Search Results For: ဖာမီနို
ဖာမီနိုကို သုံးလေးပွဲခန့် အနားပေးသင့်ကြောင်း ကာရေဂါအကြံပြု
ဒီယေဂိုဂျိုတာဟာ ဆာလက်နဲ့မာနေးတို့ရဲ့ ဖိအားတွေကို လျော့ပါးစေသူဖြစ်ပြီး လီဗာပူးလူစာရင်းကနေ ဖာမီနိုကို သုံးလေးပွဲလောက်အနားပေးသင့်တယ်လို့ ဂန္တဝင်ကစားသမား ဂျင်မီကာရေဂါက သုံးသပ်ပါတယ်။  ဂျိုတာဟာ လီဗာပူးလက်ကို စက်တင်ဘာလကမှ ပေါင် ၄၁ သန်းနဲ့ရောက်ရှိလာသူဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ပထမဆုံး ၁၁ ပွဲမှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။  တစ်ဖက်မှာတော့ ဖာမီနိုဟာ အခုရာသီ ၁၂ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူနိုင်သေးပါတယ်။  ဒါ့ကြောင့် ကာရေဂါက အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဖာမီနိုကို ချန်လှပ်ပြီး ဂျိုတာကို နေရာပေးသင့်တယ်လို့ ယူဆထားတာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ ပုံမှန်စွမ်းဆောင် ရည်အောက် ရောက်ရှိနေတယ်လို့လည်း ယုံကြည်နေပါတယ်။  လီဗာပူးအသင်းရဲ့ ပွဲထွက်တိုက်စစ်မှူး ၃ ဦးကို ရွေးချယ်စေခဲ့ရာမှာ “မာနေး၊ ဂျိုတာ၊ ဆာလက်” လို့ ကာရေဂါက ပြန်လည်ဖြေကြားခဲ့ပြီး ဖာမီနိုဟာ အခုချိန်မှာ ပုံစံကောင်းမှာရှိမနေ ဘူးလို့ ပြောပါတယ်။  “ဖာမီနိုဟာ ပုံစံကောင်း ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း သူဟာ အကောင်း ဆုံး အခြေအနေမှာရှိနေတယ်လို့ မထင်ပါဘူး။ လီဗာပူးဟာ လိဂ်ဖလားကိုရရှိခဲ့ပေမဲ့ ဖာမီနိုဟာ ချဲလ်ဆီးနဲ့ နောက်ဆုံးပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်အိမ်ကွင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး” လို့ ကာရေဂါက ပြောပါတယ်။  “လီဗာပူးပရိတ်သတ်တွေက ဖာမီနိုရဲ့တာဝန်က ဂိုးသွင်းဖို့တခုတည်း မဟုတ်ဘူးဆိုတာကို သိရှိထားပါတယ်။ သူတို့ဟာ ဖာမီနိုဘယ်လိုဖန်တီးပေးလဲ၊ ဘယ်လို ဘောလုံး ပြန်ဆယ်ပေးလည်း ဆိုတာနဲ့ ဖိအားပေးမှုကို ဘယ်လိုစတင်လဲဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ် ဖာမီနိုရဲ့ ဖိအားပေးမှုအချက်အလက်တွေကိုကြည့်မိတဲ့အခါမှာတော့ သူဟာအရင်လို မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဂျိုတာကို အစားထိုးပြီး ဖာမီနိုရဲ့ ကစားသမားဘဝ အဆုံးသတ်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ သုံးလေး ပွဲလောက် အရန်ခုံမှာထိုင်သင့်တယ်လို့ဆိုတာပါ” လို့ ကာရေဂါကပြောပါတယ်။  ပြီးခဲ့တဲ့ရာသီတွေအတွင်း လီဗာပူးအသင်းမှာ မာနေးနဲ့ ဆာလက်တို့ကသာ ဂိုးသွင်းဖို့ တာဝန်ယူထားရပြီး သူတို့ရဲ့ဖိအားကို သက်သာစေမယ့် ဂျိုတာလို ကစားသမားမျိုး လိုအပ်ခဲ့ တယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။  ဂျိုတာ ခြေစွမ်းပြနေခြင်း၊ ဖာမီနိုခြေစွမ်းပြဖို့ ရုန်းကန်နေရခြင်းတို့ ဖြစ်နေချိန်မှာ လီဗာပူးနည်းပြ ကလော့က ပြီးခဲ့တဲ့သီတင်းပတ် မန်စီတီးနဲ့ပွဲမှာ ဖာမီနိုနဲ့ ဂျိုတာကို တပြိုင် နက်တည်း အသုံးပြုခဲ့ပြီး တိုက်စစ်ကစားသမား ၄ ဦးစလုံးကို ပွဲထွက်ကစားစေခဲ့ပါတယ်။ 
11 months Ago
ဖာမီနိုကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ပြင်ဆင်
ဘွန်ဒက်စ်လီဂါ အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ရောဘတ်တိုဖာမီနိုကို ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဘရာဇီး လက်ရွေးစင် ကစားသမား ဖာမီနိုဟာ ဂျာမနီကလပ် ဟော့ဖင်ဟိမ်းအသင်းကနေ လီဗာပူးအသင်းကို ၂၀၁၅ ခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်မြေကို ရောက်ရှိလာချိန်ကစလို့တော့ ဒီကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ လီဗာပူးအသင်းအတွက် ၂၂၈ ပွဲ ကစားထားပြီး ၇၈ ဂိုး သွင်းယူထားနိုင်သူဖြစ်ကာ ပြီးခဲ့တဲ့နှစ်မှာလည်း အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားဟာ ဒီရာသီမှာလည်း လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့အတွက် အနီးကပ်ဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ဟာ ဘရာဇီးကစားသမားကို အသင်းအတွက် အရေးပါဆုံး ကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်ဘက်ကသာ အမှန်တကယ် ကမ်းလှမ်းလာခဲ့ပါက ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းလူစာရင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဖာမီနိုဟာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတဦး ဖြစ်တယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။  ဘိုင်ယန်မြူးနစ် နည်းပြ ဟန့်စ်ဖလစ်က ဖာမီနိုရဲ့ခြေစွမ်းကို သဘောကျနေပြီး အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဖာမီနိုအပြင် မန်စီးတီးအသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီရွိုင်းဆာနေးတို့နဲ့အတူ ဝန်းရံကစားစေဖို့ စီစဉ်နေပုံရပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း လီဗာပူးအသင်းက အားထားရတဲ့ တိုက်စစ်မှူးကို အလွယ်တကူ လက်လွှတ်ခံမယ့် အနေအထားမျိုးမှာ ရှိမနေဘဲ လိုက်ပစ်ဇ်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူနိုင်မှ ဖာမီနိုကို ရောင်းထုတ်ဖို့ စဉ်းစားမယ့်အနေအထားမျိုးမှာ ရှိနေပါတယ်။ ဖာမီနိုဟာ ဘောလုံး ဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ ကစားသမားတဦး ဖြစ်ပြီး ယူနိုက်တက် ဂန္ထဝင်ကစားတဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က “ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နည်းပြမဆို ဖာမီနိုလို ကစားသမားမျိုးကို လိုချင်ကြလိမ့်မယ်” လို့ ထုတ်ဖော် ချီးကျူးခဲ့ဖူးပါတယ်။
2 years Ago
လီဗာပူးက စပါးအသင်းကို (၃-၁) ဂိုးဖြင့်နိုင်ပြီး ထိပ်ဆုံး ၄ သင်း စာရင်း ဝင်လာ
ဒီကနေ့ မနက်  ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာ လီဗာပူးအသင်းက  စပါးအသင်းကို  ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ လီဗာပူးအသင်းဟာ စပါးနဲ့ပွဲမှာတော့ အဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နိုင်ပွဲပြန်ရှာ တွေ့ခဲ့တာပါ။
ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူးဖေမီနိုက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း အစမှာလည်း အာနိုးလ်က လီဗာပူးအတွက်  ဒုတိယဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ 
၂ မိနစ်အတွင်းမှာပဲ စပါးကွင်းလယ်လူ ဟော့ဘယက်ချ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သေးပေမယ့် ပွဲချိန် ၆၅ မိနစ်မှာ မာနေးက လီဗာပူးလ်အသင်းအတွက်  အနိုင်သေချာစေမယ့် ဂိုးသွင်းယူသွားခဲ့ တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် လစ်ဗာပူးအသင်းက ရမှတ် ၃၇ မှတ်နဲ့  လက်စတာ ၊ မန်ယူနဲ့ မန်စီးတီးအသင်းတွေကို ဖိအားပေးနိုင်ခဲ့ ပါတယ်။
စပါးအသင်းကတော့ အနိုင်ရမယ်ဆိုရင် အဆင့်လေးကိုတက်လှမ်းနိုင်မှာဖြစ်ပေမယ့် ရှုံးပွဲ တွေ့ခဲ့လို့  အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 
လီဗာပူးအသင်းဟာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံး ၄ သင်းစာရင်းကို ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
အခုလို နိုင်ခဲ့တာကြောင့်  လီဗာပူးအသင်းဟာ ဘာလဲဆိုတာ ပြသနိုင်ခဲ့တယ်လို့  နည်းပြ ကလော့ပ်က ကြုံးဝါးခဲ့ပါတယ်။ 
အခုဆို ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ဇယားထိပ်က မန်စီတီးအသင်းထက် တစ်ပွဲပို ၄ မှတ်ကွာ အနေအထားကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ 
ဒီပွဲမှာ ဖာမီနို၊ အာနိုးလ်နဲ့ မာနေးတို့က လီဗာပူးအသင်းအတွက် ၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံး အဖြစ်လိဂ်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ဘန်လေနဲ့ ယူနိုက်တက်အသင်းတို့ကို ၂ ပွဲဆက်ရှုံးနိမ့်မှုကနေ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအတွက် ဒဏ်ရာပြဿနာတွေရှိခဲ့တာကတော့ သတင်းဆိုးပါပဲ။ 
“ကျနော်တို့ မှန်ကန်တဲ့ အချိန်မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ဂိုးတွေပါ။ အသင်းရဲ့ပုံစံ  ကောင်းဆိုတာထက် အသင်းက ဘာလဲဆိုတာ ပြသနိုင်ခဲ့တာပါ။ မြန်မြန်ဆန်ဆန် ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ခံစစ်ကစားပုံကလည်း ကောင်းခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ ပုံစံမျိုးလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။ 
စပါးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲဟာ တကယ်ကို အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအစကတည်းက  နှစ်ဘက်ကစားသမားတွေ အပြန်လှန်လွဲချော်မှုရှိခဲ့လို့သာ စောစောစီးစီး ဂိုး မရခဲ့တာဖြစ်ပါတယ်။ 
ဒီပွဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး တစ်ဂိုးဟာ VAR နဲ့ ပယ်ဖျက်ခြင်းခံခဲ့ ရသလို ဆာလတ်ရဲ့ သွင်းဂိုး တစ်ဂိုးဟာလည်း VAR ကြောင့် နစ်နာခဲ့ရပါတယ်။ 
8 months Ago
အန်ဖီးလ်ကွင်းပွဲနဲ့ မတူတဲ့ရလဒ် ထွက်ပေါ်ဖို့ရှိနေတဲ့ ယူနိုက်တက် - လီဗာပူး ပွဲကြိုသုံးသပ်ချက်
  ပရီးမီးယားလိဂ် ဂိုးမရှိတွေ့ဆုံမှုအပြီး တစ်ပတ်အကြာမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး တို့ဟာ အက်ဖ်အေဖလား စတုတ္တအဆင့်အဖြစ် ဒီနေ့ ထပ်မံယှဉ်ပြိုင်ဖို့ရှိနေပါတယ်။  ဒီတစ်ကြိမ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်း ခြေစွမ်းတက်နေချိန်မှာ လီဗာပူးအသင်းကတော့ စံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ရုန်းကန်နေရပါတယ်။  လိဂ်ဖလားပွဲဖြစ်နေပေမယ့် ဒီ ၂ သင်းကြားမှာရှိတဲ့ ပြိုင်ဆိုင်မှုအခြေအနေကြောင့် ၂ ဖက်လုံးက အကောင်းဆုံးလူစာရင်းနဲ့ ခြေကုန်ထုတ်ကစားသွားကြမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ ဗစ်တာလင်ဒီလော့ဖ်ပြန်ပါလာနိုင်မှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား ဘယ်နှယောက်လောက်ကို အနားပေးသွားမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။  ဂိုးသမားနေရာမှာတော့ လိဂ်ပွဲတွေကို တာဝန်ယူရတဲ့ ဟန်ဒါဆန်ဖြစ်လာဖို့ ရှိနေပြီး ညာအစွန်မှာ ဝမ်ဘစ်ဆာခါကိုပဲ ဆက်ကစားစေမယ်လို့ယူဆရပါတယ်။  ဘယ်နောက်ခံလူနေရာမှာ လုရှောအစား တဲလက်စ်ဖြစ်လာဖို့များပြီး အတွင်းလူ ၂ နေရာကို လင်ဒီလော့ဖ်နဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယား ကစားပါမယ်။  ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ပါလာနိုင်တာကြောင့် ဘန်ဒီဘိခ်အနေနဲ့ နေရာပျောက်ဖို့ရှိနေပါတယ်။ ဗန်ဒီဘိခ်ကို ဒီပွဲမှာအသုံးပြုသွားမယ်လို့ ဆိုးလ်ရှား က ပြောထားတာကြောင့် ကွင်းလယ်မှာ အပြောင်းအလဲတစ်ချို့ မြင်တွေ့ရ မလား စောင့်ကြည့်ရပါမယ်။ တိုက်စစ်ကို ကာဗာနီနဲ့ ရက်ဖို့ဒ်တို့ ဦးဆောင်လာနိုင်တာကြောင့် ၄-၂-၃-၁ ကစားကွက်နဲ့ ကစားမယ်လို့ သတ်မှတ်ရပါမယ်။     လီဗာပူးအသင်းဘက်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ပြန်ပါလာဖို့ ရှိနေပါတယ်။ ကြားရက်မှာ စပါး နဲ့ ကစားရဖို့ရှိနေတာကြောင့် ကလော့ပ်အနေနဲ့ အဓိကကစားသမားတစ်ချို့ကို အနားပေးရဖို့ ရှိနေပါတယ်။  ဒါပေမယ့် ကလော့ပ်အနေနဲ့ တနင်္ဂနွေပွဲမှာသုံးခဲ့တဲ့ လူစာရင်းကိုတော့ အများကြီးအပြောင်းအလဲလုပ်သွားဖို့ မရှိပါဘူး။ ဒါ့ကြောင့် ဂိုးသမားနေရာမှာ အလီဆန်ကိုပဲ ထပ်မြင်ရဖို့ရှိနေပြီး မာတစ်နဲ့ ဖာဘင်ဟိုတို့က နောက်တန်းမှာတာဝန်ယူပါလိမ့်မယ်။  ဆီမီကတ်စ်ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပေမယ့် ဘယ်နောက်ခံလူနေရာ  ကို ရော်ဘတ်ဆန်ပဲ ကစားသွားဖို့ရှိနေပြီး ညာနောက်ခံလူနေရာမှာတော့ အာနိုးလ်အစား နီကိုးဝီလီယမ်ကို မြင်ရဖို့ရှိနေပါတယ်။  စပါးနဲ့ပွဲအတွက် ဟန်ဒါဆန်ကို အနားပေးဖို့ရှိနေတာကြောင့် ကွင်းလယ်မှာတော့ မီလ်နာ၊ ဝစ်ဂျ်နယ်ဒမ်တို့ကို ကာတစ်ဂျုံးနဲ့ တွဲဖက်ပေးသွားမယ်လို့ ယူဆရပါတယ်။  ဘန်လေနဲ့ပွဲမှာ ဆာလက်နဲ့ ဖာမီနိုတို့ကို အနားပေးထားတာကြောင့် ဒီပွဲမှာ သူတို့ကို ပွဲထုတ်သွားဖို့ရှိနေပြီး မာနေးနဲ့အတူ ၃ ယောက်တွဲ တိုက်စစ်ကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ လီဗာပူးအသင်းက ၄-၃-၃ နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ရလဒ်တွေဆိုးရွားနေပြီး ခြေစွမ်းလည်း ကျဆင်းနေပါတယ်။ ဒီအခြေအနေက ဒီပွဲအပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုရှိလာမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ လီဗာပူးနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဦးဆောင်ထားနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီအိမ်ကွင်းမှာ ရုန်းကန်ရလေ့ရှိတယ်ဆိုပေမယ့် ဒါဟာ ရာသီအစတုန်းကသာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ကွင်း၊အဝေးကွင်းမရွေး အနိုင်ရအောင် ကစားလာနိုင်တာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။  ဒါ့ကြောင့် အခြေအနေတွေကိုအားလုံး ချုံကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းကပဲ အိမ်ကွင်းမှာ ကျဥ်းမြောင်းတဲ့ရလာဒ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁ - ၀ လီဗာပူး ဖြစ်ပါတယ်။
8 months Ago
လီဗာပူးနှင့် ဂိုးမရှိသရေရလဒ်ကို စိတ်ပျက်ဟု မက်ဂွဲယားနှင့်ဆိုးရှားလ် ပြော
လီဗာပူးနဲ့ပွဲရလဒ်ဟာ ယူနိုက်တက်အသင်းကို စိတ်ပျက်စေခဲ့တယ်လို့ အသင်းခေါင်းဆောင် ဂယ်ရီမက်ဂွိုင်းယားနဲ့ ဆိုးရှားလ်တို့ ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အမှတ်ပေးဇယားထိပ်ကအသင်း ၂ သင်းပွဲစဉ်ဟာ ပွဲ မစခင် ကြိုတင်မျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်မရရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ လက်ရှိချန်ပီယံကို ၆ မှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။  တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုပိုသာခဲ့ပြီး ယူနိုက်တက်ဘက်က တန်ပြန်တိုက်စစ်ကို အဓိကအားပြုကစားခဲ့ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်၊ ဆာလတ်၊ ဖာမီနိုတို့လို ၂ သင်းစလုံးရဲ့ အဓိကကစားသမားတွေ ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်ရှိနေတာကြောင့် အခွင့်အရေး ကြီးကြီးမားမားတော့ မရရှိခဲ့ကြပါဘူး။ ဒီပွဲမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ ဂိုးရလုနီးပါး ကန်သွင်းချက်တွေကို လီဗာပူး ဂိုးသမား အလီဆွန်က ကာကွယ်သွားနိုင်ခဲ့ပြီး ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့အတွဲကလည်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ သရေထက် အနိုင် ၃ မှတ်ကို ဦးတည်ခဲ့တယ်လို့ မက်ဂွဲယားက ပြောဆိုခဲ့ပြီး အစဉ်အလာပြိုင်ဘက်နဲ့ပွဲစဉ်မှာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းနေခြင်းအပေါ်  စိတ်ပျက်မိတယ်လို့ မက်ဂွဲယားက ပြောပါယ်။ “ပထမပိုင်းမှာ သူတို့က ကျနော်တို့ထက်ပိုကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့လည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ အကောင်းဆုံးအခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျနော်တို့ အခွင့်ကောင်း ၂ ခု၊ ကာကွယ်မှုကောင်း ၂ ခုလည်း ရှိခဲ့ပါတယ်။ လီဗာပူးဘက်မှာ ဦးစားပေးနောက်ခံလူတွေ ပါဝင်နိုင်တာက ပြောစရာရှိနေပေမယ့် သူတို့တွေ ဒဏ်ရာရခဲ့ပြီးနောက်မှာ လီဗာပူးဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဒီပွဲကို ကျနော်တို့ အနိုင်လိုချင်ခဲ့တာပါ။ ဒါကို ဒုတိယပိုင်းမှာ မြင်နိုင်ပါတယ်။ ကျနော်တို့ ၃ မှတ် လိုချင်ခဲ့တာပါ။ ရလဒ်ကြောင့် အနည်းငယ်စိတ်ပျက်မိပါတယ်။ ဒါဟာ ခက်ခဲတဲ့ အခြေအနေတခုပါ။ အခုလက်ရှိ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် မြင်တွေ့နိုင်ပါတယ်။”  မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ လီဗာပူးအသင်းကို အနိုင်မယူနိုင်ခဲ့အတွက် စိတ်ပျက်မိသလို ယူနိုက်တက်အသင်းအနေနဲ့ အနိုင် ၃ မှတ်ရဖို့အတွက်တော့ လုံလောက်တဲ့ စွမ်းဆောင်ရည်မရခဲ့ကြောင်း၊  လီဗာပူးနဲ့ နောက်တစ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အခုပွဲစဉ်က ရမှတ်တစ်မှတ်က အဆင်ပြေကြောင်း ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောပါတယ်။  အထူးသဖြင့် ပထမပိုင်း ကစားပုံကို ဆိုးလ်ရှားက အပြစ်တင်သွားခဲ့ပြီး  အဲဒီထက်ပိုကောင်းတဲ့ ကစားပုံပြသနိုင်သေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ပွဲ ရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ ဒုတိယနေရာက လက်စတာအသင်း နဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပါတယ်။
8 months Ago
ဆာလက်ကို လီဗာပူးက ရောင်းထုတ်နိုင်ဟု ဒေးဗစ်ဂျိမ်းစ် သုံးသပ်
