
လျောင်နင်းနဲ့ ရှန်တုံး လေယာဉ်တင်သင်္ဘော ၂ စင်းပါတဲ့ တရုတ်ရေတပ် စစ်သင်္ဘောအုပ်စုဟာ ပင်လယ်ပြင်မှာ တိုက်ခိုက်ရေးအတွက် ရည်မှန်းတဲ့ လေ့ကျင့်မှု ပြီးမြောက်ပြီး ဆိပ်ကမ်းတွေဆီ ဘေးကင်းကင်း ပြန်ရောက်လာပြီလို့ တရုတ်ရေတပ်က ဇွန် ၃၀ ရက်မှာ ပြောပါတယ်။
လေ့ကျင့်ရာမှာပါတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်ကို ထိထိရောက်ရောက် စမ်းသပ်ခဲ့ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့ စွမ်းဆောင်ရည်ကို မြှင့်တင်ခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။
တပ်ဖွဲ့တွေဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နဲ့ အနောက်ပစိဖိတ် သမုဒ္ဒရာတို့ကို ဖြတ်ကျော်လေ့ကျင့်ခဲ့တာပါ။
တပ်ဖွဲ့တွေနဲ့ လက်နက်မျိုးစုံပါဝင်တဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေးဆိုင်ရာ စစ်ဆင်ရေးတွေကို အကောင်အထည်ဖော်ခဲ့ပြီး အချင်းချင်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရင်း ထိပ်တိုက်ရင်ဆိုင်မှုတွေကိုလည်း လေ့ကျင့်ခဲ့ပါတယ်။
ကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ကာကွယ်ရေးနဲ့ တန်ပြန်တိုက်ခိုက်ခြင်း၊ ရေကြောင်းတိုက်ခိုက်မှု၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ လေယာဉ်တင်သင်္ဘောတွေရဲ့ နေ့ရောညပါ နည်းဗျူဟာမြောက် ပျံသန်းခြင်းတွေကိုပါ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
ပင်လယ်တွင်း ကမ်းဝေးတိုက်ပွဲကို ဦးတည်လေ့ကျင့်နေချိန်မှာ ပင်လယ်နဲ့ လေကြောင်းပိုင်နက်ထဲက ရှုပ်ထွေးတဲ့ ရာသီဥတုအခြေအနေတွေနဲ့အတူ အပြင်းအထန် လေ့ကျင့်ခဲ့သလို လေယာဉ်တင်သင်္ဘော အခြေစိုက် လေယာဉ်တွေ ပျံတက် ပျံဆင်း လုပ်တာတွေ သေချာစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘောပေါ်က တပ်ဖွဲ့အားလုံး အနီးကပ်ပူးပေါင်းပြီး အသေးစိတ် အစီအစဥ်တွေ ချမှတ်ခဲ့တယ်၊ ပျံသန်းမှု ဘေးကင်းရေးမူကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ခဲ့တယ်၊ လေ့ကျင့်ရေးမှာ လေယာဉ်ပံ့ပိုးမှုဆိုင်ရာ လုပ်ငန်းတာဝန်ကို အာမခံချက် ပေးထားတယ်လို့ လျောင်နင်း လေယာဉ်တင်သင်္ဘောက အရာရှိ ဇန်ဝမ်ဟွေ့က ပြောပါတယ်။
လေ့ကျင့်မှုအတွင်း၊ သင်္ဘောအုပ် ၂ စုဟာ တိုက်ခိုက်ရေးအခြေခံ သဘောတရားနဲ့ စွမ်းအင်ကို တက်တက်ကြွကြွ စူးစမ်းလေ့လာခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘောတွေကို ပေါင်းစပ်တိုက်ခိုက်ရေး စွမ်းရည်တွေ သိသိသာသာ မြှင့်တင်ပေးတဲ့ သုတေသန အောင်မြင်မှုတွေ အများအပြား ရခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters