DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယလွှတ်တော်ရွေးကောက်ပွဲ ဒုတိယပိုင်းမဲပေးမှု စတင်
DVB
·
April 26, 2024
အိန္ဒိယလွှတ်တော်ရွေးကောက်ပွဲ ဒုတိယပိုင်းမဲပေးမှု စတင်
Donate to DVB

အိန္ဒိယလွှတ်တော်ရွေးကောက်ပွဲ ဒုတိယပိုင်း မဲပေးမှုတွေကို ဧပြီ ၂၆ ရက်မှာ ပြုလုပ်ခဲ့ပြီး ပြည်နယ် ၁၃ ခုမှာ မဲဆန္ဒနယ် ၈၈ ခုအတွက် ကျင်းပတာဖြစ်ပါတယ်။

ဘယ်ပါတီက အစိုးရဖွဲ့နိုင်မလဲပါ ဆုံးဖြတ်ပေးမဲ့ အောက်လွှတ်တော်အမတ် ၅၄၃ နေရာ အတွက် ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ သန်း ၁,၀၀၀ နီးပါးက မဲပေးခွင့်ရှိတာ ဖြစ်ပါတယ်။

လူဦးရေများပြားလွန်းပြီး နယ်မြေကျယ်ပြန့်လွန်းတာကြောင့် ၇ ပိုင်းခွဲပြီး ကျင်းပရာမှာ ပထမအပိုင်းမှာ ပြည်နယ်နဲ့ နယ်မြေ ၂၁ ခုက မဲဆန္ဒရှင် သန်း ၁၀၀ ကျော် မဲပေးခဲ့ပြီး ဖြစ်ပါတယ်။

၇ ပိုင်းခွဲပြီး ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲရဲ့ ဒုတိယအပိုင်းမှာ အများအာရုံစိုက်ခံရတာကတော့ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်ဟောင်း ရာဟူးဂန္ဒီ ဝင်ပြိုင်တဲ့ ကီရာလာပြည်နယ်က မဲဆန္ဒနယ် ဖြစ်ပါတယ်။

နေရူး ဂန္ဒီ မျိုးဆက်တွေထဲမှာ သူ့လက်ထက်ကျမှ ကွန်ဂရက်ပါတီဟာ တခါမှ အာဏာမရတော့သလို သူပါ ခေါင်းဆောင်နေရာက ဆင်းပေးထားရတာ ဖြစ်ပါတယ်။

အတိုက်အခံ ကွန်ဂရက်ပါတီကပဲ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း၊ နာမည်ကျော်စာရေးဆရာ၊ ရှာရီတရောကလည်း ကီရာလာပြည်နယ်ကပဲ ဝင်ပြိုင်တာ ဖြစ်ပါတယ်။ ဒီတပတ် လူ ၁၀၆ သန်းအထိ မဲလာပေးကြမယ်လို့ ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013