Search Results For: ဝက်စ်ဟမ်း
ဝက်စ်ဟမ်းမှာ ခြေစွမ်းပြပြီး ပြန်လာရန် လင်ဂတ်ကို နည်းပြဆိုးလ်ရှား ပြော
လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြသပြီး အသင်းဆီကို ပြန်လာစေချင်တယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
နည်းပြဆိုးလ်ရှားဟာ ပွဲထွက်ခွင့်မပေးနိုင်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ သူ့ရဲ့အရည်အချင်းတွေကို ပြသပြီး အသင်းဆီ ပြန်လာစေချင်ကြောင်း နည်းပြဆိုးလ်ရှားက ပြောခဲ့တာပါ။ 
လင်ဂတ်အနေနဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ ထိတွေ့မှုရှိခဲ့လို့ သီးသန့်နေထိုင်ခဲ့ရတာမျိုးလို ကိစ္စတွေရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးဆိုတာကို ပြသပြီး အသင်းဆီ ပြန်လာဖို့ နည်းပြဆိုးလ်ရှားက တိုက်တွန်းခဲ့တာပါ။
နောက်ခံလူ ရိုဟိုကတော့ အာဂျင်တီးနားကလပ်ဆီကို ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်ပြီး ဂိုးသမား ရိုမဲရိုးကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ဆိုးလ်ရှားက အတည်ပြုသွားပါတယ်။
3 months Ago
မန်ယူကွင်းလယ်လူ လင်ဂတ်ကို အငှားစာချုပ်နှင့် ဝက်စ်ဟမ်းအသင်း ခေါ်ယူ
မန်ယူကွင်းလယ်လူ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ 
နှစ်ဖက်အသင်းကြားမှာ သဘောတူညီမှု ရရှိသွားပြီး လင်ဂတ်အနေနဲ့ လန်ဒန်ကလပ်မှာ ရာသီကုန်အထိ  ကစားသွားရမှာဖြစ်ပါတယ်။ 
လင်ဂတ်ရဲ့တစ်ပတ်လုပ်ခပေါင် ၈ သောင်း ကို ဝက်စ်ဟမ်းအသင်းက ပေးချေမှာဖြစ်သလို အငှားစာချုပ်ကြေးအဖြစ် မန်ယူအသင်းကို ပေါင် ၁ ဒသမ ၅ သန်းပေး ချေရမယ်လို့ သိရပါတယ်။
 ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ဟာ မန်ယူအသင်းကို နည်းပြတာဝန်ယူစဉ်ကတည်းက လင်ဂတ်နဲ့ သိရှိခဲ့ဖူးပြီး တပည့်ဟောင်းကို ပြန်လည်ခေါ်ယူခဲ့တာ ပါ။ 
အသက် ၂၈ နှစ်ရှိ အင်္ဂလန်ကစားသမား လင်ဂတ်ဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီး  ပွဲထွက်ခွင့်ရနိုင်တဲ့ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 
3 months Ago
လင်ဂတ်ကို အငှားခေါ်ယူနိုင်ရန် ဝက်စ်ဟမ်း ထိပ်ဆုံးမှရေပန်းစား
လင်ဂတ်ကို အငှားခေါ်ယူဖို့ ဝက်စ်ဟမ်းက ထိပ်ဆုံးမှရေပန်းစားနေပေမဲ့ လင်ဂတ်အနေနဲ့ အခုချိန်အထိ ဘယ်အသင်းနဲ့အတူ လက်ကျန်ပွဲစဉ်တွေကို ဖြတ်သန်းရမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ 
လင်ဂတ်ဟာ မန်ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပြီး ဒီရာသီမှာ ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရထားကာ လိဂ်ပွဲစဉ်တွေမှာတာ့ လုံးဝကစားရခြင်း မရှိသေးပါဘူး။
ဆိုးလ်ရှားအနေနဲ့ ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာရှိနေဆဲ ဖြစ်တာကြောင့် တောင့်တင်းတဲ့ လူစာရင်းကို အလိုရှိနေပြီး အသက် ၂၈ နှစ်အရွယ် ကစားသမားကို အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ ယူဆကြပါတယ်။ 
ဒါပေမဲ့ ကစားသမားနဲ့ နည်းပြကြား စကားပြောဆိုမှု ပြုလုပ်ပြီးချိန်မှာတော့ လင်ဂတ်ကို အငှားထွက်ကစားဖို့ ခွင့်ပြုလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ပြည်တွင်းက ရှက်ဖီးလ်၊ ဝက်စ်ဘရွန်းအသင်းတွေအပြင် ပြည်ပကလပ်တွေကပါ လင်ဂတ်ကို အလိုရှိနေပြီး ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ကစားသမားက ဆန္ဒရှိနေကာ သူ့ကို အငှားခေါ်ဖို့ ကိစ္စမှာ ဝက်စ်ဟမ်းအသင်းက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။ 
ဒါပေမဲ့ တဘက်မှာလည်း လင်ဂတ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းအကြား ဆွေးနွေးမှုတွေဟာ မပြီးပြတ်နိုင်သေးဘဲ ကစားသမားအနေနဲ့ကလည်း သူ့ရဲ့ ပွဲကစားခွင့်အတွက် အခုသီတင်းပတ်အတွင်းမှာ အပြီးသတ်ရလဒ် ထွက်ပေါ်လာစေချင်နေတယ်လို့ သိရပါတယ်။
“လင်ဂတ်ဟာ ဒီမနက် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပေမယ့် ပွဲကစားမယ့်စာရင်းမှာ ပါဝင်မှာတော့ မဟုတ်ပါဘူး” လို့ လီဗာပူးလ်နဲ့ အက်ဖ်အေဖလားမတိုင်ခင်မှာ ဆိုးလ်ရှားက ပြောပါတယ်။ 
“သူ ပွဲကစားချင်နေတာ သေချာတာပေါ့။ ဒါကြောင့် ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ဒီကိစ္စကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ ဆွေးနွေး ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အခုချိန်အထိ သူဟာ ပရော်ဖက်ရှင်ကစားသမားပီသစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ လူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတချို့နဲ့ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ကျနော်တို့ တွေ့ဆုံပြီး အဖြေရှာရပါမယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်အသင်းကို အသက် ၇ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူ ဖြစ်ကာ အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားထားပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ ရာသီကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