သင့်တော်တဲ့ဈေးနှုန်းရမယ်ဆိုရင် လီဗာပူးအသင်းဟာ တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ရောင်းထုတ်သွားနိုင်တယ်လို့ အသင်းရဲ့ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က သုံးသပ်ပါတယ်။  အီဂျစ်လက်ရွေးစင် တိုက်စစ်မှူးဟာ လီဗာပူးအသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရှိနေပြီး ၁၆၅ ပွဲမှာ အသင်းအတွက် ၁၀၄ ဂိုး သွင်းယူပေးထားပါတယ်။  ဆာလက်ဟာ မာနေး၊ ဖာမီနိုတို့နဲ့အတူ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်တွဲအဖြစ် ခြေစွမ်းပြထားနိုင်ပြီး လီဗာပူးအသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက်လည်း အရေးပါတဲ့နေရာကနေ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတချို့မှာ ဒီကစားသမားဟာ လီဗာပူးအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သုံးသပ်မှုတွေရှိပြီး သူဟာ လာလီဂါအင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း မကြာခဏဆိုသလို သတင်းတွေ ထွက်ပေါ်လေ့ရှိတတ်သူ ဖြစ်ပါတယ်။  ဂျိမ်းစ်က ဆာလက်အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရှိပြီး သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားမျိုး ရှာနိုင်မယ်ဆိုရင် သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ ပြောပါတယ်။  “မှန်ကန်တဲ့ ကမ်းလှမ်းမှုမျိုးသာ ရှိနေရင် ဘယ်ကစားသမားမဆို ရောင်းချခံရမှာပါပဲ။ ဒါဟာ ဈေးပေါ်ပဲ မူတည်ပါတယ်” လို့ ဒေးဗစ်ဂျိမ်းစ်က ရီးရဲလ်အသင်းကို ဆာလက် ပြောင်းနိုင်မလားဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ “ဆာလက်လို ဂိုးသွင်းနိုင်တဲ့ ကစားသမားမျိုးကို အသင်းတိုင်းက လိုချင်ကြပြီး သူ့ကို ရောင်းထုတ်သွားဖို့ဆိုတာ အငြင်းပွားစရာပါ။ မန်စီးတီးနဲ့ အဂွဲရိုးကို ကြည့်မယ်ဆိုရင် မန်စီးတီးရဲ့ ဂိုးတွေက အဂွဲရိုးအပေါ်မှာပဲ အဓိက မှီခိုနေရပါတယ်။ ဒါပေမဲ့ ဆာလက်ကို မန်စီးတီးကို ရောင်းဖို့ဆိုတာ လီဗာပူးအတွက် မဖြစ်နိုင်ပါဘူး။ သူ့ကို မတူတဲ့နိုင်ငံတစ်ခုမှာရှိတဲ့ မတူတဲ့ အသင်းတသင်းထံကိုပဲ ရောင်းချတာ ပိုကောင်းပါလိမ့်မယ်။ လီဗာပူးက ဆာလက် တစ်ဦးတည်းပေါ်ကို မှီခိုနေတာမျိုး မရှိပါဘူး။ ဒါက ကလော့ပ်အတွက် တကယ်ကို ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ သူ့ကိုရောင်းဖို့ဆိုရင် အစားထိုးဖို့ ကစားသမားတစ်ဦးတော့ ရှိနေရပါမယ်။ ဖာမီနိုနဲ့ ဂျိုတာက ဆာလက်လို မကစားနိုင်သလို အိုရီဂီကလည်း ဆာလက် နေရာကို ဝင်ဖြည့်ဖို့ မလုံလောက်ပါဘူး။ ဒါပေမဲ့ ဆာလက်ဟာ မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတော့ မဟုတ်ပါဘူး” လို့လည်း ဒေးဗစ်ဂျိမ်းစ်က သူ့အမြင်ကို ပြောပါတယ်။ လီဗာပူးအသင်းဟာ ဆာလက် မပါရင် ပိုကောင်းတယ်ဆိုတဲ့ ပြောစကားဟာလည်း ငြင်းခုံသင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့ အင်္ဂလန်ဂိုးသမားဟောင်းက ပြောပါတယ်။
10 months Ago
လိဒ်နှင့် အာဆင်နယ် သရေကျ၊ လီဗာပူးက လက်စတာကို ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ အာဆင်နယ် သရေကျပြီး လီဗာပူး အနိုင်ရသွားပါတယ်။  လိဒ်ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ် တိုက်စစ်မှူးပီပီ ဒုတိယပိုင်းအစမှာ အထုတ်ခံရပြီး တစ်ယောက်လျော့နဲ့ ကစားသွားရပါတယ်။  အိမ်ရှင် လိဒ်ယူနိုက်တက်အသင်းက ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပေမယ့် အသုံးမချနိုင်လို့ သရေတစ်မှတ်စီ ခွဲယူလိုက်ရပါတယ်။  လီဗာပူးကတော့ အိမ်ကွင်းမှာ လက်စတာကို ခြေစွမ်းပြကစားပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။  ဦးဆောင်ဂိုးကို လက်စတာ နောက်ခံလူ အီဗန် ကိုယ့်ဂိုးကိုယ် သွင်းရာကနေ ရသွားပြီး ဒုတိယဂိုးကို ဂျိုတာ၊ အပိတ်ဂိုးကို ဖာမီနိုက သွင်းယူပါတယ်။  လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စပါးက အမှတ် ၂၀ နဲ့ ဦးဆောင်နေကာ လီဗာပူးကလည်း အမှတ် ၂၀ ရရှိထားပြီး ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
10 months Ago
ရှက်ဖီးလ်နှင့်ပွဲ ပင်နယ်တီ မျှတမှု မရှိဟု လီဗာပူးနည်းပြ ပြော
ရှက်ဖီးလ်အသင်းကို ပင်နယ်တီပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ မျှတမှုမရှိဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အနောက်ကလိုက်ကစားရပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲရဲ့  ပွဲချိန် ၁၁ မိနစ်မှာ ဖာဘင်ဟိုက အိုလီမက်ဘရင်းကို ဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရှက်ဖီးလ်အသင်းဟာ ပင်နယ်တီ ရရှိခဲ့ပြီး ဒီပင်နယ်တီကို ဆန်ဒရာ ဘာ့ဂျ်ကဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ တင်ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဖာမီနိုက ဒီရာသီအတွက်သူ့ရဲ့ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာလရဲ့ ဂိုး တစ်ဂိုးဟာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး မိနစ်ပိုင်းအကြာ လီဗာပူးအသင်းဟာ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ မာနေးရဲ့ ဖြတ်တင်ဘောကို ကစားသမားသစ် ဒီယာဂိုဂျိုတာက ခေါင်းတိုက်သွင်းယူ ပေးခဲ့တာဖြစ်ပြေးအသင်းအတွက် လိုအပ်နေတဲ့ အနိုင် ၃ သုံးမှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။  ပွဲအပြီးမှာ ရှက်ဖီးလ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကလော့က အပြည့်အဝ ချီးကျူးခဲ့ပေမဲ့ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ပတ်သတ်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် မတရားပေးခဲ့ရတဲ့ ပင်နယ်တီအတွက် မဆုတ်မနစ်တိုက်ပွဲဝင်မှာ အနိုင်ရလဒ်ကို ရှာတွေနိုင်ခဲ့တဲ့ လီဗာပူးအသင်းသားတွေကိုလည်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ “ပင်နယ်တီပေးလိုက်ရတဲ့အခြေအနေက ပစ်ဒဏ်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ဘောလုံးရာ သီတခုအတွင်းမှာ ကျနော်တို့ဟာ ကွဲပြားတဲ့အခိုက်အတန့်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ကျနော်တို့ မတရားမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါကိုထပ်မံကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်” လို့ ကလော့က BBC Sport  ကို ပြောပါတယ်။  “ကျနော်တို့ မက်ဘရင်းကို ပထမပိုင်းမှာ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နေရာ လဲလှယ်မှုတွေလုပ်ဆောင်ပြီးချိန်မှာတော့ second ball တွေကို အနိုင်ရရှိခဲ့ပါတယ်။ ကျနော်တို့ အသင်းဟာ ၂ ဂိုး ၁ ဂိုးဖြစ်တဲ့အထိ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပေမဲ့ သူတို့ရဲ့တုန့်ပြန်မှုကိုလည်း ရင်ဆိုင်ခဲ့ ပါတယ်။ ဒါကို အံ့သြတာမျိုးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှက်ဖီးလ်နဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းဟာ ခက်ခက်ခဲခဲ့ ကစားရတာဖြစ်ပါတယ်။ ခရစ္စဝိုင်ဒါကို အနိုင်ယူဖို့ဆိုတာလည်း လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ သူတို့ဟာ ဘယ်တော့မှ အရှုံးမတတ်သူတွေပါ။ သူတို့ကို အများကြီး အထင်ကြီးလေးစားပါတယ်။ ခရစ္စဟာ ရှက်ဖီးလ်အသင်းအတွက် အံ့သြစရာတွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်” လို့လည်း ကလော့ပ်က ချီးကျူးပြောဆိုပါတယ်။
11 months Ago
လီဗာပူးတိုက်စစ်မှူးကို ကမ်းလှမ်းခဲ့ခြင်းမရှိဟု ခရစ္စတယ်ပဲလေ့စ် ပြော
