DVB Logo
Home
အားကစား
သမိုင်းတလျှောက် အကောင်းဆုံးဂိုးသမား ၃ ဦးကို ပီတာချက်ရှ် ရွေးချယ်
DVB
·
February 19, 2024
သမိုင်းတလျှောက် အကောင်းဆုံးဂိုးသမား ၃ ဦးကို ပီတာချက်ရှ် ရွေးချယ်
Donate to DVB

သမိုင်းတလျှောက် အကောင်းဆုံးဂိုးသမား သုံးယောက်ကို ချဲလ်ဆီးနဲ့ အာဆင်နယ် ဂိုးသမားဟောင်း ပီတာချက်ရှ်က ရွေးချယ်ပေးသွားပါတယ်။

စကိုင်းစပေါ့ကနေ တင်ဆက်တဲ့ အင်တာဗျူးအစီအစဉ်မှာ အင်္ဂလန်နောက်ခံလူဟောင်း ဂျေမီကာရေဂါက အကောင်းဆုံးဂိုးသမား သုံးယောက်ကို ရွေးချယ်စေခဲ့တာပါ။

အလွန်ခက်ခဲတဲ့မေးခွန်းဖြစ်ပေမဲ့ အီတလီဂိုးသမား ဘတ်ဖွန်ကို သေချာပေါက် ရွေးချယ်ရာမှာ ဖြစ်ကြောင်း ပီတာချက်ရှ်က ပြောပါတယ်။

ဒါ့အပြင် ဂျာမနီနဲ့ ဘိုင်ယန်ဂိုးသမား နော်ယာကိုလည်း သေချာပေါက် ရွေးချယ်ရမှာဖြစ်သလို တခြား ဂန္ထဝင်ဂိုးသမားကြီးတွေ ရှိပေမဲ့ မန်ယူဂိုးသမားဟောင်း ရှမိုက်ကယ်ကိုလည်း ချန်ထားလို့မရကြောင်း ပီတာချက်ရှ်က ပြောသွားပါတယ်။

ဘက်ဖွန်၊ နော်ယာနဲ့ ပီတာရှမိုက်ကယ်တို့ကို ပီတာချက်ရှ်က အစဉ်လိုက် ရွေးချယ်သွားခဲ့တာ ဖြစ်ပြီး ဘက်ဖွန်နဲ့ နော်ယာတို့ဟာ ကမ္ဘာ့ချန်ပီယံဂိုးသမားတွေ ဖြစ်ကြောင်းလည်း ပီတာချက်ရှ်က ချီးကျူးသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013