဲ့ပတ်သက်လို့  စိုးရိမ်ကြတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ က ပြောင်းရွှေ့မှုကို ကန့်ကွက်ကြပါတယ်။  ကုလသမဂ္ဂက ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးမှာ မပါဝင်ဘူးလို့ ပြောဆိုပေမဲ့ ဒုက္ခသည်တွေ ကို  အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာမျိုး မဖြစ်စေဖို့  ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့ ပါတယ်။  ဒီလအစောပိုင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်က  ပထမအသုတ် ဒုက္ခသည် ၁၆၀၀ ကျော်ကို ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
6 months Ago

ရမ်မန်သာပူရမ်ခရိုင်အနီး ကမ်းခြေတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် ဆက်လက်တည်ရှိ

အိန္ဒိယနိုင်ငံ ရမ်မန်သာပူရမ် ခရိုင်အနီးကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။  နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရှမ်းပြည်နယ်မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။ ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး နေပြည်တော်၊ မန္တလေးမြို့တို့နဲ့အနီးတဝိုက်တွေမှာတော့ သာယာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
7 months Ago

မုန်တိုင်းငယ် ထရီကိုမာလီမြို့နှင့် ကန်ညာကူမာရီမြို့တို့၏ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတော့ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁ ရက်မနက်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမှာဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်၊ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၆ ပေမှ ၉ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
7 months Ago
More News
Up