DVB Logo
Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းသမား ၄ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
DVB
·
July 8, 2025
ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းသမား ၄ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ငါးဖမ်းစက်လှေသမား ၄ ယောက်ကို PDF ထောက်ပို့လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဟိုင်းကြီးကျွန်းမြို့ အုတ်တွင်းနဲ့ ချောင်းရွာကျေးရွာက ဒေသခံ အရပ်သား ငါးဖမ်းစက်လှေသမား ၄ ယောက်ကို မနေ့ ဇူလိုင် ၇ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့တာပါ။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ငါးဖမ်းစက်လှေ ရေဝင်လို့ ကမ်းကပ်နားနေချိန် စစ်ကောင်စီတပ်က ဖမ်းခဲ့တာလို့ သိရတယ်။ PDF ထောက်ပို့တွေလို့ ဆိုပြီး ဖမ်းတာ။ ငါးဖမ်းသမားတွေပါ။ သိသိရက်နဲ့ဖမ်းတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အသက် ၄၀ ဝန်းကျင်အရွယ် ပင်လယ်ငါးဖမ်းသမား ဦးရွှေလေး အပါအဝင် ငါးဖမ်းသမား ၄ ယောက်ကို PDF ထောက်ပို့လို့ စွပ်စွဲဖမ်းထားပြီး ရိုက်နှက် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီ ရေတပ်က ဖမ်းတာလို့ သိရတယ်။ ဟိုင်းကြီးကျွန်း ပမ္မဝတီတပ်ထဲ ဖမ်းသွားတာ။ စစ်ကောင်စီဘက်က PDF တပ်ဖွဲ့ဝင် ဒါမှမဟုတ် ထောက်ပို့ဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း အပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ (PDF) တွေ ဝင်ရောက်နေတယ်ဆိုပြီး စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013