သူဟာ အိုးထရက်ဖို့ဒ်မှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိခံခဲ့ရတဲ့ ကစားသမား ဖြစ်ပေမဲ့ ပွဲထွက်ခွင့်မရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပြီးဆုံးဖို့ နီးကပ်လာချိန်အထိ ကစားသမားသစ် ခေါ်ယူဖို့ကိစ္စကို လက်ရှောင်ထားပေမယ့် ဂိုးသမား ရိုမီရိုနဲ့ နောက်ခံလူ ရိုဂျိုတို့ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
3 months Ago
တိုက်စစ်မှူး ၂ ဦး  ခေါ်ယူပေးရန် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် တောင်းဆို
ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး ဟော်လာကို အေဂျက်ဇ်အသင်းဆီ ရောင်းချခဲ့တာ ကြောင့် အစားထိုးအသုံးပြုနိုင်မယ့် တိုက်စစ်စားသမားသစ် တစ်ဦး ရှာဖွေနေပါတယ်။ လက်ရှိအချိန်မှာတော့  ချန်ပီယံရှစ်ကလပ် ဘုန်းမောက်တိုက်စစ်မှူး ဂျိုရူအာကင်းနဲ့ ဘလက်ဘန်းတိုက်စစ်ကစားသမား အဒမ်အမ်းစတောင်းတို့ကို ခေါ်ယူပေးဖို့ နည်းပြ မိုယက်စ်က တောင်းဆိုထားတာပါ။  ဝက်စ်ဟမ်းအသင်းဟာ ပွဲစဉ် ၁၉ ပွဲအပြီးမှာ ၉ ပွဲနိုင် ၅ ပွဲ သရေ ၅ပွဲ ရှုံးနိမ့်ထားပြီး အဆင့်၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။  တိုက်စစ်မှူး တစ်ဦးခေါ်ယူချင်သလားဆိုရင်တော့ တစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားပြီး သေချာ ရွေးချယ်သွားရမှာ ဖြစ်တယ်လို့ မိုယက်စ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ မနှစ်က ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လာကာဂျိုဗစ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 
4 months Ago
ဝက်စ်ဟမ်းပိုင်ရှင်သစ်လက်ထက် ခေါ်ခဲ့သည့် တိုက်စစ်မှူး ၄၉ ဦးတွင် ၂၁ ဦးက ဂိုးမသွင်းနိုင်ခဲ့
ဝက်စ်ဟမ်းအသင်းဟာ ပိုင်ရှင်သစ်လက်ထက်မှာ တိုက်စစ်မှူး ၄၉ ဦးအထိ ခေါ်ယူခဲ့ပြီး ၂၁ ဦးက ဂိုးမသွင်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ၄၉ ဦးမြောက် တိုက်စစ်မှူးအဖြစ် ဂျာရော့ဘော်ဝင်ကို ခေါ်ယူပြီး အသုံးပြုနေသလို ၄၈ ဦးမြောက် တိုက်စစ်မှူးဖြစ်သူ ဟော်လာကိုတော့ ပြီးခဲ့တဲ့တစ်ပတ်ကပဲ အေဂျက်ဇ်အသင်းဆီ ပြန်လည်ရောင်းချခဲ့ပါတယ်။   ၂၀၁၀ ခုနှစ်မှာ အသင်းပိုင်ရှင်းသစ်တွေဖြစ်တဲ့ ဒေးဗစ်ဂိုးလ်နဲ့ ဒေးဗစ်ဆူလီဗန်တို့က ဝယ်ယူခဲ့ပြီး အဲဒီနှစ်မှာပဲ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်စစ်မှူး ၄ ဦးခေါ်ယူခဲ့ပါတယ်။  ဂိုးမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ၂၁ ဦးထဲမှာ ဘိုရိုမှာ ခြေစွမ်းပြခဲ့တဲ့ မီဒို၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာမက်၊ အီတလီတိုက်စစ်မှူးတွေဖြစ်တဲ့ ဆိုင်မွန်ဇာဇာ နဲ့ ဘော်ရီလိုတို့လို ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း တိုက်စစ်မှူး ၄၉ ဦးအတွက် ပေါင် ၂၂၃ သန်း အသုံးပြုခဲ့ရပြီး ၂၈၉ ဂိုး သွင်းဂိုးရခဲ့ပါတယ်။  လတ်တလောမှာလည်း ဟော်လန်ကို ရောင်းချခဲ့တာကြောင့် တိုက်စစ်မှူးသစ် ထပ်ခေါ်ဖို့ ဝက်စ်ဟမ်းအသင်းက ပြင်ဆင်နေပါတယ်။
4 months Ago
ဒက်ကလန်ရိုက်ကို ချဲလ်ဆီးနှင့် မန်ယူ မကမ်းလှမ်းထားဟု ဝက်စ်ဟမ်းနည်းပြပြော
ကွင်းလယ်လူ ဒက်ကလန်ရိုက်အတွက် ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေက ကမ်းလှမ်းထားတာ မရှိကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က အတည်ပြုပါတယ်။  အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ချဲလ်ဆီးက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဒီနှစ်ရာသီမှာ မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။  ဒက်ကလန်ရိုက်အတွက် ချဲလ်ဆီးနဲ့ မန်ယူအသင်းဆီက ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိကြောင်းနဲ့ သတင်းမှားတွေသာ ဖြစ်တယ်လို့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောပါတယ်။ ဒက်ကလန်ရိုက်ဟာ အသင်းအတွက် ခမ်းနားတဲ့ စွမ်းဆောင်မှုတွေ လုပ်ဆောင်ထားပြီး အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်လ်ပါဝင် ကစားနိုင်ခြင်းမရှိတဲ့ ကွင်းလယ်မှာ ကြီးမားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ နည်းမိုယက်စ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၂ နှစ်ရှိ ဒက်ကလန်ရိုက်အတွက် ပေါင်သန်း ၇၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
4 months Ago
ဝက်စ်ဟမ်းက ထွက်ခဲ့သည့်ဆုံးဖြတ်ချက် နောင်တမရဟု ဝဲလ်ရှိုင်းယား ပြော
