Search Results For: ဟာလန်း
အာဆင်နယ်တွင် အိုဒီဂတ် ခြေစွမ်းပြနိုင်မည်ဟု ဟာလန်း သုံးသပ်
မာတင်အိုဒီဂတ်ဟာ အာတီတာရဲ့ကစားကွက်မှာ အံဝင်လိမ့်မယ်လို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက သုံးသပ်လိုက်ပါတယ်။ 
ဟာလန်းနဲ့ အိုဒီဂတ်တို့ဟာ နော်ဝေလက်ရွေးစင်အသင်းမှာ တွဲဖက်ကစားနေကြ သူတွေ ဖြစ်ပါတယ်။ 
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်က အာဆင်နယ်အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ဟာလန်းက အသင်းဖော် အိုဒီဂတ် ကို ချီးကျူးခဲ့တာပါ။
 “အာဆင်နယ်က အင်္ဂလန်မှာ အသင်းကြီး တစ်သင်း ဖြစ်တာကြောင့် သူပြောင်းရွှေ့ ကစားတာက စိတ်ဝင်စားစရာပါ။ တခြားလိဂ်တွေနဲ့ ကစားပုံအနည်းငယ် ကွာခြားပေမဲ့ အိုဒီဂတ် အနေနဲ့ နည်းပြအာတေတာရဲ့ နံပါတ်၁၀နေရာမှာ အံဝင်ခွင်ကျ ဖြစ်ပါလိမ့်မယ်။ သူပျော်ရွှင်စွာနဲ့ ကစားနိုင်ပါတယ်။ ပွဲကစားချိန်ပိုရဖို့ သွားတယ်ဆိုတာက ရှင်းလင်းပါတယ်။ ဒါက သူလိုအပ်တဲ့ အရာလည်းဖြစ်တယ်”လို့ ဟာလန်းက နော်ဝေအသင်းဖော် အိုဒီဂတ်နဲ့ ပတ်သက်ပြီး သုံးသပ်သွားခဲ့ တာ ဖြစ်ပါတယ်။ 
4 months Ago
၅ ပွဲဆက်ဂိုးမပေးခဲ့ရသည့် လိုက်ဇစ်ကို ဟာလန်းနှင့် ဆန်ချိုတို့၏ ဂိုးများဖြင့် ဒေါ့မွန်အနိုင်ရ
မနေ့ညက ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းက  တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးတွေနဲ့အတူ လိုက်ဇစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။  နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးမပေးခဲ့ရတဲ့ လိုက်ဇစ်အသင်းဟာ ဒုတိယပိုင်းအရောက်မှာ ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။  ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆန်ချိုက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး  ပွဲချိန် ၇၁ မိနစ်နဲ့ ၈၄ မိနစ် တွေမှာ တိုက်စစ်မှူးဟာလန်းက ၂ ဂိုးဆက်သွင်းခဲ့တာပါ။  လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ပွဲချိန်မိနစ် ၉၀ ရောက်မှာ ဆိုလော့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ လိုက်ဇစ်တို့ အမှတ်မရတဲ့အချိန်မှာ ဒေါ့မွန်အသင်းက အဆင့် ၄ နေရာကနေ ဖိအား ပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက်တော့ ဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာပဲ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။  
4 months Ago
ဒေါ့မွန်အသင်းနှင့် ဖလားများဆွတ်ခူးရန် အာရုံစိုက်ထားကြောင်း ဟာလန်းပြော
ဒေါ့မွန်အသင်းနဲ့ ဆုဖလားတွေကို ဆွတ်ခူးဖို့ဟာ သူ့အိပ်မက်ဖြစ်တယ်လို့ တိုက်စစ်မှူး အာလင်ဟာလန်းက ပြောပါတယ်။  ဟာလန်းဟာ ဇန်နဝါရီလကမှ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပြသနေတဲ့ ခြေစွမ်းကြောင့် မန်စီးတီး အပါအဝင် အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေသူ ဖြစ်ပါတယ်။  သူဟာ တစ်ချိန်ချိန်မှာ ဒေါ့မွန်အသင်းကနေ သေချာပေါက်ထွက်ခွာသွားမှ ာဖြစ်ပေမယ့် အခုချိန်မှာတော့ အသင်းနဲ့အတူ အောင်မြင်မှုတွေရရှိဖို့ မျှော်လင့်ထားတယ်လို့ နော်ဝေ ကစားသမားက ပြောပါတယ်။ “အခုချိန်မှာ ကျနော့်ဘဝရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ကတော့ ဒေါ့မွန်အသင်းနဲ့ ဆုဖလားတစ်ခုခု ဆွတ်ခူးဖို့ဖြစ်ပြီး အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ အသင်းနဲ့ပရိသတ်တွေဟာ အောင်မြင်မှုနဲ့ထိုက်တန်မှုရှိတာကြောင့် ဒီလိုဖြစ်ဖို့ အစွမ်းကုန်ကြိုးစားသွားပါ့မယ်။ အသင်းက ကျနော့်ကိုခေါ်ဖို့ ငွေကြေးများစွာ သုံးစွဲခဲ့ရတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ကျနော့်ရဲ့ပေးဆပ်မှုကို ၁၀၀ ရာခိုင်နှုန်း မျှော်လင့်နိုင်ပါတယ်။ ဒေါ့မွန်အသင်းဟာ ကျနော့်အတွက် အကြီးမားဆုံးအိပ်မက်ပါ။ ဒီအသင်းနဲ့ ဆုဖလားတစ်ခုခု ဆွတ်ခူးဖို့အတွက် ကျနော် အလုပ်လုပ်နေပါတယ်” လို့ လူငယ်တိုက်စစ်မှူးက ပြောပါတယ်။ ဟာလန်းဟာ လေ့ကျင့်ရေးကွင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ပုံမှန်ကြံ့ခိုင်မှုရရှိရေးအတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။  ဒါဟာ တိုက်စစ်မှူးတွေအတွက် ဆိုးရွားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပေမယ့် ဟာလန်းကတော့ ဒဏ်ရာက သက်သာလာရင် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့အတွက် မျှော်လင့်ထားပါတယ်။ “ကျနော်က အမြဲတမ်း ပိုပိုပြီးလိုချင်နေတတ်တဲ့သူပါ။ ကျနော် ၄ ဂိုး သွင်းနိုင်တယ်ထားပါ။ ဒါပေမဲ့ ကျနော် ၆ ဂိုးသွင်းဖို့ကို စိတ်ကူးကြည့်နေမိပါတယ်။ အဲဒီလိုဆို ဘယ်လောက်ကောင်းလိုက်မလဲပေါ့၊ ဒါဟာ ကျနော် လိုချင်နေတဲ့ဟာဖြစ်ပါတယ်” လို့အသက် ၂၀ အရွယ် ကစားသမားက ပြောပါတယ်။ ဒေါ့မွန်အသင်းဟာ လက်ရှိအချိန်မှာ ဆောင်းရာသီ အားလပ်ရက်ရရှိနေတာဖြစ်ပြီ လာမယ့် ဇန်နဝါရီ ၃ ရက်နေ့မှာ ဝုဖ်ဘတ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  ဒီပွဲမှာ ဟာလန်း ပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပြီး နည်းပြဟောင်း လူစီယန်ဖက်ရီ နေရာကို အစားဝင်လာတဲ့  ဒီဒင်တာဇစ်နဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။
5 months Ago
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ဒဏ်ရာကြောင့် အနားယူရမည်
