DVB Logo
Home
မြန်မာသတင်း
ပစ်ချခံရသည့် တိုက်လေယာဉ်နှင့်လေယာဉ်မှူး ၂ ဦး၏ ရုပ်အလောင်းအပိုင်းအစများ တွေ့ရှိ
DVB
·
July 3, 2025
ပစ်ချခံရသည့် တိုက်လေယာဉ်နှင့်လေယာဉ်မှူး ၂ ဦး၏ ရုပ်အလောင်းအပိုင်းအစများ တွေ့ရှိ
1 / 7
Donate to DVB

ဖားဆောင်းမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဇူလိုင် ၂ ရက် မနက် ၁ နာရီလောက် ဗုံးလာကြဲတဲ့ စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးအား ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်အစောပိုင်း ၁ နာရီလောက်မှာ ဗုံးလာကြဲတဲ့ တိုက်လေယာဉ် ၄ စီးထဲက တရုတ်နိုင်ထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ် ၁ စီးအား ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ပျက်ကျသွားတဲ့ တိုက်လေယာဉ် ကိုယ်ထည်အပျက်အစီးတွေနဲ့အတူ လေယာဉ်မှူး ၂ ယောက်ရဲ့ ရုပ်အလောင်းအပိုင်းအစတွေကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီလောက် ဖားဆောင်းမြို့အနီး  ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖားဆောင်းမြို့ အခြေစိုက် စစ်ကောင်စီ ခလရ ၁၃၄ နဲ့ ခလရ ၁၃၅ တို့ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၃၀ ရက်မှာ ခလရ ၁၃၄ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါ တပ်ရင်း ၂ ခုကို စတင်ထိုးစစ်ဆင်တဲ့ နေ့ကစပြီး ဒီနေ့အထိ စစ်ကောင်စီက ဂျက်ဖိုက်တာအမျိုးမျိုးအပြင် Y12၊ FTC-2000G၊ Military Transport Aircraft တို့နဲ့ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် သာလွန်လက်နက်တွေ အသုံးပြု တိုက်ခိုက်နေတာကို အစွမ်းကုန် တန်ပြန် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လေတပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီးကို တော်လှန်ရေးဘက်က ပစ်ချထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ F7 အမျိုးအစား တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013