လီဗာပူးအသင်းရဲ့ လူငယ်တိုက်စစ်မှူး ရာဟင်းဘန်ရူးစတားကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေကို ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က ငြင်းဆိုလိုက်ပါတယ်။  ဒီသတင်းကို Sky Sports မှာဖော်ပြထားတာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ဘက်က ဘန်ရူးစတားကို ကနဦးပေါင် ၁၉ သန်း၊ အပိုဆုကြေး ၆ သန်းနဲ့ တနင်္လာနေ့ က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီကမ်းလှမ်းမှုမှာ လီဗာပူးအသင်းဘက်က အင်္ဂလန် ယူ-၂၁ ကစားသမားကို ပြန်လိုချင်တယ် ဆိုရင် ပေါင် ၃၇ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ကတော့ အသက် ၂၀ အရွယ် ကစားသမားအတွက် ဘာကမ်းလှမ်းမှုကိုမှ မလုပ်ထားဘူးလို့ လူမှုကွန်ရက်တွစ်တာမှာ ငြင်းဆိုလိုက်ပါတယ်။  “ဒီသတင်းကို ပြန်ဖြုတ်ချဖို့ သတင်းဌာနကိုလည်း ပြောဆိုခဲ့ပြီးပါပြီ။ ဒါဟာ အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့ ဘာကမ်းလှမ်းမှုမှ မလုပ်ထားပါဘူး။”  ပဲလေ့စ်အသင်းဟာ ဘန်ရူးစတားနဲ့ သတင်းထွက်တဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲက တစ်ခု ဖြစ်ပြီးတော့ ရှက်ဖီးလ်နဲ့ အက်စတွန်ဗီလာတို့ကလည်း ဒီကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားအတွက် လီဗာပူးနဲ့ စကားပြောဆိုထားတယ်လို့ ရှက်ဖီးလ်နည်းပြက အတည်ပြုထားပါတယ်။  ဘန်ရူးစတားဟာ လီဗာပူးအသင်းကြီးကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ၄ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။ သူဟာ လီဗာပူးရဲ့ နာမည်ကျော်တိုက်စစ်အတွဲအဖက်နောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။  လီဗာပူး နည်းပြ ကလော့ပ်က မာနေး၊ ဖာမီနိုနဲ့ ဆာလတ်တို့ကို ပုံမှန် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနေပြီး သူတို့နောက်မှာ အိုရီဂီနဲ့ မီနာမီနိုတို့က အရန်ကစားသမားအဖြစ် ရှိနေပါတယ်။  ဒါ့အပြင် ဒီနွေရာသီအပြောင်းအရွေ့မှာလည်း ဝုဗ်အသင်းရဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာကို ခေါ်ယူထားတာကြောင့် ဘန်ရူးစတားဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုရင် အသင်းပြောင်းဖို့ နည်းလမ်းပဲ ကျန်တော့တာ ဖြစ်ပါတယ်။
1 year Ago
ကလော့ပ်ကို ထိန်းထားနိုင်ပါက ၁၀ နှစ်အတွင်း လီဗာပူး ဖလားငါးကြိမ်ခန့်ရနိုင်ဟု ရွန်းနီပြော
လက်ရှိမန်နေဂျာ ယာဂန်ကလော့ပ်ကိုသာ အသင်းမှာ ဆက်ထိန်းထားမယ်ဆိုရင် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို ကာလရှည်စိုးမိုးထားနိုင်မယ်လို့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက သုံးသပ်လိုက်ပါတယ်။ ရွန်းနီမတိုင်ခင် ကလော့ပ်က လီဗာပူးအသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ယူနိုက်တက်အသင်း ပရီးမီးယား လိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့သလိုမျိုး လိုက်လံလုပ်ဆောင်ပြဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။  ဒါပေမဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွန်းနီကတော့ ကလော့ပ်သာ လီဗာပူးအသင်းမှာဆက်ရှိနေမယ်ဆိုရင် သူ့ပြိုင်ဘက်ဟောင်းအသင်းဟာ လာမယ့်ဆယ်နှစ်အတွင်း အနည်းဆုံး ပရီးယားလိဂ်ချိန်ပီယံဆုကို ငါးကြိမ်ရရှိနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။  “လီဗာပူး လူစာရင်းက ငယ်ရွယ်ပြီးတော့ အဓိကကစားသမားတွေဟာလည်း အသင်းနဲ့ကာလရှည်စာချုပ်တွေ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့မှာ နောက်ထပ်ဆုဖလားတွေ ထပ်မံဆွတ်ခူးနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။ ကလော့ပ်ကတော့ ဆာအဲလက်စ် လုပ်ပြခဲ့တဲ့အတိုင်း စွမ်းဆောင်ပြဖို့မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ မှားပါတယ်။ ဒီလိုလုပ်ပြဖို့အတွက် လီဗာပူးအသင်း လုပ်ဖို့ တခုတည်းသော နည်းလမ်းကတော့ ကလော့ပ်ကို ဆက်လက်လုပ်ဆောင်ခွင့်ပေးလိုက်တာပါပဲ။ ယူနိုက်တက်အသင်းက အောင်မြင်မှုရခဲ့တာက ဖာဂူဆန် အသင်းမှာ ကာလရှည်ရှိနေခဲ့လို့ပါ။ ဒါ့ကြောင့် ကလော့ပ်သာ လီဗာပူးအသင်းမှာ ဆက်ရှိနေဦးမယ်ဆိုရင် သူတို့အသင်းဟာ လာမယ့် ၁၀ နှစ်အတွင်း အနည်းဆုံး ပရီးမီးယားလိဂ်ဖလား ငါးလုံး ကိုရရှိနိုင်ပါလိမ့်မယ်။” ဒါ့အပြင် ကလော့ပ်သာ လီဗာပူးက ထွက်ခွာခဲ့ပါက အဓိက ကစားသမားတွေလည်း အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ရွန်းနီက ပြောပါတယ်။ “ကလော့ပ်ဟာ လီဗာပူးအသင်းရဲ့အသိုက်အဝန်းကို ဆက်ထိန်းနိုင်မယ့်လူမျိုးပါ။ ကစားသမားတွေက သူ့လိုနည်းပြမျိုးနဲ့ အလုပ်လုပ်ချင်ကြသလို တဖက်မှာလည်း သူ့ကြောင့် အသင်းမှာ ဆက်ရှိချင်ကြပါတယ်။ တကယ်လို့ ကလော့ပ်သာ လီဗာပူးအသင်းကနေ ထွက်သွားခဲ့မယ်ဆိုရင် ဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့လို ကစားသမားတွေ အသင်းကနေ ထွက်ခွာသွားဖို့များပါတယ်။ ကျနော်သာ လီဗာပူးအသင်းပိုင်ရှင်တစ်ယောက်ဆိုရင် ကလော့ပ်လို နည်းပြမျိုးကို အသင်းမှာ ကာလရှည်ဆက်ရှိနေစေဖို့ လုပ်လို့ရသမျှ အကုန်လုံး လုပ်ဆောင်သွားမယ်။”
1 year Ago
ဆာလက်ထက် မာနေး ရီးရဲလ်ကို ရောက်နိုင်ခြေ ပိုများပါတယ် - ဆစ်ဆိုကို
လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မဝေးတော့တဲ့အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားနိုင်ခြေရှိနေတယ်လို့ ကစားသမားဟောင်း မိုဟာမက်ဆစ်ဆိုကိုက ပြောပါတယ်။  မာနေးဟာ  ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်ဖို့ အလားအလာတွေ ရှိနေသူလို့လည်း သူက ယူဆထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက  ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦး ဖြစ်လာခဲ့ကာ ၁၆၁ ပွဲ ကစားပြီး ၇၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆီနီဂေါ လက်ရွေးစင်ဟာ ဖာမီနို၊ ဆာလတ်တို့နဲ့ တွဲဖက်ကာ အကောင်းဆုံးခြေစွမ်းပြနေသူ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေပေါ်မှာလည်း တော်တော်လေး အကျိုးသက်ရောက်မှု ရှိစေခဲ့သူ ဖြစ်ပါတယ်။ မာနေးဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး ထိပ်တန်းဂိုးသွင်းရှင် ဆာလတ်နဲ့  နှစ်ဂိုးသာ ကွာတော့ပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတွေအရ သူတို့နှစ်ဦးစလုံးကို ရီးရဲလ်မက်ဒရစ်အသင်းက  ကာလရှည်စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဇီဒန်းဟာ အဓိကတိုက်စစ်မှူး ဘင်ဇီမာအတွက် အထောက်အကူဖြစ်စေဖို့ လီဗာပူး တိုက်စစ်မှူးနှစ်ဦးကို မျက်စိကျနေတာ ဖြစ်ပါတယ်။  ဒီအခြေအနေမှာ လီဗာပူး ကစားသမားဟောင်း ဆစ်ဆိုကိုက ဆာလတ်ထက် မာနေးဟာ ရီးရဲလ်အသင်းအတွက် ပိုသင့်တော်သူဖြစ်ပြီး ရီးရဲလ်အသင်းကသာ တရားဝင်  ကမ်းလှမ်းမှု လုပ်လာမယ်ဆိုရင် မာနေးကို ရီးရဲလ်အင်္ကျီနဲ့ မြင်တွေ့ရဖို့ရှိတယ်လို့ ပြောပါတယ်။ Europa Calcio နဲ့ တွေ့ဆုံခဲ့ရာမှာ လီဗာပူး ကွင်းလယ်လူဟောင်းက “ကျနော့်အထင် ဆာလတ်ထက် မာနေးက ရီးရဲလ်အသင်းကို ရောက်သွားနိုင်ခြေပိုများပါတယ်။ သူဟာ ဇီဒန်း ကြိုက်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဇီဒန်းကိုယ်တိုင်ကလည်း သူ့ကို ထုတ်ဖော်ချီးကျူးထားပါတယ်။ ဒါ့ကြောင့် မာနေးသာ ရီးရဲလ်ကို ရောက်သွားပါလိမ့်မယ်” လို့ပြောဆိုခဲ့ပါတယ်။  ဆာလက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “ဆာလက် လီဗာပူးသင်းမှာ ဆက်ရှိ မလား ဆိုတာ ကျနော် သေချာတော့ မပြောနိုင်ပါဘူး။ တကယ်လို့ သူ အသင်းပြောင်းဖြစ်တယ် ဆိုရင်လည်း ဒါဟာ  လီဗာပူးအတွက် မကောင်းတဲ့ကိစ္စတော့ ဖြစ်မလာနိုင်ပါဘူး။ သူတို့ဟာ ပါးနပ်တဲ့အသင်းဖြစ်ပြီး ဆာလက်နေရာကို ဘယ်လိုအစားထိုးရမလဲ စဉ်းစားထားပြီး ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ သူတို့မှာ ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေလည်း ရှိနေပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
2 years Ago
မာနေးကို ပေါင်သန်း ၁၄၀ ဖြင့် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကြိုးပမ်းလာနိုင်
ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းဟာ လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးကို ပထမဦးစားပေး အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဆီနီဂေါသားကို ပေါင် သန်း ၁၄၀ နဲ့ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုသွားဖို့ ရှိနေပါတယ်။ မာနေးဟာ ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် အဓိကကစားသမားတဦးအဖြစ် အသုံးတော်ခံနေသူ ဖြစ်ပြီး ဒီရာသီမှာ အထူးခြေစွမ်းပြသနေကာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ၂၅ မှတ်နဲ့ ဦးဆောင်ခွင့်ရရှိရေးအတွက် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ မာနေးကို ကာလရှည် သဘောကျခဲ့သူ ဖြစ်ပြီးတော့ သူ့ကို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွက် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  မာနေးရဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို သတိပြုမိထားပြီး စပိန်အသင်းဟာ မာနေးကို မာဆေးဆိုဒ်အသင်းကနေ ထွက်ခွာပြီး စပိန်မြေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ လာရောက်ရင်ဆိုင်ရေးအတွက် ညှိနှိုင်းနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးသူ ဖြစ်ပြီးတဲ့အပြင် လီဗာပူးအသင်းရဲ့ အဓိကကစားသမားတွေထဲက တဦးဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးပမာဏဟာ လီဗာပူးအသင်းအတွက် မက်လောက်စရာ အနေအထားတခု ဖြစ်ဖို့လိုအပ်တယ်လို့ Mirror သတင်းမှာ သုံးသပ်ထားပါတယ်။  ဇီဒန်းရဲ့ မာနေးအပေါ် ထားရှိတဲ့ သဘောထားကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ပေါင်သန်း ၁၄၀ ထက်မနည်းတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိပါတယ်။ မာနေးဟာ ဆာလတ်၊ ဖာမီနိုတို့နဲ့အတူ လီဗာပူးအသင်းအတွက် ရပ်တန့်ဖို့ ခက်ခဲတဲ့ သုံးယောက်တွဲ တိုက်စစ်ကို ပုံဖော်ထားနိုင်ခဲ့သူဖြစ်ပြီး အားကစားအီအစဉ် သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။  ယူနိုက်တက်ဂန္ထဝင် နောက်ခံလူ ဖာဒီနန်က လီဗာပူး သုံးယောက်တွဲ တိုက်စစ်မှာ သူ ရင်ဆိုင်လိုခြင်းမရှိသူက မာနေး ဖြစ်တယ်လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
