DVB Logo
Home
အားကစား
Laureus ကမ္ဘာ့အားကစားသမားဆုကို ဘွန်မာတီနှင့် ဂျိုကိုဗစ်တို့ ဆွတ်ခူး
DVB
·
April 24, 2024
Laureus ကမ္ဘာ့အားကစားသမားဆုကို ဘွန်မာတီနှင့် ဂျိုကိုဗစ်တို့ ဆွတ်ခူး
Donate to DVB

တနှစ်တာအတွင်း အကြီးကျယ်ဆုံးနဲ့  အအောင်မြင်ဆုံး ကမ္ဘာ့အားကစားသမားဆု Laureus award ကို အမျိုးသမီးဘောလုံးသမား အိုက်တားနားဘွန်မာတီ နဲ့ အမျိုးသားတင်းနစ်အကျော်အမော် နိုဗက်ခ်ဂျိုကိုဗစ်တို့က အသီးသီး ဆွတ်ခူးသွားပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘွန်မာတီနဲ့ ကမ္ဘာ့အဆင့် ၁  ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်တို့ဟာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲအတွင်း ထိပ်တန်းဆုတွေကို အခုလို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖီဖာကမ္ဘာ့အကောင်းဆုံးဆု၊ ဘလွန်းဒီအောဆုနဲ့ ကမ္ဘာ့ဖလားရဲ့  တန်ဖိုးအရှိဆုံး(MVP) ကစားသမားဆုကိုပါ အရယူနိုင်ခဲ့တဲ့ ဘွန်မာတီက ဆန်ခါတင်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေခဲ့ပါတယ်။

ဒါဟာ ဘွန်မာတီအတွက် ဒုတိယအကြိမ်မြောက် ဆုတက်ယူမှုဖြစ်သလို စပိန် အမျိုးသမီး အသင်းက တနှစ်တာအကောင်းဆုံးအသင်းဆုကို ရရှိချိန်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

ဒါဟာ အမျိုးသမီးအသင်း တခုအနေနဲ့ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားဆု အမျိုးအစားမှာတော့ ဂျိုကိုဗစ်ရဲ့ ပဉ္စမမြောက် လော်ရီးရက်စ်ဆုကို စူပါဘောလ် ၇ ဆုရှင် တော်မ်ဘရေဒီကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အဓိကတင်းနစ်ပြိုင်ပွဲကြီး ၄ ခုစလုံးရဲ့ ဖိုင်နယ်အဆင့်တွေကို တက် ရောက်နိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ ချန်ပီယံဆု ၃ ဆုအထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ 

ဒါကြောင့် အမျိုးသမီးဂန္ထဝင် တင်းနစ်ကစားသမား မာဂရက်ကော့တ်ရဲ့  ဂရန်းဆလမ်း ၂၄ ဆုရရှိမှုစံချိန်ကို ဂျိုကိုဗစ်က အမီလိုက်နိုင်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တဲ့ လောရီးရက်စ် ဆုပေးပွဲဟာ တဦးချင်းနဲ့ အသင်းလိုက် ဆုတွေအပါအဝင် ဆုအမျိုးအစားပေါင်း ၇ ခု ကို ချီးမြှင့်ပေးလေ့ရှိပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်မှာရှိတဲ့ အားကစားမီဒီယာဌာန ၁၀၀၀ ကျော်က ဆန်ခါတင်စာရင်းတွေကို မဲပေးရွေးချယ်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013