အသင်းသစ်ရှာမတွေ့သေးပေမဲ့ ဝက်စ်ဟမ်းကနေ ထွက်ခွာခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ် ချက်ဖြစ်လို့ နောင်တမရကြောင်း ကွင်းလယ်လူ ဂျက်ဝဲလ်ရှိုင်းယားက ပြောပါတယ်။ အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားဟာ အာဆင်နယ်ကနေ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြသနာတွေ ဆက်လက်ကြုံတွေ့ခဲ့ရပြီး ပွဲကစားခွင့် နည်းပါးခဲ့ တာပါ။  အခုနှစ်ရာသီ အစောပိုင်းက ဝက်စ်ဟမ်း နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဝဲလ်ရိူင်းယားဟာ လက်ရှိ အချိန်မှာတော့  အသင်းသစ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဘောလုံးသမားတွေအနေနဲ့ ပွဲကစားခွင့် မရတဲ့အချိန်မှာ ယုံကြည်မှုတွေ ကျဆင်းလာပြီး အသင်းက ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာတောင် ပွဲကစားခွင့် မရခဲ့တဲ့ ပတ်ဝန်းကျင်မှာ ဆက်ပြီး မနေချင် ကြောင်း ဝဲလ်ရှိုင်းယားကပြောပါတယ်။  ဝဲလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ အများပြည်သူ့ပန်းခြံမှာ လေ့ကျင့်နေပြီး ပြည်တွင်း ကလပ်တွေနဲ့ ချိတ်ဆက်ထားသလို ပြည်ပထွက်ကစားနိုင်ချေလည်း ရှိတယ်လို့ ပြောပါတယ်။  အသက် ၂၈ နှစ်ရှိ ဝဲလ်ရိူင်းယားဟာ ဝက်စ်ဟမ်းနဲ့ ၂ ရာသီကြာကာလအတွင်းမှာ ၁၉ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ 
6 months Ago
ကိုဗစ်ရောဂါမပျောက်သဖြင့် ကွင်းထဲ ပြန်မလာနိုင်သေးဟု ဝက်စ်ဟမ်းနည်းပြ ပြော
ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ခံစားရသေးတာကြောင့် ကွင်းထဲပြန်လာဖို့ မဖြစ်နိုင်သေးကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောပါတယ်။  မိုယက်စ်ဟာ  စက်တင်ဘာ ၂၂ ရက်ကတည်းက ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တာပါ။  မိုယက်စ်နဲ့အတူ ကစားသမား ၂ ဦးဖြစ်တဲ့ အစ်ဆာဒီအော့နဲ့ ဂျို့စ်ကယ်လန်တို့မှာလည်း ပိုးတွေ့ ရှိခဲ့တာဖြစ်ပါတယ်။  နည်းပြမိုယက်စ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သီးသန့်နေထိုင်နေရပြီး အသင်းရဲ့ ပွဲစဉ် ၄ ပွဲကိုလည်း လက်ထောက် နည်းပြအဖွဲ့က ဆက်လက်တာဝန်ယူခဲ့ရတာပါ။  မနေ့က ကစားခဲ့တဲ့လက်စတာနဲ့ပွဲမှာ ကွင်းထဲ ပြန်လည်ဝင်ရောက်ပြီး အနီးကပ်ကြီးကြပ် နိုင်ဖို့ မျှော်မှန်းထားပေမယ့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ အနည်းငယ်ရှိသေးတာကြောင့် ဆက်လက် အနားယူသွားရမယ်လို့ မိုယက်စ်က အသင်းဝက်ဘ်ဆိုဒ်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
7 months Ago
ကွင်းလယ်လူ ဝီလ်ရှိုင်းယားနှင့် စာချုပ်ဖျက်သိမ်းရန် ဝက်စ်ဟမ်းအသင်း ကြိုးပမ်း
ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။  အသက် ၂၈ နှစ်ရှိ အင်္ဂလန်နဲ့ အာဆင်နယ်ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ ၂၀၁၈ ခု နှစ်က ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာတာပါ။  ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၁၈ ပွဲသာ ကစားခဲ့ရပြီး ဝက်စ်ဟမ်းအသင်းက စာချုပ်ဖျက်သိမ်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။  ဝီလ်ရှိုင်းယားနဲ့ ဝက်စ်ဟမ်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၁၀ လာသာကျန်ရှိတော့ပြီး အပြောင်းအရွှေ့မှာ ကစားသစ်တွေဝယ်ယူဖို့အတွက် ဝီလ်ရှိုင်းယားကို စာချုပ်ဖျက်သိမ်းဖို့ နည်းပြ ဒေးဗစ်မိုယက်စ်က အလိုရှိနေတယ်လို့ သိရပါတယ်။  ဝက်စ်ဟမ်းအသင်းအတွက် လုံလောက်တဲ့ ပွဲအရေအတွက်နဲ့ အကောင်းဆုံး ကစားပေးနိုင်ခြင်းမရှိသေးဘူးလို့ ဝီလ်ရှိုင်းယားက ဝန်ခံခဲ့ဖူးပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ ဘန်လေခံစစ်မှူး ဂျိမ်းစ်တာကောစကီးကို ပေါင် ၂၈ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
8 months Ago
ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း ကြိုးပမ်း
ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် ၃ ဦးအထိ ခေါ်ယူထားပြီး  ဇန်နဝါရီ အပြောင်းအရွှေ့ကလည်း အေဂျက်ဇ်က ဇီယက်ချ်ကို ခေါ်ယူထားတာပါ။ ၅ ဦးမြောက် ခေါ်ယူမှုအဖြစ် ဝက်စ်ဟမ်းအသင်းက အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။  ဒက်ကလန်ရိုက်ကို ခေါ်ယူနိုင်မယ်ဆိုရင် ကစားသမား အပြောင်းအရွှေ့အတွက် စုစုပေါင်း ပေါင်သန်း ၂၅၀ အထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လေဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ခိုင်ဟာဗက်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီခဲ့တဲ့ရက်ပိုင်းကပဲ လက်စတာ နောက်ခံလူ ဇီယက်နဲ့ ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗားတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။
8 months Ago
တပည့်ဟောင်း ဂျွန်စတုန်းကိုခေါ်ယူရန် ဝက်စ်ဟမ်းနည်းပြ စိတ်ဝင်စား
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  မန်စီးတီးအသင်းဟာ ဘုန်းမောက် နောက်ခံလူ နသန်အကီကို ခေါ်ယူဖို့ သဘောတူညီမူရရှိထားတာကြောင့် ဂျွန်စတုန်းကို ရောင်းချဖို့ရှိနေတာပါ။ ဂျွန်စတုန်းဟာ အဲဗာတန်အသင်းမှာကတည်းက နည်းပြ ဒေးဗစ်မိုယက်စ်နဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဂျွန်စတုန်းဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်လည်း သိပ်မရခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းက ကမ်းလှမ်းမယ်ဆိုရင် လက်ခံစဉ်းစားဖို့ရှိပါတယ်။  အာဆင်နယ်အသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင်သန်း ၂၀ ခန့်ပေးချေမယ်ဆိုရင် မန်စီးတီးဘက်က  ရောင်းချလိမ့်‌မယ်လို့ သိရပါတယ်။  အသက် ၂၆ နှစ်ရှိ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၁၆ ပွဲသာ ကစားခဲ့ရပါတယ်။
9 months Ago
ဝက်စ်ဟမ်းကို ရှုံးခဲ့သည့် နော့ဝှစ်ချ်အသင်း တန်းဆင်းရပြီ
မနေ့ကပွဲစဉ်မှာ နော့ဝှစ်ချ်စီးတီးက ဝက်စ်ဟမ်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန် ၃ ပွဲအလိုမှာ တန်းဆင်းခဲ့ရပြီ ဖြစ်ပါတယ်။ ပွဲစဉ် ၃၅ အပြီးမှာ ၅ ပွဲနိုင်၊ ၆ ပွဲ သရေ ၂၄ ပွဲ ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၂၁ မှတ်နဲ့ တန်းဆင်းခဲ့ရတာပါ။ ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ချိန်ကတည်းကနေ ပရီးမီးယားလိဂ် ၆ ပွဲနဲ့ အက်ဖ်အေပွဲစဉ် တစ်ပွဲအပါအဝင် စုစုပေါင်း ၇ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။ ပွဲစဉ် ၃၅ အပြီးမှာ ရဂိုး ၂၆ ဂိုးသာ ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ လက်ကျန် ၃ ပွဲအလိုမှာ အဆင့် ၁၇ နေရာက ဝက်ဖို့ဒ်နဲ့ ၁၃ မှတ်အထိ ကွာဟခဲ့ပါတယ်။  နော့ဝှစ်ချ် နည်းပြ ဒယ်နီရယ်ကတော့ လုံလောက်တဲ့ ခြေစွမ်းမရှိတဲ့အပေါ်မှာ စိတ်ပျက်မိပြီး ဒီရာသီကနေ သင်ခန်းစာတွေရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လက်ကျန်တန်းဆင်းရမယ့် ၂ နေရာမှာ ဘုန်းမောက်နဲ့ အက်စ်တွန်ဗီလာတို့ ရပ်တည်နေပြီး တန်းဆင်းဇုန်က လွတ်မယ့်အဆင့် ၁၇ နေရာက တပွဲပိုကစားထားတဲ့ ဝက်ဖို့ဒ်နဲ့ ၆ မှတ်နဲ့ ၇ မှတ် အသီးသီး ကွာဟနေပါတယ်။
10 months Ago
လင်ဂတ်နှင့် ဖီးလ်ဂျုံးတို့ကို ဝက်စ်ဟမ်းနည်းပြ မိုယက်စ် စိတ်ဝင်စားနေ
ဝက်စ်ဟမ်းအသင်းဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ နောက်ခံလူ ဖီးလ်ဂျုံးနဲ့ ကွင်းလယ်လူ လင်ဂတ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။  Independent သတင်းစာရဲ့အဆိုအရ ဖီးဂျုံးနဲ့ လင်ဂတ်တို့ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ဆန္ဒရှိနေပြီး တန်းမဆင်းရဘူးဆိုရင် လာမယ့်ရာသီမှာခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။  ဝက်စ်ဟမ်အသင်းဟာ ဘန်လေနဲ့ပွဲမှာ ရှုံးနိမ်ခဲ့တာကြောင့် တန်းဆင်းဇုန်နေရာဖြစ်တဲ့အဆင့် ၁၈ က ဗီလာနဲ့ ၄ မှတ်သာကွာဟနေတာပါ။   မန်ယူ နည်းပြဆိုးလ်ရှားဟာလည်း အသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ဖီးလ်ဂျုံးနဲ့ လင်ဂတ်တို့ကို ရောင်းချဖို့ ရှိနေပြီး ဝက်စ်ဟမ်းအသင်းသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်လွှတ်ဖို့ရှိ တယ်လို့သိရပါတယ်။  အခုနှစ်ရာသီမှာ ကွင်းလယ်လူ လင်ဂတ်က ပရီးမီးယားလိဂ်ပွဲ ၂၀ ကစားထားပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ နောက်ခံလူ ဖီးလ်ဂျုံးက ၂ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ 
10 months Ago
အာဆင်နယ်နိုင်ပွဲဆက်ပြီး ချဲလ်ဆီးက ဝက်စ်ဟမ်းကို နောက်ကျဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)
မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းနိုင်ပွဲရခဲ့ပြီး ချဲလ်ဆီးအသင်း ရှုံးပွဲတွေ့ခဲ့ပါတယ်။  အာဆင်နယ်က အမှတ်ပေးဇယားအောက်ဆုံးက နောဝှစ်ချ်နဲ့ အီမရိတ်ကွင်းမှာ ကစားခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။  တိုက်စစ်မှူး အူဘာမီယန်းက ၂ ဂိုး၊ ကွင်းလယ်လူ ချာကာနဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့တဲ့ နောက်ခံလူ ဆိုအာရက်စ်တို့က တစ်ဂိုးစီသွင်းယူခဲ့တာပါ။  ချဲလ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်ကွင်းမှာ သွားရောက်ကစားခဲ့ရာမှာ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးပွဲ တွေ့ခဲ့တာပါ။  ဝီလီယံက ပင်နယ်တီကနေ တစ်ဆင့် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာဆို ရှုချက်ခ်က ဝက်စ်ဟမ်းအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အန်တိုနီယိုက ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဝီလီယံက ဖရီးကစ်ကနေ ပြန်လည်ချေပခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ယာမိုလန်ကိုက ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။  ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်း ပထမဆုံးရှုံးပွဲတွေ့ခဲ့ရ တာဖြစ်ပါတယ်။ နိုင်ပွဲရခဲ့တဲ့ ဝက်စ်ဟမ်းက တန်းဆင်းဇုန်ကနေ တက်လှမ်းလာခဲ့ပြီး အဆင့် ၁၆ နေရာမှာရပ်တည်ခဲ့ပါတယ်။ 
10 months Ago