ဒေါ့မွန်စတား အာလင်ဟာလန်းဟာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ဇန်နဝါရီလ လောက်အထိ အနားယူ ရနိုင်တယ်လို့ အသင်းဘက်က အတည်ပြုထုတ်ပြန်ပါတယ်။ ဒေါ့မွန်ဘက်က ဟာလန်းရဲ့ ဒဏ်ရာအခြေအနေကို လာဇီယိုနဲ့ ချန်ပီယံလိဂ် လူစာရင်းထုတ်ပြန်ချိန်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဟာလန်းကို လုံလုံ လောက်လောက် အနားမပေး ခဲ့တဲ့ အမှားကို ကျူးလွန်ခဲ့မိတယ်လို့ ဒေါ့မွန်နည်းပြ လူစီယန်ဖက်ဗရီကလည်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာဝန်ခံခဲ့ပါတယ်။  “ဟာလန်းက ဇန်နဝါရီလအထိ အနားယူရနိုင်ပါတယ်။ သူဟာ ပွဲဆက်အရမ်းများသွားလို့ ဖြစ်ပါမယ်။ အစကတော့ သူ့ဒဏ်ရာက ဒီလောက်မပြင်းထန်ဘူးလို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ အခုကြတော့ သူမကစားနိုင်  တော့ပါဘူး” ဒေါ့မွန်နည်းပြက ပြောပါတယ်။  ဟာလန်းဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တာလို့လည်း သူက ဆက်လက်ပြောပါတယ်။  အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းကို ရောက်ရှိလာချိန် ကတည်းက ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ်ခြေစွမ်းပြနေသူ ဖြစ်တာကြောင့် သူ့ဒဏ်ရာသတင်းဟာ ဒေါ့မွန်အတွက်တော့ ထိုးနှက်ချက်ပဲဖြစ်ပါတယ်။  ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဒေါ့မွန်အတွက် ၁၈ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူ ပေးထားသူဖြစ်ပါတယ်။  သူဟာ အခုရာသီမှာ ပိုကောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ဒေါ့မွန်အတွက် ၁၇ ဂိုး သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။   ဒေါ့မွန်ဟာ ဒီဇင်ဘာလမှာ ပွဲကြပ်ကာလနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တစ်လထဲမှာ ၇ ပွဲ ကစားရဖို့ ရှိနေပါတယ်။  ဒီပွဲတွေကတော့ ဘွန်ဒက်လီဂါ၊ချန်ပီယံလိဂ်နဲ့ပိုကယ်ဖလားပွဲတွေဖြစ်ပြီး ဟာလန်းအနေနဲ့ ပွဲ အားလုံးကို လွဲချော် ရတော့မှာပါ။  ဟာလန်းဒဏ်ရာအခြေအနေကြောင့်ဒေါ့မွန်အသင်းဟာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ လူငယ် ကြယ်ပွင့် မူကိုကို ကို ပိုပြီးတော့ အားကိုးလာရဖို့ ရှိနေပါတယ်။ 
5 months Ago
ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး မှတ်တမ်းကို ဟာလန်း ကျော်ဖြတ်နိုင်မည်ဟု ဆိုးလ်ရှား ခန့်မှန်း
တိုက်စစ်မှူးဟာလန်းက မိမိရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး နော်ဝေ ကစားသမား မှတ်တမ်းကို ချိုးဖျက်နိုင်မှာ သေချာတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆိုးလ်ရှားဟာ နော်ဝေ ကစားသမားတစ်ဦးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ နဲ့ ဂိုးအများဆုံး သွင်းယူထားတာပါ။  ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ချန်ပီယံလိဂ်သွင်းဂိုး ၁၆ ဂိုးသွင်းထားပြီး ဆိုးလ်ရှားရဲ့ သွင်းဂိုး ၂၀ မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေတာပါ။  ပီအက်စ်ဂျီနဲ့ မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ခြေစွမ်းပြနေတဲ့ ဟာလန်းအပေါ် နည်းပြဆိုးလ်ရှားက ဂုဏ်ယူကြောင်း ပြောခဲ့ပြီး သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်မှာ သေချာကြောင်း သုံးသပ်ခဲ့တာပါ။  ဟာလန်းက သူ့ရဲ့ ကစားသမားဘဝ အစကတည်းက ခမ်းနားတဲ့ခြေစွမ်းနဲ့ စတင်နိုင်ခဲ့ပြီး မိုလ်ဒီမှာကတည်းက ဟာလန်းနဲ့အတူ တသင်းတည်းမှာ ရှိခဲ့သလို သူ့ရဲ့ အလားအလားကောင်းတွေကို မြင်ခဲ့ရတာက ဂုဏ်ယူစရာ ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဟာလန်းဟာ ၁၄ ဂိုးစီ သွင်းထားတဲ့ ဘရာဇီးတိုက်စစ်မှူး ရိုနာဒို၊ ဒေးဗစ်ဗီလာ၊ ကလိုဆေး တို့ရဲ့ ချန်ပီယံလိဂ်သွင်း ဂိုးမှတ်တမ်းတွေကို ကျော်ဖြတ်ခဲ့သလို ဇီဒန်းရဲ့ သွင်းဂိုးမှတ်တမ်းကိုလည်း လိုက်မီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
6 months Ago
ဟာလန်းနှင့် အမ်ဘာပေ တိုက်စစ်အတွဲကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ပစ်မှတ်ထား
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ တို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။  နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့တာပါ။  လက်ရှိစာချုပ်သက်တမ်း အခြေအနေကြောင့် လာမယ့် ၂၀၂၂ ခုနှစ်မှာ ဟာလန်းကို ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။  အလားတူ ပြင်သစ်ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကိုလည်း ရီးရဲလ်အသင်းက ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။  စပိန်သတင်းစာ AS ရဲ့ အဆိုအရ ဟာလန်းရော အမ်ဘာပေကိုပါ ရီးရဲလ်အသင်းက ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေကို အမ်ဘာပေနဲ့ ဟာလန်း ဘယ်သူက ပိုကောင်းသလဲဆိုပြီး စစ်တမ်းတခု လုပ်ဆောင်ခဲ့ရာမှာတော့ ဟာလန်းကို ခေါ်ယူဖို့ မဲအများဆုံး ရရှိခဲ့တယ်လို့ သိရပါတယ်။
6 months Ago
ဟာလန်း၏အပြောင်းအရွှေ့ ဘာမဆိုဖြစ်လာနိုင်ဟု ဖခင်ဖြစ်သူ ပြော
ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောလိုက်ပါတယ်။  နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းဟာ သြစတြီးယားကလပ် ဆဲလ်ဘက်မှာ ခြေစွမ်းပြခဲ့ ပြီးနောက် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။  ဒေါ့မွန်နဲ့ စုစုပေါင်း ၂၉ ပွဲကစားပြီးချိန်မှာ ၂၇ ဂိုးအထိ သွင်းယူထားတာကြောင့် ထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်လာခဲ့တာပါ။ ကစားသမားတဦး အကောင်းဆုံးခြေစွမ်းပြနေပါက ထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတာက မထူးဆန်းကြောင်း၊ လက်ရှိ အချိန်မှာတော့ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကျန်သေး တာကြောင့် အပြောင်းအရွှေ့ကိစ္စ စဉ်းစားမှာ မဟုတ်ပေမဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြောင်း ဟာလန်းရဲ့ဖခင်က မှတ်ချက်ပေးခဲ့တာပါ။  သားဖြစ်သူ ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့က အရင်ဆုံး ပစ်မှတ်ထားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ်လို့လည်း ဟာလန်းရဲ့ဖခင်က ပြောပါတယ်။ ဟာလန်းကို မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်း ထွက်ခဲ့ဖူးပါတယ်။ 
