Search Results For: မတော်တဆမှု
မတော်တဆမှုကြောင့် ခြေတောက်ဖြတ်ထားရသည့် အမျိုးသား ၁ ဦး ကြိုးဆွဲချ သေဆုံး
ထိုင်းနိုင်ငံ စက်ရုံတခုမှာ မတော်တဆဖြစ်ပွားပြီး ခြေထောက်တဖက် ဖြတ်တောက်ထားရတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်က အမျိုးသားတယောက်ဟာ မနေ့က အိမ်မှာ ကြိုးဆွဲချ သေဆုံးခဲ့ တယ်လို့ ပေါင်မြို့မရဲစခန်းဆီက သိရပါတယ်။ ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညိုဝင်းက “ကောင်လေးက စိတ်ကျနေပုံရတယ်လို့ မိဘတွေဆီက သိရတယ်။ အခင်းဖြစ်နေ့ မနက်က နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေခဲ့တာ ဖြစ်ပြီး ထိုင်းက ပြန်ရောက်တာ မကြာသေးဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ ပေါင်မြို့နယ်    အလှပ်ကျေးရွာ အနောက်ပိုင်းနေ အသက် ၂၄ နှစ်အရွယ်  ဇင်းမင်းထိုက်ဟာ ထိုင်းနိုင်ငံက စက်ရုံတခုမှာ အလုပ်သွား‌ရောက်လုပ်ကိုင်ခဲ့ပြီး မ‌တော်တဆမှုတခုကြောင့် ခြေထောက်တဖက် ဖြတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ဇာတိရွာကို ပြန်ရောက်လာတာဖြစ်ပြီး ဇန်နဝါရီ ၄ ရက် မနက်က နေအိမ်‌ပေါ်က အမြင့် ၁၀ ပေလောက်ရှိတဲ့ ထုပ်တန်းမှာ နိုင်လွန်ကြိုးတချောင်းကိုသုံးပြီး ကြိုးဆွဲချ သေဆုံးခဲ့တာလို့ ပေါင်မြို့မ ရဲစခန်းဆီက သိရပါတယ်။ ဒီအမှုနဲ့   ပတ်သက်လို့ ပေါင်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၁ နဲ့ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ရဲထွဋ်
4 months Ago
တရုတ်တွင် ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် ၁၈ ဦးသေဆုံး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းမြို့မှာ ဒီဇင်ဘာလ ၄ ရက်က ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။  ဒါဟာ ချုံကျင်းဒေသမှာ နှစ်လကျော်အတွင်း ဒုတိယအကြိမ် မတော်တဆမှုလည်း ဖြစ်ပါတယ်။  တောင်ရွှီဒေါင် ကျောက်မီးသွေးတွင်းမှာ မတော်တဆမှု  ဖြစ်ခဲ့ပြီး မြေအောက်ပိတ်မိနေသူ ၂၄ ယောက်ထဲက ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ပမာဏ မြင့်မားမှုကြောင့် ၁၈ ယောက် သေဆုံးခဲ့တာပါ။  အသက်ရှင်သူ တစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေရေးဆက်လုပ်နေပြီး နှစ်လကျော်ကြာပိတ်ထားတဲ့ ကျောက်မီးသွေးတွင်းမှာဖြစ်တဲ့ အဲဒီမတော်တဆမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ တောင်ရွှီဒေါင် ကျောက်မီးသွေးတွင်းကို ၁၉၇၅ ခုနှစ်ကတည်ဆောက်ခဲ့ပြီး ၁၉၉၈ ကစလို့ ပုဂ္ဂလိက လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့တာပါ။  အဲဒီမိုင်းတွင်းဟာ အန္တရာယ်ရှိ ဓာတ်ငွေ့ ထွက်ရှိရာ မိုင်းတွင်းတခုဖြစ်ပြီး နှစ်စဉ်ကျောက်မီးသွေးတန်ချိန် တစ်သိန်းနှစ်သောင်း ထွက်ရှိတယ်လို့လည်း သိရပါတယ်။
5 months Ago
ကျုံပျော်တွင် မဲဆွယ်ယာဉ်တန်းလိုက်ပါသူအမျိုးသမီး ၁ ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က NLD မဲဆွယ်ယာဉ်တန်းလိုက်ပါခဲ့တဲ့ အမျိုးသမီး ၁ ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျုံပျော်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ခိုင်က “အဲ့ဒီအမျိုးသမီးက ဆိုင်ကယ်နဲ့ ကားကို ကျော်တက်တယ်။ အဲ့လို ကျော်တက်ချိန်မှာ ကားနဲ့ ဆိုင်ကယ်ဘက်မှန်နဲ့ ချိတ်မိတော့ ဆိုင်ကယ်က လဲသွားပြီး လူပါလဲကျသွားတယ်။ အဲဒီအချိန်မှာ ကားနောက်ဘီးက အမျိုးသမီးကို ကြိတ်မိသွားတာ” လို့ ပြောပါတယ်။ သေဆုံးခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဟာ အသုတ်မြို့မှာနေထိုင်သူဖြစ်ပြီး အသုတ် - ကျုံပျော် ကားလမ်း၊ သပြေကွင်းအုပ်စု၊ ကိုင်းတောကျေးရွာအနီးမှာ ယာဉ်တန်းမှာ လိုက်ပါလာတဲ့ ကံထူးအောင် မီနီဘတ်စ်ယာဉ်နဲ့ မတော်တဆ ကြိတ်မိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးသေဆုံးမှုနဲ့ပတ်သက်ပြီး ကံထူးအောင် မီနီဘတ်စ်ယာဉ်မောင်းကို ဥပဒေအရ အရေးယူသွားဖို့ ကျုံပျော်မြို့မရဲစခန်းက ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ မင်းထက်မုန်း(ပုသိမ်)
7 months Ago
ပခုက္ကူ-ပေါက် လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂ ရက်အတွင်း လူ ၄ ဦး သေဆုံး
ကိုဗစ်ကာလမှာ အသွားအလာ နည်းစေဖို့ ကန့်သတ်ထားပေမယ့် ပခုက္ကူ-ပေါက် လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ ညနေပိုင်းယာဉ်တိုက်မှု ဖြစ်စဉ် ၂ ခုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ ညနေ ၅ နာရီက ပေါက်မြို့နဲ့ ပခုက္ကူမြို့ကို စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ သုခလျှံ ကုန်ကားက ပေါက်မြို့က အပြန် တပ်မတောင်အဆင်းမှာ ချောက်ထဲပြုတ်ကျခဲ့ပြီး ကားနောက်မှာပါလာတဲ့ ၂ ဦး နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကားမောင်းသူကတော့ ပခုက္ကူဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တာကြောင့် မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ရမယ်လို့ သိရပါတယ်။ ချောက်ထဲကျတဲ့ ကားကိုစစ်ဆေးကြည့်ရာမှာတော့ ဘရိတ်ပေါက်တာကြောင့် ပြုတ်ကျတာလို့ လူမှုရေးအသင်းတွေက ခန့်မှန်းကြပါတယ်။ ၆ ရက်နေ့ ည ၇နာရီခွဲအချိန်လောက် ဖြစ်စဉ်ကတော့ ပေါက်မြို့နဲ့ ပခုက္ကူ လမ်းပိုင်းမှာပဲ လူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကား မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်စီးလာသူ နှစ်ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တာလို့ ပခုက္ကူမြို့က ကယ်ရီမောင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောပါတယ်။ ပခုက္ကူခရိုင်အတွင်းက မြို့နယ်တွေမှာ  သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာ ပါရှိမှသာ တမြို့နဲ့ တမြို့သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ဟာ မိုင် ၅၀ ကျော်အထိ ကွာဝေးပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - သတိုးအောင်
7 months Ago
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့နံနက် ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်၊ ၃ ဦးသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီနေ့မနက်ပိုင်း ယာဉ်မတော်တဆမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  ဒီနေ့မနက် ၀၇း ၅၀ အချိန်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၆/၅ နဲ့ ၁၇၆/၆ ကြားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၆ ဦးအနက် ကျား (၁) ဦး၊ မ (၁) ဦး သေဆုံးပြီး ဆွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက် ၈ နာရီကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၂၅/၂ နဲ့ ၁၂၅/၃ ကြားမှာ မော်တော်ယာဉ် ၁ စီး ရှေ့ယာဘီးပေါက်ပြီး လမ်းလယ်ကျွန်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့လို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။ အလားတူအချိန်မှာပဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၃/၆ အနီးမှာ မော်တော်ယာဉ် ၁ စီး လမ်းချော်ပြီး လမ်းလယ်ကျွန်းအားကျော်တက်ကာ ဘယ်ရီယာတုံးတွေအား ဝင်တိုက်တိမ်းမှောက်မှုဖြစ်ခဲ့လို့ စကားအင်း နဲ့ ပြင်စည်အမြန်လမ်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၆ ဦးအနက် ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိတာကြောင့် တံတားဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သြဂုတ် ၃ ရက်နေ့ မနက် ၁၁ ခွဲလောက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၂/၀နှင့် ၁၁၂/၁ ကြားမှာ ယာဉ် ၁ စီး အရှိန်မထိန်းနိူင်ဘဲ လမ်းလယ် သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့လို့ ၁၁၅ မိုင် အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ပေါ်ပါ ၂ ဦးလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။
10 months Ago
ကိုဗစ်ကပ်ဘေးကာလ ကလေးမြို့တွင် ယာဉ်မတော်တဆမှု လျော့ကျ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၂၀၂၀ ပြည့်နှစ်ပထမ ၆ လ စာရင်းအရ ယာဉ်မတော်တဆမှု မနှစ်ကထက် လျော့ကျခဲ့ကြောင်း ကလေးမြို့ ယာဉ်ထိန်းရဲ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်  ပထမ ၆ လအတွင်း ယာဉ်တိုက်မှု ၃၀  ရှိခဲ့ပြီး သေဆုံးသူ ၆ ဦးရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်မှာတော့ ယာဉ်တိုက်မှု အကြိမ်ရေ ၁၁၀ ထိ ရှိခဲ့ကာ သေဆုံးသူ ၅၅ ဦး ရှိခဲ့တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကတော့  ၂၀၁၉ ခုနှစ်မှာ အမှုပေါင်း ၁၁၀ အနက် ၁၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်  ပထမ ၆ လပိုင်းအထိ အမှု ၃၀ မှာ ဒဏ်ရာရသူ ၄၂ ဦးအထိ ရှိနေတာကို တွေ့ရပါတယ်။ ယာဉ်တိုက်မှုတွေမှာ အများအားဖြင့် သောက်စားမူးယစ် မောင်းနှင်ပြီး တိုက်မှု ပိုအဖြစ်များတယ်။  အခုနှစ်အတွင်း ကိုဗစ်ကပ်ဘေးကာလ ကလေးမြို့မှာ ပြည်သူတွေနေအိမ်မှာနေနေကြပြီး  ညမထွက်ရအမိန့်ထုတ်ထားသလို    စားသောက်ဆိုင်တွေပိတ်ခဲ့တာကြောင့် ယာဉ်တိုက်မှု နည်းသွားတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။ ကလေးမြို့မှာ ကိုဗစ်ကပ်ဘေး မတိုင်ခင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တင်းကြပ် စစ်ဆေးတာတွေ  လုပ်ခဲ့ပေမဲ့  လိုက်နာမှုအားနည်းတာကိုလည်းတွေ့ရပါတယ်။ သတင်း- မင်းရဲစစ်နိုင်