2 years Ago
လီဗာပူးထက် မန်ယူနှင့် ချဲလ်ဆီးကို ဝါနာရွေးသင့်ဟု ဟာမန်း မှတ်ချက်ပေး
တီမိုဝါနာအနေနဲ့ လီဗာပူးထက်စာရင် မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် ချဲလ်ဆီးလို အသင်းတွေကို ပိုပြီးရွေးချယ်သင့်တယ်လို့ လီဗာပူးကွင်းလယ်လူဟောင်း ဒီရတ်မာဟာမန်းက မှတ်ချက်ပေးလိုက်ပါတယ်။  အသက် ၂၃ နှစ်သာရှိသေးတဲ့ လိုက်ပစ်ဇ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဘွန်ဒက်စ်လီဂါမှာ တောက်ပခဲ့ပြီး ဥရောပအသင်းကြီးတချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ ဒီအသင်းတွေထဲမှာ သူဟာ လီဗာပူးအသင်းကို ရောက်ရှိဖို့ ဖြစ်နိုင်ချေအရှိဆုံးလူအဖြစ် သတင်းတွေမှာ ရေးသားဖော်ပြနေကြပြီး ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ် ဖလားပိုင်ရှင်တွေဆီ ပြောင်ရွှေ့ချင်တဲ့ အရိပ်အယောင်မျိုး ပြောဆိုထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လီဗာပူးနဲ့ ဂျာမနီ ကွင်းလယ်လူဟောင်း ဟာမန်းကတော့ လီဗာပူးဟာ ဝါနာအတွက် သင့်တော်မယ့် အသင်းလို့ မယူဆမိကြောင်း သုံးသပ်ပါတယ်။ “ဝါနာက ပုံမှန်တိုးတက်မှု ရှိနေတဲ့ ကစားသမားပါ။ သူဟာ ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီးတာ့ ဘွန်ဒက်စ်လီဂါမှာလည်း ဒီရာသီသွင်းဂိုးဟာ ၂၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုက သူ့အတွက် ဂုဏ်ယူစရာဖြစ်ပေမယ့် တကယ့်မေးခွန်းတခုက လီဗာပူးအသင်းဟာ သူနဲ့ကိုက်ညီမှုရှိပါ့မလား ဆိုတာပါပဲ”လို့ ဟာမန်းက ပြောပါတယ်။  “သူ့ရဲ့ အားအသာဆုံးနေရာက တိုက်စစ်ရဲ့ဗဟိုမှာဖြစ်ပြီးတော့ သူ့ရဲ့အကောင်းဆုံး လက်နက်ကတော့ ပေးအားပါပဲ။ လီဗာပူးမှာ ဖာမီနိုလို တိုက်စစ်မှူးမျိုးကို ပိုင်ဆိုင်ထားပြီး သူဟာ အမြဲတမ်းတကွင်းလုံးကို ပြေးလွှားကာ ကစားဖော်တွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ကြောင့် ဝါနာဟာ လီဗာပူးကို ရောက်ရှိခဲ့မယ်ဆိုရင် သူ့ကို ဗဟိုတိုက်စစ်မှူးမျိုးထက် ဧရိယာအပြင်ဘက်မှာပဲ ပိုတွေ့ရဖို့များပါတယ်။ လီဗာပူးဟာ အသင်းကောင်းတသင်းပါ။ ဒါပေမဲ့ ဝါနာကတော့ ယူနိုက်တက် ဒါမှမဟုတ် ချဲလ်ဆီး စတဲ့ အသင်းတွေမှာ ပိုပြီးအံဝင်နိုင်မယ်” လို့လည်း ဟာမန်းက သုံးသပ်သွားခဲ့ပါတယ်။
2 years Ago
တီမိုဝါနာ အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းကို သတိပေး 
တိုက်စစ်မှူး တီမိုဝါနာကို ရောင်းချသွားမယ့် သတင်းတွေကို မငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဂျာမနီလက်ရွေးစင်အတွက် ဘယ်အသင်းကမှ မကမ်းလှမ်းသေးကြောင်း လိုက်ပစ်ဇ်အသင်းရဲ့ စီအီးအို အိုလီဗာမန့်ဇ်လက်က ပြောပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဝါနာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး အသင်းဟာ ဝါနာရဲ့ ပေါင်သန်း ၆၀ တန် စာချုပ်ဖျက်သိမ်းခွင့် ကုန်ဆုံးမယ့် ဧပြီလမတိုင်ခင် ကမ်းလှမ်းသွားမယ်လို့ ခန့်မှန်းနေပါတယ်။ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဝါနာဟာ ဒီရာသီမှာ လိုက်ပစ်ဇ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး မန့်ဇ်လက်က လီဗာပူးဟာ ဒီကစားသမားကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။  “လူတိုင်းက ဒီသတင်းကိုပဲ ထပ်ကာထပ်ကာ ပြောတာကို ကြားနေရပါတယ်။ တစုံတယောက်က ဒီသတင်းကို ဖန်တီးခဲ့ပြီးတော့ အားလုံးက ဒီအတိုင်း လိုက်ပြီး ကူးချကြပါတယ်။ ဝါနာဟာ လိုက်ပစ်ဇ်အသင်းမှာ ပျော်ရွှင်နေပြီးတော့ အသင်းမှာ ရာသီကုန်အထိ ဆက်ရှိနေချင်ပါတယ်” လို့ မန့်လက်ဇ်က Transfermarket သတင်းကို ပြောပါတယ်။  လီဗာပူး နည်းပြယာဂန်ကလော့ပ်ဟာ အပြောင်းအရွှေ့ရာသီ သုံးခုဆက်တိုက် တိတ်ဆိတ်နေခဲ့တာကြောင့် လာမယ့်ရာသီကုန် အပြောင်းအရွှေ့ဈေးကွက်မှာတော့ ဈေးဝယ်ကြမ်းတော့မယ်လို့ အားလုံး ကယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။  ဒါ့ကြောင့် ရာသီကုန်မှာ လီဗာပူးနည်းပြ ကလော့ပ်ဟာ ရှိပြီးသားလူစာရင်းကို ကစားသမား အင်အားဖြည့်တင်းမှု ပြုလုပ်လာနိုင်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။  ဝါနာကို လီဗာပူးအပြင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ တကယ်လို့ ဝါနာသာ လီဗာပူးအသင်းကို ရောက်ရှိခဲ့မယ်ဆိုရင် လက်ရှိ ခြေစွမ်းပြနေတဲ့ မာနေး၊ ဖာမီနို၊ ဆာလတ် စတဲ့ လီဗာပူးရဲ့ နာမည်ကျော် သုံးယောက်တွဲ တိုက်စစ်မှာ နေရာရဖို့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ဂျာမနီ လက်ရွေးစင်တိုက်စစ်မှူး ဝါနာဟာ တိုက်စစ်မှာ နေရာစုံ ကစားနိုင်သူ ဖြစ်ပေမယ့် လက်ရှိ လိုက်ပစ်ဇ်အသင်းမှာ တိုက်စစ်ဗဟိုနေရာကနေ အထူးခြေစွမ်းပြနေသူ ဖြစ်ပြီးတော့ အင်္ဂလန်မြေကို ပြောင်းရွှေ့လိုတယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားသူလည်း ဖြစ်ပါတယ်။ 
2 years Ago
ပီအက်စ်ဂျီကို ၂ ဂိုး သွင်းယူပြီးနောက် စံချိန်သစ် ထပ်တင်နိုင်လိုက်သည့် ဟာလန်း
ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ နော်ဝေလူငယ်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး ပြည့်အောင် အမြန်ဆုံး ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။  ဟာလန်း ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး ပြည့်ခဲ့တာဟာ တခြားကစားသမားတွေထက် ၄ ပွဲစောပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ချန်ပီယံလိဂ် ၇ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် စတင်ကစားတဲ့ ပထမဆုံးရာသီမှာတင် သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်တဲ့ ၅ ဦးမြောက် ကစားသမားလည်း ဖြစ်လာကာ ဖာမီနို၊ မာနေး၊ ကလော်ဒီယို ဆဲလ်ဆာ၊ ဖွန်တေ တို့ပြီးနောက်မှာ စံချိန်ထပ်တင်နိုင်ခဲ့တာပါ။ ဟာလန်းအနေနဲ့ ဥရောပလိဂ် ၅ ခုလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်သလို ဒေါ့မွန်အသင်းအတွက်လည်း ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်တို့ အားလုံးမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်။
2 years Ago
လီဗာပူးအသင်းရဲ့ အနိုင်ရလဒ်က ကံတရားကြောင့်ပါ - မော်ရင်ဟို
လီဗာပူးအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပွဲ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR အသုံးပြုမှု နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်မိတယ်လို့ စပါးနည်းပြ မာ်ရင်ဟိုကပြောဆိုလိုက်ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမီနိုရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးမသွင်းယူနိုင်ခင် ကစားကွက် တည်ဆောက်နေစဉ်အတွင်းမှာ အသင်းခေါင်းဆောင် ဂျော်ဒနေဟန်ဒါဆင်ဟာ ဘောလုံးကိုလက်နဲ့ထိခဲ့တယ်ဆိုပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။ စပါးကစားသမားတွေဟာ ဒီဂိုးနဲ့ပတ်သက်ပြီး စောဒကတက် ပြောဆိုခဲ့ပေမယ့် စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာတော့ ဒီဂိုးကိုခွင့်ပြုပေးခဲ့ပါတယ်။  “ကျနော် ဒီဂိုးကို ပြန်မကြည့်ဖြစ်သေးပါဘူး။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ ဒီဂိုးကို အစပြုခဲ့တဲ့ လက်ပစ်ဘောကို ကျနော်တို့အသင်းက ရရှိရမှာဖြစ်ပါတယ်။ ဒီကိစ္စကြီး ဖြစ်ပွားခဲ့တာကြောင့် ကျနော့်အနေနဲ့ VAR အသုံးပြုမှုကို ဇဝေဇဝါ ဖြစ်မိပါတယ်” လို့ မော်ရင်ဟိုက ဘီဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။  ဒါ့အပြင် မော်ရင်ဟိုက စပါးအသင်းဟာ အရှုံးနဲ့မထိုက်တန်ဘူးလို့ ယုံကြည်နေပြီး သူ့အသင်းဟာ ကြိုတင်လေ့ကျင့်ထားတဲ့ လက်ပစ်ဘောပေးမှုနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။  “ဒါဟာ ဘောလုံးအားကစားပါ။ ခင်ဗျားအနေနဲ့ တခါတလေမှာ ထိုက်တန်တာထက်ပိုပြီး ရရှိနိုင်သလို တခါတလေကျတော့ ပိုနည်းနိုင်ပါတယ်။ ဒါပေမဲ့ စနေနေ့ပွဲစဉ်ကတော့ ကျနော်တို့ ထိုက်တန်တာထက်ပိုပြီး နည်းအောင် ရခဲ့တဲ့ပွဲပါ။ ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသင်းရဲ့ဒဏ်ရာအခြေအနေတွေက ခက်ခဲတဲ့ အခြေအနေတွေကို ဖြစ်စေပါတယ်။ ကျနော့်ကောင်လေးတွေဟာ အပြောင်းအလဲပြုလုပ်ဖို့နဲ့ ပြိုင်ဘက်ကို အခက်အခဲ ဖြစ်စေတဲ့အပိုင်းမှာ အကောင်းဆုံးရှိနေခဲ့ပါတယ်” လို့ ပြောပါတယ်။ “ဒီပွဲမှာ အနိုင်သုံးမှတ် မရရှိခဲ့ပေမယ့် ကျနော်ကတော့ ကျနော့်အသင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ တခါတလေမှာ ‌ဘောလုံးအားကစားဟာ မျှတမှုမရှိခဲ့ဘဲ ဒီနေ့ပွဲဟာလည်း အဲ့ဒါတွေထဲက တခုပဲဖြစ်ပါတယ်။ ကျနော့်ကစားသမားတွေဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ အရာအားလုံးကို ပေးဆပ်ကစားသွားခဲ့ပြီး ကံတရားကြောင့်သာ လီဗာပူးအသင်းက အနိုင်ရရှိခဲ့တာပါ” လို့ မော်ရင်ဟိုက ထပ်မံပြောဆိုခဲ့ပါတယ်။