ဝက်စ်ဟမ်းပရိသတ်အတွက် ခြေစွမ်းပြလိုဟု ဒဏ်ရာသက်သာလာည့် ဝီရှိုင်းယား ပြော
ဝက်စ်ဟမ်းအသင်းအတွက် လုပ်ဆောင်ပြရမယ့်ကိစ္စတွေရှိသေးတယ်လို့ ကွင်းလယ်ကစားသမား ဝီရှိုင်းယားကပြောပါတယ်။  အင်္ဂလန်ကွင်းလယ်လူ ဝီရှိုင်းယားဟာ ၂၀၁၈ ခုနှစ်က အာဆင်နယ်ကနေ ပြောင်းရွှေ့လာ ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ၂ နှစ်အတွင်း စုစုပေါင်း ၁၄ ပွဲပဲ ကစားခဲ့ရတာဖြစ်ပါတယ်။  ဝက်စ်ဟမ်းပရိသတ်တွေအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသသွားချင်ပြီး အသင်းနည်းပြကိုလည်း ဘယ်လောက်အထိ ခြေစွမ်းပြသနိုင်တယ်ဆိုတာ ပြသဖို့ အခွင့်အရေးဖြစ်တယ်လို့ ဝီရှိုင်းယားကပြောပါတယ်။  ဒါပေမယ့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်နဲ့လည်း တကြိမ်တစ်ခါ လေ့ကျင့်ဖူးခြင်း မရှိ သေးတာကြောင့် ဘဝအသစ်ကနေ ပြန်လည်စတင်သွားရမယ်လို့ ဆိုပါတယ်။ ဝီရှိုင်းယားဟ ာဒဏ်ရာအခြေအနေ သက်သာလာတာကြောင့်  ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။  
1 year Ago
တိုက်စစ်မှူးဘတ်ရူအာယီအား ဝက်စ်ဟမ်းအသင်းကို ရောင်းချရန် ချဲလ်ဆီး ဆွေးနွေး
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးဘတ်ရူအာယီကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချဖို့ ဆွေးနွေးနေပါတယ်။  ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘတ်ရူအာယီဟာ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး ဝက်စ်ဟမ်းအသင်းဘက်ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားတာပါ။  ချဲလ်ဆီးအသင်းအနေနဲ့  ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ၂၉ ပွဲ ကစားပေးထားတဲ့ ဘတ်ရူအာယီအတွက်  ပေါင်သန်း ၄၀ ပေးချေဖို့ ဝက်စ်ဟမ်းအသင်းကို တောင်းဆိုထားပါတယ်။  တိုက်စစ်မှူး ဘတ်ရူအာယီဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲသာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။  နည်းပြလမ်းပတ်ရဲ့ တိုက်စစ်အခင်းအကျင်းမှာ အင်္ဂလန်တိုက်စစ်မှူး အေဗရာဟမ်ကို ဦးစားပေး ပွဲထွက်စေခဲ့တာကြောင့် ဘတ်ရူအာယီအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ရှိနေပါတယ်။  ဘတ်ရူအာယီဟာ ၂၀၁၆ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းမှာရောက်ရှိလာပေမယ့် ဒေါ့မွန်၊ ဗလင်စီယာနဲ့ ခရစ္စတယ်ပဲလေ့အသင်းတွေမှာ အငှားထွက်ကစားခဲ့ရပါတယ်။
1 year Ago
ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖျက်သိမ်းရန် ဝက်စ်ဟမ်းအသင်းဒုဥက္ကဋ္ဌ တိုက်တွန်း
အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ဖို့ ဝက်စ်ဟမ်းအသင်း ဒုတိယဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့အတူ ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ နည်းပြတွေကိုလည်း ကူးစက်မူတွေ ရှိနေတာကြောင့်  ဧပြီ ၃ ရက်အထိ ပွဲစဉ်တွေကို ရပ်နားထားရတာပါ။ ဘောလုံးသမားတွေ ဆက်လက်ကစားနိုင်ခြင်း မရှိရင်တော့ ဖျက်သိမ်းရမှာ ဖြစ်ပြီး နောက်ထပ် ၃ ပတ်တော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ အဆင်မပြေခဲ့ရင်တော့ အသင့်လျော်ဆုံး အစီအစဉ်က အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြီးသတ်ဖျက်သိမ်းလိုက်တာ ကောင်းမယ်လို့ ဝက်စ်ဟမ်းဒုတိယဥက္ကဋ္ဌ ကာရင်ဘရက်ဒီက ပြောကြောင်း The Sun သတင်းစာမှာ ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းက တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ အဆင့် ၁၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
1 year Ago
ပရီးမီးယားလိဂ်ကြားပွဲစဉ်တွင် လီဗာပူးက ဝက်စ်ဟမ်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့  ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ လီဗာပူးက ဝက်စ်ဟမ်းကို ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာပါတယ်။  လီဗာပူးအတွက် အနိုင်ဂိုးတွေကို ဝီနယ်ဒန်၊ ဆာလက်နဲ့ မာနေးတို့က သွင်းယူပါတယ်။ လီဗာပူးဟာ အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဒီပွဲအပြီးမှာ လီဗာပူးအသင်းဟာ ဇယားထိပ်ဆုံးမှာ ရမှတ် ၇၉ မှတ်နဲ့ ဦးဆောင်နေပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးကို ၂၂ မှတ်အသာနဲ့ ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။  နိုင်ပွဲဆက်နေတဲ့ လီဗာပူးဟာ နောက်ထပ် ၄ မှတ်ရရင် နှစ်ပေါင်း ၃၀ လောက်  ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
1 year Ago
ပရီးမီးယားလိဂ်ကြားပွဲစဉ်တွင် မန်စီးတီးက ဝက်စ်ဟမ်းကို ၂ ဂိုးပြတ်နိုင် 