11 months Ago
အစ္စတန်ဘူလ် ရထားမတော်တဆမှု ရုပ်သံမှတ်တမ်းထွက်ပေါ် (ရုပ်သံ)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဧပြီ ၂၂ ရက်က ရထားတစီးနဲ့ ခရီးသည်တင်ဘတ်စ်ကား  တစီးတို့ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ရထားလမ်းချော်သွားခဲ့တယ်လို့ တူရကီမီဒီယာတွေမှာ ဖော်ပြပါတယ်။   အစ္စတန်ဘူလ်ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စီစီတီဗွီမှတ်တမ်းတခုမှာတော့ ရထားဟာ ကားကို ဝင်တိုက်ပြီး တရွတ်တိုက်ဆွဲသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။  မတော်တဆမှုဖြစ်ချိန်မှာ ရထားပေါ်မှာရော ကားပေါ်မှာပါ ခရီးသည်ရှိမနေဘဲ ယာဉ်မောင်းတွေပဲ အသေးစားဒဏ်ရာ အသီးသီးရရှိသွားခဲ့တယ်လို့ သိရပါတယ်။
1 year Ago
ပုံတောင်၊ ပုံညာတွင် အတက်အဆင်းရှည်သဖြင့် လစဉ်နီးပါး ယာဉ်မတော်တဆမှုဖြစ်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက ပုံတောင်၊ ပုံညာမှာ အတက်အဆင်းရှည်လျားတဲ့အတွက် လစဉ်လိုလို ယာဉ်မတော်တဆမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း တရားမဝင်သစ်ခိုးထုတ်တဲ့ သစ်ကားတစီး တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။  ဇန်နဝါရီလ ၂၁ ရက်နေ့မှာလည်း ပုံတောင် နတ်နန်းအနီး အတက်မှာ ဆန်အိတ်အပြည့် တင်ဆောင်လာတဲ့ ၁၂ ဘီးကားတစီး နောက်ပြန်လျောကျပြီး လမ်းဘေးကို ထိုးကျကာ တိမ်းစောင်းခဲ့ပါတယ်။  မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကျောနယ်မြေရဲစခန်းမှု ဒုရဲအုပ် ဖြိုးနိုင်က ပြောပါတယ်။ "ကြီးကြီးမားမားဖြစ်တာတော့ ဒီဇင်ဘာလမှာ ၂ မှုဖြစ်ခဲ့တယ်။ လူ ၈ ယောက်သေဆုံးခဲ့ တယ်ပေါ့။ အခုလမှာတော့ သစ်ကားတစီးရယ်၊ အခုဆန်ကားရယ်ဆို ၂ စီးဖြစ်ပြီ။ ဆန်ကားကတော့ စိစစ်နေတုန်းပါ။ လူသေဆုံးမှုတော့ မရှိပါဘူး။" အခုလိုဖြစ်တာက လမ်းကောင်းလာတဲ့အပြင် အတက်အဆင်းရှည်တာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပုံတောင်၊ ပုံညာက အတက်အဆင်းရှည်တဲ့အပြင် အကွေ့အကောက်လည်း များပြားတဲ့ တောင်ပေါ်လမ်းဖြစ်ကာ မိုးရာသီမှာလည်း မြေပြိုကျမှုတွေဖြစ်ပေါ်တတ်ပါတယ်။ ဒီလမ်းက ချင်းပြည်နယ်ရဲ့ ထွက်ပေါက်လမ်းတွေထဲက တခုလည်းဖြစ်ပါတယ်။
1 year Ago
၂၀၁၉ ခုနှစ်အတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး၊ ၁၀၀၀ ကျော် ဒဏ်ရာရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ  ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၀၆ ဦး သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ယာဉ်တိုက်ခိုက်မှုပေါင်း ၅၂၁ မှုမှာ ဆိုင်ကယ်တိုက်မှု ၈၂ စီး၊ saloon/wagon ယာဉ်တိုက်မှု ၃၁၁ စီး၊ express/ ကုန်တင်ယာဉ်တိုက်မှု ၁၃၄ စီးနဲ့ လမ်းဖြတ်ကူးမှု ၁၅ မှုတို့ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၆၇ ဦးနဲ့အမျိုးသမီး ၃၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅၅၀ ဦး၊အမျိုးသမီး ၄၆၄ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်ကနေ့ ၃၀ ရက်အထိမှာတော့  ယာဉ်မတော်တဆမှု ၃၂ မှု ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးကာ ၅၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
1 year Ago
အိန္ဒိယတွင် မြူနှင်းထူထပ်စွာကျပြီး ကားမတော်တဆမှုကြောင့် လူ ၆ ဦးထက်မနည်းသေဆုံး 
အိန္ဒိယနိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဒီဇင်ဘာ ၃၀ ရက်က  ၂၀၁၃ နောက်ပိုင်း အနိမ့်ဆုံးအပူချိန် ၂ ဒသမ ၄ ဒီဂရီ စင်တီဂရိတ် ကျဆင်းခဲ့ပြီး   မြူနှင်း ထူထပ်စွာကျခဲ့တာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံး ဥတာပရာဒေ့ရှ်ပြည်နယ်မှာ   ကားတစီးလမ်းချော်ပြီး တူးမြောင်းထဲ ကျခဲ့တာကြောင့် ၆ ယောက်သေဆုံးခဲ့တာပါ။ ရဲတပ်ဖွဲ့က မြူနှင်းတွေကြောင့် အဲဒီလိုဖြစ်ရတယ်ဆိုပြီး  ပြောပါတယ်။ မြို့တော် နယူးဒေလီအပါအဝင်  နိုင်ငံရဲ့ ဒေသအတော်များများမှာလည်း   မြူနှင်းတွေကြောင့် သွားလာရေး အခက်တွေ့နေပါတယ်။ နိုင်ငံတဝန်း မြူနှင်းတွေ သိပ်သည်းနေတာကြောင့်    မြင်ကွင်းတွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒေလီမြို့မှာ လေကြောင်းခရီးစဉ်  ၁၆ ခုကို လမ်းကြောင်းပြောင်းခဲ့ရပြီး ၄ ခုကို ဖျက်ခဲ့ရကာ  ခရီးစဉ်ပေါင်း ၅၀၀ လောက် ကြန့်ကြာခဲ့တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။   ဒေလီမြို့ရဲ့ ဒီဇင်ဘာ ၂၉ ရက် အနိမ့်ဆုံး အပူချိန်ဟာ ၂ ဒသမ ၈  ဒီဂရီ စင်တီဂရိတ် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 
1 year Ago
အင်္ဂလန်လက်ရွေးစင်ဟောင်း ဒီဖိုး ယာဉ်မတော်တဆမှုဖြစ်
2 years Ago
ရန်ကုန်-မန္တလေး အမြန်လမ်း၌ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၃၅ မှုဖြစ်၊ ၆ ဦး သေဆုံး
2 years Ago
ဝိုင်းမော်တွင် တရုတ်တစ်သျှူးငှက်ပျောကား တိမ်းမှောက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအကျော်မှာ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က တရုတ်တစ်သျှူး ငှက်ပျောတွဲကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ကန်ပိုက်တီဘက်က ဆင်းလာတာဖြစ်ပြီး ဝါရှောင်ကျေးရွာအကျော် ဂေါ်ဆက်ယန်မှာ လမ်းဘေး အရှိန်လွန်တိမ်းမှောက်ခဲ့ကာ လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါလမ်းကြောမှာ တရုတ်တစ်သျှူးငှက်ပျောတွဲကားတွေ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် မကြာခဏ ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိပြီး သတိထား သွားလာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ကလည်း တရုတ်တစ်သျှူးငှက်ပျောတွဲကား တိမ်းမှောက်မှုကြောင့် ဝါရှောင်ကျေးရွာရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ပျက်စီးခဲ့တာရှိသလို တွဲကားနဲ့ ချိတ်မိလို့ လူငယ်တစ်ဦး ခေါင်းကြိတ်ခံရကာ သေဆုံးခဲ့‌ပြီး အမှုမှန်ပေါ်ပေါက်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
1 day Ago
ဖမ်းဆီးခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် စည်ပင်ဝန်ကြီးတို့ကို အဂတိမှုဖြင့် စွပ်စွဲ အမှုဖွင့်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်က ဧပြီ ၉ ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 
သူတို့နှစ်ဦးဟာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်၊ ကျော်လွန်ဆောင်ရွက်ချက်တွေကို အရေးယူပေးဖို့ တိုင်ကြားစာအရ စစ်ကောင်စီရဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်တို့ဟာ  ဘားအံမြို့၊ ကမ်းနားလမ်း သာယာလှပရေးနဲ့  အဆင့်မြှင့်တင် ရေးလုပ်ငန်း စီမံကိန်းမှာ ပုဂ္ဂလိကသို့ ခွင့်ပြုပေးပိုင်ခွင့်မရှိတဲ့ ကမ်းနားလမ်း မြေ ၄ ဧကကျော်ကို ပုဂ္ဂလိကသို့ မြေငှားဂရန် ထုတ်ပေးခဲ့လို့ နိုင်ငံပိုင်မြေဆုံးရှုံးပြီး နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၅၃၈၀ ကျော် နစ်နာစေခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ် မေ ၁၄ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအသီးသီးမှ ကောက်ခံခဲ့တဲ့ ရန်ပုံငွေတွေကို နိုင်ငံတော်ဘဏ္ဍာစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်တွေမှာ သီးခြား ငွေစာရင်း များဖွင့်လှစ်ကာ ငွေကျပ်သန်း  ၉၆၉၇  ကျော်ကို လက်ခံရယူခဲ့တာ၊ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ သက်ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ်သိန်း ၇၄၂၅ ကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးခဲ့တာ၊ အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်ရေးအတွက် လုပ်ငန်းတင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီထံမှ လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စုစုပေါင်းငွေကျပ် သိန်း(၅၀၀၀)ကို ကြိုတင်လက် ခံရယူခဲ့တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ 
ဒါ့အပြင် ဒေါ်နန်းခင်ထွေးမြင့်ဟာ  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဘားအံမြို့နဲ့ ရန်ကုန်မြို့မှာ ဆေးကုသမှု ခံယူရာမှာ ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းမှ ငွေကျပ် ၁၆သန်းခွဲကို ရယူသုံးစွဲခဲ့တယ်လို့ လည်း စစ်ကောင်စီပြောခွင့်ရသူက စွပ်စွဲပြောဆိုပါတယ်။ 
ပြီးခဲ့တဲ့  ၂၀၁၇ ဇူလိုင်လက ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ တာဝန်ထမ်း ဆောင်စဉ်ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဘယ်ဘက်ခြေသ လုံးရိုးကျိုးဒဏ်ရာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာသွားရောက် ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။
စည်ပင်ဝန်ကြီး ဦးသန်းနိုင်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ပြီး ကျောရိုးမကြီးအား ခွဲစိတ် ကုသမှုခံယူခဲ့ရာမှာ  လုပ်ငန်းရှင် တစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို လက်ခံရယူခဲ့သလို ၂၀၂၀ အောက်တိုဘာလက မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ် ငွေကျပ် သိန်း ၅၀  လုပ်ငန်းရှင်တစ်ဦးထံမှ တောင်းခံရယူခဲ့တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။