2 years Ago
လီဗာပူးအသင်း လက်စတာကို ၄ ဂိုးပြတ်သွင်းယူ  (ရုပ်သံ) 
မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးက အမှတ်ပေးဇယား ဒုတိယနေရာမှာ ကပ်လိုက်နေတဲ့  လက်စတာကို ၄ ဂိုးပြတ်သွင်းယူပြီး ပြတ်ပြတ်သားသား အနိုင်ရသွားပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ဖာမီနိုက နှစ်ဂိုး၊ မေနာက ပင်နယ်တီ တဂိုးနဲ့  အာနိုးက တဂိုး သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၅၂ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာ လက်စတာကို ၁၃ မှတ် ဖြတ်ထားနိုင်လို့  လီဗာပူးအသင်းဒီနှစ်မှာ စောစောစီးစီး ချန်ပီယံဖြစ်ရေး အိမ်မက်တွေ ပိုပြီးနီးစပ်သွားပါတယ်။ အမှတ်ပေးဇယားကို ၁၃ မှတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်နေပေမယ့် လီဗာပူးလ်အသင်းဟာ  ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်းကို ကြိုတင်ခံစားနေမှာမဟုတ်ဘူးလို့ နည်းပြ ယာဂန်ကလော့က ပြောဆိုလိုက်ပါတယ်။  ကလော့ရဲ့ အသင်းဟာ ဘောက်ဆင်ဒေးမှာ ဒုတိယနေရာကနေ ဖိအားပေးနေတဲ့ လက်စတာအသင်းကို ၄ ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသားချေမှုန်းနိုင်လိုက်ပါတယ်။ ဒီရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ ကာလရှည်စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိသွားခဲ့ပြီလဲဖြစ်ပါတယ်။ “ဒါဟာတကယ်ကောင်းနဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲတစ်ပွဲပါပဲ။ ဒါဟာ အဆုံးအဖြတ်ပေးတဲ့ပွဲမဟုတ်ပါဘူး” လို့ ကလော့ကပြောပါတယ်။ “လက်စတာနဲ့ ပွဲမကစားခင်အချိန်နဲ့ ကစားပြီးအချိန်မှာ ပြောင်းလဲသွား  တာက ကိန်းကဏန်းတွေပါပဲ၊ အရင်တုန်းက ၁၀ မှတ်၊ ၁၁ မှတ် ၊ အခုတော့ ၁၃ မှတ်ဖြစ်သွားတာပေါ့။ ပွဲစခင်မှာ  ကျနော်တို့ ဖလားအကြောင်းကိုမစဉ်းစားခဲ့သလို ၊ ဒီအကြောင်းကိုပြောခြင်း၊ ခံစားနေခြင်းမရှိပါဘူး။ တကယ် တော့ဒီအလုပ်ကြီးက စိတ်ဝင်စားစရာလဲ မကောင်းပါဘူး။ ကျနော်တို့အခုချိန်မှာ နောက်လာမယ့်ပွဲစဉ်တွေ အကြောင်းပဲအာရုံစိုက်နေပါတယ်။ နောက်လာမယ့် ပွဲတွေမှာ ဝုဗ်၊ ရှက်ဖီယူနိုက်တက်၊ အဲဗာတန်၊   တော့တင်ဟမ်၊ မန်ချက်စတာ ယူနိုက်တက်စတဲ့အ သင်းတွေနဲ့ ကစားဖို့ရှိနေပါတယ်။ ဒီအခြေအနေမှာ ဘာမဆို ပြောင်းလဲသွားနိုင်ပါတယ်။ ကျနော်တို့ ပြင်ဆင်ထားရမယ့် အရာအားလုံးအတွက် ကြိုးစားပြင်ဆင် သွားမှာပါ။ ကိန်းဂဏန်းတွေက အရေးမကြီးသေးပါဘူး” လို့လဲ ဂျာမန် နည်းပြကြီးက ပြောပါတယ်။  ဘောက်ဆင်ဒေးမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ရောဘတ်တိုဖာမီနို၊ ဂျိမ်းစ်မီလ်နာ၊  အလက်ဇန်းဒါး အာနိုးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာအသင်းရဲ့ညာနောက်ခံလူ အာနိုးလ် ဟာအထူးခြေစွမ်းပြနိုင်ခဲ့ပြီးတော့ တစ်ဂိုးသွင်း နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ဒီပွဲရဲ့ အကောင်းဆုံး  ကစားသမားဆုကို ရရှိခဲ့ပါတယ်။  ကလော့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲကစားပြီးချိန်မှာ ရှုံးပွဲ  မရှိသေးဘဲ နှစ်မှတ်သာ ဆုံးရှုံးသေးပါတယ်။ လက်ရှိအချိန်မှာ သူတို့အသင်းဟာ တစ်ပွဲကျန်အနေအထားနဲ့ အမှတ်ပေးဇယားကိုပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ပေမယ့် ရာသီကုန်ဆုံးချိန်မှာ အမှတ်ပေးဇယားကို အမှန်တကယ်ဆွတ်ခူးသွားနိုင်မလားဆိုတာကိုတော့ ဆက်လက် စောင့် ကြည့်သွားရမှာ ပဲဖြစ်ပါတယ်။   
2 years Ago
ဆုဖလားကြောင့် ဝမ်းမြောက်ခဲ့သော်လည်း ချိန်ဘာလိန် ဒဏ်ရာရခဲ့သဖြင့် စိတ်ထိခိုက်ခဲ့ရဟု လီဗာပူး နည်းပြပြော
ကမ္ဘာ့ကလပ်များဖလားကို သိမ်းပိုက်နိုင်ခဲ့လို့ ပျော်ရွှင်ရပေမယ့် ကွင်းလယ်လူ ချိန်ဘာလိန် ဒဏ်ရာရရှိခဲ့မှုက စိတ်ထိခိုက်စရာ ဖြစ်စေခဲ့တယ်လို့ လီဗာပူး နည်းပြ ဂျာဂန်ကလော့ က ဝန်ခံပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ညက ဖလာမင်ဂိုအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမီနိုရဲ့ တလုံးတည်းသော အချိန်ပို အနိုင်ဂိုးနဲ့အတူ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့ကာ ဖလားကို ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန် ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာတင် လူစားလဲခဲ့ရတာကြောင့် လီဗာပူးအတွက် အရင်းအနှီး ကြီးမားခဲ့ပါတယ်။  ချိန်ဘာလိန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ပုံရခဲ့ပြီးတော့ ဒါဟာ ကလော့အတွက် စိတ်မသက်သာစရာ ကိစ္စတခု ဖြစ်ခဲ့ရတာပါ။ အသက် ၂၆ နှစ်အရွယ် ချိန်ဘာလိန်ဟာ အသင်းခေါင်းဆောင် ‌ဂျော်ဒန်ဟန်ဒါဆန်၊ နာဘီကီတာတို့နဲ့ ဗိုလ်လုပွဲလူစာရင်းမှာ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် အဲဗာတန် ရီဘီရီယိုနဲ့ ဘောလုံးယှဉ်လုမှု တခုမှာ ညာဘက် ခြေချင်းဝတ် ဒဏ်ရာရခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီး လီဗာပူးအသင်း အောင်ပွဲခံချိန်မှာ ချိန်ဘာလိန်ကို ချိုင်းထောက်နဲ့ တွေ့ခဲ့ရပြီး “သူ့ပုံစံကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အကောင်းဆုံး အနေအထားမှာတော့ ရှိမနေဘူးပေါ့။ သူ့အရွတ်က ဆန့်သွားတာလား၊ ပျက်သွားတာလား ဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါ့မယ်။ ဒီဖြစ်ရပ်ဟာ ကျနော်တို့ အောင်ပွဲမှာ စိတ်ကသိကအောက်ဖြစ်စရာ ဖြစ်ခဲ့ပေမယ့် ဒါဟာ ပြင်းထန်တဲ့ ပြိုင်ပွဲတွေက ဘာလဲဆိုတာကို ပြသနေပါတယ်” လို့ ကလော့က ပြောပါတယ်။  အခုချိန်မှာ ချိန်ဘာလိန်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ဒဏ်ရာပြင်းထန်တယ် ဆိုရင်တော့ ဒါဟာ သူ့အတွက် နောက်ထပ် အိပ်မက်ဆိုးတခု ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။  အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ ၂၀၁၇-၂၀၁၈ ရာသီမှာလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ ပြီးခဲ့တဲ့ရာသီ ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
2 years Ago
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီဗာပူးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ (ရုပ်သံ)
ကာတာနိုင်ငံ ဒိုဟာမှာကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ လီဗာပူးက ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ်အဖြစ် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ လီဗာပူးကဒီပွဲမှာ ဂိုးသွင်းခွင့် အခွင့်အရေး တော်တော်များများရပေမယ့် အဆုံးသတ် မသေချာတာနဲ့ ဖလာမင်ဂို ဂိုးသမား လက်စွမ်းပြနိုင်လို့ ဦးဆောင်ဂိုးနဲ့ လွဲနေတာပါ။  ဖလာမင်ဂိုအသင်းဘက်ကလည်း ထိုးဖောက် ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျခဲ့လို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။  အချိန်ပို ပထမပိုင်းမှာ ၉၉ မိနစ်မှာ လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဖာမီနိုက အပိုင်ကန်သွင်းယူပါတယ်။ ဒီပွဲမှာ ဖာမီနို ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။  လီဗာပူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိက ချန်ပီယံကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ရယူနိုင်တာပါ။  ဖီဖာရဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပရီးမီးယားလိဂ် အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် ပြီးရင် လီဗာပူးက ဒုတိယမြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
