DVB Logo
Home
အားကစား
ဘတ်ဖွန်ကို ကျော်ဖြတ်ပြီး ဂိုးမပေးရသည့်ပွဲအများဆုံးဂိုးသမားအဖြစ် ဖလူမင်နိစ် ဂိုးသမားစံချိန်တင်
DVB
·
July 2, 2025
ဘတ်ဖွန်ကို ကျော်ဖြတ်ပြီး ဂိုးမပေးရသည့်ပွဲအများဆုံးဂိုးသမားအဖြစ် ဖလူမင်နိစ် ဂိုးသမားစံချိန်တင်
Donate to DVB

ဘရာဇီးကလပ် ဖလူမင်နိစ်ဂိုးသမား ဖေဘီယိုဟာ အီတလီဂိုးသမားကြီး ဘတ်ဖွန်စံချိန်တင်ထားတဲ့ ဂိုးမပေးရတဲ့ ပွဲအများဆုံးမှတ်တမ်းကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဇူလိုင် ၁ ရက် မနက်ပိုင်းက ကစားသွားတဲ့ အင်တာမီလန်နဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ဖလူမင်နိစ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဂိုးသမား ဖေဘီယိုအတွက် ဂိုးမပေးရတဲ့ပွဲ ၅၀၈ ပွဲ မြောက် အထိရှိလာခဲ့တာပါ။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးဂိုးသမားဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းဂိုးမပေးရတဲ့ပွဲ ၃ ပွဲ အထိရှိခဲ့ပြီး ဘက်ဖွန်ရဲ့စံချိန်ကို လိုက်မီပြီး ရက်ပိုင်းအတွင်းမှာပဲ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဘရာဇီး လက်ရွေးစင်မဖြစ်ဖူးတဲ့ သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အင်တာမီလန်နဲ့ ပွဲမှာလည်း လက်စွမ်းပြနိုင်ခဲ့ပြီး ထိပ်တန်း အဆင့်စွမ်းဆောင်ရည်ရရှိခဲ့ပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက ကစားသမားဘဝစတင်ခဲ့ပြီး ဘရာဇီးကလပ်တွေမှာ ပဲကျင်လည်ခဲ့သူ ဖေဘီယိုဟာ လက်ရှိအချိန်အထိ ပွဲပေါင်း ၁၃၇၈ ပွဲ ကစားထားပြီး ပွဲအများဆုံးစံချိန်တင်ထားတဲ့ အင်္ဂလန်ဂိုးသမားကြီး ပီတာရှဲလ်တန်ကို ကျော်ဖြတ်နိုင်ဖို့ ၁၀ ပွဲလောက်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013