နိုင်ငံရေးရာထူးရှိစဉ် ရာထူးတာဝန်အရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်လိုက် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့  ဝန်ကြီး ဦးသန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကရင်ပြည်နယ်၊ ဘားအံမြို့မရဲစခန်းမှာ ဧပြီ ၈ ရက်နေ့စွဲနဲ့  ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့  စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကတော့ ဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် ပြန်လည် တုံ့ပြန်ချေပနိုင်ခြင်းမရှိပါဘူး။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို  ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်နေ့  ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ထားရှိကာ ဖေဖော်ဝါရီ    ၈ ရက်မှာ  စစ်အစိုးရက နောက်ထပ်တစ်ကြိမ် ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
1 month Ago
အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
အင်ဒိုနီးရှားရေပိုင်နက်ထဲ ပျက်ကျနစ်မြုပ်ခဲ့တဲ့  Sriwijaya အဲလိုင်းက လေယာဉ်ရဲ့ လေကြောင်းပျံသန်းမှု မှတ်တမ်းတင်ကိရိယာ သေတ္တာနက်  (Black box) ကို ရေငုပ်သမားတွေ ဇန်နဝါရီ ၁၀ ရက်က ရှာနေတဲ့ ရုပ်သံကို အင်ဒိုနီးရှား ရေတပ်က ဖြန့်ချိလိုက်ပါတယ်။  ဘိုးရင်း 737-500 လေယာဉ်ကိုယ်ထည်ရဲ့ အစိတ်အပိုင်းတွေနဲ့ အင်ဂျင်စက်ကို ပင်လယ်ကြမ်းပြင်ကနေ ဇန်နဝါရီ ၁၀ ရက်မှာ သယ်ထုတ်အပြီး သေတ္တာနက် ရှိရာနေရာကို အာဏာပိုင်တွေက အတိအကျ ဖော်ထုတ် ရှာဖွေခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ လူ့အလောင်း အစိတ်အပိုင်းတွေနဲ့ တကိုယ်ရေ အသုံးအဆောင် ပစ္စည်းတွေကိုလည်း ရှာတွေ့ခဲ့ကြပါတယ်။  “လေယာဉ်ဟာ ရေပြင်ကို မရိုက်မိခင်မှာ မပျက်မစီး အကောင်းအတိုင်း ရှိခဲ့ပုံရတယ် အပျက်အစီးတွေက ရေအောက်မှာ တစုတစည်း တည်း ပြန့်ကျဲလျက်သား ရှိနေခဲ့တယ် သေတ္တာနက်ကို ဇန်နဝါရီ ၁၁ ရက်မှာ ရှာတွေ့ဖို့ မျှော်လင့် ထားတယ်”လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဂျကာတာကမ်းရိုးတန်း မြောက်ပိုင်းမှာ အကြီးစား ရှာဖွေနေပြီး လူအလောင်း အစိတ်အပိုင်း တွေနဲ့ အပျက်အစီးတွေကို ဆယ်ယူနိုင်ခဲ့ပါတယ်။ လေကြောင်းဘေးကင်းရေးကွန်ရက်ရဲ့ အချက်အလက်တွေအရ ကျန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း တခြားနိုင်ငံတွေမှာထက် အင်ဒိုနီးရှားနိုင်ငံမှာ လေယာဉ်ပျက်ကျလို့ သေဆုံးသူ ဦးရေ ပိုများတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လေယာဉ်ဟာ စနေနေ့က အနောက်ကလီမန်တန်ဒေသက ပွန်တီယာနက်ခ်မြို့ဆီ ပျံသန်းချိန်မှာ လေဆိပ်ကနေ တက်အပြီး ၄ မိနစ်အကြာ ရေဒါမျက်နှာပြင်ပေါ်ကနေ ပျောက်သွား တာပါ။  လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိ ရသေးပါဘူး။ လေကြောင်းမတော်တဆမှုအများစုဟာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းခံ တခုထက် မနည်း ပေါင်းစုံလို့ ဖြစ်လေ့ရှိပြီး အကြောင်းရင်းခံကို ဖော်ထုတ်ဖို့ အချိန် လချီ ယူရလေ့ ရှိတယ်လို့ ဘေးကင်းရေးပညာရှင်တွေက ပြောပါတယ်။
4 months Ago
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတွင် ကူးတို့လှေနစ်မြုပ်ပြီး လူ ၃ ဦး ရေနစ်သေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းက ကီဗူရေကန်ထဲမှာ ခရီးသည်တင် လှေတစီး နစ်မြုပ်အပြီး ကလေး နှစ်ယောက်နဲ့ အမျိုးသမီး တစ် ယောက်  ရေနစ် သေဆုံးတယ်လို့ ဒေသန္တရ အရာရှိက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။  လူဒါဇင်ချီ ပျောက်နေတယ်လို့ အသက်ရှင်သန်ကျန်ရစ်သူတွေက ပြောပါတယ်။ ဒေသတွင်း မြို့တော် ဂိုမာကို သွားတဲ့ လှေဟာ ညအမှောင်ထဲမှာ လူတွေ အလွန်အကျွံ တင်ပြီး တရားမဝင် ပြေးဆွဲရင်း ဇန်နဝါရီ ၅ ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ လှေပေါ်မှာ ခရီးသည် ၅၁ ယောက် ပါပြီး ၄၆ ယောက်ကို ကယ်နိုင်ခဲ့တယ် ၃ ယောက် သေပြီး ၂ယောက် ပျောက်နေတယ်လို့ ဒေသန္တရ အရာရှိက  ပြောပါတယ်။ ဒါပေမဲ့ ဒေသခံ လှေသမားတွေက ကယ်တင်ခဲ့တဲ့ ရှင်သန်ကျန်ရစ်သူတွေကတော့ လှေပေါ်မှာ ခရီးသည် အယောက် ၁၀၀ ထက် မနည်း တင်လာတယ်လို့ ပြောပါတယ်။  ကွန်ဂိုမှာ လူသေတဲ့ လှေမတော်တဆမှုတွေ ဖြစ်နေကျပါ။ နိုင်ငံတဝန်း သစ်တောနယ်မြေတွေအကြားမှာ ကတ္တရာလမ်း နည်းနည်းသာ ရှိပြီး လှေတွေ သင်္ဘော တွေကလည်း များသောအားဖြင့် ဝန်ပိုတင်လေ့ ရှိကြပါတယ်။
4 months Ago
အဝေးပြေးလမ်းပေါ်  အရေးပေါ်ဆင်းခဲ့သည့် လေယာဉ်ငယ် ကား ၁ စီးကိုဝင်တိုက် (ရုပ်သံ)
အမေရိကန်နိုင်ငံ မင်နီဆိုးတားမှာ ဒီဇင်ဘာ ၂ ရက်နေ့က လေယာဉ်ငယ်တစီး အဝေးပြေးလမ်းတခုပေါ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။  ကားလမ်းပေါ် ရောက်လာတဲ့ လေယာဉ်ကြောင့် လမ်းပေါ်ကကားတွေ အရေးပေါ်ရပ်တန့်ခဲ့ရပြီး လေယာဉ်ဟာ ကားတစီးကိုလည်း ဝင်တိုက်ခဲ့ပါတယ်။  ဒေသတွင်းမီဒီယာတွေအရ Bellanca Viking လေယာဉ်ဟာ အာဒန်တောင်ကုန်းက မင်နီ  ဆိုးတား၊ စိန့်ပေါလ်လမ်းအမှတ် I-35 မှာ ည ၉ နာရီ ၃၀ က အရေးပေါ်ဆင်းသက်ခဲ့ပြီး SUV ယာဉ်တစ်စင်းကို  ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။  ဝင်တိုက်ခံခဲ့ရတဲ့ ယာဉ်မောင်းဟာလည်း ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ လေယာဉ် ပေါ်ကလေယာဉ်မှူးဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ အမေရိကန်နိုင်ငံအတွက် ကိုယ်စားပြု ပြိုင်ပွဲဝင်နေတဲ့  လေယာဉ်မောင်းတစ်ဦးဖြစ်တယ်လို့ Star Tribune သတင်းမှာဖော်ပြပါတယ်။  ဒီမတော်တဆမှုကို ဖက်ဒရယ် လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းမှုဘုတ်အဖွဲ့တို့က စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။
5 months Ago
ပွင့်ကျသွားတဲ့အရှေ့တံခါးကြီးနဲ့ မူးယစ် လက်နက်မှောင်ခို (ဆောင်းပါး) 
၂၀၁၇ ခုနှစ် ပထမ ၄ လပတ် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးအပြီးမှာ ထိုင်းအစိုးရက နာမည်ပျက်စာရင်းသွင်း Black List ထုတ်ထားတဲ့ ထိုင်းနိုင်ငံသား ၂၇ ယောက်ရဲ့စာရင်းကို ဓာတ်ပုံမှတ်တမ်းတွေ၊ ပြစ်မှုကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေပါဝင်တဲ့ စာအုပ်အတွဲ  ၂ အုပ်လုပ်ပြီး  မြန်မာနိုင်ငံဘက် တာချီလိတ်မြို့က တာဝန်ရှိသူတွေဆီကို ပေးပို့ပေးခဲ့ပါတယ်။ အဆိုပါလူစာရင်းမှာပါတဲ့သူတွေကို ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးဖို့လည်း ထိုင်းအာဏာပိုင်တွေဘက်က မြန်မာကို အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီထဲမှာပါဝင်တဲ့သူတွေဟာ အများအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်တိုက်နယ်ဘက်က လူတွေပါဝင်သလို ဘန်ကောက်မြို့တော်နဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကလူတွေလည်း ပါဝင်ကြပါတယ်။ ဒီလူတွေ ထိုင်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအများစုကတော့ မူးယစ်ဆေးဝါးကုန်ကူးသူတွေနဲ့ လက်နက်မှောင်ခိုမှုတွေ ပြုလုပ်ကြသူတွေ ဖြစ်ကြပါတယ်။ ဒီလူတွေရဲ့ စာရင်းကို ကြည့်ရှုခွင့်ရဖို့ မြန်မာသတင်းထောက်တွေက တောင်းဆိုခဲ့ရာမှာ မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေက မှတ်တမ်းတင်ခွင့်မပေးဘဲ ကြည့်ရှုခွင့်သာပေးခဲ့ ပါတယ်။ အဲ့ဒီလူတွေကို ဖမ်းဆီးပြီး ထိုင်းအစိုးရကို ပြန်လည်လွှဲပြောင်းပေးတာတော့ ဒီနေ့အချိန်အထိ ပြုလုပ်ပေးနိုင်ခဲ့ခြင်းမရှိသေးပါဘူး။   တာချီလိတ်ရောက် တရားမဝင် ခွန်ထိုင်းများ  လက်ရှိ တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံက တရားမဝင်လာရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသား အရေအတွက်က လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကထက် လူဦးရေ သုံးဆကျော်ပိုမိုများပြားလာပြီး  ထိုင်းနိုင်ငံ ပြည်တွင်းဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ Black List လူဆိုးစာရင်းဝင်တွေလည်း ပိုမိုများပြားလာနေတယ်လို့  စုံစမ်းချက်တွေအရ သိရပါတယ်။ ဒီလူတွေဟာ လက်ရှိမှာ တာချီလိတ်မြို့ပေါ်မှာ အဓိက အလုပ်အကိုင်အနေနဲ့ မူးယစ်ကုန်သွယ်တာနဲ့ လက်နက်မှောင်ခိုမှုတွေပြုလုပ်ပြီး နေထိုင်ကြတာပါ။ သူတို့ကို ဒီလိုနေထိုင်နိုင်ခွင့်ပြုဖို့အတွက် မြန်မာနိုင်ငံအတွင်းက ဥပဒေတွေကလည်း အခွင့်အလမ်းတွေ ပေးထားတယ်လို့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ပြောပါတယ်။ အမည်မဖော်လိုတဲ့ တာချီလိတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက "အရင်တုန်းက ဒီလို မသင်္ကာတဲ့လူတွေကို အချိန်မရွေးဝင်ရောက်စစ်ဆေးနိုင်ဖို့ ဧည့်စာရင်းစစ်လို့ရတယ်။ အခုက ဧည့်စာရင်းစစ်လို့မရတော့ သူတို့ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်တာမရှိရင် ဝင်ဖမ်းလို့မရဘူး။ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်တော့လည်း သူတို့ကို ပြန်ပြီးသတင်းပေးနေတဲ့သူတွေရှိတော့ ဖမ်းလို့မမိဘူး။ "လို့ ပြောပါတယ်။ တာချီလိတ်ထဲမှာ တရားမဝင်နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသား မူးယစ်နဲ့ လက်နက်ကုန်သည်တွေဟာ Night Club နဲ့ စားသောက်ဆိုင်တွေမှာ အခြေချလေ့ရှိပြီး သူတို့ရရှိတဲ့ငွေကြေးတွေကိုလည်း လောင်းကစားဂိမ်းရုံတွေမှာ ပြန်လည်လောင်းကစား မှုပြုလုပ်ကြလေ့ရှိပါတယ်။  အရင်ဝင်ရောက်လာခါစတုန်းက