6 months Ago
ပီအက်စ်ဂျီကစားသမားများ၏ လှောင်ပြောင်မှုအပေါ် စိတ်အနှောင့်အယှက်မဖြစ်ခဲ့ဟု ဟာလန်းပြော
ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ပီအက်စ်ဂျီကစားသမားတွေရဲ့ လှောင်ပြောင်ခံခဲ့ရတဲ့အပေါ်မှာ  စိတ်အနှောင့်အယှက် မဖြစ်ခဲ့ကြောင်း ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ပြောပါတယ်။  ဟာလန်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဘက်ကို ၂ ဂိုးသွင်းယူခဲ့ကာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် တရားထိုင်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ၂ ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဒေါ့မွန်အသင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။  အဲဒီပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီကစားသမားတွေက ပထမအကျော့က ဟာလန်း အောင်ပွဲခံခဲ့သလို တရားထိုင်တဲ့ပုံစံနဲ့ အောင်ပွဲခံပြီး ဟာလန်းကို လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။  ဟာလန်းအနေနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပေါ်မှာပဲ စိတ်ပျက်ခဲ့ရပြီး လှောင်ပြောင်ခံခဲ့ရတဲ့အပေါ်မှာ စိတ်အနှောင့်အယှက်မဖြစ်ခဲ့သလို  သူ အောင်ပွဲခံသလို လိုက်ပြီး လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။  ဆက်လက်ပြီး ဒေါ့မွန်အသင်းမှာ ဂျေဒန်ဆန်ချိုနဲ့ တွဲဖက်ကစားရတဲ့အပေါ်မှာလည်း  ကျေနပ်နှစ်သက်တယ်လို့ ဟာလန်းက ပြောပါတယ်။
11 months Ago
“ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲသွားတာ တော်တော်စိတ်ပျက်စရာပါပဲ” - ဟာလန်း
ဘွန်ဒက်စ်လီဂါဖလားကို ဘိုင်ယန်မြူးနစ်အသင်း ရရှိသွားတာဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတယ်လို့ ဒေါ့မွန်တိုက်စစ်မှူး အာလင်ဟာလန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  ဟန်စီဖလစ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ကြားရက်မှာ ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ပွဲမှာ အနိုင်ရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရှစ်နှစ် ဆက်တိုက်သိမ်းပိုက်နိုင်လိုက်တာပါ။ ဒီနှစ်ချန်ပီယံဆုအတွက် ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပေမဲ့ ဒုတိယဆုနဲ့ပဲ ထပ်မံကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ဘိုင်ယန်တို့ ဗိုလ်စွဲခဲ့တဲ့ ရှစ်နှစ်အတွင်း ငါးကြိမ်မြောက် ဒုတိယအဖြစ် ရပ်တည်ရမှုလည်း ဖြစ်ပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာမှ ရောက်ရှိခဲ့တာဖြစ်ပေမယ့် အသင်းအတွက် ၁၇ ပွဲအတွင်း ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။  ဒီစံချိန်ဟာ တိုက်စစ်မှူးတစ်ဦးအတွက် အထင်ကြီးလောက်စရာ ခြေစွမ်းပြမှုဖြစ်ပေမယ့် နော်ဝေ လက်ရွေးစင်အတွက်တော့ ဒါဟာ လုံလောက်မှုမရှိခဲ့ပါဘူး။  “ပထမဆုံးပြောချင်တာကတော့ ဘိုင်ယန်အသင်း ချန်ပီယံဖြစ်သွားတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်ပြီးသွားပါပြီ။ ကျနော်တို့အနေနဲ့ ကိုယ် လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်သွားရပါမယ်။ အခု ကျနော်တို့ ဒုတိယနေရာကို ရရှိဖို့ သေချာသွားခဲ့ပါပြီ။ တကယ်တော့ ကျနော်တို့ဟာ သူတို့နဲ့ နီးကပ်နိုင်သလောက် နီးကပ်အောင် ကြိုးစားခဲ့ကြတာပါ” လို့ ဟာလန်းက BT Sport သတင်းကို ပြောပါတယ်။  ဇွန် ၂၀ ရက်နေ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဟာလန်းရဲ့ ဒေါ့မွန်အသင်းဟာ တတိယနေရာမှာ ရပ်တည်နေတဲ့ လိုက်ပစ်ဇ်အသင်းကို နှစ်ဂိုး - ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီရလဒ်ကြောင့် ဒေါ့မွန်အသင်းဟာ အခုနှစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ဒုတိယဆုရှင်အဖြစ် သေချာသွားခဲ့တာပါ။ ဒီပွဲမှာ ဒေါ့မွန်အသင်းရဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို ဟာလန်းက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။  ဒေါ့မွန်အသင်းဟာ ၂၀၁၉-၂၀၂၀ ဘွန်ဒက်စ်လီဂါ နောက်ဆုံးအပွဲစဉ်အဖြစ် လာမယ့်စနေနေ့မှာ ဟော့ဖင်ဟိန်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
11 months Ago
တိုက်စစ်မှူး လီဝမ်းဒေါ့စကီး၊ ဟာလန်းတို့၏ သွင်းဂိုးများဖြင့် ဘိုင်ယန်နှင့် ဒေါ့မွန် အနိုင်ရ
မနေ့ည ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ နာမည်ကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ အသီးသီးအနိုင်ရသွားပါတယ်။   ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဖရိုင်းဘတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၂ ဂိုး၊ ကင်မစ်ချ်က ၁ ဂိုး သွင်းယူပါတယ်။  ဒီပွဲမှာ လီဝမ်းဒေါ့စကီးက ဘွန်ဒတ်စလီဂါမှာ နိုင်ငံခြားသား ကစားသမားတွေထဲကနေ ၃၃ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့တပတ်မှာ နိုင်ပွဲရပြီးကတည်းက ချန်ပီယံ ဖြစ်ထားတာပါ။  တဖက်မှာလည်း ဒေါ့မွန်အသင်းက အဝေးကွင်းမှာ လိုက်ဇစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ဆက်ကျော်သက် လူငယ်တိုက်စစ်မှူး ဟာလန်းက သွင်းယူပါတယ်။  နော်ဝေ လူငယ်တိုက်စစ်မှူး ဟားလန်းဟာ ဒေါ့မွန်အတွက် ကစားခွင့်ရထားတဲ့ ၁၀ ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။  ဒီပွဲနိုင်တဲ့ ဒေါ့မွန်ဟာ ၆၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့နောက် ၁၀မှတ် အကွာမှာ ရပ်တည်နေပါတယ်။
11 months Ago
