DVB Logo
Home
နိုင်ငံတကာ
လောင်းကစားကြော်ငြာများကို ဩစတြေးလျ ကန့်သတ်
DVB
·
April 2, 2026
Photo: AUSTRALIAN BROADCASTING CORPORATION
Photo: AUSTRALIAN BROADCASTING CORPORATION
Donate to DVB

လောင်းကစားကြော်ငြာတွေမှာ နာမည်ကြီးသူတွေနဲ့ ကြော်ငြာတာကို ပိတ်ပင်မှာဖြစ်ပြီး အွန်လိုင်း လောင်းကစားကြော်ငြာတွေကိုလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူ အင်တာနက်သုံးခွင့်ရသူတွေကိုပဲ ပြသခွင့် ကန့်သတ်မယ်လို့ ဩစတြေးလျက ဧပြီ ၂ ရက်မှာ ပြောပါတယ်။

လောင်းကစားကြော်ငြာတွေဟာ အခမဲ့ရုပ်သံလိုင်းတွေနဲ့ အားကစားကဏ္ဍ ဝင်ငွေတွေကို အဓိက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

လောင်းကစားကြော်ငြာတွေဟာ အစောပိုင်းကတည်းက ရုပ်သံထုတ်လွှင့်မှုမှာ အချိန်အကန့်အသတ်နဲ့ ထုတ်လွှင့်ဖို့ ကန့်သတ်ခံထားရတာ ဖြစ်ပါတယ်။

အသစ်ထွက်တဲ့ဥပဒေတွေအရ မနက် ၆ နာရီကနေ ည ၈ နာရီခွဲအတွင်း ၁ နာရီမှာ ၃ ကြိမ်အထိ ပါဝင်ပြီး Live လွှင့်နေတဲ့အချိန် လောင်းကစားကြော်ငြာတွေ လုံးဝ ကြော်ငြာခွင့်ရမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ကျောင်းဆင်းချိန်နဲ့ ကျောင်းတက်ချိန်တွေမှာ ရေဒီယိုကနေ လောင်းကစားကြော်ငြာ ထုတ်လွှင့်တာကို ပိတ်ပင်ထားပါတယ်။

လောင်းကစားကြော်ငြာတွေမှာ လူသိများ ထင်ရှားသူတွေနဲ့ အားကစားသမားတွေကိုလည်း ကြော်ငြာရိုက်ခွင့် ပိတ်ပင်ထားပါတယ်။

အားကစားကွင်းမှာ လောင်းကစားကြော်ငြာတွေထားတာ ပိတ်ပင်ထားသလို ကစားသမားနဲ့ တာဝန်ရှိသူတွေရဲ့ အင်္ကျီတွေမှာပါ လောင်းကစားနဲ့ သက်ဆိုင်တာတွေ မပါဖို့ တားမြစ်ထားပါတယ်။

ဩစတြေးလျဝန်ကြီးချုပ်က လောင်းကစားကြော်ငြာတွေကို အွန်လိုင်းအသုံးပြုခွင့်ရှိသူတွေ အတွက်တော့ ကြော်ငြာခွင့် ပြုထားပါတယ်။

လောင်းကစားကြော်ငြာ ကန့်သတ်ချက် ဥပဒေဟာ ၂၀၂၇ ခုနှစ်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒီလောင်းကစားကြော်ငြာကိစ္စဟာ အစိုးရအဖွဲ့အတွက် ခေါင်းခဲစရာပြဿနာတခု ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ ဥပဒေထုတ်ပြန်ပြီး ဖြေရှင်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013