လူဦးရေနည်းခဲ့ပေမယ့် နောက်ပိုင်း မူးယစ်ကုန်သွယ်မှုနဲ့ လက်နက်မှောင်ခိုမှုတွေ အားကောင်းမွန်လာတဲ့အတွက် ထိုင်းနိုင်ငံအတွင်းက လူဆိုးလူမိုက်တွေဟာ တာချီလိတ်မြို့ကို တဖွဲဖွဲရောက်ရှိလာကြတာဖြစ်ပါတယ်။ တာချီလိတ်မှ တရားမဝင်နေထိုင်သူ ထိုင်းနိုင်ငံသား  နာမည်လွှဲ အိုက်ကပ်က “တာချီလိတ်မှာ မူးယစ်နဲ့ လက်နက်ကုန်သွယ်တာ ဘာပစ္စည်းမှ ကိုင်စရာမလိုဘူး၊ အဓိက  မူးယစ်ဆေးဝါး ရောင်းချတဲ့သူဌေးတွေက မြန်မာမှာနေကြတယ်။ သူတို့ပစ္စည်းတွေကိုတော့ ထိုင်းနိုင်ငံမှာ ပို့ထားပြီးပြီ ထိုင်းနိုင်ငံထဲက လိုချင်တဲ့ပစ္စည်းအမျိုးအစားကို နမူနာပြပေးတာနဲ့ အိမ်တိုင်ရာရောက်ပို့ပြီးသွားရင် ကျနော်တို့က ကော်မရှင်ခထုတ်ရုံပဲ။ ကျနော်တို့အနေနဲ့ အဓိက ဝယ်လက်ရှာပေးတယ်။ ဒီလိုပဲ မြန်မာဘက်က လိုချင်တဲ့ သေနတ်ဆိုလည်း ဟိုဘက်က မှာပေးလိုက်တယ်။ အချိန်တန်လို့ရောက်ရင် ငွေထုတ်ရုံပဲ"လို့ ပြောပါတယ်။ ဒီလိုထိုင်းနိုင်ငံသား အများစုဟာ တာချီလိတ်မှာရှိတဲ့ အိမ်ခန်းငှားတဲ့ တိုက်ခန်းတွေမှာ နေထိုင်ကြတဲ့သူတွေရှိသလို တချို့ကတော့  မြန်မာမှတ်ပုံတင်ကို ငွေကြေးပေးပြီး ဝယ်ယူထားကြတဲ့အတွက် အိုးပိုင် အိမ်ပိုင်နဲ့နေထိုင်တြတဲ့သူတွေလည်း ရှိပါတယ်။ တာချီလိတ်ခရိုင်အတွင်း ၂၀၀၇ ခုနှစ်လောက်က မူးယစ်ရာဇာ စိုင်းနော်ခမ်းရှိစဉ်က မူးယစ်ဆေးကွက်ကောင်းမွန်ခဲ့ပြီး မှုခင်းဖြစ်ပွားမှုတွေရှိခဲ့ပေမဲ့  အခုလိုမြို့တွင်းမှာ မှုခင်းဖြစ်ပွားမှု ဆက်တိုက်ဖြစ်ပွားတာနည်းပါးခဲ့ပါတယ်။ အဓိက မြို့နဲ့ဝေးလံတဲ့ကျေးရွာတွေနဲ့ သွားလာရခက်ခဲတဲ့ ရွာတွေမှာသာ လုံခြုံရေးအားနည်းခဲ့တာပါ။ အခုလက်ရှိမှာတော့ မြို့တွင်းလုံခြုံရေးဟာ စိုးရိမ်ကြောက်လန့်နေရတဲ့အနေခြေအနေမှာရှိပြီး ဒေသခံတော်တော်များများဟာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေကို လက်ညှိးထိုးကြပေမယ့် ပွင့်ပွင့်လင်းလင်းဝေဖန်ရဲတဲ့ အခြေအနေမှာမရှိပါဘူး။ အဓိက သေမထူးနေမထူးတွေ ပြန်စရာမရှိတဲ့သူတွေဖြစ်တဲ့အတွက် ပြိုင်ပြီး မမိုက်ချင်ကြဘူးလို့ ပြောကြပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ထိုင်းမူးယစ်ကုန်သည်တစ်ဦးဟာ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှာ ယာဉ်အချင်းချင်းတိုက်မိပြီး လူထိခိုက်ခြင်းမရှိတဲ့ ယာဉ်မတော်တဆဖြစ်ခဲ့ရာမှာ ဘတ်ငွေ ၂ သိန်းနဲ့ ပြစ်မှုပယ်ဖျက်ဖို့ပြောဆိုကြပေမဲ့ တကယ်လက်တွေ့မှာတော့ ဘတ်ငွေ ၂ သန်းနဲ့ အမှုပြီးပြတ်သွားခဲ့ဖူးပါတယ်။  နောက်အမှုတစ်ခုကတော့ အသက် ၂၆ နှစ်အရွယ်သာရှိတဲ့ မူးယစ်ရာဇာတစ်ဦးရဲ့ အိမ်ကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ ပိုင်ရှင်မဲ့ မူးယစ်အနည်းငယ်ဖမ်းဆီးရမိတဲ့အတွက် မူးယစ်ရာဇာကို ဝရမ်းပြေးအဖြစ်ကြေညာခဲ့ပါတယ်။  ဒါပေမဲ့ လအနည်းငယ်မှာပဲ အဲဒီ မူးယစ်ရာဇာ လူငယ်က မြို့ပေါ် ကာစီနိုဝိုင်းတွေ နိုက်ကလပ်တွေမှာ တွေ့ရှိရပြီး ဝရမ်းပြေးကြေညာချက်ကိုလည်း ပြန်ရုပ်သိမ်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ဒီလိုပဲ ထိုင်းနိုင်ငံသားတစ်ဦး ယာဉ်မတော်တဆမှုမှာ မူးယစ်ဆးဝါးအပြား အနည်းငယ်ပါလာတဲ့အတွက် မူးယစ်မှုနဲ့ဖမ်းဆီးခဲ့ပြီး သိပ်မကြာခင်မှာ အပြင်ထွက်လာနိုင်ခဲ့ပါတယ်။ ဆိုင်ကယ်မှောက်စဉ်မှာ ပါဝင်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ လမ်းမပေါ်မှာ တစ်ခြားသူတစ်ဦးပစ်ထားတာဖြစ်ပြီး သူ့အိတ်ထဲက မဟုတ်ဘူးလို့ တရားရုံးက စီရင်ချက်ချခဲ့ပြီး ဆိုင်ကယ်မတော်တဆမှုနဲ့သာ ပြစ်ဒဏ်ချခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ကယ်မှောက်စဉ်မှာ ပါဝင်ကူညီခဲ့တဲ့ လူမှုရေးအသင်းအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ ဆိုင်ကယ်မှောက်သူရဲ့ အိတ်အတွင်းက တွေ့ရှိတာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။  မြန်မာမှတ်ပုံတင်ပေါက်ဈေး  ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တရားမဝင် မှတ်ပုံတင်တစ်ခုကို ဘတ်  ငါးသောင်းကနေ ဘတ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိပြီး အများအားဖြင့် ထိုင်းနိုင်ငံသားတွေဟာ ရှမ်းတိုင်းရင်းသားဆိုပြီး ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုဘဲ တရုတ်နိုင်ငံသားတွေကလည်း မြန်မာ မှတ်ပုံတင် ပြုလုပ်မှုတွေရှိပါတယ်။ မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အဆိုအရ" ကျနော် ဓာတ်ပုံ နှစ်ပုံပေးလိုက်ရင် ၁၀ ရက်လောက်ဆိုရတယ်။ မှတ်ပုံတင်ရိုးရိုးဆိုရင် ဈေးနည်းတယ်။ တကယ်လို့ အိမ်ထောင်စုစာရင်းပါလုပ်မယ်၊ ပတ်စ်ပို့ပါမယ်ဆိုရင်တော့ ဈေးပိုကြီးတယ်။ ဒီလိုမှတ်ပုံတင်ရရင် ပြည်သူ့စစ်ဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ဖြစ် ဝင်ထားလို့ရပြီလေ။ ဒါဆိုအေးဆေးဖြစ်ပြီ"လို့ ပြောပါတယ်။  WY ဈေးကွက်နဲ့ ကျိုးပေါက်နေတဲ့ဂိတ်များ ခုနောက်ပိုင်း ၂၀၁၈ ခုနှစ်လောက်မှာတော့ ထိုင်းနိုင်ငံအတွင်းက မူးယစ်ဂိုဏ်းတွေနဲ့ လက်နက်မှောင်ခိုဂိုဏ်းဝင်တွေဟာ မြန်မာနိုင်ငံ နယ်စပ်တလျှောက်ဝင်ရောက်လာပြီး ပြည်တွင်းလက်နက်ကိုင်တွေနဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်နဲ့ လက်နက်မှောင်ခိုမှုတွေကို ပိုမိုပြုလုပ်လာကြပါတယ်။ ရှမ်းပြည်နယ်မှာ  မူးယစ်ဆေးဝါးထုတ်လုပ်မှုအမြင့်မားဆုံးနေရာကတော့ နမ့်ဆန်မြို့နယ်ထဲမှာဖြစ်ပြီး အဲဒီဒေသမှာ ငြိမ်းချမ်းရေးရယူထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ငြိမ်းချမ်းရေးမယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေကြတာ ရှိပါတယ်။ လက်နက်ကိုင် မူးယစ်ကုန်သည်တစ်ဦးက  "နမ့်ဆန်ထဲမှာက စိတ်ကြိုက်ထုတ်လို့ရတယ်၊ အဓိကကုန်ကြမ်းတွေကိုတော့ နယ်စပ်တစ်လျှောက်က သယ်ယူပြီး အချောထုတ်တာနဲ့ ပါကင်ထုတ်တာကို တောထဲမှာပဲ လုပ်တယ်။ အဓိကပို့တာ ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ဘက်ကို။ အခုနောက်ပိုင်း မလေးရှားနဲ့ အင်ဒိုနီးရှားဘက်ပိုပြီးပို့ဖြစ်တယ်။ ဈေးအကောင်းဆုံးရတာ ထိုင်ဝမ်ပဲ၊ အဲ့ဒီရောက်သွားရင် ဈေးနှုန်း ဆယ်ဆလောက်တက်သွားပြီ ဆယ်အိတ်ပို့လို့ တစ်အိတ်ရောက်ရင်ကို အရင်းကျေပြီလေ"လို့ ပြောပါတယ်။ မြန်မာနိုင်ငံက မူးယစ်ဆေးဝါးထုတ်လုပ်တဲ့သူတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း(ဖတ်တိုက်)က မူးယစ်ကုန်သွယ်တဲ့သူတွေနဲ့ ချိတ်ဆက်ပြီး မလေး၊ အင်ဒိုဘက်ကိုပို့ဆောင်ကြတာပါ။ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ  ဝယ်သူစိတ်ကြိုက် ဖေါ်မြူလာတွေကို ဖေါ်စပ်ပေးရတာရှိသလို ပါကင်ကိုလည်း တစ်ဖက်စိတ်ကြိုက်ပြုလုပ်ပေးရတာရှိပါတယ်။ WY ဆေးပြားတွေကို ပါကင်ထုပ်တဲ့ အိပ်အပြာရောင်ဟာလည်း တစ်ကီလိုကို ဘတ် ၂၀၀၀ ကျော်ရှိသလို  အရောင်အရင့် အပျော့၊ အမာဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ စိတ်ကြွဆေးပြားတွေကို R20၊ WY မှာ Yအမြီးတို၊ အမြီးရှည် Wyအဝိုင်း အသေး၊ ဝမ်ရီ၊ ဆိုပြီး တံဆိပ်အမျိုးမျိုးရှိသလို အရောင်အပေါ်မှာလည်း အမျိုးမျိုးရှိကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းချိတ်ဆက်ထားတဲ့ အာရှလမ်းမ အမှတ်(၄)တစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ လိုင်စင်မဲ့ကားတွေ အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုထားတာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကျိုးပေါက်နေတဲ့ အနေအထားပါ။ လူစစ်ဆေးရေးဂိတ်ဟာ သံလွင်မြစ်ကို ဖြတ်ကူးထားတဲ့ "တာကော်"ဂိတ်တစ်ခုသာရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်က ကိုင်တွယ်တဲ့ ဌာနပေါင်းစုံ ပူးပေါင်းဂိတ်တစ်ဂိတ်သာ ရှိပါတယ်။ ဒီပူးပေါင်းဂိတ်ဟာလည်း တစ်ဂိတ်ကို ကျပ်ငွေ ၁၀,၀၀၀ နဲ့  ဂိတ် ၈ ဂိတ်လောက်ကိုပေးရင် စိတ်ကြိုက်ဖြတ်သန်းခွင့်ပြုထားတဲ့အနေအထားပါ။ အဓိက လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဝန်ထမ်းမိသားစုဆိုရင်တော့ စစ်ဆေးခြင်းတောင်မပြုဘဲ ဖြတ်သန်းခွင့်ပေးထားကြတာပါ။  သံလွင်မြစ်အရှေ့ခြမ်းက စစ်ဆေးရေးဂိတ်တွေဆိုရင်လည်း စစ်ဆေးမှုအနည်းငယ်သာရှိပြီး ဂိတ်တွေကိုငွေကြေးပေးရင်  စိတ်ကြိုက်ဖြတ်သန်းခွင့်ပြုထားပါတယ်။ ရှမ်းပြည်နယ်အရှေ့ခြမ်းမှာ ဒီ ဂိတ်ဟာ အဂတိလိုက်စားမှုအများဆုံးဖြစ်ပြီး ငွေကြေးပေးရင်  စစ်ဆေးမှုမရှိတဲ့အတွက် လိုင်စင်မဲ့ကား၊ မူးယစ်ဆေးဝါး လက်နက်မှောင်ခို စိတ်ကြိုက်ဖြတ်သန်းခွင့်ရှိတဲ့နေရာဖြစ်နေပါတယ်။ ၂၀၂၀ ပြည့်နှစ် အတွင်းမှာတော့ ထိုင်းမူးယစ်ရာဇာတွေ မြန်မာနိုင်ငံအတွင်း အထိနာပြီး တိမ်းရှောင်ပုန်းကွယ်နေရတဲ့အခြေအနေမှာရှိနေပေမဲ့ ရေခဲလို့ လူသိများတဲ့ ICE မူးယစ်ဆေး ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံသား ကျွမ်းကျင်ပညာရှင်တွေ ပါဝင်လာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းအပါအဝင် မြောက်ပိုင်းမှာလဲ ထုတ်လုပ်လာပြီး ကုန်သွယ်မှုတွေကို ဆက်တိုက်တွေ့ရှိလာရပါတယ်။  ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းနဲ့နှစ်ကုန်ပိုင်းတွေမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်း မူးယစ်စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ပြီး ဖမ်းဆီးရမိမှုတွေရှိနေပေမဲ့ ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးဈေးနှုန်းတွေဟာ အရင်ကထက် ၅၀ ရာခိုင်နှန်းအထိ ကျဆင်းနေတာပါ။ တာချီလိတ်မြို့နယ်မှာ စိတ်ကြွဆေးပြား လက်လီရောင်းနှုန်း တစ်ပြားကို ကျပ် ၅၀၀ ပေါက်ဈေးရှိပြီး