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ရိုဒရီနဲ့ ဒီဘရိုင်းတို့က သွင်းယူပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ တဖက်သတ် ဘောလုံး အသာစီးယူပြီး ကစားနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ၇ ကြိမ်အထိ ရခဲ့ပါတယ်။  ဝက်စ်ဟမ်းကတော့ တဖက် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိပါဘူး။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ မန်စီးတီး ကွင်းလယ်သမား ဒီဘရိုင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။  ဒီပွဲနိုင်တဲ့ မန်စီးတီးက ၅၁ မှတ်နဲ့ ဇယားထိပ်က လီဗာပူးရဲ့နောက် ၂၂ မှတ်အကွာနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
1 year Ago
ရွှေ့ဆိုင်းလိုက်သည့် မန်စီးတီးနှင့် ဝက်စ်ဟမ်း ပွဲစဉ် ဖေဖော်ဝါရီ ၁၉ တွင် ပြန်ကန်မည်
ရာသီဥတုကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ မန်ချက်စတာစီးတီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြန်ကန်ဖို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီရက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားတဲ့ရက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။   လက ဖေဖာ်ဝါရီ ၉ ရက်နေ့မှာ ကန်ဖို့ စီစဉ်ထားပေမယ့် ဗြိတိန်နိုင်ငံမှာ လေပြင်းတွေ တိုက်ခိုက်နေတာကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တာပါ။ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်ဟာ မန်စီးတီးအတွက်တော့ စပါးကို ဖေဖော်ဝါရီ ၂ ရက်နေ့က ရှုံးတဲ့ပွဲစဉ်အပြီးမှာ ပထမဆုံး ပြန်ကန်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
1 year Ago
လီဗာပူးက ဝက်စ်ဟမ်းကို ၂ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ကြားပွဲစဉ်မှာ လီဗာပူးက အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။  လီဗာပူးအတွက် အနိုင်ဂိုးတွေကို ဆာလက်နဲ့ ချိန်ဘာလိန်တို့က သွင်းယူပါတယ်။ လီဗာပူးက အဝေးကွင်းမှာ တဖက်သတ် အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းက အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ လီဗာပူး ကွင်းလယ်သမား ဟန်ဒါဆန် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။  နိုင်ပွဲဆက်နေတဲ့ လီဗာပူးက အမှတ်ပေးဇယားထိပ်မှာ အမှတ် ၇၀ နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၁၉ မှတ် ဖြတ်ထားလိုက်ပါတယ်။ 
1 year Ago
ဝက်စ်ဟမ်းအသင်း ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို ခေါ်မည်
ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာ ကွင်းလယ်လူ ဂတ်ဆန် ဖာနန်ဒက်စ်ကို ခေါ်ဖို့ သဘောတူညီမှုရသွားပြီဖြစ်ပါတယ်။  အသက် ၂၁ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဂတ်ဆန်ဖာနန်ဒက်စ်ဟာ ဘင်ဖီကာ ကွင်းလယ်မှာ ခြေစွမ်းပြနေပြီး ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိခဲ့တာပါ။  အခုချိန်မှာတော့ ဝက်စ်ဟမ်းအသင်းက လက်ဦးမူရယူနိုင်ခဲ့တာဖြစ်ပြီး ၁၈ လ အငှား စာချုပ်နဲ့ အခုရက်ပိုင်းအတွင်းမှာ စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။  လန်ဒန်အခြေစိုက် ဝက်စ်ဟမ်းအသင်းဟာ အသင်းနည်းပြရာထူး အပြောင်းအလဲ လုပ်ထား တာဖြစ်ပြီး ပယ်လီဂရီနီရဲ့နေရာမှာ ပရီးမီးယာလိဂ်ဝါရင့်နည်းပြ ဒေးဗစ်မွိုက်စ်ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။
1 year Ago
ဝက်စ်ဟမ်းနည်းပြအဖြစ် ဒေးဗစ်မိုယက်စ်ကို ခန့်အပ်
ဝက်စ်ဟမ်းအသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ပယ်လီဂရီနီရဲ့နေရာမှာ ဒေးဗစ်မိုယက်စ်နဲ့ အစားထိုးလိုက်ပါတယ်။   မိုယက်စ်ဟာ  ဝက်စ်ဟမ်းအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ၁၈ လစာချုပ်နဲ့ ရောက်ရှိလာတာပါ။   ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလီဗန်ကတော့ ပယ်လီဂရီနီဟာ လူကြီးလူကောင်းဆန် တဲ့ နည်းပြကောင်းတဦးဖြစ်ပေမဲ့ ရလဒ်ဆိုးတွေကြောင့် အပြောင်းအလဲတခု လိုအပ်တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတာလို့ ပြောပါတယ်။  ဝက်စ်ဟမ်းနည်းပြ ဖြစ်လာတဲ့ အသက် ၅၅ နှစ်အရွယ် မိုယက်စ်ဟာ အဲဗာတန်နဲ့ မန်ချက်စတာယူနိူက်တက်တို့မှာ တာဝန်ယူခဲ့ဖူးတဲ့အပြင်  ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းက လည်း ဝက်စ်ဟမ်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။  သူဟာ ဝက်စ်ဟမ်းကို ပွဲဦးထွက်အဖြစ် နှစ်သစ်ကူးနေ့မှာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ကို စတင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ 
1 year Ago
လက်စတာကို ရှုံးနိမ့်ပြီး နာရီပိုင်းအတွင်း ဝက်စ်ဟမ်းနည်းပြ ရာထူးက ထုတ်ပယ်ခံရ