မန်ယူအသင်းထက် လိဂ်ယူနိုက်တက်ကို ပြောင်းရန် ဟာလန်း စိတ်ဝင်စား
ဟာလန်းဟာ မန်ယူအသင်းကို ပြောင်းရွှေ့လိုခြင်းမရှိဘဲ လိဂ်ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း နော်ဝေတိုက်စစ်မှူးဟောင်း ဖီအိုတော့ဖ်က ပြောပါတယ်။  နော်ဝေတိုက်စစ်မှူးဟာလန်းဟာ လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မန်အသင်းမှာ ကစားနေပြီး ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။  ဆဲလ်ဘက်အသင်းမှာ ရှိစဉ်ကတည်းက မန်ယူအသင်းက ခေါ်ယူလိုခဲ့ပေမယ့် ဒေါ့မန်အသင်းက လက်ဦးမှုရယူသွားတာပါ။  နော်ဝေတိုက်စစ်မှူးဟောင်း ဖီအိုတော့ဖ်ကတော့ ဟာလန်းနဲ့ မန်ယူအသင်းအကြောင်း ပြောဖြစ်တဲ့အချိန်တိုင်း လိဂ်ယူနိုက်တက်အသင်းအကြောင်းကိုသာ ရောက်ရှိသွားတတ်တယ်လို့ ပြောပါတယ်။  ဟာလန်းဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ လိဂ်ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားရယူဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။  ဟာလန်းဟာ သူ့ရဲ့အဖေ လိဂ်အသင်းမှာ ကစားစဉ်က မွေးဖွားခဲ့တာကြောင့် လိဂ်မြို့က သူ့ရဲ့ မွေးရပ်မြေလို့လည်း ခေါ်ဆိုနိုင်ပါတယ်။  ဒါကြောင့် မွေးရပ်မြေ လိဂ်အသင်းပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ရင် ဟာလန်းအနေနဲ့ ပြောင်းရွှေ့ကစားနိုင်ဖွယ်ရှိနေတယ်လို့ နော်ဝေတိုက်စစ်မှူးဟောင်း ဖီအိုတော့ဖ်က သုံးသပ်ထားပါတယ်။
11 months Ago
အမ်ဘာပေနှင့် ဟာလန်းတို့ကို ခေါ်ယူနိုင်ရန် ရီးရဲလ် ပစ်မှတ်ထား
စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေနဲ့ ဟာလန်းကို ခေါ်ယူပြီး အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။  စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒိုကို လက်လွှတ်လိုက်ရပြီးနောက် အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဘေးလ်၊ ဘင်ဇီမာနဲ့ စီရော်နယ်ဒို ကစားခဲ့တဲ့ BBC တိုက်စစ်အတွဲလို ဖြစ်လာဖို့အတွက် အသင်းမှာရှိနေတဲ့ ဟာဇက်ကို အမ်ဘာပေ၊ ဟာလန်းတို့နဲ့ တွဲဖက်ပေးဖို့ ရီးရဲလ်အသင်းက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။  ၂၀၂၁ ခုနှစ် နွေရာသီမှာ အမ်ဘာပေနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းက မျှော်မှန်းထားပါတယ်။  ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ကစားသမားက သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ရင် ၂၀၂၁ ခုနှစ်မှာ မဖြစ်မနေ ရောင်းချရဖို့ရှိနေတာပါ။  ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းပေးမယ်ဆိုရင် ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။
12 months Ago
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း၏ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းသာရှိဟု သတင်းထွက်
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၃ သန်းခန့်သာ ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပါတယ်။  ဒေါ့မွန်အသင်းနဲ့ ၁၁ ပွဲမှာ ၁၂ ဂိုး သွင်းယူထားတာကြောင့် ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်ယူ၊ ရီးရဲလ်မက်ဒရစ်အသင်းတွေက ခေါ်ယူလိုနေကြတာပါ။  ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြချက်အရ ဟာလန်းရဲ့ စာချက်ဖျက်သိမ်းကြေးက ပေါင် ၆၃ သန်းသာ ရှိတဲ့အတွက် မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူနိုင်ဖို့ အခွင့်အလမ်း ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။  ESPN ရဲ့အဆိုအရ မန်ယူအသင်းဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် နွေရာသီမှာ ကမ်းလှမ်းဖို့ရှိသလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဘင်ဇီမာရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
1 year Ago
ဒေါ့မွန်ကို ဟာလန်း ရွေးချယ်ရသည့်အကြောင်းအရင်း ဖခင်ဖြစ်သူ ထုတ်ဖော်
ဒိန်းမတ် လူငယ်တိုက်စစ်မှူး အာလင်းဟာလန်း ဒေါ့မွန်အသင်းကို ဘာကြောင့် ရွေးချယ်ခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ ဖခင်ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။  အကြောင်းပြချက်ကတော့ ရိုးရှင်းလွန်းပြီး ဟာလန်းကို ယူနိုက်တက်လို နည်းပြတဦးတည်းက အလိုရှိတာမဟုတ်ဘဲ ဒေါ့မွန်တသင်းလုံးက အလိုရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ကို ငြင်းဆန်ခဲ့တာလို့ ပြောပါတယ်။  ဟာလန်းဟာ ဩစတြီးယားကလပ် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းမှာ တရာသီတည်း ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဥရောပကလပ်အသင်းကြီး တော်တော်များများရဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း‌အ‌ရွှေ့မှာတော့ ယူနိုက်တက်ထံ ရောက်ရှိဖို့ သတင်းတွေ ကြီးခဲ့ပေမယ့် အံ့အားသင့်ဖွယ် ဂျာမန်ကလပ်ကိုပဲ ရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက်မှာတင် ခြေစွမ်းပြပြီး လက်ရှိ ၁၁ ပွဲ ကစားထားရာမှာ ၁၂ ဂိုး သွင်းယူထားပါတယ်။
1 year Ago
ဒေါ့မွန်တွင် ဟာလန်း ဆက်ရှိမည်ဟု အေးဂျင့်ပြော
တိုက်စစ်မှူးဟာလန်းဟာ ဒေါ့မွန်မှာ အချိန်ကြာကြာ ဆက်ကစားလိမ့်မယ်လို့  အေးဂျင့် ရွိုင်အိုလာက ပြောလိုက်ပါတယ်။  စူပါအေးဂျင့် ရွိုင်အိုလာကတော့ သူ ကိုင်တွယ်နေတဲ့ ကစားသမား ဟာလန်းနဲ့ ပတ်သက်ပြီး သုံးသပ်ခဲ့တာပါ။  ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ  ခြေစွမ်းဆက်လက် တိုးတက်လာအောင် လိုအပ်သလောက် အချိန်ကြာကြာ ဆက်ကစားနိုင်ပြီး သူရဲ့ကစားပုံတွေကို ကြည့်ရတာ သူ ဘယ်လောက် တိုးတက်လာသလဲဆိုတာ သိနိုင်သလို သူ့ခြေစွမ်းကို ကြည့်ရတာက နှစ်သက်စရာလည်းကောင်းတယ်လို့ ရွိုင်အိုလာက ဆိုပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက် ၁၁ ပွဲမှာပဲ ၁၂ ဂိုးအထိ သွင်းယူထားတာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်ယူနိုက်တက် စတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