လက်ကားဝယ်ယူမယ်ဆိုရင် တစ်လုံးကို ထိုင်းဘတ်ငွေ တစ်ဘတ်ခွဲလောက်သာ  ပေးရပါတယ်။  ICE ဆိုရင်တော့  တစ်ကီလို တစ်ထုတ်ကို ဘတ် ၂၀,၀၀၀ လောက်ရှိပြီး ဘန်ကောက်မှာတော့  ဘတ် ၅၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ အခုနောက်ပိုင်း ထိုင်း-တရုတ်နယ်စပ်တွေမှာ ခေတ်စားလာတာ ဒေသတွင်း အလွယ်ခေါ်နေတဲ့ ”ခေး”(ကက်တမင်း)တွေဖြစ်ပြီး သူ့ရဲ့ပုံစံက ICE နဲ့ဆင်တူပါတယ်။ ဒါတွေကိုတော့ ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ Night Club နဲ့ KTV တွေမှာ လူငယ်အများစုသုံးစွဲလေ့ရှိပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကတဆင့်တင်သွင်းကြတာလို့သိရပါတယ်။ ကတ်တမင်းပုံဆောင်ခဲရဲ့ ပေါက်ဈေးကတော့ တစ်ဂရမ်ကို ထိုင်းဘတ် ၈၀၀ လောက်ပေါက်ဈေးရှိပြီး သုံးစွဲသူတွေဟာ အတုတွေများနေတဲ့အတွက် ဈေးသက်သာတဲ့ ICE နဲ့ရောပြီးရောင်းချလေ့ရှိတာကြောင့် ကတ်တမင်းပုံဆောင်ခဲအလိုက်သာ ဝယ်ယူသုံးစွဲကြတယ်လို့ သိရပါတယ်။ ကတ်တမင်းနဲ့အတူ ဈေးကွက်ထဲရောပါလာတာကတော့ ရေနွေးနဲ့ ဖျောစပ်ပြီး သောက်သုံးကြတဲ့ Happy Water လို့ခေါ်တဲ့ အမှုန့်ထုတ်လေးတွေပါ။ တရုတ်ပြည်က တင်သွင်းတာဖြစ်ပြီး တစ်ဂရမ်သာသာပါတဲ့ တစ်ထုတ်ကို ကျပ် တစ်သိန်းခွဲကျော်အထိ ဈေးပေါက်ပါတယ်။ KTV နဲ့ Night Club တွေသွားကြတဲ့ လူငယ်တွေဟာ ဒီမူးယစ်ဆေးဝါးတွေသုံးစွဲလေ့ရှိပြီး ပျော်ရွှင်မှုပိုဖြစ်စေတယ်လို့ ဆိုပါတယ်။  မူးယစ်ဆေးနဲ့ "ဝ" အခန်းကဏ္ဍ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ မူးယစ်ဈေးကွက်ရဲ့ အများစုဟာ တာချီလိတ်မြို့မှာ အခြေတည်ကြတဲ့ အခြေအနေမှာရှိပါတယ်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေရဲ့ အတွင်းကျကျအခြေအနေမှာ အရင်ခေတ်အဆက်ဆက်မှာ ဦးဆောင်မှုပြုလုပ်ကြတဲ့ "ဝ"တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာ ပါဝင်မှုနည်းပါးလာတာကို တွေ့ရပါတယ်။  အခုနောက်ပိုင်း ပြည်တွင်းက အလုံးအရင်းနဲ့ဖမ်းဆီးရမိမှုတွေဟာ "ဝ"တိုင်းရင်းသားတွေနဲ့ ဆက်စပ်မှုသိပ်မရှိကြတော့ပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံအတွင်း မူးယစ်ဖမ်းဆီးရမိမှုတွေမှာတော့ "ဝ"တပ်ဖွဲ့တွေကို လက်ညှိုးထိုးနေဆဲအခြေအနေမှာတော့ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မိုင်းတုံ၊ မိုင်းဆတ်နယ်မြေတလျှောက်ကိုတော့ "ဝ"တပ်ဖွဲ့တွေ လက်နက်ကိုင်တပ်စွဲထား တာကြောင့်လည်း  ပါဝင်ပါတယ်။  နယ်စပ်တလျှောက် တောင်ကြောတွေမှာ "ဝ"တပ်ဖွဲ့တွေအပြင် ရှမ်းလက်နက်ကိုင်တွေဟာလည်း တပ်စွဲထားကြတာပါ။ UWSA တောင်ပိုင်းမှာတော့ "ဝ" တပ်ဖွဲ့တွေအနေနဲ့ ဇွန်၊ ဇူလိုင် လတွေဟာ မူးယစ်ဆေးဝါး ရှာဖွေမှုဆီးမှုတွေပြုလုပ်မှုအ များဆုံးလလို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။ ဒီလိုကာလမျိုးဆိုရင် ကိုယ့်ခေါင်းဆောင်၊ တပ်စုမှူးတွေရဲ့ အိမ်မှာလည်း ရှောင်တခင် ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်။ အဓိက မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို မူးယစ်ဆေး(၆)လဖြတ်ခိုင်းတာ မူးယစ်ဖမ်းမိရင် "ဝ"ထောင်မှာ အပြစ်ပေးတာတွေပြုလုပ်တယ်လို့ သိရပါတယ်။  "ဝ"တပ်ဖွဲ့တွေရဲ့ ပြစ်မှု ပြစ်ဒဏ်ဟာ အတော်မြင့်မားလေ့ရှိပြီး ခြေထောက်ကို သံခြေချင်းခတ်ပြီး အလုပ်ကြမ်းတွေကိုလည်း လုပ်ကိုင်စေတယ်၊ ဒေသတွင်း လမ်းဖောက်တာ အဆောက်အဦး ဆောက်လုပ်တာနဲ့ ရာဘာချက်တာလို ဒေသဖွံ့ဖြိုးရေးအတွက် အလုပ်ကြမ်းတွေလုပ်စေပြီး အဓိက အကျဉ်းသားတွေရဲ့ လုပ်အားကို ရယူတယ်တယ်လို့ သိရပါတယ်။ တစ်ချိန်က တာချီလိတ်နဲ့ မိုင်းဆတ်ကို ဆက်သွယ်ထားတဲ့ အရှည်(၆၅)မိုင်ရှိတဲ့လမ်းပိုင်းဟာ "ဝ"တပ်ဖွဲ့ရဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ဖောက်လုပ်ခဲ့ကြတာလို့ သိရပါတယ်။ ဒေသတွင်း ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုအခြေအနေကတော့ တောင်ယာလုပ်ချိန်နဲ့ လယ်စိုက်ပျိုးချိန်တွေမှာ အရင်တုန်းက လူတစ်ဦးကို စိတ်ကြွဆေးပြား ၅ ပြားနဲ့  ဘတ်ငွေ ၁၀၀ ပေးလျှင်  တစ်နေ့တာ လုပ်အားခအဖြစ်သတ်မှတ်ပြီး အခုနောက်ပိုင်း စိတ်ကြွဆေးပြား တန်ဖိုးကျဆင်းလာတဲ့အတွက် လူတစ်ဦးကို ဆေးပြား အပြား ၂၀ နဲ့ ဘတ် ၂၀၀ ပေးရပါတယ်။ ဒီလိုပေးရင်တောင် အလုပ်လုပ်မယ့်သူရှားပါးလာပြီး အဓိကတော့ စိတ်ကြွဆေးပြားတန်ဖိုးကျဆင်းလာရတဲ့အတွက် အလွယ်တကူရရှိပြီး ဆေးသမားတွေဟာ အလုပ်လုပ်မလုပ်ကြတော့တာက အကြောင်းရင်းတခုဖြစ်ပါတယ်။ မူးယစ်ဆေးနဲ့ လိုင်စင်မဲ့ကားလဲတယ် ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ငွေစင်ရောင်းချမှုနဲ့ တန်ဖိုးကြီး နောက်ဆုံးပေါ်ကားနဲ့ လဲလှယ်မှုဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ မူးယစ်ကုန်သည်တချို့ဟာ ငွေကြေးအမြောက်အများလက်မှာ ကိုင်ဆောင်မထားတဲ့အတွက် နောက်ဆုံးပေါ် Luxs ၊ လန်ခရူဇာ၊ Fortuner ကဲ့သို့သောကားတွေနဲ့ လက်ရှိပေါက်ဈေးကိုတွက်ချက်ပြီ အလဲထပ်လုပ်ကြပါတယ်။ တချို့ကတော့ ဥရောပကားတွေဖြစ်တဲ့ Hamer Jeep ၊ Off Road Pickup တွေနဲ့ အရောင်းအဝယ်လုပ်ကြပြီး ဒီလိုကားတွေကိုတော့ UWSA မြောက်ပိုင်းနဲ့ မိုင်းလားဒေသက ငွေကြေးချမ်းသာသူတွေဆီပြန်လည်ရောင်းချကြလေ့ရှိပါတယ်။ ဒီလိုကားတွေရဲ့တန်ဖိုးဟာ ဘတ်ငွေ ၂ သန်းကနေ  ဘတ် ၅ သန်းကျော်အထိ တန်ဖိုးရှိပြီး ကားအများစုဟာ လိုင်စင်မဲ့တွေဖြစ်ကြပါတယ်။ ငွေစင်ရောင်းဝယ်မှုမှာတော့ ဘဏ်ငွေလွှဲမှုကို မပြုလုပ်ကြဘဲ ငွေထည်လိုက် ကိုင်တွယ်ဝယ်ယူကြတာပါ၊ ဘဏ်ငွေပေးစနစ်မှာတော့ ဒေသတွင်း ငွေကြေးခဝါချလုပ်ငန်း လုပ်ကိုင်သူတွေဟာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအလိုက် ရယူကြပြီး ပြန်လည်လွှဲပြောင်းမှုတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။  ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်က ငွေလဲလှယ်သူ အမျိုးသမီးတစ်ဦးကို ဘတ်သန်း ၂၀,၀၀၀ ကျော် ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးထားပြီး ဒီအမျိုးသမီးရဲ့ ဘဏ်စာရင်းအရ တစ်နေ့ကို ဘတ်ငွေ ၁၀ သန်းနဲ့ အထက် အဝင်အထွက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၁၉ ဖေဖေါ်ဝါရီ ပထမပတ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းအခြေစိုက်ပြီး အွန်လိုင်းကတဆင့် မူးယစ်ဆေးဝါးရောင်းချနေတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Thep Solo ဂိုဏ်သား ၈၀ ကျော်ကို မိုင်းဆတ်-တာချီလိတ်လမ်းပေါ်က UWSA တောင်ပိုင်း နားယောင်းကျေးရွာမှာ “ဝ”တပ်ဖွဲ့ကဖမ်းဆီးပြီး တာချီလိတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁)ကနေပြီး ထိုင်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီလွှဲပြောင်းမှုမှာ ထိုင်းအစိုးရက အလိုရှိနေတဲ့ Thep Solo ဂိုဏ်ခေါင်းဆောင် မပါဝင်ခဲ့ပါဘူး။ သူကတော့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ တိမ်းရှောင်နေတယ်လို့ သိရပြီး ၂၀၂၀ နှစ်လည်ပိုင်းမှာတော့ တာချီလိတ်မြို့ပေါ်က Night Club တွေနဲ့ KTV တွေမှာ ပျော်ပါးနေခဲ့တယ်လို့ သတင်းတွေကြားရပါတယ်။ ထိုင်းနိုင်ငံသား မူးယစ်ရာဇာတွေဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကျယ်ပြန့်လှတဲ့ နယ်စပ်တစ်လျှောက်မှာ အခြေချနေကြလေ့ရှိပြီး ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံကတဆင့် တောင်တရုတ်ပင်လယ်ကိုဖြတ်သန်းကာ ထိုင်းဝမ်၊ ဟောင်ကောင်ကနေ ဥရောပနိုင်ငံတွေအထိ ပို့ဆောင်နေကြတာပါ။ မြန်မာပြည်တွင်းက ထွက်သွားတဲ့လမ်းကြောင်းတွေကတော့ “ဝ”တောင်ပိုင်းဧရိယာအတွင်း BP1 နယ်စပ်တစ်လျှောက်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ထဲက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံကလည်း အဆက်မပြတ်ဖမ်းဆီးရမိနေတဲ့အခြေအနေပါ။  ၂၀၁၉ ခုနှစ်အတွင်း ထိုင်း မူးယစ်ရာဇာတွေ အုပ်စုကွဲ အဖမ်းခံပြီးနောက်ပိုင်း တပ်မတော်က ဒေသတွင်း တာချီလိတ်မြို့နယ်ထဲက ပြည်သူ့စစ်လက်နက်ကိုင်တချို့ကို လက်နက်ဖြုတ်သိမ်းလိုက်ပါတယ်။ ဒီလို ဖြုတ်သိမ်းမှုတွေမလုပ်ခင်မှာ တာချီလိတ်ခရိုင်နဲ့ မိုင်းဆတ်ခရိုင် ဧရိယာထိစပ်နေတဲ့ ပတ်ဝန်းကျင်တွေကို တပ်မတော်က မူးယစ်ဆေးဝါး စစ်ဆင်ရေးဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မူးယစ်အများအပြား ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီမူးယစ်စစ်ဆင်ရေးမှာ မူးယစ်ဆေးဝါး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ကောင်းခါးပြည်သူ့စစ်(ဌာနေ)ဝန်းကျင်မှာ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတွေ လက်နက်၊ခဲယမ်းတွေ တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်မှောင်ခိုလမ်းကြောင်းသစ် မြန်မာဘက်မှာ မူးယစ် စစ်ဆင်ရေးတွေ ပြုလုပ်ဖမ်းဆီးအရေးယူမှုတွေ တိုးလုပ်နေပေမဲ့ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက်ဖမ်းဆီးရမိနေဆဲဖြစ်တဲ့အတွက် မူးယစ်ရာဇာတွေ လမ်းကြောင်းပြောင်းပြီး သယ်ယူနေတာလို့ ထိုင်းအာဏာပိုင်တွေရဲ့ သုံးသပ်ချက်အရ သိရပါတယ်။ လမ်းကြောင်းအသစ်အနေနဲ့ ကျိုင်းတုံ-တာချီလိတ်ဧရိယာအတွင်း တောင်ပေါ်(၅)အုပ်စုလို့ အများစုသိကြတဲ့ တောင်တန်းတလျှောက် သယ်ယူမှုတွေအပြင် ဒေသတွင်း ရွှေတူးဖေါ်ရေးလုပ်ငန်းဖြစ်တဲ့ တာလေမြို့ နားဟိုင်းလုံရွှေတူးဖေါ်ရေးလုပ်ကွက်တစ်ခုမှာ ၂၀၂၀ နှစ်စပိုင်းလောက်က မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စက်တွေအပြင် လက်နက်တွေဖမ်းဆီးရမိခဲ့ပါတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ပတ်သတ်သူတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန့်ဧရိယာအတွင်းက ရှမ်းလက်ကိုင်တပ်ဖွဲ့တွေဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိပြီး ခေါင်းဆောင်ကိုတော့ ဖမ်းမိခြင်းမရှိဘဲ ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။ တာချီလိတ်ခရိုင်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးလမ်းကြောင်းတွေကတော့ ကျိုင်းတုံမြို့နယ်ကနေ မိုင်းဖြတ်မြို့နယ်ကိုဖြတ်ပြီး တောင်ပေါ်(၅)အုပ်စု တောလမ်းကြောင်းအတိုင်း ဝင်ရောက်လာပြီး လွယ်တော်ခမ်းကျေးရွာအုပ်စုကနေ ထိုင်းနိုင်ငံ မယ်ဆိုင်-မယ်ဖလုံ-ချင်းမိုင်-ဖယောင်းကနေ ဘန်ကောက်အထိ မူးယစ်ကုန်သွယ်နေတဲ့ လမ်းကြောင်းနဲ့ တာချီလိတ်မြို့နယ် တာလေ-နားဟိုင်းလုံတောင်ကြောကနေ မယ်ခေါင်မြစ်အတွင်း ဝင်ရောက်ပြီး လာအိုကနေတဆင့် ထိုင်းနိုင်ငံအနှံအပြားကို ပို့ဆောင်နေတဲ့လမ်းကြောင်းတွေပါ။ လက်နက်နဲ့ ကျည်ဆန် မှောင်ခိုလောက   လက်နက်မှောင်ခိုနဲ့ပတ်သက်ပြီး ထိုင်းတပ်မတော်က ပယ်ဖျက်လိုက်တဲ့ MA4 (M-16) ရိုးရိုးတစ်လက်ကို ဘတ်ငွေ တစ်သိန်းကျော်လောက်ရှိပြီး အနီးပစ် ၉ လုံးကျည်တစ်လက်ကို ဘတ် ခြောက်သောင်းကျော်ရှိပါတယ်။ AK-47 သေနတ်တွေကတော့ အရောင်းအဝယ်ရှားပါးလေ့ရှိပြီး RPG တစ်လက်ကိုတော့ ဘတ် တစ်သိန်းကျော်နဲ့ ကျည်တစ်တောင့်ကို ဘတ်ငါးထောင်ကျော်ပေါက်ကြေးရှိတယ်လို့ သိရပါတယ်။ လက်နက်ငယ်တွေထဲမှာတော့ 9mm သေနတ်တွေအနေနဲ့ ဥရောပ၊ အမေရိက၊ ချက် စသဖြင့်  မျိုးစုံ ဝင်ရောက်မှုရှိပြီး လူကြိုက်အများဆုံးကတော့ GLock ဖြစ်ကြပါတယ်။  ကျည်ဆန်တွေပေါက်ကြေးကတော့  9mm အတောင့် ၅၀ ပါတဲ့ တစ်ဘူးကို ဘတ် ၁၂၀၀ ကနေ ကျည်ဆန်ကောင်းရင်ကောင်းသလို ဘတ် ၁၇၀၀ ပေါက်ဈေးရှိပြီး  M-16 ကျည်ဆန်ကတော့ တစ်ဘူးကို ဘတ် ၃၀၀၀ ကနေ ၅၀၀၀  အထိရှိပါတယ်။ AK-47 ကျည်ဆန်ကတော့ ပိုမိုဈေးကြီးပြီး ရှားပါးတဲ့အတွက် အထူးအော်ဒါမှာယူရတယ်လို့သိရပါတယ်။ ဒီလိုကျည်ဆန်ဈေးကွက်ကို အဓိက ဝယ်ယူကြတာ ဒေသခံ ပြည်သူ့စစ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်ပြီး နယ်စပ်တစ်လျှောက်ကနေ ဝင်ရောက်လာကြတာဖြစ်ပါတယ်။ လောင်းကစားဂိမ်းခုံတွေနဲ့ မူးယစ်ဆေး  တာချီလိတ်မြို့ဟာ ၁၉၉၅ ခုနှစ်ဝန်းကျင်လောက်က ကွမ်းယာဆိုင်တိုင်းလိုလို မူးယစ်ဆေးဝါးအလွယ်တကူ ဝယ်ယူရရှိခဲ့သလို အခုလက်ရှိမှာလည်း တရားမဝင်ဖွင့်လှစ်ထားတဲ့ လောင်းကစားဂိမ်းခုံတွေ များပြားတဲ့အတွက် ဂိမ်းခုံတွေမှာ မူးယစ်ဆေးတွေ  စိတ်ကြိုက်ဝယ်ယူလို့ရရှိပါတယ်။ တချို့သော ဂိမ်းခုံတွေဆိုရင် မူးယစ်ဆေး ဝါးသုံးစွဲနိုင်ဖို့ အခန်းတွေတောင်ဖွင့်လှစ်ထားပေးကြပါတယ်။ ဒီဂိမ်းခုံတွေကို အဓိက အကာ အကွယ်ပေးထားကြတာ ဘယ်သူတွေလဲဆိုတာကိုတော့ တာချီလိတ်မြို့သားတွေအားလုံး သိပါတယ်။  ဂိမ်းခုံအသေးတစ်ခုံကို လိုင်းကြေးက ဘတ်ငွေ ၈၀၀၀ ၊ ဂိမ်းခုံအကြီးဆိုရင်တော့ ဘတ်ငွေ တစ်သိန်းကနေ သုံးသိန်းအထက်ရှိပါတယ်။  ဒီကိစ္စသက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းရာမှာတော့ "ဒီဂိမ်းခုံတွေမှာ ခိုး၊ ဆိုး၊ နှိုက်အများစုကို ထိန်းထားနိုင်တယ်၊ တကယ်လို့ ပြစ်မှုတစ်စုံတစ်ခုဖြစ်ရင် သူတို့အထဲမှာ စုံစမ်းရှာဖွေလိုက်ရင်ကို လွယ်လွယ်နဲ့မိလို့ မြို့ကိုထိန်းထားနိုင်တဲ့အတွက် ဖွင့်ခွင့်ပေးထားတာပါ"လို့ ဖြေကြားခဲ့ပါတယ်။ ဂိမ်းခုံတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦးကတော့ "ဒီလို ဂိမ်းခုံတွေဖွင့်ခွင့်ပေးထားတာ ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေးပေးထားတာနဲ့တူတယ်။ မှုခင်းဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တာ မဟုတ်ဘူး ဖြစ်ပွားအောင်ဖွင့်ပေးထားတာ။ အခုဆို ၈ တန်းကျောင်းသားကအစ စိတ်ကြွဆေးပြားသုံးစွဲနေတာ။ ကျောင်းမှာ ပြဿနာဖြေရှင်းရရင်လည်း ကလေးတွေ ဂိမ်းခုံသွားတာပါလာတယ်။ နောက်ဆုံး အိမ်က ပိုက်ဆံခိုး၊ ရွှေခိုး၊ ဆိုင်ကယ်ခိုးတာတွေပါ လုပ်လာကြတယ်။ ဒါမျိုးဖြစ်လို့ ရဲတိုင်ရင် ဘာမှ တာဝန်ယူပြီးဆောင်ရွက်ပေးတာသိပ်မရှိဘူး" လို့ ပြောပါတယ်။ အခုဆိုရင် တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံက ရုပ်သံတွေနဲ့ သတင်းစာတွေမှာ အမြဲလိုလိုတွေ့နေကြဖြစ်တဲ့  လုယက်မှုတွေ၊  သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ပြစ်မှုကျူးလွန်တဲ့ မှုခင်းတွေလည်း မကြာခဏ မြင်တွေ့ လာနေရပြီဖြစ်ပါတယ်။  ထောင်တွင်း ပြစ်ဒဏ်ကျခဲ့ဖူးသူတစ်ဦးက "ကျနော်တို့တုန်းက အလွန်ဆုံး ဆိုင်ကယ်ခိုးတာ၊ အိမ်ဖောက်တာလောက်ပဲ ကြားဖူးတယ်။ ဒါမျိုးဖြစ်ရင်တောင် ဘယ်အဖွဲ့ကလုပ်တာဆိုတာ ခန့်မှန်းလို့ရတယ်။ အခုက ထိုင်းနိုင်ငံက လူဆိုးဂိုဏ်းတွေ၊ ပြစ်မှုကျူးလွန်လေ့ရှိတဲ့ ပုံစံတွေ ဖြစ်နေတယ်။ ဒါကြောင့် ထိုင်းက တရားမဝင်နေထိုင်တဲ့ လူတွေဖြစ်ဖို့များတယ်လို့ထင်တယ်၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေလည်း အဲ့ဒီလို လုပ်လေ့လုပ်ထမရှိကြဘူး၊ ထောင်ထဲမှာလည်း ဒါမျိုးပြစ်မှုကျူးလွန်တဲ့သူတွေဆိုတာ သိပ်ရှားတယ်။ အဓိက ဆေးကြောင်ပြီး လုပ်ကြတာလို့ထင်တယ်"လို့ပြောပါတယ်။ တာချီလိတ်မြို့မှာ လတ်တလောနှစ်တွေအတွင်း လက်နက်ပစ်ခတ်မှုတွေ၊ ဓားထိုးမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သလို အရင်က မကြားဖူးတဲ့ ကားခိုးမှုတွေ၊ နေ့ခင်းကြောင်တောင် ရွှေဆိုင်အနုကြမ်းစီးတာတွေ သေနတ်ပစ်ခတ်မှုတွေဟာ ကြုံတွေလာရပါပြီ။ ထိုင်း-မြန်မာ- လာအို သုံးနိုင်ငံနယ်စပ် မြန်မာပြည်ရဲ့ အရှေ့ဘက်တံခါးပေါက်ဖြစ်တဲ့ တာချီလတ်ဒေသဟာ ခုဆိုရင်   KTV၊  နိုက်ကလပ် ၊ ကာစီနို၊ ဂိမ်းခုံလောင်းကစား၊ ဘီယာဆိုင် အရက်ဆိုင်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေ စည်ကားတိုးပွားလာနေသလို တရားမဝင်ထိုင်းတွေ၊ တရုတ်တွေ၊ ဝရမ်းပြေးတွေ ခိုလှုံကျက်စားနေတဲ့ မူးယစ်မှောင်ခို၊ လက်နက်မှောင်ခိုနဲ့ တခြားဒုစရိုက်လုပ်ငန်း ပေါင်းစုံရှိရာ ဗဟိုချက်မကြီးသဖွယ်ဖြစ်လာနေပါပြီ။  ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့ အားနည်းချက်တွေကြောင့် ပွင့်ကျသွားတဲ့အရှေ့တံခါးပေါက်ကြီးကို ပြန်လည်  ထိန်းချုပ် နိုင်အောင် တာချီလိတ်မြို့ကိုချစ်တဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေအားလုံးက အမြန်ဆုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။  ရေးသူ-ကိုဇက်
5 months Ago
နယူးဇီလန် ကျွန်းဖြူပေါ်ရှိ မီးတောင်ပေါက်ကွဲမှုနှင့်ပတ်သက်၍ လူ ၁၃ ဦးကို တရားစွဲ
လူ ၂၂ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၁၉ နယူးဇီလန် မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူ ၁၃ ယောက်ကို တရားစွဲအပြီးမှာ လွယ်ကူတဲ့လုပ်ငန်းစဉ် မရှိဘူးလို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က နိုဝင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ ဒေသခံတိုင်းရင်းသား မာအိုရီလူမျိုးတွေက ဝှါခါးရိလို့ သိကြတဲ့ ကျွန်းဖြူပေါ်မှာ မနှစ်က ဒီဇင်ဘာ ၉ ရက်က အံ့အားသင့်စရာ မီးတောင်ပေါက်ကွဲခဲ့လို့ လူ ၂၂ ယောက် သေဆုံးပြီး ဒါဇင် အတော်များများ ဒဏ်ရာရပါတယ်။ သေဆုံးဒဏ်ရာရသူ အများစုက သြစတြေးလျ၊ အမေရိကန်နဲ့ မလေးရှား အပါအဝင် နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေဖြစ်ပြီး မီးတောင်ပေါက်ချိန်မှာ ကျွန်းပေါ်မှာ လူ ၄၇ ယောက် ရှိနေခဲ့ပါတယ်။ ကျွန်းဖြူပေါ် ကမ္ဘာလှည့်ခရီးသည်တွေကို ခေါ်သွားတဲ့နေရာမှာ ကျန်းမာရေးနဲ့ ဘေးကင်းရေး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ လူ ၁၃ ယောက်ကို စုံစမ်းစစ်ဆေး တွေ့ရှိထားတယ်လို့  မတော်တဆမှုဆိုင်ရာ လုပ်ငန်းခွင်ဘေးကင်းရေး စည်းမျဉ်းကြီးကြပ်သူ အဖွဲ့အစည်း Worksafe က နိုဝင်ဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုဒဏ် ခံခဲ့ရတဲ့ ဟေဒန်မာရှယ်အင်မန်ရဲ့ ညီအစ်ကို မာ့ခ်အင်မန်ကတော့ မီးတောင်ပေါက်တဲ့ ကပ်ဆိုးဟာ မတော်တဆ ဖြစ်ရပ်လို့ ယုံကြည်ပြီး ရာဇဝတ်မှုဆိုင်ရာ တရားစွဲတာတွေကို စိတ်ပျက်တယ်လို့ နယူးဇီလန် ရုပ်သံ TVNZ ကို ပြောပါတယ်။
6 months Ago
ဒေးဗစ်လူးဝစ္စနှင့် ထိခိုက်မိပြီး ဆေးရုံတင်ခဲ့ရသည့် ဟီမီနက်ဇ် ပြန်လည်သတိရ
အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ္စနဲ့ ပြင်းပြင်းထန်ထန်ဝင်တိုက်မိခဲ့တဲ့ ဝုဗ်တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်ဟာ ဆေးရုံတင်ပို့ခဲ့ရပါတယ်။  တနင်္ဂနွေနဲ့ အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ပွဲရဲ့ အစောပိုင်းမိနစ်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာပါ။  အာဆင်နယ်အသင်းရဲ့ ထောင့်ကန်ဘောပေးပို့မှုကို ရှင်းထုတ်ဖို့ကြိုးစားရင်း လူးဝစ္စနဲ့ ဟီမီနက်ဇ်တို့ တိုက်မိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် မက္ကဆီကိုတိုက်စစ်မှူးဟာ ကွင်းထဲမှာတင် ၁၀ မိနစ်လောက် ကုသမှုခံယူခဲ့ရပါတယ်။ လူးဝစ္စဟာလည်း ဆေးကုမှုခံယူခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည်သက်သာလာခဲ့ပြီး ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ ဟီမီနက်ဇ်ကို နှစ်ဖက်အသင်းလုံးရဲ့ ဆေးအဖွဲ့ဝင်တွေ ကုသပေးခဲ့ရတဲ့အထိ ထိခိုက်မှုပြင်းထန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ကိုအောက်စီဂျင်ပေးကာ လည်ပင်းအထိန်းနဲ့ ကွင်းထဲက ထွက်ခွာသွားခဲ့ရပြီး ကစားသမားရဲ့အခြေအနေကြောင့် ဝုဗ်နည်းပြ နူနိုဆန်းချက်ဇ် စိုးရိမ်ပူပန်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။  ကွင်းထဲက သယ်ထုတ်ပြီးပြီးချင်း ဟီမီနက်ဇ်ကို ဒေသတွင်းဆေးရုံဆီကို တိုက်ရိုက်သယ်ဆောင်သွားခဲ့ရတယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ထုတ်ပြန်အတည်ပြုပေးခဲ့ပြီး ကစားသမားကို ဖေဘီယိုဆေးလ်ဗားနဲ့ လူစားလဲခဲ့ရပါတယ်။  ဆေးရုံရောက်ပြီး တစ်နာရီလောက်ကြာမှ ဟီမီနက်ဇ်ဟာ ပြန်လည်သတိရခဲ့တယ်လို့ Sky Sports သတင်းမှာ ဖော်ပြထားပြီး ကစားသမားဟာ လက်ရှိအချိန်မှာတော့ တည်ငြိမ်တဲ့ အခြေအနေရှိနေတယ်လို့ ပြောပါတယ်။ ဟီမီနက်ဇ်နဲ့ ထိခိုက်မိခဲ့တဲ့ ဒေးဗစ်လူးဝစ္စဟာလည်း ထိခိုက်မှုဖြစ်ပြီးပြီးချင်းမှာ ကွင်းအတွင်း ဆက်လက်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဦးခေါင်းပတ်တီးကနေ သွေးမတိတ်ခဲ့တာကြောင့် ဟိုးဒင်းနဲ့လူးစားလဲခဲ့ရပါတယ်။  ဒီပွဲမှာ ဝုဗ်အသင်းဟာ အာဆင်နယ်အသင်းကို နီတို၊ ပိုဒန်တို့ရဲ့ သွင်းဂိုးနဲ့အနိင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ နောက်ခံလူ ဂါဘရီရယ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
6 months Ago
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရက်ဆီ တင်လာသည့် ၂၂ ဘီးကား မီးလောင်
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၅၇ မိုင် ဖာလုံနဲ့ ၅ ဖာလုံကြားမှာ နိုဝင်ဘာ ၂၄ရက် မနက် ၁ နာရီ ၅ မိနစ်က ၂၂ ဘီးကား မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ၂၂ ဘီးကားဟာ အရက်ဆီပေပါတွေ တင်ဆောင်လာတဲ့ ကားဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာထားတဲ့ သံဖရိန် Guard Rails ကို ဝင်တိုက်ကာ တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒု-တိုင်းမီးသတ်ဦးစီးမှူး ဦးဆောင်ပြီး အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့၊ ပြည်ကြီးတံခွန်မီးသတ်တပ်ဖွဲ့၊ စဉ့်ကိုင်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စကားအင်းအမြန်လမ်း နယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ စဉ့်ကိုင်မီးသတ် တပ်ဖွဲ့၊ ပုလိပ်မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၂ နာရီမှာ မီး လုံးဝငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် ၂၂ ဘီးတွဲကားခေါင်းခန်းနဲ့ အရက်ဆီပေပါ အလုံး ၆၀  လောက် ဆုံးရှုံးမှုတန်ဖိုး ကျပ်  ၂၈ သိန်းဖိုးလောက် ရှိခဲ့ပါတယ်။ ဒီယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို တံတားဦးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/၂၈၅အရ အမှုဖွင့် စုံစမ်းနေပါတယ်။ သတင်း - သော်တာ၊ ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
6 months Ago
ပခုက္ကူတွင် မသန်စွမ်းနှင့်သက်ကြီးရွယ်အို ၃၀၀ ကျော်အတွက် ၀ှီးချဲနှင့်ချိုင်းထောက် အကူအညီ လိုအပ်
မကွေးတိုင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်း ၃၀၀ ကျော်အတွက် ၀ှီးချဲနဲ့ ချိုင်းထောက် အလှူရှင်တွေလိုအပ်နေတယ်လို့ ကယ်ရီမောင်လူမှုကူညီရေးအသင်းက ပြောပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ကယ်ရီမောင်လူမှုကူညီရေးအသင်းအနေနဲ့ ၀ှီးချဲ ၁၇၅ စီး လှူဒါန်းခဲ့ပြီး  လက်ရှိအချိန်အထိ လူဦးရေ ၂၀၀၀ နီးပါးလောက်အထိ လှူဒါန်းပြီးဖြစ်ကာ ၃၀၀ ကျော်အတွက် အကူညီလိုနေတာလို့ ကယ်ရီမောင် လူမှုကူညီရေး အသင်းဥက္ကဌ ဦးအောင်ကြီးကပြောပါတယ်။ “နောက်ထပ်အလှူခံထားတဲ့ မသန်စွမ်းတွေ ၃၀၀ ကျော်ရှိပါသေးတယ်။ အဲ့ဒီ ၃၀၀ ကျော်ကို ကျွန်တော်တို့ မလှူနိုင်ဘူးဗျ ဘာလို့မလှူနိုင်လဲဆိုတော့ ကျနော်တို့မှာ အလှူရှင်မရှိတော့လို့ ကျနော်တို့အသင်းအနေနဲ့လည်း အကုန်လုံးလှူနိုင်လောက်အောင် မတတ်နိုင်ဘူး၊ အဲ့ဒါကြောင့် အလှူရှင်တွေတော့ လိုပါတယ်။ ပရဟိတ အသင်းတိုင်းဟာ အလှူရှင်လိုတယ်၊ တကယ်အလုပ်လုပ်နေတဲ့ ပရဟိတအသင်းတိုင်းကို အလှူရှင်များအနေနဲ့ ပံ့ပိုးပြီးတော့ လှူပေးဖို့ ၀ိုင်းဝန်းလှူဒါန်းပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။” သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အိပ်ယာပေါ်က မထနိုင် လမ်းမလျှောက်နိုင်တော့တဲ့ သူတွေနဲ့ ယာဉ်မတော်တဆမှုတွေအတွက် ၀ှီးချဲတွေ လိုအပ်နေတာလို့ သိရပါတယ်။ အိမ်ထဲမှာ နေပြီး မသွားနိုင်မလာနိုင်ဖြစ်နေတဲ့  အသက်ကြီးရွယ်အိုတွေကို စာရင်းလိုက်လံကောက်ပြီး ၀ှီးချဲလှူဒါန်းတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။ အခုကိုဗစ်ကာလမှာ မသန်စွမ်းတွေကို သွားရောက်ကူညီရာမှာ ညအချိန်ညည့်နက်ချိန်တွေမှ မြို့အတွင်း ပြန်လည်၀င်ရောက်ရတဲ့အခါမှာ အ၀င်မခံတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ လှူဒါန်းလိုသူတွေအနေနဲ့ ပခုက္ကူမြို့ ကယ်ရီမောင်လူမှုကူညီရေးအသင်း ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၉-၄၅၀၅၂၈၁၅၆/ ၀၉- ၄၀၄၀၃၃၉၆၈ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ခင်ပြည့်စုံဝင်း
6 months Ago
မက္ကဆီကိုတွင် အမည်မသိအလောင်း ၄၂၀ ကျော် ခွဲခြားနိုင်ရန် ကြိုးပမ်း
နိုင်ငံတကာက ကက်သလစ် ခရစ်ယာန်တွေဟာ နိုဝင်ဘာ ၂ ရက်မှာ သေဆုံးသူတွေရဲ့ ဝိညာဉ်နေ့ကို ပန်းတွေ၊ ဓာတ်ပုံတွေ ခင်ကျင်း ကျင်းပနေကြချိန်မှာ မက္ကဆီကိုနိုင်ငံ အကြမ်းဖက်မှု ထူပြောတဲ့ မက္ကဆီကိုနိုင်ငံ ဂွါရယ်ရိုပြည်နယ် မှုခင်းဆေးပညာဌာန အကြီးအကဲ ဘန်ယေဟူဒါ မာတီးနဲ့ဇ်ကတော့ အလောင်း ၄၂၈ လောင်းကို ဘယ်သူဘယ်ဝါ ဆိုတာ ခွဲခြားဖို့ ကြိုးစားနေရပါတယ်။ “ပြည်နယ်ရဲ့ မှုခင်းဆေးပညာဆိုင်ရာ သင်္ချိုင်းမှာ အလောင်းအများစုက ရာဇဝတ်မှုတွေရဲ့ သားကောင်တွေပါ။ သူတို့ ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားရတာက သေဆုံးသူတို့ရဲ့ ဝိညာဉ်နေ့မှာ ကျနော်တို့ လုပ်နိုင်တဲ့ အကြီးမြတ်ဆုံး အသိအမှတ်ပြုမှုပဲ” လို့ မာတီးနဲ့ဇ်က မက္ကဆီကိုရဲ့ မှုခင်းဆေးပညာဌာန အဆောက်အဦသစ်ထဲကနေ ပြောပါတယ်။ ဒီနှစ်ထဲမှာ ပျောက်ဆုံးလူဦးရေ ၇၃,၀၀၀ အထိ ရောက်ခဲ့တာကို နောက်ဆုံးရ တရားဝင် စာရင်းက မှတ်တမ်း ပြုစုထားပါတယ်။ သူတို့ထဲက လူများစုဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ အပြိုင်အဆိုင် တိုက်ပွဲတွေရဲ့ ဓားစာခံ ဖြစ်သွားပြီလို့ ယုံကြည်ထားကြပါတယ်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီရဲ့ မှုခင်းဆေးပညာဆိုင်ရာ အကြံပေး အာသာရိုဂျေရာဒို ကာဗန်းတက်စ်က “ပျောက်ဆုံး ဆွေမျိုးတွေကို လချီ နှစ်ချီ ရှာနေတဲ့ မိသားစုတွေအတွက် သေဆုံးမှု ဖြစ်နိုင်ခြေက လက်ခံဖို့ ခက်တယ်။ ရှင်သန်နေဆဲဆိုတဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ကြဘူး”လို့  ပြောပါတယ်။ ဂွါရယ်ရိုပြည်နယ် မှုခင်းဆေးအဖွဲ့က စစ်ဆေးရတဲ့ အလောင်း ၆၀ ကနေ ၇၀ ရာခိုင်နှုန်းဟာ သေနတ်နဲ့ ပစ်ခတ်သေဆုံးထားတဲ့ အလောင်းတွေပါ။ ကျန်တဲ့အလောင်းတွေကတော့ သဘာဝကပ်ဘေးနဲ့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူတွေ ဖြစ်ပါတယ်။
7 months Ago
ဂျေမီဖောက်စ် ပါဝင်သည့် အဲန်နီမေးရှင်းရုပ်ရှင်- Soul ကို Disney+ မှ ပြသမည်(နမူနာ)
ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားကြီး ဂျေမီဖောက်စ် ပါဝင်တဲ့ ကွန်ပျူတာ အဲန်နီမေးရှင်းရုပ်ရှင်- Soul ကို Disney+ ကနေ ဦးဦးဖျားဖျား ပြသသွားမယ်လို့ သိရပါတယ်။ Walt Disney Pictures နဲ့ Pixar Animation Studios တို့က ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီကားကိုတော့ Up (2009)၊ Inside Out (2015) စတဲ့ နာမည်ကြီး အဲန်နီမေးရှင်း ရုပ်ရှင်တွေနဲ့ အော်စကာဆုတွေ ရရှိထားခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Pete Docter က တာဝန်ယူရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဂျိုးဟာ အလယ်တန်းကျောင်းတကျောင်းက ဂီတဆရာတယောက်ဖြစ်ပြီး သူ့အိပ်မက်ကတော့ စတိတ်ဂျ်ပေါ်မှာ ဂျက်ဇ်ဂီတနဲ့ ခမ်းခမ်းနားနား ဖျော်ဖြေနိုင်ဖို့ စိတ်အားထက်သန်မှုတွေနဲ့ ဖြတ်သန်းနေသူတယောက်ပါ။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ မတော်တဆမှုတခုကြောင့် သူ့ခန္ဓာကိုယ်ထဲက ဂီတစိတ်ဝိညာဉ်က လွင့်ထွက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒါကို ပြန်ခေါ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာတွေနဲ့အတူ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အသံသရုပ်ဆောင်တွေအနေနဲ့ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားကြီး ဂျေမီဖောက်စ်က ဂျိုး နေရာမှာ ပါဝင်ထားခဲ့ပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Tina Fey၊ Questlove၊ Phylicia Rashad၊ Daveed Diggs နဲ့ Angela Bassett တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 8.3 ထိ ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဘတ်ဂျက်အမေရိကန်ဓေါ်လာ သန်း ၁၅၀ ကျော် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကို အောက်တိုဘာ ၁၁ ရက်နေ့က BFI London Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အစက ဇွန်လထဲမှာ ရုံတင်ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ကမ္ဘာ့နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားကို Disney+ ကနေ Digital Streaming ပလက်ဖောင်းကနေ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပြသသွားဖို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