2 years Ago
လီဗာပူးက ချဲလ်ဆီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ
2 years Ago
ဆာလက်ချ်ဟာ တဦးတည်း ဂိုးသွင်းယူဖို့ စိတ်အားထက်သန်သူဟု အာစင်ဝင်းဂါး သုံးသပ်
မိုဟာမက်ဆာလက်ချ်ဟာ မက်ဆီလို တိုက်စစ်မှူးဖြစ်ပေမယ့် သူတယောက်တည်း ဂိုးသွင်းယူဖို့ စိတ်အားထက်သန်သူ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ဝေဖန်သုံးသပ်လိုက်ပါတယ်။ ဆာလက်ချ်ဟာ မက်ဆီနဲ့ ပုံစံတူ‌ကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ မက်ဆီလို စိတ်ရှည် သည်းခံဖို့ လိုအပ်နေသေးတယ်လို့ ဝင်းဂါးက‌ ပြောပါတယ်။ အာစင်ဝင်းဂါးက ဆာလက်ချ်လို ကစားသမားကို အလွန်သဘောကျပြီး အရည်အသွေးကောင်း‌တွေ အပြည့်ရှိတယ်လို့‌ ပြောပါတယ်။ ဆာလက်ချ်အပြင် မာနေးဟာလည်း အတူတူပဲဖြစ်‌ကြောင်း၊ ကစားသမား နှစ်ဦးစလုံးမှာ ဘောလုံးကို ပေးရမလား၊ ကန်သွင်းရမလားဆိုတဲ့ ရှုထောင့်ကို နားလည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဆာလက်ချ်နဲ့ မာနေးတို့ဟာ ဘောလုံးပေးဖို့ ‌ပြောရင်းကနေ အချင်းများခဲ့ကြတာ‌ကြောင့် အသင်းဖော် ဖာမီနိုက ဝင်ရောက် ဖျန်‌ဖြေပေးခဲ့ရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဆာလက်ခ်ျဟာ တဦးတည်း ဂိုးသွင်းယူဖို့ စိတ်အားထက်သန်သူဟု အာစင်ဝင်းဂါး သုံးသပ် မိုဟာမက်ဆာလက်ခ်ျဟာ မက်ဆီလို တိုက်စစ်မှူးဖြစ်ပေမယ့် သူတယောက်တည်း ဂိုးသွင်းယူဖို့ စိတ်အားထက်သန်သူ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ဝေဖန်သုံးသပ်လိုက်ပါတယ်။ ဆာလက်ခ်ျဟာ မက်ဆီနဲ့ ပုံစံတူ‌ကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ မက်ဆီလို စိတ်ရှည် သည်းခံဖို့ လိုအပ်နေသေးတယ်လို့ ဝင်းဂါးက‌ ပြောပါတယ်။ အာစင်ဝင်းဂါးက ဆာလက်ခ်ျလို ကစားသမားကို အလွန်သဘောကျပြီး အရည်အသွေးကောင်း‌တွေ အပြည့်ရှိတယ်လို့‌ ပြောပါတယ်။ ဆာလက်ခ်ျအပြင် မာနေးဟာလည်း အတူတူပဲဖြစ်‌ကြောင်း၊ ကစားသမား နှစ်ဦးစလုံးမှာ ဘောလုံးကို ပေးရမလား၊ ကန်သွင်းရမလားဆိုတဲ့ ရှုထောင့်ကို နားလည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဆာလက်ခ်ျနဲ့ မာနေးတို့ဟာ ဘောလုံးပေးဖို့ ‌ပြောရင်းကနေ အချင်းများခဲ့ကြတာ‌ကြောင့် အသင်းဖော် ဖာမီနိုက ဝင်ရောက် ဖျန်‌ဖြေပေးခဲ့ရပါတယ်။
2 years Ago
ဂိုးပြတ်အနိုင်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သည့် လီဗာပူး (ရုပ်သံ)
2 years Ago
လီဗာပူးကို မယှဉ်နိုင်စရာ အကြောင်းမရှိဟု အူဘာမီယန်း ပြော
2 years Ago
လီဗာပူးနှင့်အာဆင်နယ်တို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီး လီဗာပူးနဲ့ အာဆင်နယ်တို့ အသီးသီးအနိုင်ရသွားပါတယ်။ မနေ့ညအစောပိုင်းပွဲစဉ်မှာ အာဆင်နယ်အသင်းက ဘန်လေကို ၂ ဂိုး ၁ ဂိုး၊ လီဗာပူးက ဆောက်သမ်တန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၃ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ လာကာဇက်နဲ့ အူဘာမီယန်းတို့က သွင်းယူခဲ့တာပါ။ ဘန်လေအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၄၃ မိနစ်မှာ အက်ရှ်လေက သွင်းယူခဲ့တာပါ။ ဒီပွဲမှာ အိမ်ရှင် အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့တာပါ။ ဘန်လေအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ၁၀ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ရာသီအစ နှစ်ပွဲဆက်အနိုင်ရရှိတဲ့ မှတ်တမ်းကောင်းပြန်လည်ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းအတွက်ဂိုးတွေကိုတော့  ပွဲကစားချိန် ၄၅ မိနစ်နဲ့ ၇၁ မိနစ်တို့မှာ မာနေးနဲ့ ဖာမီနိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ဆောက်သမ်တန်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲကစားချိန် ၈၃ မိနစ်မှာ ဒန်နီအင့်က သွင်းယူခဲ့တာပါ။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှာတော့ မန်စီးတီးနဲ့ စပါးအသင်းတို့ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ပရီးမီးယားလိဂ် ရာသီအစမှာ လီဗာပူးအသင်းနဲ့ အာဆင်နယ်တို့ဟာ ၂ ပွဲလုံး အနိုင်ရရှိထားပြီး အမှတ်ပေးဇယားမှာ ဦးဆောင်နေပါတယ်။
2 years Ago
တန်ဖိုးအကြီးဆုံး ဘောလုံးသမားအဖြစ် ပီအက်စ်ဂျီကြယ်ပွင့် အန်ဘာပေး သတ်မှတ်ခံရ
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးသမားအဖြစ် ပီအက်စ်ဂျီ လူငယ်ကြယ်ပွင့် အန်ဘာပေး သတ်မှတ်ခံခဲ့ရပြီး ပေါင်သန်း ၂၃၀ ထိ တန်ကြေးရှိတယ်လို့ ဘောလုံးလေ့လာဆန်းစစ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သူ့ရဲ့နောက်မှာတော့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက ဆာလက်နဲ့ စတာလင်တို့ ရပ်တည်နေပါတယ်။ လီဗာပူးတိုက်စစ်မှူး ဆာလက်ကတော့ ပေါင်သန်း ၂၀ဝ တန်ကြေးရှိနေပြီး မန်စီးတီးတိုက်စစ်မှူး စတာလင်ကတော့ ပေါင်သန်း ၁၉၀ တန်ကြေး ပေးခံရပါတယ်။ ကစားသမားဘဝ နေဝင်ချိန်နဲ့ တဖြည်းဖြည်း နီးကပ်လာခဲ့တဲ့ လီယွန်နယ်မက်ဆီကတော့ ထူးထူးခြားခြားပဲ သူ့ရဲ့ခြေစွမ်းကို ယုံကြည်နေကြသေးပုံပေါ်ပြီး ပေါင် ၁၅၃ သန်းလောက် တန်ကြေးရှိတယ်လို့ စာရင်းမှာ ဖော်ပြပါတယ်။ ဒေါမန်အသင်းမှာ ကစားနေတဲ့ လူငယ်တိုက်စစ်မှူးလေး ဂျေဒန်ဆန်ချိုကတော့ နာမည်ကျော်ကြားခြင်း သိပ်မရှိပေမယ့် ဘွန်ဒက်စ်လီဂါမှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းကြောင့် ပေါင် ၁၄၅ သန်းတန်ကြေး သတ်မှတ်ထားခဲ့ပါတယ်။ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ဖို့ ဆန်ခါတင် သတ်မှတ်ထားတဲ့ နာမည်ကြီး ရော်နယ်ဒိုနဲ့ ဗန်ဒိုက်တို့ကတော့ ပါဝင်လာခြင်း မရှိပါဘူး။ အဆင့် ၅ နေရာကနေ ၁၀ ထိကိုလည်း ပရီးမီးယားလိဂ်ကစားသမား အတော်များများကပဲ သိမ်းပိုက်သွားခဲ့ပြီးတော့ ဆာလက်ရဲ့ အသင်းဖော် ဆာဒီယိုမာနေးက ပေါင် ၁၄၄ သန်း၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ၁၄၃ သန်း၊ ဖာမီနိုက ၁၃၂ သန်း၊ ဘာကာကစားသမားသစ် ဂရစ်ဇ်မန်းက ၁၃၁ သန်းနဲ့ အစဉ်လိုက် ရပ်တည်နေပြီး နံပါတ် ၁၀ နေရာမှာကတော့ မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား လီရွိုင်ဆာနေးက ပေါင် ၁၂၅ သန်းတန်ကြေးနဲ့ ရပ်တည်နေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တနဖှိုးအကှီးဆုံး ဘောလုံးသမားအဖှဈ ပီအကဈှဂှီကှယပှှငှ့ အနဘှာပေး သတမှှတခှံရ ကမဘြာ့တနဖွိုးအကှီးဆုံး ဘောလုံးသမားအဖှဈ ပီအကဈွဂှီ လူငယကွှယပွှငွ့ အနဘွာပေး သတမွှတခွံခဲ့ရပှီး ပေါငသွနွး ၂၃၀ ထိ တနကွှေးရှိတယလွို့ ဘောလုံးလေ့လာဆနွးစဈရေးအဖှဲ့ရဲ့ ထုတပွှနခွကှအွရ သိရပါတယွ။ သူ့ရဲ့နောကမွှာတော့ ပရီးမီးယားလိဂထွိပသွီးအသငွးတှကေ ဆာလကနွဲ့ စတာလငတွို့ ရပတွညနွပေါတယွ။ လီဗာပူးတိုကစွဈမှူး ဆာလကကွတော့ ပေါငသွနွး ၂၀ဝ တနကွှေးရှိနပှေီး မနစွီးတီးတိုကစွဈမှူး စတာလငကွတော့ ပေါငသွနွး ၁၉၀ တနကွှေး ပေးခံရပါတယွ။ ကစားသမားဘဝ နဝငခွှေိနနွဲ့ တဖှညွးဖှညွး နီးကပလွာခဲ့တဲ့ လီယှနနွယမွကဆွီကတော့ ထူးထူးခှားခှားပဲ သူ့ရဲ့ခှစှမွေးကို ယုံကှညနွကှသေေးပုံပေါပွှီး ပေါငွ ၁၅၃ သနွးလောကွ တနကွှေးရှိတယလွို့ စာရငွးမှာ ဖောပွှပါတယွ။ ဒေါမနအွသငွးမှာ ကစားနတေဲ့ လူငယတွိုကစွဈမှူးလေး ဂှဒနဆွေနခွှိုကတော့ နာမညကွှောကွှားခှငွး သိပမွရှိပမယွေ့ ဘှနဒွကဈွလီဂါမှာ ပှသနတေဲ့ သူ့ရဲ့ခှစှမွေးကှောငွ့ ပေါငွ ၁၄၅ သနွးတနကွှေး သတမွှတထွားခဲ့ပါတယွ။ ထိပဆွုံး ၁၀ ဦးစာရငွးမှာ ယူအီးအကဖွအွေ အကောငွးဆုံးကစားသမားအဖှဈ ရှေးခယှဖွို့ ဆနခွါတငွ သတမွှတထွားတဲ့ နာမညကွှီး ရောနွယဒွိုနဲ့ ဗနဒွိုကတွို့ကတော့ ပါဝငလွာခှငွး မရှိပါဘူး။ အဆငွ့ ၅ နရောကနေ ၁၀ ထိကိုလညွး ပရီးမီးယားလိဂကွစားသမား အတောမွှားမှားကပဲ သိမွးပိုကသွှားခဲ့ပှီးတော့ ဆာလကရွဲ့ အသငွးဖောွ ဆာဒီယိုမာနေးက ပေါငွ ၁၄၄ သနွး၊ စပါးတိုကစွဈမှူး ဟယရွီကိနွးက ၁၄၃ သနွး၊ ဖာမီနိုက ၁၃၂ သနွး၊ ဘာကာကစားသမားသဈ ဂရဈဇမွနွးက ၁၃၁ သနွးနဲ့ အစဉလွိုကွ ရပတွညနွပှေီး နံပါတွ ၁၀ နရောမှာကတော့ မနစွီးတီး တောငပွံတိုကစွဈကစားသမား လီရှိုငဆွာနေးက ပေါငွ ၁၂၅ သနွးတနကွှေးနဲ့ ရပတွညနွပေါတယွ။
2 years Ago
ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ချဲလ်ဆီးကိုနိုင်ပြီး လီဗာပူး ဥရောပစူပါဖလား ဆွတ်ခူး (ရုပ်သံ)