1 year Ago
မိုဗစ်လို နိုင်ငံစုံ အသင်းပေါင်းစုံတွင် ကစားချင်ဟု နော်ဝေတိုက်စစ်မှူးဟာလန်း ပြော
မတူ ကွဲပြားတဲ့ နိုင်ငံတွေမှာ အတွေ့အကြုံတွေ ရှာဖွေရင်းနဲ့  အီဗရာဟီမိုဗစ်လို ကစားသမားမျိုး ဖြစ်ချင်တယ်လို့ ဒေါ့မွန်တိုက်စစ်မှူး အာလင်ဟာလန်းက ပြောလိုက်ပါတယ်။  ဒီစကားကြောင့် သူ့ကို ခေါ်ယူချင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေအတွက် မျှော်လင့်ချက်တွေ ပြန်ပေါ်လာစေတယ်လို့လည်း သတင်းတွေမှာ ရေးသားလာကြပါတယ်။  ဆယ်ကျော်သက်အရွယ်သာ ရှိသေးတဲ့ ဟာလန်းဟာ မွေးရပ်မြေ နော်ဝေးကလပ် မိုဒီ အသင်းအပြင် သြစတြေးလျကလပ် ရတ်ဘူးလ်ဆဲဘတ်အသင်းမှာလည်း ကစားခဲ့ဖူးပြီး ဖြစ်ပါတယ်။  သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဒေါ့မွန်ကို ရောက်ရှိလာတာ ဖြစ်ပေမယ့် ဒေါ့မွန်အသင်းမှာ အထူးခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားသူပါ။ ဒါပေမဲ့ သူဟာ မိုဗစ်လို နိုင်ငံပေါင်းစုံက ကလပ်အသင်းအမျိုးမျိုးမှာ ကစားချင်တယ်လို့ ပြောလိုက်တာကြောင့် သူဟာ နောင်တချိန်မှာ စပိန် ဒါမှမဟုတ် အင်္ဂလန်မြေကို ရောက်ရှိလာမယ်ဆိုတဲ့ ကောလာဟလတွေေ ထပ်မံပေါ်ထွက်လာပြန်ပါတယ်။  မိုဗစ်ဟာ ဆွီဒင်၊ နယ်သာလန်၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတို့က ကလပ်အသင်းတွေမှာ ကျင်လည်ကစားနေသူ ဖြစ်ပါတယ်။  “မတူကွဲပြားတဲ့ အရာတွေအပေါ် ထားရှိတဲ့ သူ့ရဲ့စိတ်ဓာတ်ကို ကျနော် သဘောကျပါတယ်” လို့ မိုဗစ်နဲ့ပတ်သတ်ပြီး ဟာလန်းက ပြောပါတယ်။  “ကျနော့်မှာလည်း ဒီလို ယုံကြည်မှုမျိုး ရှိတယ်လို့ ကျနော် ထင်ပါတယ်။ သူ အသင်းတသင်းကနေ တသင်း၊ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို ပြောင်းရွှေ့သွားတာကို ကျနော် သဘောကျပါတယ်။ ဒါဟာ မလွယ်ပါဘူး။ ဒါပေမဲ့ သူကတော့ ရောက်တဲ့နေရာမှာ ရောက်ရောက်ချင်းပဲ ဂိုးတွေ သွင်းပြနိုင်ခဲ့ပါတယ်။ ကျနော် ဒါကို သဘောကျပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံးက တိုက်စစ်မှူးတွေ ဖြစ်ကြသလို၊ ကျနော်တို့ဟာ အရပ်တွေလည်း ရှည်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ကစားနေကြရတာပါ။ ကျနော်တို့နှစ်ယောက်ကို နှိုင်းယှဉ်ဖို့ မလွယ်ပါဘူး။ ကျနော်ဟာ ကျနော်ပဲ ဖြစ်ပါတယ်” လို့ ဟာလန်းက ပြောပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့ခြင်းနဲ့ ပတ်သက်လို့လည်း ဟာလန်းက “တခြားအသင်းတွေက စိတ်ဝင်စားမှုခံရတာဟာ တကယ်ကို ကောင်းပါတယ်။ သူတို့ စိတ်ဝင်စားတယ်ဆိုတာ ခင်ဗျားက ကောင်းတဲ့အရာတခုကို လုပ်ပြနိုင်ခဲ့လို့ပါပဲ” လို့ မှတ်ချက်ပြုသွားပါတယ်။ ဟာလန်းဟာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာသာ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် သူဟာ တနိုင်ငံတည်းသား ဆိုးလ်ရှားနဲ့ ပြန်လည်လက်တွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။  ဆိုးလ်ရှားနဲ့ ပတ်သတ်လို့လည်း ဟာလန်းက “ကျနော် မိုဒီလ်ကို ရောက်တော့ ကလေးလေးသာသာပဲ ရှိပါသေးတယ်။ သူက ကျနော့်ကို တော်တော်လေး ကူညီပေးခဲ့ပါတယ်။ သူဟာ အဆုံးသတ်ကောင်းသူပါ။ ပြီးတော့ ကျနော့် ကစားသမားဘဝ တိုးတက်လာဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်” လို့ ဟာလန်းက ပြောဆိုသွားခဲ့ပါတယ်။
1 year Ago
ဝါဒါဘရီမင်နှင့်ပွဲတွင် ဟာလန်း အနိုင်ဂိုးသွင်း၊ ပြိုင်ပွဲစုံ ၁၂ ဂိုးထိ သွင်းယူထား
ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။  ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၂ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းဟာ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ထပ်မံဂိုးသွင်းနိုင်ခဲ့တာပါ။  အခုနှစ်ဇန်နဝါရီလကမှ သြစတြီးယားကလပ် ဆဲလ်ဘက်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ နော်ဝေ တိုက်စစ်မှူးဟာလန်းဟာ အကောင်းဆုံး ခြေစွမ်းပြသနေတာပါ။ အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၆ ပွဲသာ ကစားရသေးပေမယ့်လည်း သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  ဟာလန်းဟာ ချန်ပီယံလိဂ်နဲ့ ပိုကယ်ဖလားပြိုင်ပွဲတွေမှာတော့ ၃ ဂိုးသွင်းထားလို့ ပြိုင်ပွဲစုံ စုစုပေါင်း ၁၂ ဂိုးအထိ သွင်းယူထားပါတယ်။ 
1 year Ago
ပီအက်စ်ဂျီကို ၂ ဂိုး သွင်းယူပြီးနောက် စံချိန်သစ် ထပ်တင်နိုင်လိုက်သည့် ဟာလန်း
ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ နော်ဝေလူငယ်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး ပြည့်အောင် အမြန်ဆုံး ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။  ဟာလန်း ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး ပြည့်ခဲ့တာဟာ တခြားကစားသမားတွေထက် ၄ ပွဲစောပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ချန်ပီယံလိဂ် ၇ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် စတင်ကစားတဲ့ ပထမဆုံးရာသီမှာတင် သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်တဲ့ ၅ ဦးမြောက် ကစားသမားလည်း ဖြစ်လာကာ ဖာမီနို၊ မာနေး၊ ကလော်ဒီယို ဆဲလ်ဆာ၊ ဖွန်တေ တို့ပြီးနောက်မှာ စံချိန်ထပ်တင်နိုင်ခဲ့တာပါ။ ဟာလန်းအနေနဲ့ ဥရောပလိဂ် ၅ ခုလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်သလို ဒေါ့မွန်အသင်းအတွက်လည်း ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်တို့ အားလုံးမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်။
