
မန်ယူနောက်ခံလူ ဂျွန်နီအီဗန်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် မန်ယူအသင်းမှာပဲ လူငယ်ဖွံ့ဖြိုးရေးနည်းပြအဖြစ် ပြောင်းလဲတာဝန်ယူသွားမယ်လို့ သိရပါတယ်။
အီဗန်ဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် မန်ယူအသင်းဆီ တကျော့ပြန် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုအထိ တကြိမ်ကစားခဲ့ပါသေးတယ်။
ကစားသမားဘဝကနေ အနားယူခဲ့ရပြီဖြစ်ပေမဲ့ မန်ယူအသင်းမှာပဲ နောက်ထပ် အခန်းကဏ္ဍအသစ်တခု ဆက်လက်တာဝန်ယူသွားမယ့်အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်တွေကို ကူညီပြီး အလားအလာကောင်းတဲ့ ကစားသမားတွေ ဖြစ်လာဖို့ ကြိုးပမ်းသွားမယ်လို့ အီဗန်က ပြောပါတယ်။
မြောက်အိုင်ယာလန် နောက်ခံလူ အနေနဲ့ လူငယ်ကစားသမားကောင်းတွေ ပေါ်ထွက်လာရေးအတွက် အသင်းဘောလုံးဒါရိုက်တာ ဂျက်ဆန်ဝဲလ်ကော့ အပါအဝင် နည်းပြ အာမိုရင်၊ အကယ်ဒမီအသင်းက ဒါရိုက်တာတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။