7 months Ago
ထိုင်းနိုင်ငံတွင် ကားနှင့်ရထားတိုက်မိပြီး လူ ၂၀ ထက်မနည်းသေဆုံး
ထိုင်းနိုင်ငံ ချာ့ချင်းဆောင်ခရိုင်မှာ အောက်တိုဘာ ၁၁ ရက်က ဘုန်းကြီးကျောင်းဆီကို လာတဲ့ ဘတ်စ်ကားနဲ့ ရထားတစီး တိုက်မိလို့ လူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဘန်ကောက်မြို့တော် အရှေ့ဘက် မိုင်လေးဆယ်အကွာ ကလောင်ကွမ်ကလန် ဘူတာအနား ဒေသစံတော်ချိန် မနက် ၈ နာရီ ၅ မိနစ်မှာ တိုက်မိတာလို့ ချာချင်းဆောင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  စက်ရုံလုပ်သားအယောက် ၆၀ ကို တင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားဟာ ဘုန်းကြီး ကျောင်းက အခမ်းအနားတခုကို သွားရင်း ဘန်ကောက်ကနေ ထိုင်းအရှေ့ပိုင်းကို ဦးတည်လာတဲ့ ရထားနဲ့ ရထားလမ်းဆုံမှာ တိုက်မိခဲ့တာပါ။  တိုက်မိတဲ့ အရှိန်ကြောင့် ဘတ်စ်ကား ဘေးတိုက်လဲပြီး ထိပ်ပိုင်း ပွင့်ထွက်ခဲ့ပေမဲ့ ရထားကတော့ လမ်းမချော်ခဲ့ပါဘူး။  အခင်းဖြစ်ရာနေရာမှာ အပျက်အစီး သံတိုသံစတွေ ပြန့်ကျဲနေတာကို ဒေသခံ ရုပ်သံ ကွန်ရက်တွေက ပြသထားပါတယ်။  ရထားလမ်းနဲ့ ကားလမ်းဆုံရာ လမ်းဆုံမှာ သတိပေးစနစ် တပ်ထားပေမယ့် ရထားဖြတ်ချိန် ကားလမ်းကို ပိတ်ထားဖို့ အရံအတား မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ခုတော့ ခရိုင်အာဏာပိုင်တွေဟာ အရှိန်ထိန်း လမ်းခုံးကို တပ်ပြီး ဖြတ်လမ်းဆုံနားမှာ သစ်ပင်တွေကို ခုတ်ပြီး မြင်နိုင်စွမ်း တိုးတက်အောင် လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။  ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ လမ်းမတော်တဆမှုအတွင်း လူသေအများဆုံး နိုင်ငံစာရင်းထဲမှာ ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။  လတ်တလော နှစ်တွေအတွင်း ဘေးကင်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ပေမဲ့ တိုးတက်မှု နည်းနည်းသာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
7 months Ago
လူသေဆုံးမှုအတွက် ဂိုးလ်ဒ်ကို့စ်ကမ်းရိုးတန်းအပန်းဖြေစခန်း ဒဏ်ကြေးချမှတ်ခံရ
သြစတြေးလျနိုင်ငံ ဂိုးလ်ဒ်ကို့စ်ကမ်းရိုးတန်းက အပန်းဖြေဥယျာဉ်လုပ်ငန်း လုပ်ကိုင်သူ အားဒန့်လက်ရှားအုပ်စုလီမိတက်ကို လူသေတဲ့ မတော်တဆမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ဒဏ်ငွေ ပေးဆောင်စေခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ ဒေသခံမီဒီယာမှာ ဖော်ပြထားပါတယ်။  river rapids ride လို့ နာမည်ပေးထားတဲ့ ကစားနည်းတမျိုးကြောင့် လူ ၄ ယောက် သေဆုံးအပြီး ခုလိုစီရင်တာလည်း ဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်က သြစတြေးလျရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာတခု ဖြစ်တဲ့ အိပ်မက်ကမ္ဘာအပန်းဖြေဥယျာဉ်ထဲမှာ ဖောင် ၂ ခု အချင်းချင်း တိုက်မိပြီး စက်တွေ ဆင်ထားတဲ့ ဆင်ခြေလျှောလမ်းပေါ်ပြုတ်ကျခဲ့လို့ မောင်နှမ ၂ ယောက်အပါအဝင် လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။  ကုမ္ပဏီဟာ လုံလောက်တဲ့ ဘေးကင်းရေးစစ်ဆေးမှု လုပ်ဖို့ အာဏာပိုင်တွေရဲ့ သတိပေး ချက်ကို လျစ်လျူရှုပြီး စစ်ဆေးဖို့ ပျက်ကွက်တယ်ဆိုတာ တရားရုံးက ဒီနှစ်ထဲမှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။  ကုမ္ပဏီက အပြစ်ရှိကြောင်း ဝန်ခံအပြီးမှာ စွဲချက်တွေအရ အမြင့်ဆုံးပြစ်ဒဏ် သြစတြေးလျ ဒေါ်လာ ၄ ဒသမ ၅သန်းထက် လျှော့ပြီး တရားရုံးက ဒဏ်ငွေ တပ်ခဲ့ပါတယ်။  မတော်တဆဖြစ်ရပ်ရဲ့ ဒဏ်ကို ခံစားခဲ့ရတဲ့ လူတွေက တရားစွဲလို့ လျော်ကြေးရလိုမှု စွဲချက် ၂၀ ကျော် အတွက် သြစတြေးလျ ဒေါ်လာ ၅ သန်းကို ကုမ္ပဏီက ပေးဆောင်ပြီးပြီလို့ ဆိုပါတယ်။
8 months Ago
မော်ရစ်သျှကမ်းလွန် ဖိတ်စင်ရေနံရှင်းလင်းရန် ဒေါ်လာ ၉ သန်းကျော် သုံးမည်
မော်ရစ်သျှကမ်းလွန်မှာ ဖိတ်စင်ခဲ့တဲ့  ရေနံရှင်းလင်းရေးအတွက်  အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၂ သန်း နဲ့ ညီမျှတဲ့ ဂျပန်ယန်း ၁ ဘီလီယံခန့်ကို အသုံးပြုသွားမယ်လို့ ဂျပန်မစ်ဆူအီ  အိုအစ်ကေသင်္ဘောလိုင်းက  စက်တင်ဘာ  ၁၁ ရက်မှာ ပြောပါတယ်။  “ဒီမတော်တဆမှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ မော်ရစ်သျှပြည်သူတို့ရဲ့ဘ၀တွေအပေါ် ကြီးကြီးမားမားသက်ရောက်ပါတယ်။ ဒါကြောင့် သင်္ဘောငှားကုမ္ပဏီအနေနဲ့  လူမှုရေး တာဝန်ယူ ရမှာ ဖြစ်ပါတယ်” လို့ သင်္ဘောလိုင်းဥက္ကဋ္ဌ ဂျူနီချီရို အီကေဒါက သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။ ရေနံတင်သင်္ဘောကို  နာဂါရှီကီသင်္ဘောလိုင်းက ပိုင်ဆိုင်ပြီး မစ်ဆူအီ အိုအစ်ကေ သင်္ဘော လိုင်းက ငှားရမ်းခဲ့တာပါ။  ဇူလိုင် ၂၅ ရက်က သင်္ဘောဟာ မော်ရစ်သျှကမ်းလွန်က သင်္ဘောကျောက်တန်းကို ဝင်တိုက် ပြီး ရေနံယိုဖိတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်
8 months Ago
၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့သည့် ဓားထိုးမှု သံသယရှိသူကို ဘာမင်ဟန်ရဲတပ်ဖွဲ့ ရှာဖွေ
ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်အလယ်ပိုင်းက ဘာမင်ဟမ်မြို့ ရဲတွေဟာ စက်တင်ဘာ ၆ ရက် မနက်ခင်းအစောပိုင်းမှာ ဆက်တိုက် ဓားထိုးမှုနဲ့ပတ်သက်ပြီး သံသယရှိသူ တယောက်ကို ရှာနေတယ်လို့ ပြောပါတယ်။  ဆက်တိုက်ဓားထိုးမှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ဒဏ်ရာ ၇ ယောက်ထဲက ၂ ယောက်က ပြင်းထန်တယ်လို့ ရိုက်တာက ရေးပါတယ်။ “တိုက်ခိုက်မှု ဓားစာခံတွေကို ကြုံသလို ရွေးသွားပုံရတယ်။ဖြစ်ရပ်ဟာ လူ့အဖွဲ့အစည်း တခုခုကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်သလို ရာဇဝတ် ဂိုဏ်းတွေနဲ့ပတ်သက်ပုံလည်း မရဘူး” လို့   ရဲက ပြောပါတယ်။  ဒီအမှုကို လူသတ်မှုအဖြစ် ကိုင်တွယ်စီရင်မယ် West Midlands မြို့နယ် ရဲဌာနက စုံစမ်းစစ်ဆေးနေခဲ့တယ်လို့ ရဲမှူး စတိဗ်ဂရေဟမ်က ပြောပါတယ်။ စက်တင်ဘာ ၆ ရက် မနက်က မြို့လယ်နေရာ ၃ ခုလုံးမှာ ရဲတွေက အရံအတားတွေကို ချထားခဲ့ပါတယ်။  ဝက်စ်မစ်ဒ်လန်းစ်မြို့တော်ဝန်ကတော့ ဟာ့စ်ထ်လမ်းနဲ့ မြို့လယ်ဝန်းကျင်ဒေသမှာ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်အပြီး ခုလုပ်ရပ်ကတော့ ဘယ်လိုမှ နားလည်မှုမရသေးဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
8 months Ago
ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီး မြန်မာ ၂ ဦး သေဆုံး
ထိုင်းနိုင်ငံ၊ မန်ချာခီရိခရိုင်ထဲမှာ မြန်မာအမျိုးသား ၂ ယောက် စီးနင်းမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်တစီးနဲ့ ပစ်ကပ်ထရပ်ကားတစီး တိုက်မိခဲ့ပြီး သူတို့ ၂ ယောက်လုံး သေဆုံးသွားခဲ့တယ် လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ မနေ့ကညသန်းခေါင်ကျော် ၁၂နာရီ ၁၅ မိနစ်လောက်က ပါဖူးရွာအနီး၊ မန်ချာခီရိ-ဖရာယွင်လမ်းမကြီး လမ်းဆုံလမ်းခွတခုမှာ ဖြစ်ခဲ့တာလို့ မန်ချာခီရိ ရဲစခန်းမှူးက ပြောပါတယ်။ ပစ်ကပ်ကားမောင်းသူ အသက် ၄၆ နှစ်အရွယ် ဝက်ပိခိုင်ဆောကတော့ အဆိုပါ မော်တော်ဆိုင်ကယ်ဟာ လမ်းလယ်မျဉ်းကို ဖြတ်ကျော်ကာ သူ့ကားဆီတည့်တည့်ဦး တည်လာချိန်မှာ အရှိန်မထိန်းနိုင်ပဲ တိုက်မိခဲ့ပြီးနောက် ကားက လမ်းဘေးဓာတ်တိုင်ကိုပါ ထပ်ပြီး တိုက်မိခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။ ဒီမတော်တဆမှုကြောင့် သူ့မှာလည်း ဦးခေါင်းမှာ ပြတ်ရှထိခိုက်ဒဏ်ရာတခု ရရှိ သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူ မော်တော်ဆိုင်ကယ်စီး မြန်မာအမျိုးသား ၂ ယောက်ဟာ ခူဒီခေါင်ဒေသတွင်းက သားသတ်ရုံတရုံက အလုပ်သမားတွေဖြစ်ပြီး လတ်တလောမှာတော့ ရဲတွေက မှုခင်းအသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ကိုးကား- Bangkok Post
9 months Ago
စကော့တလန်တွင် ရထားလမ်းချော်ပြီး  လူ ၃ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကို  စုံစမ်းစစ်ဆေးနေ  
စကော့တလန်မှာ လူ ၃ ယောက် သေဆုံးပြီး ၆ ဦးဒဏ်ရာရတဲ့ ရထားလမ်းချော်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။ ရထားလမ်းချော်တဲ့ အကြောင်းရင်းကို ရှာရမှာဖြစ်ပြီး  နောက်တကြိမ် ဒါမျိုးမဖြစ်ဖို့ မတော်တဆမှုတွေကို ဟန့်တားဖို့ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သြဂုတ်လ  ၁၂ ရက်မှာ ပြောပါတယ်။ အဘာဒဲင်းမြို့တောင်ဘက် ၉ မိုင်အကွာ စတုန်းဟေးဗန်အနားအမှာ  မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က  ရထားလမ်းချော်တဲ့အကြောင်း ဗြိတိန်သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ရထားမောင်းသူ အပါအဝင် လူ ၃ ယောက် ပွဲချင်းပြီး သေတယ်လို့လည်း အတည်ပြုပါတယ်။ ရထားမှာ စက်ခေါင်း ၂ခု ပါပြီး လူစီးရထားတွဲ လေးတွဲပါတယ်လို့ ဘီဘီစီသတင်းဌာနက ဆိုပါတယ်။ ရှေ့ခေါင်းတွဲနဲ့ လူစီးတွဲ ၃တွဲက လမ်းချော်ခဲ့ပြီး ကျန်တဲ့ရထား တွဲတွေက မြစ်ကမ်း ပေါ်တင်နေခဲ့တာပါ။ ရထားမတော်တဆမှုဖြစ်ပွားရာ ပတ်ဝန်းကျင်ဒေသတွေဟာ လတ်တလော ရက်တွေအတွင်း ရေဘေးသင့် ထားပါတယ်။ မြေပြိုလို့ ရထားလမ်းချော်ခဲ့တာလို့ တချို့က ပြောထားပေမယ့် အာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။
9 months Ago
More News
Up