1 year Ago
ဘွန်ဒက်စ်လီဂါ ဇန်နဝါရီ အကောင်းဆုံးကစားသမားဆု ဟာလန်း ဆွတ်ခူး
ဇန်နဝါရီလအတွက် ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာလင်ဟာလန်းရဲ့ဒေါ့မွန် ကစားသမားဘဝဟာ တောက်ပနေပါတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာမှ ဒေါ့မွန်အသင်းကို ရောက်ရှိလာတာပါ။  ပေါင် ၁၇ ဒသမ ၁ သန်းတန် တိုက်စစ်မှူးလေးဟာ တလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲဒီလမှာ ပွဲကစားချိန် တစ်နာရီအောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီကစားချိန် ၅၉ မိနစ်အတွင်းမှာတင် ၅ ဂိုးအထိ ခြေစွမ်းပြ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းနှုန်းဟာလည်း ၁‌၁ ဒသမ ၈ မိနစ်ကို ၁ ဂိုးအထိ ရှိပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်ကို အာ့ဘတ်အသင်းနဲ့ ပွဲစဉ်မှာ လူစား ဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၃ မိနစ်အတွင်းမှာတင် ဒေါ့မွန်အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။  ဒါ့အပြင် နောက်တပွဲဖြစ်တဲ့ ကိုလုံးနဲ့ပွဲစဉ်မှာလည်း သူဟာ အရန်ခုံကနေ ထလာပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီပွဲစဉ်တွေအပြီးမှာ ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖက်ရီက ဟာလန်းကို လုံးဝရပ်တန့်လို့ မရ‌ကြောင်း ဝင့်ကြွားခဲ့ပြီး သူ့အနေနဲ့လည်း ဒီလိုကစားသမားမျိုးကို နည်းပြခွင့်ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။ ဟာလန်းဟာ အသင်းကို ရောက်ရောက်ချင်းမှာပဲ ဒေါ့မွန်အတွက် ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီလမှာလည်း သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။  ဖေဖော်ဝါရီလထဲမှာ ကစားခဲ့တဲ့ ယူနီယမ်ဘာလင်နဲ့ ပွဲစဉ်မှာ ဟာလန်းဟာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖရန့်ဖတ်နဲ့ ပွဲစဉ်မှာတော့ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါသေးတယ်။  ဒါ့ကြောင့် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာလန်းရဲ့ ဒီရာသီ ကလပ်အသင်းတွေအတွက် သွင်းဂိုးမှတ်တမ်းဟာ ၂၈ ပွဲအတွင်း ၃၇ ဂိုးအထိ မြင့်တက်ခဲ့ပြီလည်း ဖြစ်ပါတယ်။  ဟာလန်းဟာ ပြည်တွင်းလိဂ်တွေမှာတင် မဟုတ်ဘဲ ဥရောပအဆင့် ပြိုင်ပွဲတွေမှာလည်း ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့အသင်းဟောင်း ရတ်ဘူးဆဲလ်ဘတ်အသင်းအတွက် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်တွေမှာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။  ဟာလန်းရဲ့ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေပြီးတော့ ဒီပွဲစဉ်မှာလည်း ဟာလန်းတစ်ယောက် ခြေစွမ်းပြဂိုး သွင်းယူနိုင်ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
1 year Ago
ပွဲကစားချိန် အနည်းဆုံးနှင့် ဂိုးအများဆုံး သွင်းသူအဖြစ် ဟာလန်း မှတ်တမ်းဝင်
ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက်မှာ ပွဲဦးထွက် ၂ ပွဲမှာပဲ ပွဲကစားချိန် အနည်းဆုံးနဲ့ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။  သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်းအသင်းနဲ့ အဖွင့် နှစ်ပွဲမှာပဲ ၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘက်အသင်းနဲ့ ပွဲစဉ်မှာ  လူစားဝင်ကစားခဲ့ပြီး ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့လို့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။  ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းထက် ဂိုးပိုမို သွင်းယူနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။  ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၅၇ မိနစ်သာ ကစားခဲ့ရပေမယ့်လည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်းကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အာဆင်နယ်၊ လီဗာပူး၊ ဘန်လေအသင်းတွေနဲ့ ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ နော့ဝှစ်ချ်နဲ့ ပွဲမှာပဲ ၄ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
1 year Ago
နော်ဝေးဆယ်ကျော်သက် တိုက်စစ်မှူး ဟာလန်းကို ဒေါ့မွန် ခေါ်ယူ
ဂျာမန်ဘွန်ဒတ်စ်လီဂါကလပ် ဒေါ့မွန်က ရက်ဘူးဆဲလ်ဘတ်အသင်းတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်လိုက်ပါတယ်။  ဒေါ့မွန်က ဆယ်ကျော်သက်တိုက်စစ်မှူး ဟာလန်းကို  သြစတြီးယားကလပ် ရက်ဘူးဆဲလ်ဘတ် အသင်းကနေ ၄ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူထားတာပါ။ ပြောင်းရွေ့ကြေးကို မဖော်ပြပေမယ့် ဗြိတိသျှမီဒီယာတွေကတော့ ပေါင် ၁၈ သန်းလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။  အသက် ၁၉ နှစ်အရွယ် နော်ဝေးတိုက်စစ်မှူး ဟာလန်းဟာ ဒီရာသီမှာ ရက်ဘူးဆဲလ်ဘူးအသင်းအတွက် ၁၆ ဂိုး သွင်းယူထားပြီး အဲဒီထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး ၈ ဂိုးလည်း ပါဝင်ပါတယ်။  တိုက်စစ်မှူး ဟာလန်းကို မန်ချက်စတာယူနိူက်တက်နဲ့ ဂျုဗင်တပ်အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ဒေါ့မွန်က လက်ဦးမှု ရယူသွားတာ ဖြစ်ပါတယ်။
1 year Ago
ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်း မန်ယူနိုက်တက်ကို ရွေးချယ်ဖွယ်ရှိ
ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်းဟာ ဥရောပထိပ်တန်းကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူအသင်းကို ရွေးချယ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။  မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ဟာလန်းကို စည်းရုံးဖို့အတွက် ဒီဇင်ဘာ ၁၃ ရက်နေ့က ဆဲလ်ဘက်အသင်းဆီ သွားရောက်ခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။  အသက် ၁၉ နှစ်ပဲရှိသေးတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာလည်း နော်ဝေနိုင်ငံသား နည်းပြ ဆိုးလ်ရှား ဦးဆောင်နေတဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဟာလန်းကို ဆဲလ်ဘက်အသင်းရဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ လိုက်ဇစ်အသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။  လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားရဲ့ စည်းရုံးမှုနဲ့အတူ မန်ယူအသင်းဆီကို ပြောင်းရွှေ့ဖို့ အခွင့်အရေးများသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
1 year Ago
ယူနိုက်တက်ပစ်မှတ် ဟာလန်း အပြောင်းအရွှေ့အတွက် ဒေါ့မွန်ကို သွားရောက်ခဲ့ဟု သတင်းထွက်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ အာလင် ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဂျာမာနီကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။  အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်မှူးဟာ အခုသီရာမှာ ရဒ်ဘူးလ် ဆဲလ်ဘတ်အသင်းအတွက် အထူးခြေစွမ်းပြနေသူဖြစ်ပြီး ဥရောပထိပ်တန်းကလပ်အသင်း အတော်များများက မျက်စိကျနေတာပါ။ ဟာလန်းဟာ ဆဲလ်ဘတ်အသင်းအတွက် ၂၂ ပွဲကစားပြီး  ၂၈ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ကာ ယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်စတဲ့ အသင်းတသင်းကို ရောက်ရှိနိုင်ချေရှိတယ်လို့ ထင်ကြေးပေးခြင်းခံထားရသူလည်း ဖြစ်ပါတယ်။  ဒါပေမယ့် ဂျာမာန်သတင်းစာ Ruhr Nachrichten မှာတော့ ဒေါ့မွန်းအသင်းဟာ တခြားအသင်းတွေထက် လက်ဦးမှုရယူဖို့အတွက် ဟာလန်းနဲ့ ဆွေးနွေးမှုစတင်နေပြီလို့ သိရပါတယ်။  ဟာလန်းနဲ့ သူ့ရဲ့အပြောင်းအရွှေ့အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က အပြောင်းအရွှေ့ကိစ္စအတွက် ဒေါ့မွန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။  အရည်အသွေးမြင့်မားပြီး အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ဟာလန်းကို သူ့စာချုပ်မှာပါတဲ့ ထွက်ခွာခွင့်ကြောင့် ပေါင် ၁၇ သန်းလောက်နဲ့ ခေါ်ယူနိင်မယ်လို့ ဂျာမနီသတင်းတွေမှာ ရေးသားနေကြပါတယ်။  ယူနိုက်တက်အသင်းဟာ ဟာလန်းကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ ဆဲလ်ဘတ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလဲ ဟာလန်းရဲ့ခြေစွမ်းကို စောင့်ကြည်ဖို့ ကင်းထောက်တွေကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။  ဟာလန်းဟာ လက်ရှိယူနိုက်တက်နည်းပြ တနိုင်ငံတည်းသား အိုလေဂန်နာဆိုးလ်ရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူဖြစ်တာကြောင့် သူဟာ တခြားအသင်းတွေထက် ယူနိုက်တက်ကိုသာ ရောက်ရှိနိုင်ချေ များတယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် ကစားသမားခေါ်ယူရာမှာ ထူးချွန်တဲ့ ဒေါ့မွန်အသင်းကပါ ဟာလန်းကို စိတ်ဝင်စားလာတာကြောင့် သူ့အပြောင်းအရွေ့ဟာ ပိုပြီးတော့ ခန့်မှန်းရခက်လာပြီပဲဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့နေရာကို အခုထိဖြည့်ဆည်းနိုင်ခြင်း မရှိသေးတဲ့ တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး မိုလ်ဒီအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဟာလန်းဟာ ဆိုးလ်ရှားအတွက် တိုက်စစ်ပြဿနာကို ဖြေရှင်းပေးနိုင်မလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 
1 year Ago
ဥရောပချန်ပီယံလိဂ်တွင် ၁၉ နှစ်သား အားလ်ဟာလန်းဒ် အငယ်ဆုံးဂိုးသွင်းနိုင်သူဖြစ်လာ
ရက်ဘူးလ်ဆဲလ်ဘတ်အသင်းရဲ့လူငယ်တိုက်စစ်မှူး အားလ်ဟာလန်းဒ်ဟာ ဥရောပချန်ပီယံလိဂ်မှာ ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့အသက် အငယ်ဆုံးကစားသမားတဦး ဖြစ်လာပါတယ်။ သူဟာ ဥရောပကလပ်အသင်းကြီးတော်တော်များများရဲ့ ပစ်မှတ်ထားခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရသူဖြစ်တဲ့အပြင် ယူနိုက်တက်တို့ရဲ့မျက်စိအကျဆုံး လူငယ်ကြယ်ပွင့် တဦးဖြစ်နေသလို ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဟာလင်းဟာ ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အားလုံးမှာ သွင်းဂိုးတွေရယူနိုင်ခဲ့ကာ  ဘယ်လ်ဂျီယံကလပ်ဂန့်နဲ့ ကစားခဲ့တဲ့ပွဲစဉ်နှစ်ကျော့မှာ ၄ ဂိုး ၊ နာပိုလီအသင်းနဲ့ပွဲမှာလည်း နှစ်ကျော့ပေါင်း ၃ ဂိုးသွင်းယူနိုင်ခဲ့သလို လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒါ့ကြောင့် အသက် ၁၉ နှစ်အရွယ် နော်ဝေသားဟာ ချန်ပီယံလိဂ်မှာ ၅ ပွဲပါဝင်ကစားထားပြီး ၉ ဂိုးထိ သွင်းယူပေးထားတဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ထားပါတယ်။
1 year Ago
နော်ဝေ လူငယ်ကြယ်ပွင့် ဟာလန်း မန်ယူကို ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်
နော်ဝေ လူငယ်ကြယ်ပွင့် အာလင်းဘရွတ်ဟာလန်းရဲ့ ဖခင်ဖြစ်သူဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေတယ်လို့ အက်သလက်တစ် သတင်းစာကနေ ဖော်ပြပါတယ်။  အသက် ၁၉ နှစ်အရွယ် ဆဲလ်ဘတ်တိုက်စစ်မှူးရဲ့ ဖခင်ဖြစ်သူ  အက်လ်ဖ် အင့်ဂ်ဟာလန်းကို ယူနိုက်တက်တို့ရဲ့ ကယ်ရင်တန်လေ့ကျင့်‌ရေးကွင်းမှာ မြင်တွေ့ခဲ့ရကြောင်း အခိုင်အမာ ပြောဆိုလာသူ ရှိတာကြောင့် အပြောင်းအရွှေ့ ကောလာဟလတွေဟာ မကြာခင်မှာ အ‌ဖြေထွက်လာဖို့ ရှိနေပါတယ်။  ထိပ်သီးအသင်းကြီး တော်တော်များများရဲ့ ပစ်မှတ်ကစားသမား ဟာလန်းကလည်း အင်္ဂလန် ဘောလုံးအသိုင်းအဝိုင်းကို သဘောကျကြောင်း ထုတ်ဖော်ပြောကြားထားတာတွေလည်း ရှိနေပါတယ်။  ဟာလန်းဟာ အခုရာသီမှာ ဆဲလ်ဘတ်အသင်းအတွက် ၁၈ ပွဲ ကစားပြီးချိန်မှာ ၂၆ ဂိုးထိ သွင်းယူပေးထားတဲ့အပြင် အရပ်အမောင်း ၆ ပေ ၄ လက်မရှိပြီး တောင့်တင်းတဲ့ တိုက်စစ်မှူးဖြစ်လို့ ရီးရဲလ်၊ ဘာကာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။  ဟာလန်းဟာ မိုလ်ဒီအသင်းကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ကိုင်တွယ်စဉ်မှာကတည်းက လက်တွဲခဲ့ဖူးပါတယ်။ 
