Home
နိုင်ငံတကာ
ကွန်ဂိုနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ထိန်းသိမ်းရန် မသေချာဟု ရဝမ်ဒါသမ္မတ ပြော 
DVB
·
July 6, 2025
Photo: REUTERS/Jean Biziman

ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမေးဟာ အမေရိကန် ကြားဝင်စေ့စပ်ထားတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိန်းသိမ်းထားနိုင်မလား ဆိုတာကို မသေချာဘူးလို့ ဇူလိုင် ၄ ရက်က ပြောကြားလိုက်ပြီး သူ့အိမ်နီးချင်းနိုင်ငံရဲ့ လှည့်ကွက် မှန်သမျှကို တုံ့ပြန်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

ရဝမ်ဒါဟာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ချထားပေမဲ့ ကွန်ဂိုနိုင်ငံမှ FDLR ကို ချေမှုန်းဖယ်ရှားပေးရမယ့် သူ့ကတိအတိုင်း မလိုက်နာရင်  သဘောတူညီချက်က မအောင်မြင်နိုင်ဘဲ ပျက်ပြယ်သွားနိုင်တယ်လို့ ရဝမ်ဒါသမ္မတ ကာဂါမေးက ကီဂါလီမှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီသဘောတူညီချက်ဟာ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှ ရက်ပေါင်း ၉၀ အတွင်း ရဝမ်ဒါတပ်တွေ ဆုတ်ခွာသွားဖို့ တောင်းဆိုထားတာဖြစ်ပြီး အဲဒီမှာ အခုနှစ် အစောပိုင်းက ဒေသတွင်း အကြီးဆုံးမြို့ ၂  မြို့ကို သိမ်းပိုက်ခဲ့တဲ့ M23 သူပုန်တွေကို ထောက်ပံ့နေတာလို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ရဝမ်ဒါကတော့  M23 သူပုန်တွေကို ကူညီနေတယ်ဆိုတာကို ငြင်းဆိုထားပြီး သူ့တပ်ဖွဲ့တွေဟာ ကွန်ဂိုစစ်တပ်နဲ့ တိုင်းရင်းသား ဟူတူပြည်သူ့စစ်အဖွဲ့တွေကို ခုခံကာကွယ်နေရတာလို့ ပြောထားပါတယ်။

ဟူတူ ပြည်သူ့စစ်အဖွဲ့တွေဟာ ရဝမ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဖွဲ့ (FDLR) အပါအဝင် ၁၉၉၄ ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ 

Source: Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024