DVB Logo
Home
နိုင်ငံတကာ
နိုင်ငံ ၁၂ နိုင်ငံကို အခွန်တိုးကောက်မည့်အစီအစဉ် တနင်္လာတွင် ထရမ့်ပ် ကြေညာမည်
DVB
·
July 6, 2025
နိုင်ငံ ၁၂ နိုင်ငံကို အခွန်တိုးကောက်မည့်အစီအစဉ် တနင်္လာတွင် ထရမ့်ပ် ကြေညာမည်
Donate to DVB

အခွန်တိုးကောက်မယ့်စာတွေကို လက်မှတ်ထိုးခဲ့ပြီး သက်တိုင်တဲ့ နိုင်ငံ ၁၂ နိုင်ငံကို တနင်္ဂလာနေ့မှာ ပေးပို့မယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်ကို ကုန်ပစ္စည်းတင်ပို့မယ့် နိုင်ငံတွေအပေါ် အခွန် သတ်မှတ်မှုနှုန်းထားအမျိုးမျိုး သတ်မှတ်ထားတဲ့ နိုင်ငံ ၁၂ နိုင်ငံကို ပေးပို့မှာဖြစ်ပြီး ယူမှာလား ထားခဲ့မှာလားဆိုတဲ့ ကမ်းလှမ်းမှု လုပ်မှာဖြစ်ပါတယ်။

ထရမ့်ပ်ဟာ နယူးဂျာစီကို မထွက်ခွါမီ လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ခဲ့ပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံ ၁၂ နိုင်ငံရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းခဲ့ကာ တနင်္ဂလာနေ့မှာ တရားဝင်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ရဲ့ ဧပြီလက ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအများစုကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး တချို့ နိုင်ငံတွေကို အခွန် ၅၀  ရာခိုင်နှုန်း အထိ တိုးမြှင့်မယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့ပြီး ဈေးကွက် ကမောက်ကမဖြစ်မှုတွေ တိုးပွားလာကာ နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးစနစ်တွေကို ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။

ထရမ့်ပ်က အခွန်တိုးမြှင့်မယ့်ကိစ္စကို ရက် ၉၀ ရပ်ဆိုင်းထားခဲ့ပေမဲ့ အခြေခံအခွန်နှုန်းထား သတ်မှတ်မှု ၁၀  ရာခိုင်နှုန်းကတော့ ဆက်ရှိနေမှာဖြစ်ပါတယ်။ 

ရက် ၉၀  ဆိုင်းငံ့ကာလဟာ ဇူလိုင် ၉ ရက်နေ့ ကုန်ဆုံးမှာဖြစ်ပြီး အခွန်နှုန်းထားတွေဟာ ၇၀ ရာခိုင်နှုန်း တိုးမြှင့်မှုတွေတောင် ပါဝင်တယ်လို့ ထရမ့်ပ်က သောကြာနေ့ အစောပိုင်းမှာ ပြောထားပြီး ဒီအခွန်နှုန်း သတ်မှတ်မှုဟာ ဩဂုတ် ၁ ရက် စတင်မှာ ဖြစ်ပါတယ်။ 

“စာ ၁၂ စောင်လောက်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီစာတွေကို တနင်္လာနေ့မှာ ထုတ်ပြန်မှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်နဲ့ သူ့ရဲ့ ထိပ်သီးအရာရှိတွေဟာ နိုင်ငံတွေရဲ့ အခွန်နှုန်းထားတွေအပေါ်မှုတည်ပြီး အခွန်နှုန်းထားသတ်မှတ်မှုကို ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အထူးသဖြင့် ဂျပန်နဲ့ ဥရောပနိုင်ငံတွေလို အဓိက ကုန်သွယ်မှုပြုတဲ့ နိုင်ငံတွေအပေါ် အခွန်သတ်မှတ်မှုတွေပြန်ပြီး ညှိနှိုင်းမှု ပြုလုပ်နေတာပါ။

လက်ရှိ အခွန်နှုန်းထား သတ်မှတ်ထားမှုထဲမှာ ဗြိတိန်နိုင်ငံသာ ရှိပြီး ၁၀  ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ မေလက သဘောတူညီခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံကိုလည်း အခွန် ၄၆ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ ခြိမ်းခြောက်ထားရာကနေ ၂၀ ရာခိုင်နှုန်း ပြောင်းလဲ သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013