
အီတလီ စီးရီးအေ ဒိုင်လူကြီးချုပ် ဂျန်လူကာ ရော့ခီဟာ အားကစားဆိုင်ရာ လိမ်လည်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ကိုယ့်ကိုယ်ကိုယ် ဆိုင်းငံ့လိုက်ပါတယ်။
သူနဲ့အတူ VAR ကြီးကြပ်ရေးမှူး ဂျာဗာဆိုနီလည်း စုံစမ်းစစ်ဆေးမှုတွေ ခံနေရတာကြောင့် တာဝန်ကနေ အတူတူ နားလိုက်တာပါ။
သူတို့ဟာ အင်တာမီလန်ပွဲတွေမှာ ဒိုင်လူကြီးရွေးချယ်မှုကို လွှမ်းမိုးတာနဲ့ VAR ဆုံးဖြတ်ချက်တွေကို ဖိအားပေး ပြင်ဆင်တာမျိုးတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ရော့ခီကတော့ ဒီစွပ်စွဲချက်တွေကနေ အပြစ်မရှိကြောင်း သက်သေပြသွားမှာဖြစ်ပြီး အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ အခုလို နားလိုက်တာလို့ ဆိုပါတယ်။
အီတလီမှာ အားကစားလိမ်လည်မှုဟာ ထောင်ဒဏ် ၆ နှစ်အထိ ကျခံရနိုင်တဲ့ ပြစ်မှုမျိုး ဖြစ်ပါတယ်။











