DVB Logo
Home
အားကစား
ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဂါနာချို အပါအဝင် ကစားသမား ၅ ဦးကို လေ့ကျင့်ခန်းဆင်းခွင့် မန်ယူ ပိတ်ပင်
DVB
·
July 6, 2025
ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဂါနာချို အပါအဝင် ကစားသမား ၅ ဦးကို လေ့ကျင့်ခန်းဆင်းခွင့် မန်ယူ ပိတ်ပင်
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဂါနာချို အပါအဝင် ကစားသမား ၅ ယောက်ကို လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ကန့်သတ်ထားတယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်တွေကို လာမယ့် ဇူလိုင် ၇ ရက် တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ဂါနာချိုနဲ့ မလာစီယာတို့ ၅ ယောက်ကို လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ထားတာပါ။

အဆိုပါ ကစားသမား ၅ ယောက်ကို မန်ယူအသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကစားသမားတွေကိုလည်း အသင်းသစ် ရှာဖွေခိုင်းထားတယ်လို့ သိရပါတယ်။ 

အသင်းသစ်ရှာမရတဲ့ ကစားသမားတွေကိုတော့ ဇူလိုင်လ အကုန်လောက်မှာ အသင်းနဲ့ပြန်လည် လေ့ကျင့်ခန်းဆင်းခွင့်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို ကစားသမားသစ် ကူညာကို ဝတ်ဆင်ခွင့်ပေးလိုက်တာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းပြောင်းရွှေ့ရဖို့ သေချာသလောက် ဖြစ်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013