DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ကန်‌ဒေါ်လာ ၃၃ သန်းနှင့် တရုတ် ယွမ် ၁၀ သန်း ထပ်မံထုတ်ရောင်းမည် 
DVB
·
July 3, 2025
ဗဟိုဘဏ်က ကန်‌ဒေါ်လာ ၃၃ သန်းနှင့် တရုတ် ယွမ် ၁၀ သန်း ထပ်မံထုတ်ရောင်းမည် 
Donate to DVB

ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်ထဲကို ‌ဒေါ်လာ သန်းချီ ထုတ်ရောင်းပြီး ဒေါ်လာဈေးထိန်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ ဗဟိုဘဏ်က အခု ဇူလိုင်လအစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၃၃ သန်း ထုတ်ရောင်းမယ်လို့ ဇူလိုင် ၁ ရက်က ကြေညာပါတယ်။

ဒါ့အပြင် ဇူလိုင် ၂ ရက်ကလည်း တရုတ်ယွမ် ၁၀ သန်း ထုတ်ရောင်းချပေးမယ်လို့  ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။

ဒီနိုင်ငံခြားငွေတွေကို စက်သုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေအတွက် ဦးတည်ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ စက်သုံးဆီဈေးမတည်ငြိမ်မှုက ကုန်ဈေးနှုန်းကို မြင့်တက်စေပြီး စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာလည်း  ဖိအားဖြစ်စေနိုင်တာ‌ကြောင့် ဗဟိုဘဏ်က အခုလို မကြာခဏ နိုင်ငံခြားငွေတွေ ထုတ်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း ဗဟိုဘဏ်ဟာ  စက်သုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်အထိကို  ၅ ကြိမ်ခွဲပြီး ရောင်းချခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပို့ကုန်လုပ်ငန်းတွေဆီကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေကို online trading ပလက်ဖောင်းက တဆင့် စားသုံးဆီနဲ့ စက်သုံးဆီအပါအဝင် သွင်းကုန် လုပ်ငန်းတွေဆီကို တစ်‌‌ဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ ပြင်ပဈေးကွက်မှာတော့ အမေရိကန် ‌တဒေါ်လာကို ၄၄၁၀-၄၄၉၀ ကျပ် ဝန်းကျင် ရှိနေပါတယ်။

၂ဝ၂၄ ခုနှစ်၊  ဩဂုတ်လမှာ တဒေါ်လာကို ကျပ် ၇ဝဝဝ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်ဟာ သန်းချီတဲ့ နိုင်ငံခြားငွေတွေကို ဆက်တိုက်ထုတ်ရောင်းလာတာကြောင့် တဒေါ်လာ ကို ၄၄ဝဝ ကျပ် ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျလာခဲ့ပါတယ်။ ဒါပေမဲ့ မေလနှောင်းပိုင်းကစပြီး ဒေါ်လာဈေးက ပြန်လည်တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013