1 year Ago
ဟာလန်းကို ခေါ်နိုင်ပါက ဆဲလ်ဘတ်အသင်းထံ ပြန်ငှားရန် ယူနိုက်တက် ပြင်ဆင်
အာလင်းဟာလန်းကို လာမယ့်ဇန်နဝါရီဈေးကွက်မှာ ခေါ်ယူနိုင်ခဲ့ရင် ရတ်ဘူးလ် ဆဲလ်ဘတ် အသင်းကို ပြန်အငှားချဖို့ ယူနိုက်တက်ဘက်က စဉ်းစားနေတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ အခုရာသီမှာ ရတ်ဘူးဆဲလ်ဘတ်အသင်း အတွက် ချန်ပီယံလိဂ်မှာရော၊ သြစတြီးယား ဘွန်ဒက်လီဂါမှာပါ အထူးခြေစွမ်းပြနေပြီး ဥရောပတလွှားက အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ ဟာလန်းကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ လီဗာပူး၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်အသင်းတို့က ချိတ်ဆက်နေပြီး သူကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။ ဒါ့အပြင် သူဟာ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ ပထမဦးစားပေးပစ်မှတ်အဖြစ် ရှိနေပြီး သူ့ကိုစောင့်ကြည့်ဖို့ နည်းပြဆိုးရှားလ်က ပုဂ္ဂိုလ်ရေး ကင်းထောက်တယောက် စေလွှတ်ထားတယ်လို့လည်း The Athletic သတင်းမှာ ဖော်ပြထားပါတယ်။ ဟာလန်းဟာ အခုရာသီအတွင်း ဆဲလ်ဘတ်အသင်းအတွက် ကစားခဲ့တဲ့ ၁၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး သူဟာ လိဒ်အသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့  ကစားသမားဟောင်း အက်ဖ်အင်းရဲ့ သားဖြစ်သူလည်း ဖြစ်ပါတယ်။ ယာ့ဒ်ရှိုင်းယားအရပ်မှာ မွေးဖွားခဲ့တဲ့ ဟာလန်းဟာ သူ့ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းဖို့ ကြံစည်နေတာဖြစ်ပြီး “ကျနော် အကောင်းဆုံး ဖြစ်ချင်ပါတယ်။ ကျနော့် ကစားသမား ဘဝတလျှောက်လုံး ကမ္ဘာ့အ‌ကောင်းဆုံး ကလပ်အသင်းတွေမှာ ကစားချင်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘောလုံးလောကမှာပေါ့” လို့ ဟာလန်းဟာ သတင်းထောက်တွေကို ပြောကြားခဲ့ဖူးပါတယ်။
2 years Ago
နော်ဝေလူငယ်တိုက်စစ်မှူးဟာလန်းကို ဘာစီလိုနာက  ယူရိုသန်း ၁၀၀ ဖြင့်ခေါ်ယူမည်
ဘာစီလိုနာအသင်းဟာ ဆဲလ်ဘက်လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပြီလို့ သိရပါတယ်။ ESPN အားကစားသတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဟာလန်းအတွက် ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး လာမယ့်နွေရာသီမှာ တရားဝင် ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်က ဝုဗ်ဘာဂါနဲ့ပွဲစဉ်မှာ ၅ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအပြင် ရီးရဲလ်မက်ဒရစ်၊မန်ယူစတဲ့အသင်းတွေကလည်း အပြိုင်စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဟာလန်းဟာ သြစတြီးယားက လပ်ဆဲလ်ဘက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
2 years Ago
ဆဲလ်ဘက်တိုက်စစ်မှူးဟာလန်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုဟု ဖခင်ဖြစ်သူပြော
ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက် သန်နေတယ်လို့ သိရပါတယ်။  အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ် ၄ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပြည်တွင်းလိဂ်မှာလည်း ၁၆ ဂိုးအထိ သွင်းယူထားတာကြောင့် ဥရောပထိပ်တန်းကလပ်တွေက အပြိုင်အဆိုင် စိတ်ဝင်စားနေတာပါ။ လိဒ်ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဟာလန်းရဲ့ ဖခင်ဖြစ်သူ အယ်လ် ဖီအင့် ဟာလန်းကတော့ သားဖြစ်သူဟာ ပရီးမီးယားလိဂ်မှာကစားနိုင်ဖို့ ရည်မှန်းကြိုးစားနေတယ်လို့ အတည်ပြုပါတယ်။ ဟာလန်းကို ဆဲလ်ဘက်အသင်းက ပေါင် ၈၆ သန်း ပြောင်းရွှေ့ကြေးသတ်မှတ်ထားပြီး ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက် စတဲ့ ကလပ်တွေအပါအဝင် ဥရောကလပ် အများစုကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေကြပါတယ်။
2 years Ago
ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူးဆန်ချိုနှင့် ဟာလန်းကို ခေါ်ရန် ကြိုးပမ်း
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုနဲ့ ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုတပတ် လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရပြီး တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် အသင်းရဲ့ ကစားသမားအင်အား ပိုမိုအားကောင်းလာဖို့အတွက် ဒေါ့မွန် အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျော်ဒန်ဆန်ချိုကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။  ဒါ့အပြင် ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြနေပြီး ဥရောပ ထိပ်တန်းကလပ်အများစုရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်မယ်လို့ စပိန် မီဒီယာ အယ်ဒက်စ်မာကေးကို ကိုးကားပြီး ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။  ဒေါ့မွန် တိုက်စစ်မှူး ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၁၂ ဂိုး သွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သြစတြီးယားကလပ် ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်ဟာလည်း အခုနှစ်ရာသီ ၁၆ ပွဲ ကစားအပြီးမှာ ၁၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
2 years Ago
နော်ဝေလူငယ်ကြယ်ပွင့် ဟာလန်းကို မန်ယူအသင်းက ခေါ်ယူလိုနေ
2 years Ago
More News
Up