လက်စတာအသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဝက်စ်ဟမ်းနည်းပြ မန်နျူရယ် ပယ်လီဂရီနီဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။  စနေနေ့ ရှုံးနိမ့်မှုဟာ ဝက်စ်ဟမ်းအသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၉ ပွဲမြောက် အရှုံးရလဒ်ဖြစ်ပြီး ဒီရလဒ်ကြောင့်ပဲ အသင်းဟာ တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာ အဆင့် ၁၇ နေရာကို ရောက်ရှိသွားခဲ့ရပြီဖြစ်ပါတယ်။  “စိတ်မကောင်းစွာနဲ့ပဲ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရပါတယ်။ အသင်းကို ကျနော်တို့ ရည်မှန်းချက်တွေအတိုင်း ဆောင်ရွက်နိုင်ဖို့ ပြောင်းလဲမှုလုပ်ရ‌တော့မှာဆိုတာ တဖြည်းဖြည်း ထင်ရှားလာခဲ့ပါပြီ။ နောက်အသစ် ရောက်လာမယ့် မန်နေဂျာအတွက် အချိန်ပိုရအောင် ပယ်လီဂရီနီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီ” လို့ အသင်းရဲ့ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလေဗန်က ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုထားပါတယ်။ ပယ်လီဂရီနီဟာ ဝက်စ်ဟမ်းအသင်းကို ၂၀၁၈ ခုနှစ် မေလမှာ စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ၁၈ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပါ။ ဒီကြေညာချက်ကို ဝက်စ်ဟမ်းအသင်းက လက်စတာအသင်းကို ရှုံးတဲ့ပွဲအပြီး နှစ်နာရီအတွင်း ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။  ပယ်လီဂရီနီဟာ ဝက်စ်ဟမ်းအသင်းကို ပြီးခဲ့တဲ့ရာသီမှာအဆင့် ၁၀ ထိ ရအောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ခုရာသီမှာတော့ ထုတ်ပယ်ခံရတဲ့ ၆ ဦးမြောက် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သွားခဲ့ပါတယ်။ အခုရာသီမှာ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီယားလိဂ်မှာ ရလဒ်ကောင်းအောင် ရုန်းကန်နေရသလို ကာရာဘောင်းပြိုင်ပွဲမှာလည်း လိဂ်ဝမ်းကလပ် အောက်စဖို့ဒ်အသင်းကို ၄ ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။  ပယ်လီဂရီနီဟာ လန်ဒန်ကလပ်ကို ၆၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၂၄ ပွဲ အနိုင်ရရှိခဲ့ကာ ၂၉ ပွဲတိတိ ရှုံးနိမ့်ခဲ့ပါတယ်။  ဝက်စ်ဟမ်းအသင်း ပိုင်ရှင်တွေဟာ ချီလီနည်းပြကြီးလက်ထက်မှာ စံချိန်တင် ကစားသမား ခေါ်ယူတာတွေ ပြုလုပ်ပေးခဲ့ပေမယ့် ရလဒ်ကောင်း မရယူနိုင်ခဲ့တာကြောင့် အခုလိုရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ပယ်လီဂရီနီရဲ့နေရာကို နည်းပြဟောင်း ဒေးဗစ်မိုယက်စ်က အစားဝင်လာနိုင်တယ်လို့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။  မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၈ ခုနှစ် မေလအထိ ခြောက်လကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီးတော့ အဲဒီအချိန်မှာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့အသင်းကို ရာသီကုန်ဆုံးချိန်မှာ အဆင့် ၁၃ နဲ့ပိတ်သိမ်းနိုင်အောင်ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  ဒါ့ကြောင့် သူဟာ ဝက်စ်ဟမ်းနည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် အသင်းနဲ့ တစုံတရာ ဆွေးနွေးပြောဆိုထားတာမျိုးတော့ မရှိသေးပါဘူး။
1 year Ago
ဝက်စ်ဟမ်းနှင့် အင်္ဂလန် ဂန္ထဝင်ဘောလုံးသမား ကမ္ဘာ့ဖလားဆုရှင် မာတင်ပီတာ ကွယ်လွန်
ဝက်စ်ဟမ်းအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး မာတင်ပီတာဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ပီတာဟာ ၁၉၆၆ ကမ္ဘာ့ဖလားဆုရှင် အင်္ဂလန်အသင်းမှာ ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်း မနက် ၄ နာရီ အိပ်ပျော်နေစဉ်မှာပင် ကွယ်လွန်သွားခဲ့ပြီလို့ သူ့မိသားစုက ထုတ်ပြန်ပါတယ်။ ပီတာဟာ ဝက်စ်ဟမ်းအသင်းမှာ ၁၁ နှစ်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အရှေ့လန်ဒန်ကလပ်ကို ၁၉၆၅ ခုနှစ် ဥရောပဖလား ချန်ပီယံဆု ရရှိရေးအတွက်လည်း ပါဝင်ကူညီနိုင်ခဲ့ပါတယ်။ ချန်ပီယံဆုကို သိမ်းပိုက်အပြီး နောက်တနှစ်အကြာမှာ ပီတာဟာ ကမ္ဘာ့ဖလားဆုရှင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲ့ကာ အနောက်ဂျာမနီကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဝင်ဘာလေ ဗိုလ်လုပွဲမှာလည်း ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  ပီတာဟာ ၁၉၆၆ ခုနှစ်ကစလို့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ စတင်ရွေးချယ်ခံခဲ့ရကာ နိုင်ငံအသင်းအတွက် ၆၇ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ပီတာဟာ ဝက်စ်ဟမ်းအသင်းကနေ မြို့ခံပြိုင်ဘက် စပါးအသင်းကို အဲဒီတုန်းက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၀၀,၀၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး စပါးအသင်းမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရှာဖွေနိုင်ခဲ့ပါတယ်။ ပီတာဟာ စပါးအသင်းနဲ့အတူ ၁၉၇၁၊ ၇၃ ခုနှစ်တွေမှာ လိဂ်ဖလားကို ရရှိခဲ့ပြီး အင်္ဂလိပ်-အီတလီ ဖလားကို ၁၉၇၁ ခုနှစ်၊ ယူအီးအက်ဖ်အေ ဖလားကို ၁၉၇၂ ခုနှစ်တို့မှာ ဆွတ်ခူးခဲ့ပြန်ပါတယ်။ ပီတာဟာ စပါးအသင်းမှာ ငါးရာသီကြာ ကစားခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီတုန်းက ဒုတိယတန်းကလပ်တခု ဖြစ်တဲ့ နော့ဝှစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ နော့ဝှစ်အသင်းနဲ့ ပထမရာသီမှာတင် သူဟာ အသင်းကို တန်းတက်ခွင့်ရအောင် ပါဝင် ကူညီပေးနိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာတော့ ရှက်ဖီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပီတာဟာ အဲဒီနောက်မှာ ရှက်ဖီးအသင်းရဲ့ ကစားသမား နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။  ပီတာ သေဆုံးမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကလည်း သူတို့ တွစ်တာစာမျက်နှာကနေ ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