ဥရောပစူပါဖလားပွဲစဉ်အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးနဲ့ ယူရိုပါလိဂ် ချန်ပီယံ ချဲလ်ဆီးတို့ မနေ့ကယှဉ်ပြိုင်ရာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ လီဗာပူး အနိုင်ရပြီး ဖလားဆွတ်ခူးသွားပါတယ်။ ဒီပြိုင်ပွဲဟာ ပြီးခဲ့တဲ့ရာသီက ဥရောပချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ရဲ့ ရာသီအကြို ယှဉ်ပြိုင်တဲ့ ပွဲစဉ်တခု ဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဂိုးသမားအဖြစ် အေဒရီယန်နဲ့ ပွဲထွက်လာပြီး ချိန်ဘာလိန်၊ မာနေး၊ ဆာလက်၊ မီလ်နာ၊ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ရောဘတ်ဆန်၊ မာတစ်၊ ဂိုမက်ဇ်၊ ဗန်ဒိုက်တို့ကို အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို နည်းနည်းပြောင်းပြီး တိုက်စစ်မှူး ဂျရူး၊ ကန်တေတို့ကို ပွဲအစကတည်းက ထုတ်သုံးသွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်း ကစားပုံ ပိုကောင်းပြီး လီဗာပူးဘက်ကို ဖိအားပေးနိုင်သလို ၃၆ မိနစ်မှာ တိုက်စစ်မှူး ဂျရူးက ဦးဆောင်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းက တိုက်စစ်မှူး ဖာမီနိုကို လူစားဝင်ကစားစေပြီး ချေပဂိုးရရေး တိုကစစ်ဆင်ကစားပြီး ပွဲချိန် ၄၈ မိနစ်မှာ မာနေးက ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် မိနစ်ကိုးဆယ်အထိ သရေကျလို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ ပွဲချိန် ၉၅ မိနစ်မှာ မာနေးကပဲ ဦးဆောင်ဂိုးသွင်းပြီး နှစ်ဂိုး တဂိုးနဲ့ လီဗာပူး ဦးဆောင်နိုင်ပေမယ့် ၁၀၁ မိနစ်မှာ ပယ်နယ်တီကတဆင့် ဂျော်ဂျင်ဟိုက ချဲလ်ဆီးအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။ အချိန်ပိုမှာလည်း သရေကျလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ လီဗာပူးက ငါးဂိုးစလုံးဝင်ပြီး ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟင်မ်ရဲ့ ကန်သွင်းချက် လီဗာပူးဂိုးသမား ခြေထောက်နဲ့ထိပြီး ဂိုးမဝင်တဲ့အတွက် လီဗာပူးအနိုင်ရပြီး ဥရောပစူပါဖလား ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။
2 years Ago
ရာသီသစ် ဂိုးပြတ်နိုင်ပွဲဖြင့် အဖွင့်လှခဲ့သည့် လီဗာပူး (ရုပ်သံ)
၂၀၁၉-၂၀၂၀ဘ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လီဗာပူး နော့ဝှစ်ချ်တို့ရဲ့ပွဲစဉ်နဲ့ရာသီသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အစောဆုံးပွဲစဉ်တပွဲဖြစ်တဲ့ အဲ့ဒီပွဲမှာတော့ လီဗာပူးတို့ အိမ်ကွင်း အန်ဖီးလ်မှာ ခြေစွမ်းကောင်းတွေ ပြသပြီး ၄ ဂိုး ၁ ဂိုးရလဒ်နဲ့ ဧည့်သည်တန်းတက်အသင်း နော့ဝှစ်ချ်ကို ဂိုးပြတ်သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၇ မိနစ်မှာ နော့ဝှစ်ချ်နောက်ခံလူ ဂရန့်ဟန်လီက ကိုယ့်ဂိုးကိုသွင်းမိခဲ့လို့ လီဗာပူးတို့ အဖွင့်ဂိုးရရှိသွားပါတယ်။ အဲ့ဒီနောက်မှာ တန်းတက်အသင်းဖြစ်တဲ့ နော့ဝှစ်ချ်ကို လီဗာပူးတို့ တရစပ်ဖိအားပေးကစားခဲ့တာကြောင့် ဧည့်သည်အသင်း ကစားကွက်ပျက်ခဲ့ရပါတယ်။ ၁၉ မိနစ်အရောက်မှာတော့ ဖာမီနိုချပေးတဲ့ဘောလုံးကို ဆာလက်က ဒုတိယဂိုးအဖြစ်သွင်းယူခဲ့သလို ၂၈ မိနစ်မှာတော့ ဆာလက် ထောင့်ကန်ဘောတင်ပေးတဲ့ဘောလုံးကို ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူပေးခဲ့လို့ လီဗာပူးတို့ ၃ ဂိုးပြတ်ဦးဆောင်သွားခဲ့ပါတယ်။ ပွဲပြီးဖို့ ၃ မိနစ်လိုတဲ့အချိန်မှာ အိုရီဂီက စတုတ္ထမြောက်ဂိုးသွင်းယူသွားခဲ့လို့ လီဗာပူးတို့ ပထမပိုင်းအပြီးမှာ ၄ ဂိုးပြတ်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နော့ဝှစ်ချ်အတွက် တလုံးတည်းသောချေပဂိုးကို ပွစ်ကီက ၆၄ မိနစ်မှာ သွင်းယူပေးပြီး ၄ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။  အခုနှစ်ရာသီချန်ပီယံဆုအတွက် ထင်ကြေးပေးခံထားရတဲ့အသင်းပီပီ လီဗာပူးကတော့ ရာသီသစ်ကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။
2 years Ago
ပယ်နယ်တီအဆုံးအဖြတ်ဖြင့် လီဗာပူးကိုနိုင်ပြီး မန်စီးတီး ကွန်မြူနတီဒိုင်း ဆွတ်ခူး (ရုပ်သံ)
ပရီးမီးယားလိဂ် ရာသီမစခင် ယှဉ်ပြိုင်နေကျဖြစ်တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် မန်စီးတီးနဲ့ လီဗာပူးတို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ပယ်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအသင်းဟာ ဆာနေး၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရိုင်း စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာသလို အသစ်ခေါ်ထားတဲ့ ရိုဒရီကိုလည်း အသုံးပြုသွားပါတယ်။ လီဗာပူးအသင်းကတော့ တိုက်စစ်မှူး မာနေး မပါဝင်နိုင်ဘဲ ဆာလက်၊ ဖာမီနို၊ အိုရီဂီ၊ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ဝစ်ချ်နယ်လ်ဒန်၊ ရောဘတ်ဆန်၊ ဗန်ဒိုက်၊ အာနိုးလ်၊ ဂိုးမက်ဇ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ မန်စီးတီး တောင်ပံတိုက်စစ်မှူး ဆာနေး ဒဏ်ရာရသွားလို့ ဂျီးဆပ်စ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာစီးယူနိုင်ပေမယ့် အဖွင့်ဂိုးကိုတော့ မန်စီးတီးအသင်း ရသွားတာဖြစ်ပြီး ပွဲချိန် ၁၂ မိနစ်မှာ စတာလင်က သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ချေပဂိုးရဖို့အတွက် ဒုတိယပိုင်းမှာ တိုက်စစ်မှူး ချိန်ဘာလိန်၊ ရှာကွီရီ၊ လယ်လာနာ၊ ကီတာနဲ့ မာတစ်တို့ကို လူစားလဲ အသုံးပြုခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်ကစားသမား မာတစ်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ တဂိုးစီသရေဖြစ်နေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ မန်စီးတီးက ငါးဂိုးစလုံးဝင်ပြီး လီဗာပူးအသင်းက ဝစ်ချ်နယ်လ်ဒန်ရဲ့ ကန်သွင်းချက်ကို မန်စီးတီးဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့တဲ့အတွက် မန်စီးတီးအသင်း အနိုင်ရသွားတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက်တော့ ကွန်မြူနတီဒိုင်းကို ၆ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
Zawgyi Version
2 years Ago
လီဗာပူးအသင်း ရီဘာရီကိုခေါ်ယူရန် ကြိုးပမ်းနေဟု သတင်းထွက်ပေါ်
လီဗာပူးလ်အသင်းဟာ အသက် ၃၆ နှစ်အရွယ် တောင်ပံကစားသမားကြီး ဖရန့်ရီဘာရီကိုခေါ်ယူဖို့ အံ့အားသင့်ဖွယ်ကြိုးပမ်းနေတယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။ ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာလာပြီးတဲ့နောက်မှာ အသင်းသစ်ကို ရှာဖွေနေသူဖြစ်ပါတယ်။ ပြင်သစ်သတင်းစာတစ်ခုဖြစ်တဲ့ L’Equipe ကတော့ လီဗာပူနည်းပြ ယာဂန်ကလော့ဟာ ရီဘာရီကို ခေါ်ယူဖို့အတွက် အရှိန်မြှင့်တင်ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။ ကလော့ပ်ဟ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးထဲမှာ ပါဝင်တဲ့ တိုက်စစ်ကစားသမားသုံးဦးဖြစ်တဲ့ ဆာလတ်၊ မာနေး၊ ဖာမီနိုတို့လို မြန်နှုန်းမြင့်ကစားသမားသုံးဦးကို ပိုင်ဆိုင်ထားပြီး သူတို့နောက်မှာ အိုရီဂီလိုကစားသမားမျိုးကလည်း အရန်အသင့်ရှိနေကာ ရိုင်ရယ်ကန့်၊ ဘန်ရူးစတားတို့လို လူငယ်ကစားသမားတွေကလည်း အသင်းကြီးမှာ ပွဲထွက်ဖို့ တာဆူနေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အပြောင်းအရွှေ့ကာလမှာ ငြိမ်သက်လျက်ရှိတဲ့ ကလော့ပ်ကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ရီဘာရီဟာ အသက် ၃၇ နှစ်ရှိနေပြီဖြစ်ပေမယ့် ကစားနိုင်စွမ်း များစွာကျန်ရှိနေသေးဖြစ်ပြီး အနားယူဖို့ထက် အသင်းတသင်းနဲ့ စာမျက်နှာသစ်တခု ဖွင့်လှစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ သူ့ကိုသာ အမှန်တကယ်ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ လီဗာပူးအသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတခု ဖြစ်လာနိုင်စရာရှိနေပါတယ်။ ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၂ ရာသီကြာကစားခဲ့ပြီး ၄၂၅ ပွဲမှာ ၁၂၄ ဂိုးကိုသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ သူဟာ ဘိုင်ယန်အသင်းအတွက် ဘွန်ဒက်လီဂါဖလား ကိုးလုံး၊ ချန်ပီယံလိဂ်ဖလားတစ်လုံး၊ ဂျာမာန်ဖလား ခြောက်လုံးအပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့သူပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ကပ်ပြီး လက်လွှတ်ခဲ့ရတဲ့ လီဗာပူးအသင်းဟာ အခုအပြောင်းအရွှေ့ကာလမှာ အသက် ၁၇ နှစ်အရွယ် နယ်သာလန်နောက်ခံလူ ဗန်ဒန် ဘာ့ဂ်ျတဦးတည်းကိုသာ ခေါ်ယူထားသေးပါတယ်။
2 years Ago
Up