1 year Ago
နည်းပြသစ် မော်ရင်ဟို ပထမဆုံးကိုင်တွယ်သည့် စပါးအသင်း ဝက်စ်ဟမ်းကို ၃-၂ ဂိုးဖြစ် အနိုင်ရ (ရုပ်သံ)
နည်းပြသစ်အဖြစ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၃-၂ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမဲ့ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးယူကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဆွန်ဟောင်မင်နဲ့ လူးကပ်မိုရာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၉ မိနစ်မှာလည်း ဟယ်ရီကိန်းက ထပ်မံသွင်းယူခဲ့ပါတယ်။ အိမ်ရှင် ဝက်စ်ဟမ်းအသင်းရဲ့ ချေပဂိုးတွေကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ အန်တိုနီရိုနဲ့ မိနစ် ၉၀ မှာ အန်ဂျဲလိုတို့က သွင်းယူခဲ့တာပါ။ စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဖိုင်နယ်အထိ ရောက်အောင် ပို့ဆောင်နိုင်ခဲ့တဲ့ နည်းပြ ပိုချက်တီနိုကို အခုနှစ် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးရွားနေတာကြောင့် ထုတ်ပယ်ပြီး မော်ရင်ဟိုနဲ့ အထိုးထားခဲ့တာပါ။ အမှတ်ပေးဇယားမှာတော့ စပါးအသင်းက ၁၃ ပွဲကစား ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၉၊ ဝက်စ်ဟမ်းအသင်းကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် အခြားပွဲစဉ်တခုမှာတော့ လီဗာပူးအသင်းက ခရစ္စတယ်ပဲလေစ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။
1 year Ago
မန်ယူအသင်း အဝေးကွင်းတွင် ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)
2 years Ago
မန်ယူအသင်းအား အနိုင်ကစားရန် အသင်းသားများကို ဝက်စ်ဟမ်းနည်းပြ တိုက်တွန်း
2 years Ago
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်း ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ရ (ရုပ်သံ)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ်တွေမှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ စပါးအသင်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ၅ ဂိုး ပြတ်အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားပြီး ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ မန်စီးအတွက် အနိုင်ဂိုးတွေကိုတော့ စတားလင်းက ၃ ဂိုး၊ ဂျီးဆပ်က ၁ ဂိုးနဲ့ အဂူရိုက ပင်နယ်တီကတဆင့် ၁ ဂိုး အသီးသီး သွင်းယူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ စပါးအသင်းဟာလည်း အဖွင့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဧည့်သည် အက်စတွန်ဗီလာအသင်းက အဖွင့်ဂိုးအရင် ရခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၉ မိနစ်မှာ ဂျွန်မက်ဂျင်းက သွင်းယူခဲ့တာပါ။ စပါးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ဟယ်ရီကိန်းက ၂ ဂိုးနဲ့ ဒွန်ဘယ်လီက ၁ ဂိုး သွင်းယူခဲ့ပါတယ်။
2 years Ago
ချန်ပီယံဆုဖလား ကာကွယ်နိုင်ရေး ပွဲစဉ်အားလုံး အနိုင်ကစားရန် ဆာလာပြော
ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ဖို့ ပွဲစဉ်အားလုံးကို အနိုင်ကစားဖို့ လိုအပ်တယ်လို့ လီဗာပူးတိုက်စစ်မှူး ဆာလာက ပြောပါတယ်။ 
ဆာလာဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ 
ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ ရှိသွားပြီး သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ 
ဝက်စ်ဟမ်းနဲ့ပွဲအပြီး အင်တာဗျူးမှာတော့  ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရယူ ချင်တယ်ဆိုရင် ပွဲအားလုံးကို အနိုင်ကစားရမယ်လို့ ဆာလာက ပြောပါတယ်။
ဝက်စ်ဟမ်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး ၂ ပွဲ ဆက်နိုင်ပွဲပြန်ရခဲ့တာကြောင့် ကောင်း မွန်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တယ်လို့လည်း ဆာလာက ပြောပါတယ်။ 
လီဗာပူး အသင်းဟာ ၂ ပွဲ ဆက် နိုင်ပွဲပြန်ရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၃နေရာ ကို တက်လှမ်းလာနိုင်ခဲ့ ပါတယ်။ 
လီဗာပူးအသင်းဟာ ပွဲစဉ် ၂၁ အပြီးမှာ ထိပ်ဆုံးကမန်စီးတီးထက် တစ်ပွဲပိုကစားထားပေ မယ့် ၄ မှတ်ကွာဟနေဆဲဖြစ်ပါတယ်။
3 months Ago
More News
Up